Media is too big
VIEW IN TELEGRAM
◾️မီးလောင်ပြင်တိုက်ခန်းမှာသေဆုံးခဲ့တဲ့ ဇနီးကို လာနှုတ်ဆက်တဲ့ ခင်ပွန်း
ရန်ကုန်မြို့ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း သင်တန်းသားများ ခေါ်ယူနေ
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာသင်တန်းသား၊ သင်တန်းသူများကိုခေါ်ယူနေကြောင်း သိရသည်။
ထိုသင်တန်းကျောင်းတွင် တစ်နှစ်သင်တန်း အမျိုးအစားဖြစ်သောအီလက်ထရွန်နစ်သင်တန်းကို ၂၀၂၆ခုနှစ် မေ ၁၁ ရက်မှ ၂၀၂၇ ခုနှစ် မတ်၂၆ ရက်အထိ သုံးလသင်တန်းများဖြစ်ကြောင်းသိရသည်။
သင်တန်း၌ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံသသင်တန်းနှင့် တံဆိပ်ရိုက်သင်တန်း (အမှတ်စဉ် - ၁) တို့ကို၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှ ဩဂုတ် ၇ရက်အထိ အသီးသီး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါ သင်တန်းများသို့အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိကိုယ်အင်္ဂါမသန်စွမ်းသူများ လျှောက်
ထားနိုင်ပြီး တစ်ကိုယ်ရေ လုပ်ငန်းဆောင်တာများကို မိမိဘာသာဆောင်ရွက်နိုင်သူ ဖြစ်ရမည်ဖြစ်
သည်။
ပညာအရည်အချင်း အနေဖြင့်အီလက်ထရွန်နစ်နှင့် ကွန်ပျူတာသင်တန်းအတွက် အထက်တန်း
အဆင့်၊ စက်ချုပ်သင်တန်းအတွက်အလယ်တန်းအဆင့်နှင့် ဆံသ၊တံဆိပ်ရိုက် သင်တန်းများအတွက်
မူလတန်းအဆင့်ရှိရန် လိုအပ်ကြောင်းသိရသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများအား သင်တန်းကာလအတွင်းစားသောက်နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သူများအတွက် ခရီးစရိတ်များကို နိုင်ငံတော်မှ စီစဉ်ပံ့ပိုး ပေးမည်ဖြစ်သည်။
လျှောက်ထားလိုသူများသည် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများဖြင့် မရမ်းကုန်းမြို့နယ်ရှိမသန်စွမ်း သက်ကြီးသင်တန်းကျောင်းသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သည်။
အသေးစိတ်အချက်အလက်များကို ဖုန်း ၀၆၇-၄၀၄၂၅၂ နှင့် ၀၁-၉၆၆၁၇၁၂ တို့သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
သတင်း-သံစဉ်
ဓာတ်ပုံ-လူ/ကယ်/ပြန်(မသန်စွမ်းသင်တန်းသားများအား ဆံပင်ညှပ်သင်ကြားပေးနေစဉ်) ပုံဟောင်းအသုံးပြုထားပါသည်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

တရုတ်သို့ ဆန်၊ ဆန်ကွဲတင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားရန်ကုမ္ပဏီအသစ်များအား ဇွန် ၃၀ ရက် နောက်ဆုံးသတ်မှတ်
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest-EDDI) တင်ပြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။
