ရုရှား၏ အောင်ပွဲခံ ချီတက်ပွဲသို့ မတက်ရောက်ကြရန် ရုရှားမဟာမိတ်များကို ဇီလန်စကီး သတိပေး
မနက်ဖြန် မေ ၉ ရက်တွင် မော်စကိုမြို့၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲခံ အခမ်းအနားသို့ မတက်ရောက်ကြရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ရုရှားမဟာမိတ်များအား သတိပေးပြောကြားလိုက်သည်။
ယူကရိန်းက တိုက်ခိုက်ခဲ့ပါက တန်ပြန်တိုက်ခိုက်မှုများရှိမည်ဖြစ်ကြောင်း ရုရှားကလည်း သတိပေးသည်။
မေ ၈ ရက် မှ ၁၀ ရက်အထိ ယူကရိန်းစစ်ပွဲကို တစ်ဖက် သတ် အပစ်ရပ်စဲကြောင်း မော်စကိုက ကြေညာခဲ့ပြီး တစ်ဖက်တွင်လည်း လက်တုံ့ပြန်၍ တိုက်ခိုက်ရနိုင်ခြေ ရှိနေသဖြင့် ကိဗ်မြို့တွင် နေထိုင်သူများ ထိုနေ့တွင် ရှောင်နေကြရန် ရုရှားစစ်တပ်က သတိပေးထားသည်။
“သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို မော်စကိုမှာရောက်နေမယ်လို့ ရုရှားနဲ့နီးစပ်တဲ့ နိုင်ငံအချို့ကဆီက ကြားရပါတယ်။ ဒီလိုကာလကြီးမှာ ထူးဆန်းတဲ့ဆန္ဒတစ်ခုပါ။ ကျွန်တော်တို့ ထောက်ခံချက်မပေးပါဘူး” ဟု ဇီလန်စကီးက ပုံမှန် ကိဗ်မြို့လယ် ဗီဒီယိုမိန့်ခွန်းတွင် ပြောကြား သည်။
ရုရှား၏လုပ်ရပ်မှာ စစ်ရေးပြအခမ်းအနားကို အကာ အကွယ်ပေးရန် ဝါဒဖြန့်မှုဖြစ်ကြောင်း ယူကရိန်းက ပြောကြားသည်။
“စစ်ရေးပြပွဲကျင်းပဖို့ သူတို့က ယူကရိန်းဆီက ခွင့်ပြု ချက် လိုချင်နေပါတယ်။ ဒါမှ သူတို့ တစ်နှစ်တစ်ခါ တစ်နာရီလောက် ရင်ပြင်မှာ လုံလုံခြုံခြုံချီတက်ဖို့ ပြီးရင်ဆက်ပြီး သတ်ဖြတ်မှုတွေလုပ်ဖို့ ဖြစ်ပါတယ်” ဟု ဇီလန်စကီးက ပြောကြားသည်။
ဇီလန်စကီး၏ မိန့်ခွန်းမတိုင်မီ မိနစ်ပိုင်းမှာပင် ၎င်းတို့၏ တစ်ဖက်သတ်အပစ်ရပ် ကာလအတွင်း ယူကရိန်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်ရနိုင်ခြေ ရှိနေသောကြောင့် ကိဗ်မြို့သားများနှင့် သံတမန်များ ကိဗ်မြို့တော်မှ ထွက်ခွာသွားကြရန် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။
ယင်းမတိုင်မီတွင်လည်း ကိဗ်မြို့မှ သံတမန်များ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။
မော်စကို၏ ခြိမ်းခြောက်မှုများသည့် အခွင့်မရှိသော၊ တာဝန်မဲ့သော၊ တရားမျှတမှုအကြောင်းပြချက် လုံးဝမရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး သံရုံးများအပေါ် တိုက်ခိုက်မှုများမှာ စစ်ရေးအရှိန်မြှင့်တင်မှု ဖြစ်စေလိမ့်မည်ဟု ဆိုသည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒီဖူးလ်ကလည်း ၎င်းတို့၏ သံရုံဝန်ထမ်းများအား ကိဗ်မြို့မှ ဖယ်ရှားထားမည် မဟုတ်ကြောင်း ဘလွန်းဘာ့ဂ် ရုပ်သံအား ပြောကြား သည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု သုံးဦးသေဆုံး၊ ၁၀ ဦးပျောက်ဆုံးနေ
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဟယ်မာရီရာကျွန်းပေါ်ရှိ မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် နိုင်ငံခြားသားနှစ်ဦးအပါအဝင် တောင်တက်သမား သုံးဦး သေဆုံးခဲ့ကာ ၁၀ ဦး ပျောက်ဆုံးနေသည်ဟု အင်ဒိုနီးရှားဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးက ပြောကြားသည်။
