SME-Development Bank
408 subscribers
1.13K photos
49 videos
84 links
Commercial Banking
Download Telegram
We are Hiring …
SME-Devlopment Bank ၏ ရုံးချုပ် နှင့် ဘဏ်ခွဲများတွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ဖော်ပြပါဝန်ထမ်းများအား ဖိတ်ခေါ်အပ်ပါသည်။
• Supervisor / Assistant Supervisor (3) Post
(Compliance Department)
• Supervisor / Assistant Supervisor (3) Post
(Risk Department)
• Senior Assistant (3) Post
• Junior Assistant (3) Post
• Call Center Staff (5) Post
• Receptionist (2) Post
အလုပ်လျှောက်ထားလိုပါက hrrecruit@smedbank.com သို့ ပေးပို့လျှောက်ထား၍ဖြစ်စေ ၊ အမှတ် (၂၉၈) ၊ အနော်ရထားလမ်း နှင့် ဝါးတန်းလမ်းထောင့် ၊ (၂) ရပ်ကွက် ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။
#SME_Development_Bank
#Dependable_Finanancial_Partner
#jobvacancy #wearehiring
#jobs #JobsInYangon
#SME #Bank #SMEDBank
6
ဘဏ်ပိတ်ရက်အသိပေးကြေညာခြင်း…
(၂၀၂၄) ခုနှစ် ၊ နိုဝင်ဘာလ (၂၅) ရက် ၊ တနင်္လာနေ့ သည် အမျိုးသားနေ့ရုံးပိတ်ရက် ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် SME-Development Bank ၏ (ရုံးချုပ်) နှင့် ဘဏ်ခွဲများအားလုံးကို ပိတ်ထား မည်ဖြစ်ပါကြောင်း မိတ်ဟောင်း ၊ မိတ်သစ် Customer များအား လေးစားစွာဖြင့်ကြိုတင် အသိ ပေး အကြောင်းကြားအပ်ပါသည်။
“ လုံခြုံ ၊ စိတ်ချ ၊ မှန်ကန် ၊ မြန်ဆန် SME-Development Bank
#SME_Development_Bank
#Dependable_Financial_Partner
#Announcement
#SME #Bank #SMEDBank
6
Global Entrepreneurship Week (2024) နှင့် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်သော Women’s Entrepreneurship Day (2024) တွင် SME-Development Bank ၏ ပါဝင်လှုပ်ရှားမှု …

Myanmar Women Entrepreneurs’ Association - MWEA မှ Global Entrepreneurship Week (2024) နှင့် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်သော Women’s Entrepreneurship Day (2024) တို့အား ဂုဏ်ပြုသည့်ပွဲကို (၂၄.၁၁.၂၀၂၄) ၊ (တနင်္ဂနွေနေ့ ) ၊ Royal Taunggyi Hotel ၊ တောင်ကြီးမြို့တွင် ကြီးမှူးကျင်းပပြီး SME-Development Bank မှ Sponsorship အဖြစ်ပူးပေါင်း ပါဝင်ခဲ့ပါသည်…

SME-Development Bank အနေဖြင့် MWEA ၏ Global Entrepreneurship Week (2024) တွင် ရန်ကုန် ၊ ပြည် ၊ မန္တလေး ၊ နေပြည်တော် ၊ တောင်ကြီး မြို့များတွင် ပူးပေါင်းပါဝင်ပြီး တက်ရောက် ခဲ့သော Entrepreneurs (၁၁၀၀) ကျော်အား ဝန်ဆောင်မှုပေးနိုင်ခဲ့ပါသည်…

အဆိုပါပွဲတွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ ဥက္ကဌ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီ မှ Panel အဖြစ်ပါဝင်ခဲ့ပြီး “Entrepreneurship is for Everyone” ခေါင်းစဉ်ဖြင့် စီး ပွားရေးနယ်ပယ်တွင်၎င်း၏ (၄၅) နှစ်တာကြုံတွေ့ခဲ့ရသော အတွေ့အကြုံ ၊ အခက်အခဲ ၊ အောင် မြင်မှုများနှင့် ဝန်ထမ်းများအား မတူညီသော Business Sector များတွင် ခေါင်းဆောင်ကောင်း များအဖြစ် မည်ကဲ့သို့ရပ်တည်နိုင်ရေးအတွက် မွေးထုတ်ပေးခဲ့နိုင်သည်များကို ရှင်းလင်းပြောပြခဲ့ သည့် ပုံရိပ်များအား ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်…