ယင်းသို့ တင်ပို့ရာတွင် မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် အပင်ကျန်းမာရေးဆိုင်ရာ သဘောတူစာချုပ် (Sanitary and Phytosanitary SPS-Protocol ) ပါ စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် စိစစ်မှတ်ပုံတင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခင်ခွင့်ပြုပြီးသား ကုမ္ပဏီများမပါဝင်ဘဲ ကုမ္ပဏီအသစ်များကိုသာ သီးသန့်ဖိတ်ခေါ်ခြင်းဖြစ်သည်။
လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာပုံစံများကိုစိုက်ပျိုးရေးဦးစီးဌာန၊ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group)တို့မှ ရယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်လွှာများကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရန်ကုန်)နှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (UMFCCI)တို့တွင် ရယူနိုင်သလိုသက်ဆိုင်ရာ ဝဘ်ဆိုဒ်များမှလည်း ဒေါင်းလုဒ်ရယူနိုင်သည်။
အဆိုပါ လျှောက်လွှာများကို Hard Copy နှင့် Soft Copy(Word File)နှစ်မျိုးစလုံးဖြင့် ပြင်ဆင်၍ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထားကာတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရန်ကုန်) (ဖုန်း ၀၁-၆၄၄၂၁၄)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး (ဖုန်း-၀၁-၂၁၈၂၆၆-၆၈ ၊ ၀၁-၂၃၀၁၁၂၈-၂၉)တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်း-ဘုန်းမောင်
ဓာတ်ပုံ- MOI

❤2
အနောက်ဘင်ဂေါလ်၌ ရွေးကောက်ပွဲအလွန်ကာလနိုင်ငံရေး မငြိမ်သက်မှုများဖြစ်ပွား၊ လေးဦးသေဆုံး
အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါလ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ၌လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဘရာတိယာဂျနေတာပါတီ (ဘီဂျေပီ)အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံရေးမငြိမ်သက်မှုများ ဖြစ်ပွားခဲ့ရာ လူပေါင်းလေးဦး သေဆုံးခဲ့ရကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်လအတွင်း ကျင်းပခဲ့သော အနောက်ဘင်ဂေါလ်ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများတွင် ဘီဂျေပီပါတီက ပြည်နယ်လွှတ်တော်အမတ်နေရာ ၂၉၄ နေရာအနက် ၂၀၆ နေရာအထိ ရရှိခဲ့ကြောင်း သိရသည်။
ဘီဂျေပီပါတီသည် အတိုက်အခံအင်အားစုများ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားသော အနောက်ဘင်ဂေါလ် ပြည်နယ် ရွေးကောက်ပွဲများ၌ ပထမဆုံးအကြိမ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အထက်ပါရွေးကောက်ပွဲရလဒ်ကို အနောက်ဘင်ဂေါလ်ပြည်နယ်က ထိန်းချုပ်ထားသော ဒေသန္တရပါတီဖြစ်သည့် တီအမ်စီပါတီကငြင်းပယ်ခဲ့ပြီးနောက် တီအမ်စီပါတီနှင့် ဘီဂျေပီပါတီ ထောက်ခံသူများအကြားမေ ၄ရက်မှစ၍ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အနောက်ဘင်ဂေါလ်ပြည်နယ်ရွေးကောက်ပွဲအလွန် ပဋိပက္ခများတွင်လူပေါင်း ၂၀၀ ကျော်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရသည်။ ရွေးကောက်ပွဲအလွန် နိုင်ငံရေးမငြိမ်သက်မှုများအတွင်း ဘီဂျေပီထောက်ခံသူ နှစ်ဦးနှင့် တီအမ်စီပါတီ ထောက်ခံသူ နှစ်ဦး သေဆုံးခဲ့ရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