တောင်တက်သမား ခုနစ်ဦးက တောင်ပေါ်မှ ဘေးကင်းစွာ ပြန်ဆင်းလာနိုင်ခဲ့သော်လည်း မီးတောင်လှုပ်ရှားမှု များလာသည်ကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သဖြင့် မသွားရောက်ရန် ပြီးခဲ့သည့်လကတည်းက တားမြစ်ထားခဲ့သော ဧရိယာတွင် လူ ၁၀ ဦး ပျောက်ဆုံးနေကြောင်း မြောက်ဟယ်မာဟီရာပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ အာလစ်ဆန်ပါဆာရီဘူက ပြောသည်။
မီးတောင်ပေါက်ကွဲမှုအတွင်း လူ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်ဒိုနီးရှား BNPB သဘာဝဘေးလျှော့ချရေးအေဂျင်စီက ပြောသည်။
မီးတောင်လှုပ်ရှားမှုများ ဆက်လက်မြင့်တက်နေစဉ် ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များနှင့် အမျိုးသားကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ တောင်တက် သမားများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်နေကြောင်း BNPB ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမူဟာရီက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။
သေဆုံးသူများမှာ မည်သည့်နိုင်ငံသားများဖြစ် ကြောင်း တရားဝင် အတည်မပြုသေးသော်လည်း သေဆုံးသူ နှစ်ဦးမှာ စင်ကာပူနိုင်ငံသားများဖြစ် ကြောင်း ဘီဘီစီ အင်ဒိုနီးရှားသတင်းဌာနနှင့် ဒေသတွင်း သတင်းစာတစ်စောင်ကပြောသည်။
စင်ကာပူနိုင်ငံသား ကိုးဦးအပါအဝင်တောင်တက် သမား ၂၀ ဦး ပျောက်ဆုံးနေသည်ဟု ဒေသခံကယ်ဆယ်ရေးအရာရှိတစ်ဦးက အစောပိုင်းတွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။
မြောက်မာလူကူပြည်နယ်တွင် တည်ရှိသော ဒူကိုနိုမီး တောင်သည် ယနေ့ နံနက် အင်ဒိုနီးရှားစံတော်ချိန် ၇ နာရီ ၄၁ မိနစ်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်မှ မီးခိုးပြာများ လေထဲ ဆယ်ကီလိုမီတာအထိ လွင့်တက်ခဲ့ကြောင်း သိရသည်။
ပစိဖိတ် မီးစက်ကွင်းပေါ်တွင် တည်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ရှင်ပေါင်း ၁၃၀ နီးပါး ရှိကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-CNA

◾️အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထပ်လောင်း အတည်ပြု
မြန်မာ့နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းရာတွင် အချက် ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေး အစီအစဉ်ကို အခြေခံမူဘောင် အဖြစ်ဆက်လက်တိုင်စွဲကျင့်သုံးမည် ဖြစ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က မေ ၉ ရက်တွင် ကြေညာချက် ထုတ် ပြန်ထားသည်။
အထက်ပါ ကြေညာချက်ကို ဖိလစ်ပိုင်နိုင်ငံ စီးဘူးမြို့၌ ကျင်းပခဲ့ သော (၄၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံပြီးဆုံးချိန်တွင်အာဆီယံ အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အာဆီယံအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို အခြေခံမူဝါဒအဖြစ် ဆက်လက်ကျင့်သုံးရေး ရပ်တည်ချက်ကိုဆက်လက် ကိုင်စွဲသွားမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်၌ ဖော်ပြထားသည်။
