SmartPath Academy
1.03K subscribers
42 photos
21 files
40 links
We believe in creating a smart path — where quality, growth, and excellence meet.
To Contact - @smartpathacademyadmin

Discussion Group - https://t.me/+hOa7-2zUg-82Mzhl
Download Telegram
‎ကျောင်းသားတစ်ယောက်အနေနဲ့ စာလေ့လာတဲ့အခါမှာ Productive ဖြစ်အောင် စာဘယ်လိုလုပ်မလဲ....
‎
💤‎ကိုယ်တိုင်အသုံးပြုခဲ့တဲ့ methods and websites လေးတွေကို sharing လုပ်ပေးတာမလို့ အနည်းငယ်ကွဲလွဲနေနိုင်ပါတယ်...
‎
1⃣ ‎From my perspective, Productive ဖြစ်ဖြစ်နဲ့ စာလုပ်ဖို့ဆိုတာ ကိုယ့်ရဲ့ စိတ်က အရေးကြီးဆုံးပါ၊ စာလုပ်ရတာပျင်းနေတယ်၊ အချိန်တိုင်း focus မလုပ်နိုင်ဘဲ ဖုန်းကိုပဲ အာရုံရောက်နေတယ်ဆိုရင် I wanna recommend you to study with your classmate, friend and guide,etc ....
‎Admin ဆိုရင် တစ်ယောက်တည်းပဲ စာလုပ်ရတာ prefer ဖြစ်တဲ့လူ‌မလို့၊ ကိုယ့်ရဲ့ parents, grandparents နဲ့ ကိုယ့်ကို control လုပ်ပေးနိုင်မယ့် လူတွေရှိတဲ့နေရာမှာ စာသွားသွားလုပ်ပါတယ်။ ( just a tip )
‎
2⃣ ‎နောက်တစ်ခုက active recall ပါ၊ ကိုယ်က စာတွေဘယ်လောက်ပဲ လုပ်နေပါစေ၊ active recall လုပ်မပေးရင် ဒီနေ့ကျက် မနက်ဖြန်မေ့ ဖြစ်သွားပါမယ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ self - study ပဲလုပ်လုပ်၊ ကိုယ်ဒီနေ့ ‌လေ့လာခဲ့တဲ့ topics တွေကို Quizzes လေးတွေပြန်ဖြေကြည့်တာ၊ flash card လေးတွေလုပ်ပေးတာဖြစ်ဖြစ် နေ့တိုင်းလုပ်ပေးသွားမယ်ဆိုရင်၊ သင်ပြီးသားစာတွေကို တော်ရုံနဲ့ မေ့တော့မှာမဟုတ်ပါဘူး။
‎
3⃣ ‎နောက်တစ်ခု အရေးပါတာကတော့ အပေါ်မှာပြောခဲ့တဲ့ ကိုယ်သင်ခဲ့ပြီးသား topics, lessons တွေကို book or file တစ်ခု သပ်သပ်ထားပြီး ချရေးပါ၊ ရေးတဲ့ နေရာမှာ စာကြောင်းအ‌ရှည်ကြီးတွေရေးရမှာ မဟုတ်ဘဲ ကိုယ့်မှတ်မိနိုင်မယ် key words လေးတွေပဲရေးစေချင်ပါတယ်။ ဥပမာ-  biology ကို cells function တွေအကြောင်းသင်ခဲ့ရင် chapter ဘယ်လောက်က cell function အကြောင်း " Chap-1 ( Cells Function ) " ဆိုပြီး ဒီလိုလေးတွေမှတ်ထားတာက ရက်သတ္တပတ်တစ်ခုလောက်ကြာသွားတဲ့အခါ မှတ်ထားလေးတွေကိုပြန်ကြည့်ပြီး ကိုယ်မမှတ်မိတဲ့ topic တွေ့ရင် အလွယ်တကူ review လုပ်လို့လွယ်သွားတာပေါ့နော်.....
‎
‎
🌀‎စာလည်းရှည်သွားပြီးဆိုတော့ Part 2 မှာ Website လေးတွေကို ထပ်ပြောပြပေးသွားပါမယ်နော်.... 💖
‎
#smar@smartpathacademy910
❤10👏1
‎ကျောင်းသားတစ်ယောက်အနေနဲ့ စာလေ့လာတဲ့အခါမှာ Productive ဖြစ်အောင် စာဘယ်လိုလုပ်မလဲ.... (Part 2)
‎
🌀‎Second Part မှာတော့ လုံး၀ကို Productive ဖြစ်စေမယ့် websites လေးတွေကို Sharing လုပ်ပေးမယ့် အလှည့်ပဲဖြစ်ပါတယ်....
‎
‎Btw those websites are such treasures for me guys 😔