ညောင်ရွက် အရောင်ပြောင်းခြင်း အပင်မကျန်းမာခြင်းကြောင့်ဟုဆို
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းတော်ပေါ်၌ တည်ထားသည့် မဟာဝိဇယ စေတီတော်ရှိဗောဓိညောင်ပင်မှ ညောင်ရွက်များအစိမ်းရောင်မှရွှေအိုရောင်သို့ပြောင်းလဲသွားကြောင်း ဂေါပကအဖွဲ့၏ပြောကြားချက်အရသိရသည်။
စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုဖော်ပြလျက်ရှိသည့် "အစိမ်းရောင်လမ်းမ” မှ ၂၀၂၅ ခုနှစ်တွင်ရေးသားခဲ့သည့် အရွက်တွေကပြောပြနေတဲ့ သူတို့ရဲ့ကျန်းမာရေးပြဿနာများ ဆောင်းပါးပါအချက်အလက်အရ ထိုသို့အရောင်ပြောင်းလဲခြင်းမှာ ရေအလွန်အကျွံလောင်းခြင်း (သို့မဟုတ်) ရေလောင်းနည်းခြင်းကြောင့် အမြစ်များကိုထိခိုက်စေကာ အရွက်များအဝါရောင်ပြောင်း လာတတ်ကြောင်း၊ နိုက်ထရိုဂျင်ဓာတ်ချို့တဲ့ ခြင်းကြောင့် အရွက်အားလုံးအရောင်ဖျော့ပြီးဝါလာ နိုင်ကြောင်း၊ အလင်းရောင်ကိုလုံလောက်စွာမရရှိသည့်အခါ ကလိုရိုဖီးလ်ထုတ်လုပ်မှုလျော့နည်းပြီး အရောင်ဖျော့ခြင်း (သို့မဟုတ်) အဝါရောင်လက္ခဏာများပေါ်လာနိုင်ကြောင်း၊ အပင်ရှိအဖျက်ပိုးမွှားများမှ အပင်မှအရည်များကို စုပ်ယူစားသုံးခြင်းဖြင့်လည်း အရွက်များအဝါရောင်ပြောင်းလာခြင်းနှင့် ကြွေကျခြင်းတို့ဖြစ်လေ့ရှိကြောင်းသိရသည်။
ထို့ပြင် နေ့အပူချိန်အလွန်မြင့်မားနေစဉ် ညောင်ပင်အားရေလောင်းခြင်းကြောင့် အမြစ်များအားရေပူဖြင့် လောင်းသလိုဖြစ်၍ အရွက်များဝါသွားခြင်းဖြစ်နိုင်ကြောင်းလည်း အပင်များအကြောင်းသိရှိနားလည်သူများက လူမှုကွန်ရက်စာမျက်နှာတွင်သုံးသပ်ပြောဆိုထားကြသည်။
လက်ရှိအချိန်တွင် အရောင်ပြောင်းသွားသည့်အရွက်များကြွေကျပြီး ညောင်ပင်မှာရိုးတံသာကျန်ရှိတော့ကြောင်း ဘုရားဖူးများထံမှသိရသည်။
အဆိုပါ ဗောဓိညောင်ပင်အား သီရီလင်္ကာနိုင်ငံမှယူဆောင်၍ ၁၉၈၄ ခုနှစ်၊ မေလ ၁၄ ရက်၊ နံနက် ၉ နာရီ ၅၇ မိနစ်ခန့်တွင်စိုက်ပျိုးခဲ့ပြီး ယခုအခါ နှစ်ပေါင်း ၄၂ နှစ်ရှိပြီဖြစ်သည်။
ယင်း ဗောဓိညောင်ပင်အားပြီးခဲ့သည့်ဧပြီ ၃၀ ရက်(ကဆုန်လပြည့်နေ့)တွင် မြို့နယ်သံဃနာယက ဆရာတော်အမှူးပြုပြီး ဗောဓိညောင်ပင် အမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၃) တို့အားညောင်ရေ သွန်းလောင်းခဲ့ကြောင်း၊ ထို့နောက်ယခုမေလ ၅ ရက် နံနက်ပိုင်းမှစတင်ကာ ဗောဓိညောင်ပင်အမှတ် (၁)၏ ညောင်ရွက်များမှာ အစိမ်းရောင်မှရွှေအိုရောင်သို့ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ကဆိုသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- mahar wizara pagoda/FB
#ပြည်တွင်းသတင်း

Facebook
#ပြည်တွင်းသတင်း – Explore