ယင်းအပြင် စစ်ရေးပဋိပက္ခများ ကများ ချက်ချင်းရပ်ဆိုင်းပေးကြရန်၊ ချက်ချင်းရပ်ဆိုင်းပေးကြရန်၊ အတတ်နိုင်ဆုံးချုပ်ချုပ်တည်းတည်း ဆောင်ရွက်ကြရန်နှင့် အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများအား အကာအကွယ်ပေးကြရန် သက်ဆိုင် ရာမြန်မာ့ အင်အားစုအားလုံးကို အာဆီယံအလှည့်ကျကြေညာချက်၌ တိုက်တွန်းထားသည်။
အလားတူ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် ကြားခံ အဖြစ် စဉ်ဆက်မပြတ်ပါဝင်နိုင်ရေးအတွက်ကာလရှည်မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ခန့်အပ်ရေး အဆိုပြုချက်ကိုလည်း မိမိတို့ စဉ်းစားနေကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌက ပြောကြားထားသည်။
အပြုသဘောဆောင် အထွေထွေရွေးကောက်ပွဲအလွန်ကာလတွင် မြန်မာအစိုးရအဖွဲ့သစ်က သမ္မတဟောင်း သမ္မတဟောင်း ဦးဝင်းမြင့်အပါအဝင် ဦးဝင်းမြင့်အပါအဝင် အကျဉ်းသားများကိုပြန်လွှတ်ပေးမှု၊ အ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ် သို့ ရွှေ့ပြောင်းထားရှိမှုတို့ကို အားလုံး ပါဝင်နိုင်သော အမျိုးသားဆွေးနွေးပွဲ များဖြစ်မြောက်ရေးအတွက် အပြုသဘောဆောင်သော ခြေလှမ်းအဖြစ် အာဆီယံ အဖွဲ့က မှတ်ယူထားကြောင်း အလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ပီအင်န်အေ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မိုးတိမ်တောင်များ ဖြစ်ထွန်းမှုကြောင့်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်
မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီးအဆိုပါ မိုးတိမ်တောင် ရွေ့လျားရာ တစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခြင်း၊မိုးထစ်ချုန်းရွာသွန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်နေရာဒေသအများအပြား၌ လာမည့်နှစ်ရက်အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒနှင့်ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မေ ၁၀ ရက် ညနေအထိ ခန့်မှန်းချက်အရ ကချင်ပြည်နယ်တွင်နေရာကွက်ကျား၊ နေပြည်တော်၊ ပဲခူး
တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။
ခန့်မှန်းချက်အရ နေပြည်တော်၊ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်နောက်နှစ်ရက်အတွင်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
သတင်း-မြင့်မိုရ်မျိုးမျိုးသူ
ဓာတ်ပုံ-မိုးဇလ

◾️စိုက်ပျိုးစရိတ်နှင့် စက်ကိရိယာ ချေးငွေနှုန်းထားသစ်များ ထုတ်ပြန်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည်နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံကိန်းအရ တောင်သူလယ်သ မားများ၏လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာစိုက်ပျိုးထုတ်လုပ်မှုများ တိုးမြှင့်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးရာသီချေးငွေကာလမှ စတင်ကာ တိုးမြှင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ယင်းအစီအစဉ်အရ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်)များအတွက် တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ မှ ၃၀၀၀၀၀ အထိ၊အခြားသီးနှံ ၁၈ မျိုးအတွက် ကျပ် ၁၀၀၀၀၀ မှကျပ် ၂၅၀၀၀၀ အထိနှင့် ပန်းနှမ်း၊ ဆီမုန်ညင်း၊ဂုန်လျှော်များအတွက် ကျပ် ၁၀၀၀၀၀ မှ ကျပ်၁၅၀၀၀၀ အထိ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်သည်။