‎1. Notion App
‎*ဒီ app ထဲမှာဆိုရင် Part 1 မှာပြောခဲ့တဲ့ သင်ခဲ့ရတဲ့ Topic လေးတွေကို Title တစ်ခုခွဲပြီးတော့ ‌မှတ်ထားပါတယ်။
‎*ပြီးသွားရင် To do list ကိုလည်း ဒီထဲမှာပဲ မှတ်ပါတယ်။
‎*Notes ထုတ်တဲ့ အခါမှာလည်း Categories လေးတွေခွဲပြီးထုတ်လို့ရတာမလို့ Chapter တစ်ခုထဲမှာပဲ Topic တွေက တစ်စုတစ်စည်းထဲ သိမ်းထားလို့ရတာပေါ့နော်
‎*ပြီးသွားရင် assign deadline တွေကိုပါ တစ်ခါတည်း Calendar view ပါ ပါတာမလို့ all fine〽️
‎
‎2.
thea.study
‎ဒီ website လေးကတော့ ကိုယ့်မှာရှိတဲ့ Files, YouTube Videos လေးတွေကို Upload လုပ်လ်ုက်ရုံနဲ့ သူက Questions, Flash cards and study notes and tests တွေပါ generate လုပ်ပေးတာမလို့၊ စာဘယ်လိုလုပ်ရမလဲ မသိတဲ့ ကလေးတွေအတွက် Productive ဖြစ်ဖြစ်နဲ့ စာလုပ်လို့ အရမ်း‌အဆင်ပြေတဲ့ Website တစ်ခုပဲဖြစ်ပါတယ်...〽️
‎
‎3. Gizmo
‎ဒီ app လေးကတော့ Active Recall Technique ကိုသုံးပြီး generate လုပ်ပေးထားတာဖြစ်ပါတယ်။
‎ပထမဆုံးအနေနဲ့ - Deck အရင် Create လုပ်ရပြီး ကိုယ့် study လုပ်မယ့် Title လေးမှတ်ပါမယ်။
‎ပြီးတာနဲ့ ကိုယ်လေ့လာမယ့် resource အမျိုးအစားလေးတွေ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ( PDF, Presentation and Notes... ) ကိုယ်က PDF file ကို import လုပ်ချင်ရင် file လေးထည့်ပေးရမှာဖြစ်ပြီး၊ ကိုယ် လေ့လာချင်တယ် Pages တွေကို တစ်ခါ import လုပ်ပေးရအုံးမှာ ဖြစ်ပါတယ်။ ကိုယ်က တစ်အုပ်လုံး recall လုပ်ချင်တာဆိုရင် All Pages ပေါ့နော်... 〽️
‎
‎Flash Cards လေးတွေ Generate လုပ်ပြီးပြီဆိုရင် Memorize and Challenge ဆိုပြီး Option နှစ်ခု ရွေးလို့ရတဲ့အပြင် Practice လုပ်တဲ့အခါမှာလည်း ကိုယ့်ရဲ့အဖြေအတွက် Explanation လေးတွေပါ တစ်ခါတည်း ကြည့်လို့ရတာဖြစ်ပါတယ်၊ တကယ်လို့ ကိုယ်က AI generate လုပ်ပေးတာ မကြိုက်ရင်လည်း ကိုယ်တိုင် Flash card တွေ Notes တွေကို create လို့ရပါတယ်နော်....〽️
‎
💟‎ဒါလေးတွေကတော့ Admin ကိုယ်တိုင် Daily သုံးဖြစ်တဲ့ website and app တွေဖြစ်ပါတယ်၊ တခြားတော့မသိပေမယ့် Admin မှာဆိုရင် အဲလို website တွေ တပုံကြီးပါ သေချာအသုံမပြုဖြစ်တာကော၊ ကိုယ်နဲ့မကိုက်ညီတာကောကြောင့်ပါ အဲတော့ ကိုယ်က resources အများကြီးရှိနေပြီး မသုံးရင်လည်း အလကားပဲမလို့ ကိုယ်နဲ့အဆင်ပြေ၊မ‌ပြေ try ကြည့်ပြီး သေချာလေး စွဲသုံးကြည့်စေချင်ပါတယ်...


