◾️အမ်ဗွီဟွန်ဒီးရပ်စ်ခရီးသည်များကို ခေါ်ယူရန် ဥရောပနိုင်ငံများ ပြင်ဆင်နေ
စပိန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သော အမ်ဗွီဟွန်ဒီးရပ်စ်ခရီးသည်တင်ဇိမ်ခံသင်္ဘောပေါ်မှ ခရီးသည်များကိုခေါ်ယူရေးအတွက် ဥရောပနိုင်ငံများက ပြင်ဆင်နေကြကြောင်း မေ ၁၀ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ဝင်ရိုးစွန်းဒေသ ခရီးစဉ်အတွင်းဟန်တာဗိုင်းရပ်စ် ကူးစက်မှုပြဿနာနှင့် ရင်ဆိုင်နေရသည့် အမ်ဗွီဟွန်ဒီးရပ်စ်သင်္ဘောသည် မေ ၉ ရက်တွင်စပိန်နိုင်ငံ တီနာရစ်ဖ်ကျွန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါသင်္ဘော တီနာရစ်ဖ်ကျွန်းသို့ရောက်ရှိချိန်တွင် ၎င်းတို့၏သက်ဆိုင်ရာ နိုင်ငံသားများကို ခေါ်
ထုတ်ရေးအတွက် ပြင်သစ်၊ ဂျာမနီ၊အိုင်ယာလန်၊ နယ်သာလန် စသည့်ဥရောပနိုင်ငံများက လေယာဉ်များစေလွှတ်ရန် စီစဉ်ထားကြောင်း စပိန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အလားတူ ကျန်ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများကိုခေါ်ထုတ်နိုင်ရေး အတွက်လည်း
ဥရောပသမဂ္ဂက စပိန်နိုင်ငံသို့လေယာဉ်နှစ်စင်း စေလွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။
အမ်ဗွီဟွန်ဒီးရပ်စ်သင်္ဘောသည်ဟန်တာဗိုင်းရပ်စ်ကူးစက်မှုပြဿနာပေါ်ပေါက်ခဲ့ပြီးနောက်အနောက်အာဖရိကဒေသ ကိပ်ဗာဒီကျွန်းစုနိုင်ငံ ကမ်းလွန်၌ မေ ၂ ရက်မှစ၍ ကျောက်ချထားခဲ့ရသည်။ဟန်တာ ဗိုင်းရပ်စ်ကြောင့် ယင်းသင်္ဘောပေါ်မှ ခရီးသည်သုံးဦးသေဆုံးခဲ့ရပြီး သုံးဦးကို အရေးပေါ်ကယ်ထုတ်ခဲ့ရသည်။
ကြွက်များမှတစ်ဆင့် ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ်ကြောင့်အသက်အန္တရာယ် ကြီးမားသော
အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများပေါ်ထွက်လာနိုင်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

👍1
◾️စေတုတ္တရာ၌ငလျင်လှုပ်ခတ်၊ ဒေသခံများသိသာစွာခံစားရဟုဆို
မကွေးတိုင်း၊ စေတုတ္တရာမြို့၌ ယနေ့(မေ ၁၁ ရက်)နံနက်အစောပိုင်းတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါငလျင်လှုပ်ခတ်မှုမှာ စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာဗဟိုပြု၍ ယနေ့နံနက် ၂ နာရီ ၆ မိနစ် ၃၅ စက္ကန့်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အားရစ်ချ်တာစကေး ၅ အဆင့်ရှိငလျင်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
စေတုတ္တရာမြို့နေဒေသခံတစ်ဦးက “ဟုတ်တယ်။ လှုပ်သွားတာသိသိသာသာပဲ။ ကြမ်းတယ်။ အသံပါပါတယ်” ဟု စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ယခုမေလ ၅ ရက်၊ ည ၇ နာရီ ၅၃ မိနစ် ၃၄ စက္ကန့် တွင်လည်း စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၌ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

◾️ထရန့် - ရှီ နှစ်ဦး မတွေ့မီ တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးမည်