မိုးချေးငွေများကို ၂၀၂၆ ခုနှစ် မေလမှစက်တင်ဘာလကုန်အထိလည်းကောင်း၊ဆောင်းချေးငွေများကို အောက်တို ဘာလမှ၂၀၂၇ ခုနှစ် ဇန်နဝါရီလကုန်အထိလည်းကောင်း၊ မိုးကြိုချေးငွေများကို ၂၀၂၇ ခုနှစ်ဇန်နဝါရီလမှ မတ်လ ကုန်အထိလည်းကောင်းအသီးသီးထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကာ အာမခံအဖြစ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်း တင်ပြရမည်ဖြစ်သည်။
ထို့ပြင် တောင်သူများအနေဖြင့်လယ်ယာကဏ္ဍတွင် ခေတ်မီစက် ကိရိယာများအသုံးပြုနိုင်ရေးအတွက် လက် တွန်းထွန်စက်၊ထော်လာဂျီ၊ရေစုပ်/ရေတင်စက်၊ဆိုလာရေတင်စက်၊မျိုးစေ့ချစက်၊လယ်ထွန်စက်အသေး၊ရိတ်ခြွေစက်အသေး၊ ပဲခွဲစက်၊ကောက်စိုက်စက်၊ အခြောက်ခံ စက် (Dryer)၊သိုလှောင်ရုံ (Silo)၊ ဆန်စက် အစရှိသည့် စက်ကိရိယာများ စသည့် လယ်ယာသုံးစက်ကိရိယာဝယ်ယူရန် ချေးငွေများကိုလည်း ကျပ်သိန်း၁၀၀ မှ ၃၀၀၀ အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း၃၀၀၁ မှ ၅၀၀၀ အထိ တစ်ကဏ္ဍ ထုတ်ချေးပေးသွားမည်ဖြစ်သည်။
ဤစက်ကိရိယာ ချေးငွေများကို တစ်နှစ်မှ ငါးနှစ်အထိ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်နိုင်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၆ ရာခိုင်နှုန်း သတ်မှတ်ထားကာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ (လန-၃၉)မြေနှင့် ယင်းမြေပေါ်တွင် တည်ရှိသည့် အဆောက်အအုံများ၊စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်များ၊ အခြားပုံသေရပိုင်ခွင့်များ တင်ပြရမည်ဖြစ်ကာ အာမခံလုံလောက်ပါက စက်ကိရိယာ တစ်မျိုးထက်ပို၍ ဝယ်ယူနိုင်သည်။
အဆိုပါချေးငွေများကို ၂၀၂၆ ခုနှစ် မေလမှ စတင်ကာ ထုတ်ချေးပေးမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်ကျေးလက်နေပြည်သူများ၊တောင်သူလယ်သမားဦးကြီးများ၏လယ်ယာထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီးလူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့်လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံ သည့် စက်မှုလုပ်ငန်း (Agro-based Industry) တည်ဆောက်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးသည့် စိုက်ပျိုးရေးနှင့်လယ်ယာသုံးစက်ကိရိယာချေးငွေများရယူလိုသောတောင်သူများနှင့်စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သက်ဆိုင်ရာခရိုင်/မြို့နယ်ဘဏ်ခွဲများသို့ အမြန်ဆုံး ဆက်သွယ်ကြပါရန်အသိပေးကြေညာထားသည်။
သတင်း-ဘုန်းမောင်
ဓာတ်ပုံ-MOI

◾️အီရန်စစ်ပွဲအတွက် အီရတ်နိုင်ငံ၌ လျှို့ဝှက်စစ်စခန်းတစ်ခု အစ္စရေးကြိုတင်တည်ဆောက်ခဲ့