I hope these can impact your studies in one way , guys.💖

#smar@smartpathacademy910
❤7
DET မှာ 130/140 (B2/C1) level ရအောင် ဘယ်လိုပြင်ဆင်ခဲ့ရလဲ...
‎
‎Honestly, I didn't wanna take that exam cuz I wasn't familiar with its format fr🫠
‎
‎GED မတက်ခင်ကတည်းက IELTS Foundation တက်ပြီးခဲ့ပါတယ်။ ပြီးတော့ GED join လိုက်တာနဲ့ပဲ ဝေးသွားခဲ့တယ်ဆိုပါတော့...
‎
‎GED ပြီးသွားတဲ့အချိန်မှာ တက်ချင်တဲ့ uni က deadline နီးနေပါပြီ၊ IELTS ဖြေလို့လည်းရပေမယ့် target score မရမှာစိုးတာမလို့၊ Duolingo ပဲဖြေလိုက်ရပါတယ်။
‎
‎Exam format နဲ့လုံး၀မရင်းနှီးတာမလို့ စိတ်အရမ်းရှုပ်ရပါတယ်၊ လုပ်လိုက်၊မလုပ်လိုက်နဲ့ နောက်ဆုံး ၁၀ရက်လောက် လိုခါမှ အပီအပြင် စာလုပ်ဖြစ်ပါတယ်။
‎
‎ဆိုတော့ ၁၀ ရက်နဲ့ Duolingo ဖြေကြမယ် ဘာညာပေါ့ ... 😎
‎
‎အရင်ဆုံး guidelines တွေသေချာဖတ်တယ်၊ နားလည်သွားတာနဲ့  Mock Test တွေပဲ ထိုင်ဖြေပါတယ်။
‎
‎Guidelines တွေကိုတော့ Tr.Luke YouTube Channel မှာလည်းကြည့်သလို၊ PDF file လေးတွေလည်းဖတ်ပါတယ်။ 👇
‎
‎Websites and Apps :
‎Duolingo English Test ( Official Website )
‎
https://englishtest.duolingo.com
‎
‎Arno for Duolingo ( 💯 recommend )
‎
https://goarno.io
‎
‎OET Study
‎
https://oetstudy.com
‎
‎DET Ready
‎
https://www.detready.com
‎
‎Extra : Intensive လည်းမတက်ခဲ့သလို၊ Duolingo Preparation Class တွေလည်းမတက်ခဲ့ပါဘူး...


