HIMYM
161 subscribers
15 photos
4 videos
10 links
Download Telegram
Channel photo updated
Forwarded from English Sit-com and Movies/TV-series private (GC)
Media is too big
VIEW IN TELEGRAM
HIMYM Ep-1 FHD
1
Forwarded from English Sit-com and Movies/TV-series private (GC)
Media is too big
VIEW IN TELEGRAM
HIMYM Ep-1 HD
1
Forwarded from English Sit-com and Movies/TV-series private (GC)
Media is too big
VIEW IN TELEGRAM
HIMYM Ep-1 SD
Forwarded from English Sit-com and Movies/TV-series private (GC)
Media is too big
VIEW IN TELEGRAM
Wednesday Season 2
Official Teaser Trailer (FHD)

August 6 မှာ ထွက်ရှိသွားမဲ့ Wednesday Season 2 ရဲ့ Official trailer

#Wednesday #Season2 #OfficialTeaserTrailer
Murderbot (Season-1)

Channel Link
https://t.me/Murderbotseason1

Apple TV+ ရဲ့ Action, Comedy series အသစ် Murderbot ရပါပြီ။ IMDb 7.4 နဲ့ ခရမ်းချဉ်သီးပုပ်လည်း 98% လောက်ရထားတဲ့အပြင် admin အမြင်တော့ ကြည့်သင့်တဲ့ Sci-fi, action ကားထဲမှာပါတယ်ဗျ။


ဇာတ်လမ်းအကျဉ်းကတော့ နည်းပညာမြင့်လာတဲ့ခေတ်မှာ လုံခြုံရေးစက်ရုပ်တွေကို သုံးနေပါပြီ။ အဲဒီစက်ရုပ်တွေကို ထိန်းချုပ်ထားတာကတော့ Corporation Rim ဆိုတဲ့ အဖွဲ့အစည်းပေါ့။ အဲဒီအထဲကမှ စက်ရုပ်လေးတစ်ရုပ်က သူ့ထိန်းချုပ်ရေးစနစ်ကို ဟက်နိုင်ပြီး အသိစိတ်ရသွားပါတယ်။

ဒါပေမဲ့ အမိန့်မနာခံတဲ့ စက်ရုပ်တွေဆို ကမ္ပဏီက အက်စက်နဲ့အရည်ဖျော်ပြီး ဖျက်ဆီးပစ်တာမျိုးတွေလုပ်တော့ သူ့ခမျာ အဲဒီကိစ္စကို လျှို့ဝှက်ထားပြီး ကုမ္ပဏီအတွက် ပြန်အလုပ်လုပ်ပေးနေရတော့တာပဲ။

တစ်နေ့မှာ အူကြောင်ကြား သိပ္ပံပညာရှင်တစ်အုပ်အတွက် လုံခြုံရေးလုပ်ပေးဖို့ ဖြစ်လာတဲ့အခါ....

အသိစိတ်ရနေတဲ့ စက်ရုပ်တစ်ရုပ်အနေနဲ့ ဘယ်လိုအလွဲတွေ လုပ်မလဲ....

အူကြောင်ကြား သိပ္ပံပညာရှင်အဖွဲ့နဲ့ ဘယ်လိုတွေ ဆက်ခရီးသွားကြမလဲ ဆိုတာတွေကို action နဲ့ comedy ရောပြီး တင်ဆက်ထားတာမို့ စက်ရုပ်ကားကြည့်သူတွေအတွက် GC English Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။


Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi
Snow White (2025)

Channel Link
https://t.me/GCEnglishofficial

FHD -
HD - https://t.me/GCEnglishofficial/3
SD - https://t.me/GCEnglishofficial/4

စနှိုးဝှိုက်ကိုမဟုတ်ဘဲ မိထွေးဘုရင်မကြီးကို ငမ်းရမဲ့ Snow White (2025) ရပါပြီ။ Snow White အဖြစ် Rachel Zegler နဲ့ Evil Queen အဖြစ် မမ Gal Gadot ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအညွှန်းကတော့ အထွေအထူးပြောမနေတော့ပါဘူးဗျာ။ ကျွန်တော်တို့ငယ်ငယ်ကကြည့်ဖူးတဲ့ Snow White ကာတွန်းထဲကလိုပဲ

မကောင်းတဲ့ဘုရင်မကြီးနဲ့ သူ့ရဲ့ပေါက်ကရပြောတဲ့ မှော်မှန်ကြီးရယ်...