ဒေါ်နယ်ထရန့် နှင့် ရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေးနွေးပွဲမတိုင်မီတွင် အမေရိကန်နှင့် တရုတ် ထိပ်တန်းအရာရှိကြီးများသည် တောင်ကိုရီးယားနိုင်ငံတွင် ကုန်သွယ်ရေးကိစ္စ ဆွေးနွေးကြမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး နှင့် တရုတ်စီးပွားကူးသန်း ဝန်ကြီးဌာနတို့က ပြောကြားကြသည်။
အင်္ဂါနေ့နှင့် ဗုဒ္ဒဟူးနေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် နှစ်ဖက်အပြန်အလှန် စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စများဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးချုပ် ဟီလီဖန်း တက်ရောက်မည်ဖြစ်ကြောင်း တရုတ်စီးပွားကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။
သမ္မတထရန့်နှင့် သမ္မတရှီတို့၏ ထိပ်သီးဆွေးနွေးပွဲအတွက် ပေကျင်းမြို့သို့ ခရီးမဆက်မီ တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်းနှင့် ဆွေးနွေးရန် ဗုဒ္ဒဟူးနေ့တွင် ဆိုးလ်မြို့သို့ ဝင်ရောက်မည် ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က X လူမှုကွန်ရက်ပေါ်တွင် ပြောကြားသည်။
ရှီကျင့်ဖျင်နှင့် အလျော်အစားကြီးမားသော ထိပ်သီးဆွေးနွေးပွဲအတွက် ဒေါ်နယ်ထရန့်သည် တရုတ်နိုင်ငံသို့ သွားရောက်ရန်ရှိကာ ကမ္ဘာ့အကြီးဆုံးစီးပွားရေး နှစ်နိုင်ငံ ခေါင်းဆောင်များသည် အရှေ့အလယ်ပိုင်းစစ်ပွဲ အရိပ်မည်းကြီးအောက်တွင် ကုန်သွယ်ရေးနှင့် ထိုင်ဝမ်အရေး တို့အပေါ် တင်းမာမှုများ လျော့ပါးရေးကို အာရုံစိုက်ကြမည်ဟု မျှော်လင့်ထားကြသည်။
ဝါရှင်တန်နှင့် ပေကျင်းသည် လွန်ခဲ့သောတစ်နှစ်က တစ်ဖက်အပေါ် တစ်ဖက် ကြီးလေးသော အခွန်များချမှတ်ခဲ့ကြသော်လည်း တစ်နှစ်ကြာ ကုန်သွယ်ရေး သဘောတူညီချက်ယူ၍ ၎င်းအခွန်များကို ဆိုင်းငံ့ထားကြရန် အောက်တိုဘာလ တောင်ကိုရီးယားထိပ်သီးပွဲတွင် ထရန့်နှင့် ရှီ တို့ သဘောတူခဲ့ကြသည်။
ဟီလီဖန်း နှင့် စကော့ဘက်ဆင့်တို့သည် ကုန်သွယ်ရေးနှင့်စီးပွားရေးကိစ္စများ အားလုံးတွင် တရုတ် နှင့် အမေရိကန်တို့အတွက် ထိပ်သီးညှိနှိုင်းဆွေးနွေးသူများ ဖြစ်ကြသည်။
၎င်းတို့နှစ်ဦး၏ ဆွေးနွေးပွဲတွင် ထရန့် - ရှီ ထိပ်သီးပွဲတွင် ပြုလုပ်မည့်ကြေညာချက်များအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်ကြဖွယ်ရှိသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း

◾️ခတ္တမန္ဒူမြို့၌ ဆင်းသက်စဉ် တာယာမီးလောင်ခဲ့သော တူရကီလေယာဉ်ပေါ်မှ ခရီးသည်များကို ကယ်ထုတ်
ယနေ့ တနင်္လာနေ့တွင် နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူတွင် ဆင်းသက်ချိန်၌ တူရကီလေကြောင်းလိုင်းလေယာဉ်၏ ဘီးတစ်လုံး မီးလောင်ခဲ့သဖြင့် လေဆိပ်ကို တစ်နာရီခန့် ပိတ်ထားခဲ့ရကြောင်း သိရသည်။
အစ္စတန်ဘူလ်မြို့မှ ပျံသန်းလာခဲ့သော Airbus A330 လေယာဉ်ပေါ် လိုက်ပါခဲ့သည့် ခရီးသည် ၂၇၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၁ ဦး စလုံးကို အရေးပေါ် ထွက်ပေါက်များမှ တစ်ဆင့် ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း နီပေါ အရပ်ဘက်လေကြောင်အာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂါနင်ဒရာဘူးလ် က ရိုက်တာသတင်းဌာနကို ပြောကြားသည်။