“I hope this will support your learning in some way.”💖

#smar@smartpathacademy910
❤5
💘3❤2
Emotionally Drained ဖြစ်နေတဲ့အခါမှာ ကိုယ်‌လုပ်နေတဲ့ Task တွေ‌၊ mission တွေကို give up လုပ်ချင်လာတဲ့အခါမှာ ကိုယ့်ကိုကိုယ် ဘယ်လိုပြန်တည်ဆောက်မလဲ....
‎
‎ဒါကတော့ အရွယ်ရောက်ပြီးသား လူတော်တော်များများမှာ ကြုံရတတ်ပါတယ်...
‎
‎ကိုယ် ကိုယ်တိုင်လည်း တစ်ခုခုကိုလေ့လာတဲ့အခါ၊ Task တွေလုပ်နေရတဲ့အခါမှာ အခါခါ ကြုံခဲ့ရတဲ့ အချိန်တွေပါပဲ so, these are normal phases that everyone goes through, and you need to try to break out of this zone, guys
‎
‎main point ကိုဆက်သွားကြရအောင် personally အရပေါ့ ဘယ်လိုဖြတ်ကျော်ခဲ့လဲဆိုရင်.....
‎
‎၁/
‎ကိုယ့်ရဲ့ စာရေးစားပွဲ (သို့) အခန်း ကိုယ်နေတဲ့နေရာ၊ ကိုယ်သဘောကျရတဲ့၊ ကိုယ့်ကို motivated ဖြစ်အောင်လုပ်ပေးတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပေးပါတယ်။ စာ‌ပွဲရှင်းတယ်၊ အခန်းရှင်းတယ် ပြီးသွားရင်လူက စိတ်သစ်၊လူသစ် ပုံစံမျိုးဖြစ်သွားပြီး စာ စ လုပ်ဖို့၊ အလုပ် စ လုပ်ဖို့ အားတွေပြန်ပြည့်လာသလို ခံစားလာရပါတယ်.... ( Somehow, I cut my hair to feel better emotionally )
‎
‎
‎၂/
‎Podcast နားထောင်ပါ။
‎    ဘာမှမလုပ်ဘဲ Podcast လေးတွေနားထောင်ပါတယ်၊ ကိုယ်အရမ်းသဘောကျရတဲ့ Podcast Speaker တစ်ယောက်ရှိပါတယ် The La Pyae ပါ၊ အခုလို emotionally broken ဖြစ်နေတဲ့အခါ Build Myanmar - Media နဲ့ The La Pyae Speaker ပြောထားတဲ့ "ကိုယ်ပိုင်လမ်းကြောင်း ရှာဖွေတတ်ဖို့" ဆိုတဲ့ Podcast လေးနားထောင်ပါတယ်၊ နှစ်နာရီလောက်တော့ ကြာပါတယ် ..... နှစ်ရက်လောက် အချိန်ယူလိုက်ရတာပေါ့
‎
‎ကိုယ့်အတွက်ကတော့ ပထမနေ့မှာတင် လုံး၀ကို အနှစ်တွေပဲပြောသွားတာမလို့ စွဲစွဲမြဲမြဲမှတ်မိအောင် ထပ်ခါထပ်ခါ ကိုနားထောင်ဖြစ်ပါတယ်...
‎
‎
‎၃/
‎Journaling
‎   အစပိုင်းမှာတော့ ကိုယ်ကိုတိုင်လည်း Journaling လုပ်တာက လူတစ်ယောက်ကို ဘယ်လိုအကျိုးပြုစေတာလဲ နားမလည်ခဲ့ပါဘူး၊ သူများတွေလို aesthetic ဆန်ဆန်လေး‌လည်း မလုပ်တတ်သလို၊ ရေးပုံရေးနည်းလည်းမသိခဲ့ဘူးပေါ့....
‎စရေးကြည့်ခဲ့အခါမှာ တစ်နေ့တာ ကိုယ်ဘာတွေလုပ်ခဲ့တဲ့အကြောင်း၊ ကိုယ့်မှာဘာတွေလုပ်စရာရှိတဲ့အကြောင်း၊  ဖုန်းပဲထိုင်သုံးနေတဲ့အချိန်ဆို ဖုန်းပဲထိုင်သုံးဖြစ်နေတဲ့အကြောင်း ရေးရင်း ခံစားလိုက်ရတာက ငါတကယ်ကို အချိန်တွေကို တော်တော်ဖြုန်းတီးခဲ့တာပါလား၊ ငါ့မှာ ဘာတွေလုပ်စရာရှိခဲ့တယ် ... စသဖြင့်ပေါ့
‎အချိန်တွေကြာလာတဲ့အခါ Journaling လုပ်တာက ကိုယ့်ရဲ့ therapy တစ်ခုလိုဖြစ်လာတယ်၊ နေ့တစ်နေ့ကို productive ဖြစ်ဖြစ်နဲ့စတင်နိုင်ဖို့ reason တစ်ခုလိုဖြစ်လာခဲ့တယ်...
‎(So, you must try)