#SME_Development_Bank

#Dependable_Financial_Partner

#GEW #WED #MWEA

#SME #Bank #SMEDBank
5👍2
အမျိုးသားနေ့…

(၂၀၂၄) ခုနှစ် ၊ နိုဝင်ဘာလ ( ၂၅ )ရက် ၊ တနင်္လာနေ့ တွင် ကျရောက်သော ( ၁၀၄ ) နှစ်မြောက် “အမျိုးသားနေ့” အား SME-Development Bank မိသားစုမှဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#SME_Development_Bank

#Dependable_Financial_Partner

#National Day

#SME #Bank #SMEDBank
6
အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ မကွေးဘဏ်ခွဲအသစ်ဖွင့်လှစ်ကြောင်း အသိပေးကြေညာခြင်း…
အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ (၂၆) ခုမြောက်ဘဏ်ခွဲဖြစ်သော မကွေး ဘဏ်ခွဲအား အမှတ် (၇၆) ၊ နတ်မောက်လမ်းနှင့် (၁၆) လမ်းထောင့် ၊ ရွာသစ်ပွဲကြိုရပ်ကွက် ၊ မကွေးမြို့ ၊ မကွေးတိုင်းဒေသကြီး၌ (၂၀၂၄) ခုနှစ် ၊ဒီဇင််ဘာလ (၁၁) ရက် ၊ ဗုဒ္ဓဟူးနေ့တွင် ဘဏ်ခွဲစတင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်လှစ်သည့်နေ့မှစ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား စတင် ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း မိတ်ဟောင်း ၊ မိတ်သစ် Customer များအား လေးစားစွာဖြင့် အသိပေးကြေညာရင်း မကွေးဘဏ်ဖွင့်ပွဲပုံရိပ်များ အား ပြန်လည်မျှ ဝေပေးလိုက်ပါတယ်ရှင်…
“လုံခြုံ ၊ စိတ်ချ ၊ မှန်ကန် ၊ မြန်ဆန် SME-Development Bank
#SME_Development_Bank
#Dependable_Financial_Partner
#BranchOpening
#Magway
#SME #Bank #SMEDBank
👍65
မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA)၏ (၂၉) ကြိမ်မြောက် အသင်းသားစုံညီနှစ် ပတ်လည်အစည်းအဝေးအခမ်းအနားတွင် SME-Development ၏ပါဝင်လှုပ်ရှားမှုပုံရိပ်များ…

မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) မှ (၁၁.၁.၂၀၂၅) (စနေနေ့ ) ၊ UMFCCI ခန်းမတွင် ကျင်းပပြုလုပ်သည့် (၂၉) ကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေး အခမ်းအနားတွင် SME-Development Bank မှ Gold Sponsorship အနေဖြင့်ပါဝင်ခဲ့ပါတယ်...

အဆိုပါအခမ်းအနားသို့ SME-Development Bank ၏ ဥက္ကဌ သီရိသုဓမ္မသိင်္ဂီဒေါ်စန်းစန်းရီ နှင့် SME-Development Bank ၏တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ဘဏ်၏ Products and Services များအား ရှင်းလင်းပြောကြားခဲ့သည့် ပုံရိပ်များအား ပြန်လည်မျှဝေပေးလိုက်ပါတယ်။
#SME_Development_Bank
#Dependable_Financial_Partner
#Product #brandawareness
#goldpartner
#SME #Bank #SMEDBank
8
လုပ်ငန်းသုံး AKSA မီးစက်ကြီးများအား ဝယ်ယူလိုသူများအတွက် JICA & MSME PFI မိတ်ဆက်ပွဲ အခမ်းအနား …
တောင်ကြီးမြို့မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် PTI Company မှ တင်သွင်းဖြန့်ဖြူးသော လုပ်ငန်းသုံး AKSA မီးစက်ကြီးများကို ဝယ်ယူလိုသူများအား JICA & MSME PFI မိတ်ဆက် ပွဲအခမ်းအနားဖြင့် ၂၀၂၅ ခုနှစ် ၊ မေလ (၂၃) ရက် ၊ သောကြာနေ့ နေ့လည် (၂)နာရီ မှ (၄)နာရီ အချိန်အထိ Royal Taunggyi Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် တွေ့ဆုံရှင်းလင်း ပွဲအခမ်းအနားအား စိတ်ပါဝင်စားသူမိဘပြည်သူများအနေဖြင့် တက်ရောက်ချီးမြှင့်ပေးနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်ရှင်…
#SME_Development_Bank
#Dependable_Financial_Partner
#JICA #MSME_PFI
#SME #Bank #SMEDBank
10
ဘဏ်ပိတ်ရက်အသိပေးကြေညာခြင်း…

၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၉) ရက် ၊ ဗုဒ္ဓဟူးနေ့ သည် “ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ” ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် SME-Development Bank (ရုံးချုပ်) နှင့် ဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပါကြောင်း မိတ်ဟောင်း ၊ မိတ်သစ် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအား လေးစားစွာဖြင့် ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။

“ လုံခြုံ ၊ စိတ်ချ ၊ မှန်ကန် ၊ မြန်ဆန် SME-Development Bank

#SME_Development_Bank

#Dependable_Financial_Partner

#announcement

#our_value_customer

#SME #Bank #SMEDbank
5
ဝါဆိုလပြည့် (ဓမ္မစကြာနေ့)
“သန္ဓေ၊ တောထွက်၊ ဓမ္မစက် ၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ ဆိုကြသည့်အတိုင်း ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၉) ရက် ၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်(ဓမ္မစကြာနေ့) တွင် မြန်မာပြည်သူ ၊ ပြည်သားအားလုံးဘေးရန်ကင်းကွာ၍ တရားထူး တရားမြတ်များ အားထုတ်နိုင်ကြပါစေကြောင်း SME-Development Bank မိသားစုမှ ဆုမွန် ကောင်း တောင်းအပ်ပါတယ်ရှင်…
#SME_Development_Bank
#Dependable_Financial_Partner
#fullmoondayof_waso
#SME #Bank #SMEDBank
6👍1
SME-Development Bank နှင့် 𝐏𝐓𝐈 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 တို့ သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပခြင်း…

SME-Development Bank နှင့် 𝐏𝐓𝐈 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 တို့အကြား လုပ် ငန်းကွန်ရက်ချဲ့ထွင်ရန် ၊ 𝐌𝐒𝐌𝐄𝐬 လုပ်ငန်းများအားပံ့ပိုးပေးခြင်း နှင့် 𝐒𝐌𝐄 ကဏ္ဍအပေါ်အကျိုးသက်ရောက်မှုကို အားကောင်းစေရန်အတွက် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေး သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနား ကို ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၁၀) ရက် ၊ ကြာသပတေးနေ့ တွင် SME-Development Bank (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် SME-Development Bank ၏ ဥက္ကဌ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်စန်းရီ မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ SME-Development Bank ၏ 𝐂𝐡𝐢𝐞𝐟 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫 ဒေါ်ဇင်မာကြင် နှင့် 𝐏𝐓𝐈 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ၏ 𝐌𝐚𝐧𝐚𝐠𝐢𝐧𝐠 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဦးကျော်ကျော်လင်း တို့မှ 𝐌𝐎𝐔 လက်မှတ်ရေးထိုးခဲ့ကြပြီး SME-Development Bank ၏ 𝐂𝐡𝐢𝐞𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐟𝐟𝐢𝐜𝐞𝐫 ဦးအောင်ကိုကိုလွင် နှင့် 𝐏𝐓𝐈 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ၏ 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐦𝐚𝐧𝐚𝐠𝐞𝐫 ဦးခိုင်မင်းထွန်းတို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည့် ပုံရိပ်များအား ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်…

#SME_Development_Bank

#Dependable_Financial_Partner

#signingceremony

#SME #Bank #SMEDbank
6👍1
ချစ်ခင်လေးစားရပါသော SME-Development Bank ၏ မိတ်ဟောင်း ၊ မိတ်သစ် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များရှင်…..