အီရန်နိုင်ငံကို ပြုလုပ်မည့် လေကြောင်းတိုက်ခိုက်မှုများအား အထောက်အကူပြုနိုင်ရေးအတွက် အစ္စရေးနိုင်ငံက အီရတ်နိုင်ငံ သဲကန္တာရဒေသတွင် ယာယီစစ်စခန်းတစ်ခုတည်ဆောက်၍ယင်းစစ်စခန်းကိုလည်း လျှို့ဝှက်ချက်အ ဖြစ်ကာကွယ်ခဲ့ကြောင်း ဝေါလ်စထရိဂျာနယ် သတင်းစာက မေ ၉ ရက်တွင် ရေးသားတင်ပြထားသည်။
အစ္စရေးနိုင်ငံသည် အထက်ပါလျှို့ဝှက် စစ်စခန်းကို အီရန်စစ်ပွဲမစတင်မီမှာပင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်စခန်းအား အစ္စရေးလေတပ်အတွက် ထောက်ပို့စခန်းအဖြစ် အသုံးချခဲ့သလိုအထူးတပ်ဖွဲ့ဝင်များ အခြေစိုက်စခန်းအဖြစ်လည်းအသုံးပြုခဲ့ကြောင်း အစ္စရေးနှင့် အမေရိကန်အစိုးရသတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားထားသည်။
ယင်းအပြင် အစ္စရေးနိုင်ငံသည် အထက်ပါလျှို့ဝှက်စစ်စခန်းအား ရှာဖွေရန်ကြိုးပမ်းခဲ့သောအီရတ်တပ်ဖွဲ့ဝင် များကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ တားဆီးခဲ့ကြောင်း သတင်းအရင်းအမြစ်များ၏ အဆိုအရ သိရသည်။
အီရတ်သဲကန္တာရဒေသ၌ အစ္စရေးစစ်စခန်း လျှို့ဝှက်တည်ရှိနေမှုကို မတ်လအစောပိုင်းတွင် နယ်ခံသိုး ကျောင်းသားတစ်ဦးက သတိထားမိခဲ့ပြီးနောက် အီရတ်အာဏာပိုင်များကိုအသိပေးခဲ့ကြောင်း သတင်းအ ရင်းအမြစ်များကပြောကြားထားသည်။
အထက်ပါ အစ္စရေးလျှို့ဝှက်စစ်စခန်းနှင့်ပတ်သက်၍ အီရတ်အစိုးရတာဝန်ရှိသူများကကုလသမဂ္ဂကို မတ်လကုန်ပိုင်းတွင် အသိပေး တိုင်တန်းမှုပြုလုပ်ခဲ့ပြီး အမေရိကန်အစိုးရကိုလည်းအသိပေးခဲ့ကြောင်း သတင်းအရင်းအမြစ်များ၏အဆိုအရ သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

👍1
◾️လေးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲပြီးဆုံးတော့မည်ဟု ရုရှားသမ္မတ ထင်မြင်
လေးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲ ပြီးဆုံးတော့မည်ဟု မိမိထင်မြင်ထားကြောင်း ရုရှားသမ္မတပူတင်က မေ ၉ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။
မော်စကိုမြို့တော် ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပခဲ့သော (၈၁)ကြိမ်မြောက် ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲနေ့ စစ်ရေးပြချီတက်ပွဲ မိန့်ခွန်း၌ ယူကရိန်းစစ်မြေပြင်တွင် အောင်ပွဲရယူမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီးနောက် သမ္မတပူတင်က အထက်ပါအတိုင်း မှန်းဆခဲ့ခြင်းဖြစ်သည်။
လေးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲပြီးဆုံးတော့မည်ဟု မိမိထင်မြင်ထားကြောင်း၊ အလားတူ ဥရောပ လုံခြုံရေး အခင်းအကျင်းသစ်များ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ဥရောပခေါင်းဆောင်များနှင့် စေ့စပ်ဆွေးနွေးရန် မိမိ ဆန္ဒရှိကြောင်း ရုရှားသမ္မတပူတင်က သတင်းထောက်များကို ထုတ်ဖော်ပြောကြားထားသည်။
ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံကို စစ်ရေးအရ စတင်ကျူးကျော်တိုက်ခိုက်ခဲ့ရာ ရုရှားနှင့် အနောက်အုပ်စုနိုင်ငံများအကြား ဆက်ဆံရေးအခြေအနေမှာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် ပြဿနာနောက်ပိုင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ခဲ့ရသည်။