‎
‎
‎ဒါလေးပါပဲ ကိုယ့်အတွက်တော့ ဒီ သုံးခုက ကိုယ်လုပ်နေတဲ့ အရာတွေမှာ stress တွေရှိလာတဲ့အခါ၊ give up ချင်လာတဲ့အခါတွေမှာ rebuild ဖို့ရာအတွက် အများကြီးအသုံး၀င်ခဲ့ပါတယ်....

I believe these will be helpful to you in some way. 💕
‎
#smar@smartpathacademy910
‎
❤7🔥3
‎Maths ကို selfstudy လုပ်နေတဲ့ ကလေးတွေ အပါအ၀င် concept တွေကိုနားမလည်တဲ့ကလေးတွေအတွက်ပါ ကိုယ် ကိုယ်တိုင်သုံးခဲ့တဲ့ အသုံး၀င်မယ့် websites and YouTube Channels လေးတွေကို sharing ပေးချင်ပါတယ်.....
‎
‎1/ Khan Academy
‎__ Basic to Calculus အထိ free lesson video တွေအပြင် practice questions လေးတွေပါ တစ်ခါတည်း ပါ၀င် ပါတယ်...
‎
‎2/ Brian McLogan (One of my FAV)
‎__ Algebra မရတဲ့သူတွေအတွက် ဒါလေး try ကြည့်ဖို့ recommend ပေးပါတယ်၊ ကိုယ်ကိုတိုင်လည်း ဒါလေးနဲ့ improve ခဲ့တာမလို့ 💯
‎
‎3/ Math Antics (YouTube)
‎__ Basic Maths ကနေစလေ့လာချင်တဲ့ ကလေးတွေအတွက် နဲ့၊ Friction and Geometry ပိုင်းကိုသေချာလေ့လာလို့ရတာမလို့ အကုန်လုံးအတွက်အဆင်ပြေသော...
‎
‎4/ Khan Academy Burmess
‎__ သူကတော့ Burmess explanation နဲ့ subtitles ကိုမှ Algebra, Linear equations, multiplication and factoring properties အတွက် သေချာ အသေးစိတ်ရှင်းပြ‌ထားတာဖြစ်ပါတယ်...
‎
‎

‎5/ Cognito (💯 recommend)
‎__ one of my favourite ပါ၊ ကိုယ် IG သင်ခဲ့တုံးက daily study အနေနဲ့ ပုံမှန် review လုပ်ခဲ့တဲ့ app လေး၊ သူ့ထဲမှာ GED အတွက် Science, Maths အရမ်းအဆင်ပြေတယ်၊ lesson တစ်ခုပြီးသွားတိုင်း Flash card, Quizzes, Practice Questions, Past Paper တွေက အဆင့်သင့်ပဲမလို့ တစ်နေရာထဲမှာ focus ထားပြီလေ့လာနိုင်ပါတယ်....
‎

‎These are some useful websites, apps, and YouTube channels I use, and I hope they’ll be helpful to you as well... ✨🩵