SME-Development Bank ၏ မြန်မာတစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ဝန်ဆောင်မှုပေးလျက်ရှိသော ဘဏ်ခွဲများစာရင်းကို မိတ်ဟောင်း ၊ မိတ်သစ် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအား လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 ဖုန်း 𝟎𝟗-𝟒𝟒𝟏𝟐𝟎𝟐𝟐𝟏𝟕 သို့ ဘဏ်ဖွင့်ရက်ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး https://www.smedevelopmentbank.com.mm/ သို့လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်ရှင်…

#SME_Development_Bank

#Dependable_Financial_Partner

#branches #branches_list

#our_value_customer

#SME #Bank #SMEDbank
4
SME-Development Bank ၏ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိဖို့ 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 ကို ချိတ်ဆက်စို့…

SME-Development Bank ၏ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ၊ သတင်းအချက်အလက်များ ၊ အလုပ်အကိုင်အခွင့်အလမ်းများ ၊ ဘဏ်ခွဲလိပ်စာတည်နေရာများ ၊ ထပ်မံမိတ်ဆက်ပေးမည့် ဝန်ဆောင်မှုအသစ်များကို အချိန်နှင့်တစ်ပြေးညီ သိရှိရန်အတွက် SME-Development Bank ၏ 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 ကို ချိတ်ဆက်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်…

𝐕𝐢𝐛𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥 : bit.ly/3qNO9LF

#SME_Development_Bank

#Dependable_Financial_Partner

#viber_community_channel

#SME #Bank #SMEDBank
6
အာဇာနည်နေ့…

(၂၀၂၅) ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက် ၊ စနေနေ့တွင် ကျရောက်သော (၇၈) နှစ်ပြည့် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာဖြင့် SME-Development Bank မှ ဦးညွတ်ဂါဝရပြုအပ်ပါသည်…

#SME_Development_Bank

#Dependable_Financial_Partner

#MartyrsDay

#SME #Bank #SMEDBank
2
လူကြီးမင်းတို့၏နောင်ရေးအတွက် ပိုမိုခိုင်မာသော အနာဂတ်ကို အကောင်အထည်ဖော်လိုသူများ ၊ စုငွေကိုလုံခြုံစွာထိန်းသိမ်းထားပြီး အတိုးနှုန်းများဖြင့် စုဆောင်းလိုသူများအတွက် အောက်ပါ ငွေစုဘဏ်အပ်ငွေအမျိုးအစားများ ဖွင့်လှစ်ထားရှိစုဆောင်းနိုင်ပါပြီ…

(၁) 𝐅𝐢𝐱𝐞𝐝 𝐃𝐞𝐩𝐨𝐬𝐢𝐭 𝐀𝐜𝐜𝐨𝐮𝐧𝐭 (စာရင်းသေအပ်ငွေ)

(၂) 𝐒𝐚𝐯𝐢𝐧𝐠𝐬 𝐃𝐞𝐩𝐨𝐬𝐢𝐭 𝐀𝐜𝐜𝐨𝐮𝐧𝐭 (ငွေစုဘဏ်အပ်ငွေ)

(၃) 𝐌𝐢𝐧𝐨𝐫 𝐒𝐚𝐯𝐢𝐧𝐠𝐬 𝐃𝐞𝐩𝐨𝐬𝐢𝐭 𝐀𝐜𝐜𝐨𝐮𝐧𝐭 (သက်ငယ်ငွေစုဘဏ်အပ်ငွေ)

(၄) 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐚𝐥𝐥 𝐃𝐞𝐩𝐨𝐬𝐢𝐭 𝐀𝐜𝐜𝐨𝐮𝐧𝐭 (အထူးခေါ်ယူအပ်ငွေ) တို့ကို ဖွင့်လှစ်ထားရှိနိုင်ပါသည်။

SME-Development Bank ၏ ငွေစုဘဏ်အပ်ငွေများနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက https://www.smedevelopmentbank.com.mm/ မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို နီးစပ်ရာ ဘဏ်ခွဲများနှင့် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 ဖုန်း 𝟎𝟗-𝟒𝟒𝟏𝟐𝟎𝟐𝟐𝟏𝟕 သို့ ဘဏ်ဖွင့်ရက်ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

#SME_Development_Bank

#Dependable_Financial_Partner

#depositaccounts

#fixed #savings #minor #Call

#SME #Bank #SMEDBank
3👍1
𝐒𝐚𝐯𝐢𝐧𝐠𝐬 𝐃𝐞𝐩𝐨𝐬𝐢𝐭 𝐀𝐜𝐜𝐨𝐮𝐧𝐭 ဖွင့်ရင်း 𝐌𝐏𝐔 𝐃𝐞𝐛𝐢𝐭 𝐂𝐚𝐫𝐝 ကို တစ်ပါတည်း လျှောက်ထားရယူရအောင်...