နှင်းပွင့်လေးတမျှ ဖြူဆွတ်တဲ့ အသားအရည်လေးနဲ့ အလှဆုံးဆိုတဲ့ စနှိုးဝှိုက်လေးရယ်...

မသိတဲ့သူပေးတဲ့ ပန်းသီးကို လျှောက်စားပြီး မေ့မျောသွားလို့ အချစ်စစ်ရဲ့ အနမ်းနဲ့မှ ပြန်အသက်ရှင်လာတာ ဘာညာပေါ့ဗျာ။ ဇာတ်ကြောင်းကတော့ ပုံမှန် Snow White ဇာတ်ကြောင်းဆိုပေမဲ့ သီချင်းလေးတွေကတော့ တော်တော်နားထောင်ကောင်းတာမလို့ ကြည့်ရှုချင်သူများအတွက် GC English Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။


Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi
Forwarded from Gold Channel English movies & series (Official)
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Gold Channel English movies & series (Official)
Please open Telegram to view this post
VIEW IN TELEGRAM
Cleaner (2025)

Channel Link
https://t.me/GCEnglishofficial

HD - https://t.me/GCEnglishofficial/14
SD - https://t.me/GCEnglishofficial/15

ပြတင်းပေါက်သန့်ရှင်းရေးလုပ်ရင်း လူဆိုးတွေနဲ့ချမဲ့ Cleaner ရပါပြီ။ IMDb ကတော့ 5 နဲ့ ခရမ်းချဉ်သီးပုပ် 51% ပါ။ Cast တွေအနေနဲ့တော့ Star Wars ကားတွေထဲက မမ Daisy Ridley နဲ့ One Piece live action ထဲမှာ Sanji အဖြစ်ပါထားတဲ့ Taz Skylar တို့ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဂျိုအီက မိုက်ကယ်လို့ခေါ်တဲ့ အစ်ကိုတစ်ယောက်နဲ့ အကြမ်းဖက်တတ်တဲ့ အဖေဖြစ်သူတို့ကြား ရန်ပွဲတွေကို မြင်တိုင်း ပြတင်းပေါက်မှာ ထွက်ထိုင်တတ်တဲ့သူပါ။ ဒီလိုနဲ့ စစ်တပ်ကနေထွက်ပြီး အက်ဂ်နီးအဆောက်အုံအတွက် ပြတင်းပေါက်သန့်ရှင်းရေးသမားအဖြစ် လုပ်နေရင်းတစ်နေ့မှာ

သူလုပ်နေတဲ့ အဆောက်အအုံကို အကြမ်းဖက်သမားတွေ ဝင်လာတဲ့အခါ..

တိုက်တိုက်ဆိုင်ဆိုင် အဆောက်အအုံထဲရောက်နေတဲ့ သူ့အစ်ကိုမိုက်ကယ်ကိုလည်း ကယ်တင်ဖို့ကြိုးစားရင်း..

အကြမ်းဖက်သမားတွေလက်က လွတ်အောင် ဘယ်လိုကြိုးစားကြမလဲ ဆိုတာကြည့်ရှုနိုင်ဖို့ ဒီ Cleaner ဆိုတဲ့ Action, Thriller ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi
Forwarded from ဝမ်းဒါးမန်း (GC)
Please open Telegram to view this post
VIEW IN TELEGRAM
Sinners (2025)

Channel Link
https://t.me/GCEnglishofficial

FHD- https://t.me/GCEnglishofficial/46
HD- https://t.me/GCEnglishofficial/47
SD- https://t.me/GCEnglishofficial/48


တောင်းထားတဲ့ Sinners (2025) အကြည် ရပါပြီ။ Cast တွေကတော့ Michael B. Jordan နဲ့ Hailee Steinfeld တို့ အဓိက ပါဝင်ထားပါတယ်။ ဇာတ်ကားထံမှာပါတဲ့ သီချင်းတွေကလည်း တော်တော်ကောင်းသလို Michael B. Jordan ရဲ့ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ချက်တွေကလည်း တော်တော်ကြီးကို မိုက်ပါတယ်ဗျ။