#maths
#smar@smartpathacademy910
❤8❤‍🔥1🥰1😍1
Gyus!! it's RLA's turn...
‎
‎ဒီနေ့ကတော့ RLA မှာ reading and writing ကို improve ဖို့အတွက် basic to advance level up လို့လည်း အဆင်ပြေမယ့် websites လေးတွေကို sharing ပေးမယ့် အလှည့်ပါ....
‎
‎1/ Https://newsela.com/
‎__ Nonfiction တွေကို level အလိုက် ဖတ်လို့ရမှာဖြစ်ပြီး တစ်ခုချင်းစီတိုင်းမှာ Quizzes လေးတွေပါ ပါတာမလို့ AI ကို passage ကြီးတွေ ပေးပြီး မေးခွန်းထုတ်ခိုင်းစရာမလိုတော့ဘူးပေါ့နော်...
‎
‎2/ Https://www.britannica.com/procon
‎__ one of my fav ပါ၊ RLA Er ရဲ့ format ဖြစ်တဲ့ case တစ်ခုအပေါ် မတူညီတဲ့ လူနှစ်ယောက်ရဲ့ အမြင်တွေကို ရေးသားထားတာ‌မလို့ analysing both sides လေ့လာလို့ ရတဲ့ website...
‎
‎3/ https://writeandimprove.com/free
‎__ Writing မှာတော့ သူ့တစ်ခုကိုပဲ အရင်ကတည်းစွဲစွဲမြဲမြဲသုံးခဲ့တယ်ပြောရမလားပဲ၊ level အလိုက် practice လုပ်လို့ရတဲ့အပြင်သေချာလေ train ပေးနိုင်ပါတယ်...
‎
‎So, Yap!! Until next time. Thank you.🩵🌼
‎

#RLA
#smar@smartpathacademy910
‎
‎
❤12😍1
Guys, let's study about social studies....
‎
‎ GED Social Studies မှာ case တွေကို အလွတ်ကျက်တာထက် Reading Comprehension (သဘောပေါက်နားလည်နိုင်စွမ်း) နဲ့ Data Analysis skills တွေပိုင်နိုင်အောင် လေ့ကျင့်ထားရပါမယ်။
‎
‎ ဒီ skills တွေကို improve လုပ်ပေးနိုင်မယ့် websites and YouTube Channels လေးတွေကို sharing လုပ်ပေးချင်ပါတယ်...
‎
‎ Websites......
‎
‎1/ GED.com (Official Website)
‎__ official website ဖြစ်တာမလို့ exam format နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ preview test တွေကို ဖြေဆို၊ လေ့လာလို့ရပါတယ်....
‎
‎2/ USAHello Classroom ( 💯 recommend )
‎__ ကျောင်းသားတိုင်းအတွက် အဆင်ပြေမယ်ထင်ပါတယ်၊ သူရဲ့ lesson တိုင်းမှာ နားလည်လွယ်မယ့် words တွေပဲ သုံးပေးပြီးရှင်းပြပေးတဲ့အပြင် lesson 68 + over 700 Quizzes ကိုပါ free လေ့လာ၊ လေ့ကျင့်လို့ရပါတယ်...
‎
‎3/ Mometrix Academy (my lovely website 😭)
‎__ Social Studies မှမဟုတ်ပါဘူး 4 subs လုံးအတွက် practice အစုံအလင်ရှိပါတယ်၊ ဒါ့အပြင် Civics & Government, U.S. History, Economics နဲ့ Geography ဆိုပြီး Topic လေးတွေအလိုက် practice လေးတွေလုပ်လို့ရပါတယ်...
‎
‎ YouTube Channels......
‎
‎1/ Test Prep Champions
‎__ 2026 အထိ update videos တွေပါ အမြဲတင်ပေးလေ့ရှိပါတဲ့အပြင် စာမေးပွဲမှာ အမှတ်များများရအောင် ဘယ်လိုဖြေရမလဲဆိုတဲ့ Strategy တွေကို အဓိက‌ပြောပြပေးပါတယ်...
‎
‎2/ GetSumMath
‎__ သူကတော့ practice only ပဲဆိုရင် website ကနေလေ့ကျင့်လို့ရပေမယ့်၊ explanation လေးတွေနဲ့ Ans ချဉ်းကပ်နေရာတွေအတွက်ပါဆိုရငမတော့ YouTube Channel လေးတကယ်ကို အဆင်ပြေသောပါ...
‎
‎3/ Purely Persistent
‎__ စာမေးပွဲမှာ ပါတတ်တဲ့ Social Studies စာပိုဒ်တွေကို ဘယ်လိုဖတ်ရမလဲ၊ main idea ကို ဘယ်လိုရှာရမလဲဆိုတာကို အသေးစိတ် ရှင်းပြပေးပါတယ်....
‎
‎ That's all for today guys and I appreciate for your time and wish you to get credit++ score on your exam. 🩵🤓
‎
#socialstudies
#smar@smartpathacademy910
❤8❤‍🔥5
❤‍🔥3❤2
It's turn for Science!! Science မှာ daily study/ practice လို့ရမယ့် websites and YouTube Channels လေးတွေကြည့် ကြည့်ရအောင်....
‎
‎Websites....
‎
‎1/ Test-Guide.com (Free GED Practice Tests)
‎__ Practice Test တွေကို topic အလိုက်ခွဲထားပေးတဲ့အပြင် Ans + Explanation ပါ ထည့်ပေးထားတာမလို့ အရမ်းအဆင်ပြေပါတယ်...
‎
‎2/ Union Test Prep
‎__ subs တစ်ခုချင်းစီအတွက် flash card and study guides လေးတွေ generate ပေးထားတာမလို့ ကိုယ်သင်ခဲ့ရတဲ့ စာတွေကို note ထုတ်ပေးပြီ ပြန်ဖတ်လို့လွယ်ပါတယ်....
‎
‎3/ Congnito
‎__ ဒီ website လေးကတော့ IG သင်ခဲ့တုံးက သုံးခဲ့တဲ့ website လေးပါ၊ GED အတွက်ဆိုရင် Science and Maths အတွက် lesson တစ်ခုချင်းစီသေချာလေး ရှင်းပြပေးပြီး practice လေးတွေလည်း Lesson အလိုက်ပေးထားပါတယ်...
‎
‎Youtube Channels...
‎
‎1/ Get Sum Maths
‎__ အများကြီးပြောစရာမလိုလောက်ပါဘူး... 4subs အတွက် တကယ်ကို အသုံး၀င်တဲ့ channel and website လေးတစ်ခု...
‎
‎2/ Test Prep Champions
‎__ GED Science အတွက် Reading Comprehension နဲ့ Ans ချဉ်းကပ်ပုံတွေကို သေချာလေး လေ့ကျင့်ပေးနိုင်ပါတယ်...
‎
‎3/ Khan Academy
‎__ basic to advance level အလိုက် lesson လေးတွေနဲ့ practice လေးပါ လေ့ကျင့်နိုင်မယ့် channel လေးတစ်ခု...
‎
So,‎ I hope these help you out! Catch you later! 🧚‍♀