“လေယာဉ်ရဲ့ ညာဘက်တာယာ မီးလောင်သွားတာပါ။ မီးငြှိမ်းသတ်ပြီး လေယာဉ်ကို ဆွဲသွားကာ အခုတော့ ရပ်ထားလိုက်ပါပြီ” ဟု ဘူးလ်က ပြောသည်။
လေယာဉ်ကို ဆွဲသွားချိန်တွင် လေယာဉ်အဆင်းဂီယာဘက်မှ မီးခိုးများ ထွက်ပေါ်လာသည်ကို မြင်တွေ့ရပြီး နည်းပညာပိုင်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း တူရကီလေကြောင်းက ပြောကြားသည်။
ဟိုက်ဒရောလစ်ပိုက်တစ်ချောင်း ချို့ယွင်းမှုကြောင့် မီးခိုးထွက်လာခဲ့သည်ဟု ကနဦး အကဲဖြတ်ချက်များအရ သိရကြောင်း လေကြောင်းလိုင်း၏ ပြုပြင်ထိန်းသိမ်းရေးဌာနဒုတိယအကြီးအကဲ ယာဟရာ အူစတန် က X လူမှုကွန်ရက်ပေါ်တွင် ပြောကြားသည်။
ခရီးသည်များ၏ အပြန်ခရီးစဉ်အတွက် အခြားလေယာဉ်ခရီးစဉ်တစ်ခု ထပ်မံ စီစဉ်ပေးခဲ့ကြောင်း လည်း ၎င်းက ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

ဒူးရင်းပွဲတော် ကျင်းပမည်
ဒူးရင်းဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် မြန်မာမျိုး ဒူးရင်းမျိုးရင်းများကို အဓိကထားပြသ သွား မည့် မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ကို မေ၁၉ ရက် (တစ်ရက်တည်း) ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီး၀လံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ယင်းပွဲတော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပမည် ဖြစ်ပြီး မြန်မာ့ဒေသထွက် ဒူးရင်းသီးများကိုပြည်ပပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရန်]မြန်မာ့ဒူးရင်း} အမည်ဖြင့် နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နိုင်ရန်နှင့်ခေတ်မီစိုက်ပျိုးရေးနည်းပညာများ၊ ရိတ်သိမ်းပြီးနောက် ထိန်းသိမ်းခြင်းနည်းပညာများကို ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့ပြင် ဒူးရင်းဈေးကွက်ချဲ့ထွင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများဖန်တီးရေးနှင့် စီးပွားရေးကွန်ရက် ချိတ်ဆက်ရေးတို့ကိုလည်း အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမြင့် ဒူးရင်းမျိုးများကို ရွေးချယ် ဖော်ထုတ်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း အသင်းကထုတ်ပြန်ထားသည်။
အဆိုပါ ဒူးရင်းပွဲတော်တွင် မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများ၊ သီးနှံအသင်းအစုအဖွဲ့များ၊ အသင်းဝင်ကုမ္ပဏီများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက အသိပေးအကြောင်းကြားထားသည်။
သို့ဖြစ်ရာ ဒူးရင်းစိုက်တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ အနေဖြင့် အဆို ပါပွဲတော်တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် အသေးစိတ်အချက် အလက် များအတွက် သက်ဆိုင်ရာအသင်းနှင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ-အစိမ်းရောင်လမ်း