ဇာတ်လမ်းကိုတော့ ပထမကမ္ဘာစစ်အပြီး 1932 ခုနှစ်ဝန်းကျင် မစ္စစ္စပီက Clarksdale မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပထမကမ္ဘာစစ်က စစ်သားဟောင်း စမုတ်ခ်နဲ့ စတက်ခ် အမြွှာညီအစ်ကိုနှစ်ယောက်က ချီကာဂိုမှာ ခိုးဆိုးလုယက်ပြီး ရလာတဲ့ငွေတွေနဲ့ မစ္စစ္စပီမှာ စီးပွားရေးပြန်လုပ်ဖို့ ရောက်လာတယ်။

သူတို့ရည်ရွယ်ချက်ကတော့ လူမျိုးရေးခွဲခြားတဲ့ မြေပိုင်ရှင်ဟော့ဝုဒ်ဆီကနေ သစ်ခွဲစက်ကြီးတစ်ခုကို ပြန်ဝယ်ပြီး အာဖရိကန်-အမေရိကန် လူမျိုးတွေအတွက် ဘီယာဆိုင်တစ်ဆိုင် ဖွင့်ဖို့ပါပဲ။ အဲဒီခေတ်အခေါ် Juke Joint ပေါ့ဗျာ။

အဲဒီလိုနဲ့ ဆိုင်ဖွင့်ပွဲညမှာ ဖျော်ဖြေဖို့ သူတို့ဝမ်းကွဲ ဂီတာသမားလေး ဆမ်မီနဲ့အတူ လူလိုက်စုကြပါတော့တယ်။


"‌အစစ်အမှန်ဂီတကို ဖန်တီးပေးနိုင်ပြီး အတိတ်နဲ့ အနာဂါတ်က ပဉ္စလက်ဝိညာဉ်တွေကို ဆင့်ခေါ်နိုင်တဲ့... နယ်လှည့်သီချင်းသည်တွေ"



"ဒီပါရမီက လူတွေကို ကုစားပေးနိုင်သလို ဒီပါရမီကပဲ မကောင်းဆိုးဝါးကို ဆွဲဆောင်လိမ့်မယ်"


ကံအကြောင်းမလှဖြစ်ပြီး ဖွင့်ပွဲညက သူတို့မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ....

မကောင်းဆိုးဝါးနဲ့ ယှဉ်ပြိုင်ရမဲ့ပွဲမှာ သူတို့ဘယ်လိုရုန်းကန်ကြမလဲ...

စတာတွေကို သီချင်းကောင်းတွေ၊ သရုပ်ဆောင်ချက်ကောင်းတွေနဲ့အတူ ကြည့်ရှုနိုင်ဖို့ GC English Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

Reviewed by Wobushi
Translated by GC English Team
Encoded by P.O.M
Predator: Killer of Killers (2025)


Channel Link
https://t.me/GCEnglishofficial

FHD - https://t.me/GCEnglishofficial/56
HD - https://t.me/GCEnglishofficial/57
SD - https://t.me/GCEnglishofficial/58

Duration: 1hr 30min
Genre: Action/ Sci-fi

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Predator franchise ထဲက animation ကားလေးရပါပြီ။ Rating တွေလည်း တော်တော်မိုက်ပြီး ကြည့်ရတာလည်း တော်တော်လေး မိုက်တဲ့အထဲပါတယ်ဗျ။ IMDb 7.5 နဲ့ ခရမ်းချဉ်သီးပုပ်လည်း 95% လောက် ရထားတယ်။


ဇာတ်လမ်းအကျဉ်းလေးကတော့ ခေတ် ၃ ခေတ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ၈၄၁ ခုနှစ် ဗိုက်ကင်းတွေဆီမှာ တစ်ခါ၊ ၁၆၀၉ ခုနှစ် ဂျပန်ရယ်၊ ၁၉၄၂ ခုနှစ် အမေရိကန်ရယ်‌ အဲဒီကနေ Predator တို့ရဲ့ ထုံးစံအတိုင်း အမဲလိုက်ပြီး အတော်ဆုံးသတ်ဖြတ်သူလို့ သူတို့ထင်တဲ့လူတွေကို ရွေးခေါ်သွားပါတယ်။

ပြီးတော့ အဲဒီလူ ၃ ယောက်ကို ပြန်သတ်ခိုင်းပြီး Grendel King နဲ့ ပြန်တိုက်ခိုင်းတာပါ။

ဗိုက်ကင်းခေတ်ကလူ ဆိုတဲ့အတိုင်း သတ်ဖြတ်ဖို့ပဲလုပ်နေတဲ့ ကြမ်းကြမ်းတမ်းတမ်း Ursa ရယ်...