#science
#smar@smartpathacademy910
❤10
Guysssss!!! Long time no update ဖြစ်သွားတဲ့ အတွက် အရင်ဆုံး အကြီးကြီး အားနာပါတယ်😔

Admin ရဲ့ ကျောင်းကိစ္စလေးတွေကြောင့် ဒီကြားထဲ နည်း”အလုပ်ရှုပ်နေရလို့ပါ….
နောက်ပိုင်းမှာ update တွေအများကြီးနဲ့ သေချာပြန် run ပါမယ် 🥺

လောလောဆယ်တော့ GED / G-12 ပြီးထားတဲ့ ကလေးတွေ အတွက် Europe ဘက်ကိုလည်း စဉ်းစားနေတယ် affordable tuition fees and living expenses လည်း ဖြစ်တဲ့ နိုင်ငံ အကြောင်းလေးကို နောက်ရက်ကြ ရင် sharing လုပ်ပေးပါမယ်…။✍️

ကိုယ်ကိုတိုင်လည်း admission ရထားတာမလို့ သိသလောက်အစ၊အဆုံးပြောပြပေးသွားပါမယ်….။ bio acc မှာလည်း လာမေးလို့ရသလို၊ channel discussion group မှာလည်း ဝင်မေးလို့ရပါတယ် …။🫶