SME-Development Bank တွင် ငွေစုဘဏ်အပ်ငွေစာရင်း 𝐒𝐚𝐯𝐢𝐧𝐠𝐬 𝐃𝐞𝐩𝐨𝐬𝐢𝐭 𝐀𝐜𝐜𝐨𝐮𝐧𝐭 ကို ကနဦးအပ်ငွေကျပ် (၁၀,၀၀၀) ဖြင့် စတင်ဖွင့်လှစ်နိုင်ပြီး ငွေကြေးကိုင်တွယ်သုံးစွဲရန်မလိုဘဲ 𝐎𝐧𝐥𝐢𝐧𝐞 မှ တစ်ဆင့်အလွယ်တကူ ဈေးဝယ် ၊ ငွေပေးချေနိုင်သည့် 𝐌𝐏𝐔 𝐃𝐞𝐛𝐢𝐭 𝐂𝐚𝐫𝐝 ကိုပါ တစ်ပါတည်း လျှောက်ထားရယူနိုင်ပါပြီ။

SME-Development Bank တွင် ငွေစုဘဏ်အပ်ငွေစာရင်း (𝐒𝐚𝐯𝐢𝐧𝐠𝐬 𝐃𝐞𝐩𝐨𝐬𝐢𝐭 𝐀𝐜𝐜𝐨𝐮𝐧𝐭) ကို ဘဏ်ခွဲများ အားလုံးတွင် လျှောက်ထားရယူနိုင်ပြီး ဘဏ်ဝန်ဆောင်မှုများ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဘဏ်ခွဲများ နှင့် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 ဖုန်း 𝟎𝟗-𝟒𝟒𝟏𝟐𝟎𝟐𝟐𝟏𝟕 သို့ ဘဏ်ဖွင့်ချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

#SME_Development_Bank

#Dependable_Financial_Partner

#savings #branches

#customerservice

#SME #Bank #SMEDbank
👍2
ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခြင်း…

၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (𝐆𝐫𝐚𝐝𝐞 𝟏𝟐) တွင် (၃) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော မိတ္ထီလာဘဏ်ခွဲတွင်တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးဝန်ထမ်း ဦးမျိုးဝင်း၏ သမီးဖြစ်သူ မစုလတ်မျိုး (ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ) ဂုဏ်ထူးရှင်အား SME-Development Bank ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ဇင်မာကြင် မှ မိတ္ထီလာဘဏ်ခွဲသို့ ကိုယ်တိုင်သွားရောက်၍ ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့သည့် ကြည်နူးဖွယ်ရာပုံရိပ်များအား ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်…

#SME_Development_Bank

#Dependable_Financial_Partner

#SME #Bank #SMEDbank
4👍2
𝐖𝐞 𝐚𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠…

𝐓𝐢𝐭𝐥𝐞 𝐨𝐟 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧: 𝐒𝐞𝐧𝐢𝐨𝐫 𝐑𝐢𝐬𝐤 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭

𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭: 𝐑𝐢𝐬𝐤 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭

𝐍𝐮𝐦𝐛𝐞𝐫 𝐨𝐟 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧: 𝟏 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧

𝐓𝐞𝐫𝐦𝐬 𝐨𝐟 𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞 (𝐓𝐨𝐑) 𝐋𝐢𝐧𝐤 : https://tinyurl.com/senior-risk-assistant

#SME_Development_Bank

#Dependable_Financial_Partner

#jobvacancy #WeAreHiring

#Jobs

#SME #Bank #SMEDbank
👍1
ချစ်ခင်လေးစားရပါသော SME-Development Bank ၏ မိတ်ဟောင်း ၊ မိတ်သစ် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များရှင်…