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

ချင်းရိုင်တွင် မြန်မာလုပ်သား ၃၆ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့နယ် ပါအော့ဒွန်းချိုင်ကျေးရွာအုပ်စုရှိ အိမ်တစ်အိမ်တွင် တရားမဝင် ဝင်ရောက်လာပြီး ခိုအောင်းနေကြသည့် မြန်မာလုပ်သား၃၆ဦးအား ဖမ်းဆီး ခဲ့ကြောင်းထိုင်းသတင်းမှ ထုတ်ပြန်ချက်အရ သိရသည်။
ချင်းရိုင်ခရိုင် လ၀ကအဖွဲ့က မေ၁၁ ရက်တွင် သတင်းရရှိပြီး ယင်းနေအိမ်သို့ စစ်ဆေးခဲ့ခြင်းဖြစ် ပြီး အိမ်အတွင်း၌ မြန်မာလုပ်သားအမျိုးသား၁၇ဦး၊အမျိုးသမီး၁၉ဦးအားတွေ့ရှိခဲ့ရာအများစုမှာ လူငယ်အရွယ်များ ဖြစ်ကာ ခရီးဆက်ရန် အထုပ်အပိုးများ ပြင်ဆင်ထားကြောင်း သိရသည်။
ထိုအလုပ်သမားများမှာ မယ်ဆိုင်နယ်စပ်မှတစ်ဆင့် ဝင်ရောက်ကာဗန်ကောက်နယ်စပ်တွင် အလုပ်လုပ်နိုင်ရေး တစ်ဦးလျှင် ဘတ် ၅၀၀၀ မှ ဘတ်၁၀၀၀၀ အထိ ပေးချေခဲ့ရကြောင်း သိရသည်။
ပွဲစားက မယ်ဆိုင်နယ်စပ်မှတစ်ဆင့် ကားဖြင့်လာကြိုခဲ့ပြီး အဆိုပါအိမ်တွင် ခေတ္တထား ထားချိန်၌ ဖမ်းမိကြောင်း ဖော်ပြထားသည်။ဖမ်းဆီးရရှိခဲ့သော မြန်မာအလုပ်သမားများအား မှတ်တမ်းပြုစုကာမယ်ဆိုင်မြို့အမှတ် (၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် နေရပ်သို့ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၇ ရက်ကလည်း ဖိစနုလုခ်ခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၁၆၀ အား ကား ၁၀ စီးဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုအလုပ်သမားများမှာမဲဆိုင်မြို့မှဝင်ရောက်ကာအဆိုပါနေအိမ်တွင်ခိုအောင်းသွားကြသူများဖြစ်ကာ ကွင်းဆက်တရားခံများကို ဆက်လက်စုံစမ်းနေကြောင်း ထိုင်းသတင်းတွင် ဖော်ပြ ထားသည်။
သတင်း-လင်းလက်ကြယ်
ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲံ့

ထရန့်၏ တရုတ်ခရီးစဉ်အတွက် အီလွန်မက်စ်နှင့် တင်မ်ကွတ်ခ်တို့ကို အိမ်ဖြူတော် ဖိတ်ကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏တရုတ်ခရီးစဉ်တွင် အတူလိုက်ပါရန် တက်စလာနည်းပညာ ကုမ္ပဏီ အကြီးအကဲ အီလွန်မက်စ်နှင့်အက်ပဲလ်ကုမ္ပဏီအကြီးအကဲ တင်မ်ကွတ်ခ်တို့ကို အိမ်ဖြူတော်က ဖိတ်ကြားထားကြောင်း အမေရိကန်မီဒီယာများက မေ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် မေ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက် ၍ တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားသည်။
အထက်ပါခရီးစဉ်တွင် သမ္မတဒေါ်နယ်ထရန့်နှင့်အတူ အမေရိကန် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် အများအပြားလည်း လိုက်ပါမည်ဖြစ်ရာတက်စလာအကြီးအကဲ အီလွန်မက်စ်နှင့် အက်ပဲလ်ကုမ္ပဏီအကြီးအကဲ တင်မ်ကွတ်ခ်တို့ကိုလည်း ဖိတ်ကြားထားကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများကပြောကြားသည်။