🔜 🔜 🔜

#smart@smartpathacademy910
❤10
Europe လို့ပြောလိုက်တာနဲ့ unaccept GED,require a lot qualifications, higher living expenses and tuition fees than Asia and longer distances.... ဒါတွေက barrier တစ်ခုလိုဖြေနေတတ်ပါတယ်။🙁
‎
‎ကိုယ့်အကြောင်းအရင်စပြောရရင်  အရင်က Australia Dream ပါ၊ visa ခက်တာကော requirements အရမ်းများတာကောမလို့ လက်လျှော့လိုက်ရပါတယ်။
‎
‎GED ဖြေနေစဉ်မှာတင် နိုင်ငံ လေးနိုင်ငံလောက်ပြောင်းပါတယ်၊ ပြီးခါနီးမှာ Senior အစ်မတစ်ယောက်ရဲ့ Post တစ်ခုကိုတွေ့ပြီး အဲဒီနိုင်ငံကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။🥸
‎
‎Czech Republic 🇨🇿
‎*Europe ရဲ့ အလယ်မှာရှိပြီး Heart of Europe လို့လည်းတင်စားကြပါတယ်။ Historic Building တွေအများကြီးရှိပြီး၊ ကိုယ့်အကြိုက် Classic Vibe အပြည့်ရှိတဲ့ နိုင်ငံ တစ်နိုင်ငံ….🎠🕍

‎*တခြား EU နိုင်ငံတွေလို living expenses အရမ်းဈေးမကြီးတဲ့အပြင်၊ tuition fees ကလည်း affordable with qualitative education systems ဖြစ်ပြီး Ranked 6th World's Safest Country မလို့ Czech Republic ကိုရွေးချယ်
လိုက်တာဖြစ်ပါတယ်။💰

‎*Germany, Poland, Austria နဲ့လည်း neighbour country ဖြစ်တာမလို့ ကျောင်းပိတ်ရက် ခရီးထွက်ချင်ရင်လည်း အဆင်ပြေပါတယ်။🗺️
‎
ဆိုတော့ Uni အကြောင်းဆက်သွားရရင်…

Masaryk University 📍

Czech Republic ရဲ့ Second Largest City ဖြစ်တဲ့ Brno မြို့မှာတည်ရှိတာဖြစ်ပြီး၊ Czech Republic ရဲ့ National Rank 2nd University တစ်ခုဖြစ်ပါတယ်။🏢

Faculty တွေကတော့…..
Faculty of Medicine 🩺
Faculty of Science 🔬
Faculty of Arts 🎭
Faculty of Education 📚
Faculty of Pharmacy 🧑‍⚕️👩‍⚕️
Faculty of Economics and Administration 📈
Faculty of Information ℹ️
Faculty of Social Studies 📃

ဆိုပြီး ရွေးချယ်စရာ Program အများကြီး ရှိပါတယ်။ ကိုယ်ကတော့ Faculty of Education က program တစ်ခုမှာ Admission ရထားပါတယ်။ 💤

Tuition fees and Living Expenses 💶

Faculty တိုင်းအတွက် Tuition Fees ကတော့ Euro 2000-14000 ထိ ရှိပါတယ်။
Living Expenses ကတော့ € 800 — 1400 လောက်ထိပဲကုန်ပါတယ်။
Part-time လည်း တစ်ပတ်မှာ နာရီ ၂၀ လုပ်လို့ရတာမလို့ ကိုယ့်ရဲ့ နေစရိတ်/စားစရိတ်ကို cover ဖြစ်နိုင်ပါတယ်။🛅

Program တစ်ခုချင်းစီရဲ့ Requirements လေးတွေကို အောက်က Uni Website လေးမှာ detail သွားကြည့်လို့ရပါတယ်။

https://www.muni.cz/fsps/international_students/programmes_en/bachelor

Education Major နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားရင်တော့ Bio acc မှာလည်း လာမေးလို့ရသလို၊ Channel’s Group Discussion မှာလည်း ဝင်မေးလို့ရပါတယ်ခ 〰️💞

Thanks for being here. Hope this brought you a little inspiration ✨

#smart@smartpathacademy910
#muni
❤13