SME-Development Bank ၏ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများအား 𝐕𝐢𝐛𝐞𝐫 မှ တစ်ဆင့် မေးမြန်းစုံစမ်းရာတွင် SME-Development Bank ၏ 𝐕𝐢𝐛𝐞𝐫 𝐏𝐥𝐮𝐬 𝐒𝐢𝐠𝐧 ပါသော 𝟎𝟗-𝟒𝟒𝟏𝟐𝟎𝟐𝟐𝟏𝟕 သာလျှင် 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐕𝐢𝐛𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 ဖြစ်ပါကြောင်း မိတ်ဟောင်း ၊ မိတ်သစ် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအား ထပ်လောင်းအသိပေးကြေညာအပ်ပါသည်။

#SME_Development_Bank

#Dependable_Financial_Partner

#Viber #Viber_Plus_Sign

#SME #Bank #SMEDbank
3👍2
𝐖𝐞 𝐚𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠…

𝐓𝐢𝐭𝐥𝐞 𝐨𝐟 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧 : 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐕𝐢𝐝𝐞𝐨 𝐂𝐫𝐞𝐚𝐭𝐨𝐫

𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 : 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧 & 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭

𝐍𝐮𝐦𝐛𝐞𝐫 𝐨𝐟 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧 : 𝟏 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧

𝐓𝐞𝐫𝐦𝐬 𝐨𝐟 𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞 (𝐓𝐨𝐑) 𝐋𝐢𝐧𝐤 : https://tinyurl.com/contentvideocreator

#SME_Development_Bank

#Dependable_Financial_Partner

#jobvacancy #wearehiring

#jobs

#SME #Bank #SMEDbank
👍2
“𝐏𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐆𝐫𝐨𝐰𝐭𝐡 𝐚𝐧𝐝 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐟𝐨𝐫 𝐌𝐒𝐌𝐄𝐬 𝐑𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 ” အခမ်းအနားတွင် SME-Development Bank ၏ ပါဝင်လှုပ်ရှားမှုပုံရိပ်များ…

အသေးစား ၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကြံ့ခိုင်စွာဖွံ့ဖြိုးတိုးတက်ရေး နှင့် အခွင့်အလမ်းများချိတ်ဆက်နိုင်ရေးမြှင့်တင်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ (၂၃) ရက် ၊ စနေနေ့ နံနက် (၁၀)နာရီ မှ ညနေ(၄) နာရီထိ 𝐔𝐌𝐅𝐂𝐂𝐈 , 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐇𝐚𝐥𝐥 ၌ ကျင်းပခဲ့ရာ SME-Development Bank မှ 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫 အနေဖြင့် ပံ့ပိုးကူညီခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် SME-Development Bank မှ ဥက္ကဌ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီ မှ တက်ရောက်ချီးမြှင့်ခဲ့ပြီး အမှုဆောင်အရာရှိချုပ် ဒေါ်ဇင်မာကြင်မှ 𝐓𝐨𝐝𝐚𝐲’𝐬 𝐌𝐒𝐌𝐄𝐬 𝐜𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐬 𝐚𝐧𝐝 𝐒𝐌𝐄𝐃 𝐁𝐚𝐧𝐤’𝐬 𝐬𝐮𝐩𝐩𝐨𝐫𝐭 (𝐌𝐒𝐌𝐄𝐬 လုပ်ငန်းများ၏ စိန်ခေါ်မှုအတွက် 𝐒𝐌𝐄𝐃 𝐁𝐚𝐧𝐤 ၏ ပံ့ပိုးပေးနိုင်မှုများ) ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့အပြင် SME-Development Bank အနေဖြင့် အခမ်းအနားသို့ ကြွရောက်လာကြသော 𝐌𝐒𝐌𝐄𝐬 လုပ်ငန်းရှင်များအား 𝐀𝐜𝐜𝐨𝐮𝐧𝐭 အသစ်များဖွင့်ပေးခြင်း ၊ 𝐌𝐒𝐌𝐄𝐬 လုပ်ငန်းရှင်များ၏ လုပ်ငန်းများတိုးချဲ့နိုင်ရေးအတွက် အထောက်အပံ့ပေးနိုင်သည်များကို ရှင်းလင်းဖြေကြားခြင်း ပြုလုပ်ပေးခဲ့သည့် ပုံရိပ်များကို ပြန် လည်မျှဝေပေးလိုက်ပါတယ်ရှင်…

#SME_Development_Bank

#Dependable_Financial_Partner

#collaboration_sponsor

#MSMEs_Resilience

#SME #Bank #SMEDbank
👍1