တရုတ်နိုင်ငံခရီးစဉ်အတွင်း စီးပွားရေးသဘောတူညီချက်နှင့် နှစ်နိုင်ငံအရောင်းအဝယ် သဘော တူညီချက်များ ရယူနိုင်ရန် သမ္မတဒေါ်နယ်ထရန့်က မျှော်လင့်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်မူလက တရုတ်နိုင်ငံသို့ မတ်လကုန်ပိုင်း သို့မဟုတ် ဧပြီလအစောပိုင်းတွင် သွားရောက်ရန် စီစဉ်ထားသော်လည်း အီရန်စစ်ပွဲကြောင့် ခရီးစဉ်ကို ဆိုင်းငံ့ခဲ့ရသည်။
လာမည့်တရုတ်နိုင်ငံခရီးစဉ်သည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်ထိခိုက်ခဲ့ သည့်မြန်မာလုပ်သားနှစ်ဦး နစ်နာကြေးဘတ်လေးသိန်းကျော် ရရှိ
ထိုင်းနိုင်ငံ စမူပကန်ခရိုင်ရှိ ဂက်စ်အိုးစက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်စဉ် လုပ်ငန်းခွင် ထိခိုက်မှု ဖြစ်ပွားခဲ့သည့် မြန်မာအလုပ်သမားနှစ်ဦးအတွက် ရထိုက်သည့်နစ်နာကြေးငွေ ဘတ် ၄၁၀၀၀၀ ကို မေ ၁၁ ရက်က ရရှိခဲ့ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့ထံမှ သိရသည်။
နစ်နာကြေးရရှိခဲ့သူများမှာ စမူပကန်မြို့နယ် ဘန်ဘိုဒေသရှိ ဂက်စ်အိုးစက်ရုံ၌ အလုပ်လုပ် ကိုင်နေသူ ကိုရဲရင့်အောင်နှင့် ကိုဝဏ္ဏဖြိုး တို့ဖြစ်သည်။ ၎င်းတို့အနက် ကိုရဲရင့်အောင်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်က အလုပ်လုပ်ကိုင်စဉ် လက်မတစ်ချောင်း ပြတ်တောက် သွားခဲ့ပြီး ကိုဝဏ္ဏဖြိုးမှာလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ၂၆ ရက်တွင် ညာဘက်လက်သန်းကြွယ်နှင့် လက်သန်းတစ်ဆစ်စီ ဖြတ်တောက်ခဲ့ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ဆေးကုသစရိတ်များကိုစက်ရုံဘက်မှ ကျခံပေး ခဲ့သော်လည်းရထိုက်သည့် နစ်နာကြေးများရရှိရန်ပျက်ကွက်ခဲ့သည့်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ မြန်မာလုပ်သားနှစ်ဦးအတွက် စုစုပေါင်း နစ်နာကြေးငွေဘတ် ၄၁၀၀၀၀ ကို မေ ၁၁ ရက်တွင်သက်ဆိုင်ရာက တာဝန်ရှိသူများရှေ့မှောက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း-ဝတ်ရည်
ဓာတ်ပုံ-WAG

ယူကရိန်းနှင့် ဒရုန်းသဘောတူညီချက် ရယူရန် နိုင်ငံပေါင်း ၂၀ စိတ်ဝင်စားနေကြောင်း ဇီလန်စကီးပြော
ယူကရိန်းနှင့် ဒရုန်းသဘောတူညီချက်များရယူရန် နိုင်ငံပေါင်း ၂၀ နီးပါးက စိတ်ဝင်စားနေကြောင်း နှင့် သဘော တူညီမှု လေးခုကို လက်မှတ်ထိုးထားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောသည်။
ဖေဖော်ဝါရီလကုန်တွင် အီရန် စစ်ပွဲစတင်ခဲ့ပြီးချိန်မှစ၍ အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ ခရီးစဉ်များတွင် ဇီလန်စကီးက ဒရုန်းစစ်ဆင်ရေး၌ ယူကရိန်းရရှိခဲ့သော ကျွမ်းကျင်ပညာများကို အောင်မြင်သောသံမန်ရေး သဘောတူညီချက်များအဖြစ် အသာစီးရယူနိုင်ခဲ့သည်။
“လက်ရှိမှာ နိုင်ငံပေါင်း ၂၀ နီးပါးက အဆင့်အမျိုးမျိုးမှာ ပါဝင်ပတ်သက် နေကြပါတယ်။ သဘောတူညီချက် လေးခုကို လက်မှတ်ထိုးပြီးပါပြီ။ အဲဒီ သဘောတူညီမှုတွေက ထွက်ပေါ်လာခဲ့တဲ့ ပထမဆုံးကန်ထရိုက်တွေကို ပြင်ဆင်နေပါပြီ” ဟု ဇီလန်စကီးက X လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။
ဧပြီလတွင် ယူကရိန်းက ဂျာမနီ၊ နော်ဝေ၊ နယ်သာလန်တို့နှင့် ကာကွယ်ရေးနှင့် ဒရုန်းသဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