ရုရှား၏ စစ်ရေးရည်မှန်းချက်အားလုံး ပြည့်မြောက်သည့်တိုင် ယူကရိန်း စစ်ပွဲကို ဆက်တိုက်မည်ဖြစ်ကြောင်း သမ္မတပူတင်ကပြောကြားထားသည်။

◾️အမ်ဗွီဟွန်ဒီးရပ်စ်ခရီးသည်များကို ခေါ်ယူရန် ဥရောပနိုင်ငံများ ပြင်ဆင်နေ
စပိန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သော အမ်ဗွီဟွန်ဒီးရပ်စ်ခရီးသည်တင်ဇိမ်ခံသင်္ဘောပေါ်မှ ခရီးသည်များကိုခေါ်ယူရေးအတွက် ဥရောပနိုင်ငံများက ပြင်ဆင်နေကြကြောင်း မေ ၁၀ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ဝင်ရိုးစွန်းဒေသ ခရီးစဉ်အတွင်းဟန်တာဗိုင်းရပ်စ် ကူးစက်မှုပြဿနာနှင့် ရင်ဆိုင်နေရသည့် အမ်ဗွီဟွန်ဒီးရပ်စ်သင်္ဘောသည် မေ ၉ ရက်တွင်စပိန်နိုင်ငံ တီနာရစ်ဖ်ကျွန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါသင်္ဘော တီနာရစ်ဖ်ကျွန်းသို့ရောက်ရှိချိန်တွင် ၎င်းတို့၏သက်ဆိုင်ရာ နိုင်ငံသားများကို ခေါ်
ထုတ်ရေးအတွက် ပြင်သစ်၊ ဂျာမနီ၊အိုင်ယာလန်၊ နယ်သာလန် စသည့်ဥရောပနိုင်ငံများက လေယာဉ်များစေလွှတ်ရန် စီစဉ်ထားကြောင်း စပိန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အလားတူ ကျန်ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများကိုခေါ်ထုတ်နိုင်ရေး အတွက်လည်း
ဥရောပသမဂ္ဂက စပိန်နိုင်ငံသို့လေယာဉ်နှစ်စင်း စေလွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။
အမ်ဗွီဟွန်ဒီးရပ်စ်သင်္ဘောသည်ဟန်တာဗိုင်းရပ်စ်ကူးစက်မှုပြဿနာပေါ်ပေါက်ခဲ့ပြီးနောက်အနောက်အာဖရိကဒေသ ကိပ်ဗာဒီကျွန်းစုနိုင်ငံ ကမ်းလွန်၌ မေ ၂ ရက်မှစ၍ ကျောက်ချထားခဲ့ရသည်။ဟန်တာ ဗိုင်းရပ်စ်ကြောင့် ယင်းသင်္ဘောပေါ်မှ ခရီးသည်သုံးဦးသေဆုံးခဲ့ရပြီး သုံးဦးကို အရေးပေါ်ကယ်ထုတ်ခဲ့ရသည်။
ကြွက်များမှတစ်ဆင့် ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ်ကြောင့်အသက်အန္တရာယ် ကြီးမားသော
အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများပေါ်ထွက်လာနိုင်သည်။

◾️စေတုတ္တရာ၌ငလျင်လှုပ်ခတ်၊ ဒေသခံများသိသာစွာခံစားရဟုဆို
မကွေးတိုင်း၊ စေတုတ္တရာမြို့၌ ယနေ့(မေ ၁၁ ရက်)နံနက်အစောပိုင်းတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါငလျင်လှုပ်ခတ်မှုမှာ စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာဗဟိုပြု၍ ယနေ့နံနက် ၂ နာရီ ၆ မိနစ် ၃၅ စက္ကန့်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အားရစ်ချ်တာစကေး ၅ အဆင့်ရှိငလျင်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
စေတုတ္တရာမြို့နေဒေသခံတစ်ဦးက “ဟုတ်တယ်။ လှုပ်သွားတာသိသိသာသာပဲ။ ကြမ်းတယ်။ အသံပါပါတယ်” ဟု စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ယခုမေလ ၅ ရက်၊ ည ၇ နာရီ ၅၃ မိနစ် ၃၄ စက္ကန့် တွင်လည်း စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၌ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း