ဆာမူရိုင်းခေတ်က စစ်ဘုရင်ကြီးတစ်ယောက်ရဲ့သား Kenji ရယ်...

အမေရိကန်ရေတပ်က F4F Wildcat မောင်းတဲ့ လေယာဉ်မှူးလေး Torres ရယ်...

၃ ယောက်သား ဘာသာစကားအခက်အခဲတွေကြားမှာ ဘယ်လိုဆက်သွယ်ပြီး Predator တွေ လက်ကနေ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ ကြည့်ရမှာပါ။ ဒီတော့ November မှာ ထွက်မဲ့ Predator: Badlands မတိုင်ခင် အကြိုကြည့်ထားလို့ရအောင် GC English Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။


Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi
Final Destination Bloodlines (2025)

Channel Link
https://t.me/GCEnglishofficial

FHD - https://t.me/GCEnglishofficial/61
HD - https://t.me/GCEnglishofficial/62
SD - https://t.me/GCEnglishofficial/63


Duration: 1hr 49mim
Genre: Horror/ Mystery

Final destination ဖန်တွေအတွက် ခုလက်ရှိရုံတင်နေဆဲ Final Destination Bloodlines ကြည်တောက်ရှင်းဗားရှင်း ရပါပြီ။ IMDb 6.9 နဲ့ ခရမ်းချဉ်သီးပုပ်လည်း 92% အထိ ရထားပါတယ်။

ဒီတစ်ခေါက်ကားမှာတော့ အရင်ကားတွေထက် ပိုဆန်းလာပါပြီ။ စတက်ဖနီဆိုတဲ့ ကောင်မလေးတစ်ယောက်က မိုးမျှော်တာဝါကြီးတစ်ခု ပြိုကျတဲ့အိပ်မက်ကို ၂ လဆက်တိုက် မက်ပြီး နေ့စဉ်ဘဝမှာပါ ထိခိုက်မှုရှိလာပါတယ်။ အဲဒါနဲ့ အိပ်မက်ကိုရပ်အောင်လုပ်ဖို့ သူ့အိပ်မက်ထဲက ပြိုကျမှုမှာပါတဲ့ အိုင်းရစ်ဆိုတဲ့ ကောင်မလေးကို လိုက်စုံစမ်းပါတော့တယ်။

သူ့အိပ်မက်ကို သူတကယ်ပဲ တားနိုင်ပါ့မလား...

သေမင်းက ဘာလို့ သူတို့မိသားစုနောက်ကို လိုက်လာရသလဲ...

"သေမင်းနဲ့ သွားရှုပ်ပြီး ရှုံးနိမ့်သွားရင် ကိစ္စတွေ ရှုပ်ထွေးကုန်လိမ့်မယ် - JB"


ကျွန်တော်တို့တွေရဲ့ ငယ်ဘဝမှာ သစ်လုံးကားကြီးတွေမြင်တိုင်း ကြောက်ရတဲ့အထိ trauma ပေးနိုင်ခဲ့တဲ့ Final Destination franchise ထဲကမို့ အညွှန်းတွေ အများကြီး ရေးမနေတော့ပါဘူး။ ဒီတစ်ခေါက်မှာရော ဘယ်လို trauma တွေ ပေးသွားဦးမလဲဆိုတာ ကြည့်ရှုနိုင်ဖို့ GC English Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။


Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi
မမြဲခြင်းဆိုတဲ့ လောကဓံသဘောအတိုင်း မင်မင်တို့ရဲ့ GC English Official Channel လေး copyright မိပြီးပျက်သွားလို့ Channel အသစ်လေးတွေကို ပြန် join ပေးကြပါဦးနော်။ နောက်တင်မဲ့ English Movies နဲ့ Series တွေကို ဒီချန်နယ်တွေမှာ တင်ပေးသွားမှာပါ။ Private channel လေးတွေမို့ Channel တော့ join ပေးထားဖို့လိုပါမယ်ဗျ။ တင်ပြီးသမျှ ကားတွေကို Link Collection Channel ရဲ့ Link တွေကနေ ဝင်ကြည့်လို့ရပါတယ်။

GC English Movies & Series (Official)
https://t.me/+cxdyAdal-mI3OWQ1

GC English Movies (Official)
https://t.me/+Ns-OCr4geto5NGVl

Link Collection
https://t.me/gctvdramaandseries1