ယင်းမတိုင်မီ မတ်လနှောင်းပိုင်းတွင် ဇီလန်စကီးသည် ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီးတို့နှင့် ကာလရှည် လုံခြုံရေးသဘောတူညီချက်များ ရရှိခဲ့သည်။
ပြီးခဲ့သည့်လကလည်း အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီယက်ဖ်က ယူကရိန်းနှင့် ကာကွယ်ရေး၊ စွမ်းအင် သဘောတူညီချက်များ ရယူခဲ့သည်။
ကမ္ဘာ၏ အခြားအစိတ်အပိုင်းတစ်ခုနှင့်လည်း ဒရုန်းသဘောတူညီချက် မူဘောင်အတွင်းမှ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ယူကရိန်းက စတင်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပို့စ်တွင် ဇီလန်စကီးက ပြောကြားပြီး မည်သည့်နေရာ ဖြစ်သည်ကို မဖော်ပြခဲ့ပေ။
အဆိုပါ သဘောတူညီချက်များကြောင့် ယူကရိန်းသည် ၎င်းတို့လိုအပ်သော လောင်စာပမာဏကို ရရှိနေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားသော်လည်း အသေးစိတ်မပြောပေ။
၎င်း၏ ဒရုန်းသံတမန်ရေးနှင့်အတူ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် စွမ်းအင်ထောက်ပံ့ရေး သဘောတူညီ ချက်များ ရရှိနိုင်ပြီး ယူကရိန်း၏ စိုက်ပျိုးရေးထုတ်ကုန်များအတွက်လည်း ဈေးကွက်များ ရရှိမည်ဟု ဇီလန်စကီးက မျှော်လင့်ထားသည်။

ဓာတ်မြေဩဇာပြဿနာကြောင့် ကမ္ဘာ့ပြည်သူသန်းပေါင်းများစွာ အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင်
မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို ဓာတ်မြေဩဇာများမကြာမီကာလအတွင်း ဖြတ်သန်းနိုင်ခြင်း မရှိပါက ကမ္ဘာ့ပြည်သူသန်းပေါင်းများစွာတို့ အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင် ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများကမေ ၁၁ ရက်တွင် သတိပေးထားသည်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း ပုံမှန် ဖြတ်သန်းနေသော ရေလမ်းကြောင်း ဖြစ်သလို ကမ္ဘာ့ဓာတ်မြေဩဇာ ထုတ်လုပ်မှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော် ပုံမှန် ဖြတ်သန်းနေသည့်ရေလမ်းကြောင်းဖြစ်သည်။
သို့ရာတွင် ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သော အီရန်စစ်ပွဲကြောင့် ဟော်မုဇ် ရေလက်ကြား ရေလမ်းကြောင်းများ ပိတ်ဆို့ခဲ့ရပြီး ကမ္ဘာ့ဈေးကွက်များအတွင်းသို့ စွမ်းအင်နှင့် ဓာတ်မြေဩဇာများ ဝင်ရောက်မှုပြတ်တောက်ခဲ့ရသည်။
လာမည့်သီတင်းပတ်များအတွင်း ဟော်မုဇ်ရေလက်ကြားကို ဓာတ်မြေဩဇာများ ဖြတ်သန်း ဝင်ရောက်နိုင်မှု မရှိပါက ကမ္ဘာ့ပြည်သူ ၄၅ သန်းတို့မှာ ငတ်မွတ်ခေါင်းပါးမှု ပြဿနာနှင့် ရင်ဆိုင်ရမည့် အလားအလာရှိကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ပြောကြားထား သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဓာတ်မြေဩဇာနှင့် ဆက်စပ်ကုန်ကြမ်းများ ဖြတ်သန်းနိုင်ရေး လုပ်ငန်းယန္တရားစနစ်တစ်ခုကို အကောင်အထည်ဖော်ရန် ယခုနှစ်မတ်လအတွင်း အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်။