explore #ပြည်တွင်းသတင်း at Facebook
👍1
ရုရှား၏ အောင်ပွဲခံ ချီတက်ပွဲသို့ မတက်ရောက်ကြရန် ရုရှားမဟာမိတ်များကို ဇီလန်စကီး သတိပေး
မနက်ဖြန် မေ ၉ ရက်တွင် မော်စကိုမြို့၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲခံ အခမ်းအနားသို့ မတက်ရောက်ကြရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ရုရှားမဟာမိတ်များအား သတိပေးပြောကြားလိုက်သည်။
ယူကရိန်းက တိုက်ခိုက်ခဲ့ပါက တန်ပြန်တိုက်ခိုက်မှုများရှိမည်ဖြစ်ကြောင်း ရုရှားကလည်း သတိပေးသည်။
မေ ၈ ရက် မှ ၁၀ ရက်အထိ ယူကရိန်းစစ်ပွဲကို တစ်ဖက် သတ် အပစ်ရပ်စဲကြောင်း မော်စကိုက ကြေညာခဲ့ပြီး တစ်ဖက်တွင်လည်း လက်တုံ့ပြန်၍ တိုက်ခိုက်ရနိုင်ခြေ ရှိနေသဖြင့် ကိဗ်မြို့တွင် နေထိုင်သူများ ထိုနေ့တွင် ရှောင်နေကြရန် ရုရှားစစ်တပ်က သတိပေးထားသည်။
“သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို မော်စကိုမှာရောက်နေမယ်လို့ ရုရှားနဲ့နီးစပ်တဲ့ နိုင်ငံအချို့ကဆီက ကြားရပါတယ်။ ဒီလိုကာလကြီးမှာ ထူးဆန်းတဲ့ဆန္ဒတစ်ခုပါ။ ကျွန်တော်တို့ ထောက်ခံချက်မပေးပါဘူး” ဟု ဇီလန်စကီးက ပုံမှန် ကိဗ်မြို့လယ် ဗီဒီယိုမိန့်ခွန်းတွင် ပြောကြား သည်။
ရုရှား၏လုပ်ရပ်မှာ စစ်ရေးပြအခမ်းအနားကို အကာ အကွယ်ပေးရန် ဝါဒဖြန့်မှုဖြစ်ကြောင်း ယူကရိန်းက ပြောကြားသည်။
“စစ်ရေးပြပွဲကျင်းပဖို့ သူတို့က ယူကရိန်းဆီက ခွင့်ပြု ချက် လိုချင်နေပါတယ်။ ဒါမှ သူတို့ တစ်နှစ်တစ်ခါ တစ်နာရီလောက် ရင်ပြင်မှာ လုံလုံခြုံခြုံချီတက်ဖို့ ပြီးရင်ဆက်ပြီး သတ်ဖြတ်မှုတွေလုပ်ဖို့ ဖြစ်ပါတယ်” ဟု ဇီလန်စကီးက ပြောကြားသည်။
ဇီလန်စကီး၏ မိန့်ခွန်းမတိုင်မီ မိနစ်ပိုင်းမှာပင် ၎င်းတို့၏ တစ်ဖက်သတ်အပစ်ရပ် ကာလအတွင်း ယူကရိန်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်ရနိုင်ခြေ ရှိနေသောကြောင့် ကိဗ်မြို့သားများနှင့် သံတမန်များ ကိဗ်မြို့တော်မှ ထွက်ခွာသွားကြရန် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။
ယင်းမတိုင်မီတွင်လည်း ကိဗ်မြို့မှ သံတမန်များ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။
မော်စကို၏ ခြိမ်းခြောက်မှုများသည့် အခွင့်မရှိသော၊ တာဝန်မဲ့သော၊ တရားမျှတမှုအကြောင်းပြချက် လုံးဝမရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး သံရုံးများအပေါ် တိုက်ခိုက်မှုများမှာ စစ်ရေးအရှိန်မြှင့်တင်မှု ဖြစ်စေလိမ့်မည်ဟု ဆိုသည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒီဖူးလ်ကလည်း ၎င်းတို့၏ သံရုံဝန်ထမ်းများအား ကိဗ်မြို့မှ ဖယ်ရှားထားမည် မဟုတ်ကြောင်း ဘလွန်းဘာ့ဂ် ရုပ်သံအား ပြောကြား သည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု သုံးဦးသေဆုံး၊ ၁၀ ဦးပျောက်ဆုံးနေ
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဟယ်မာရီရာကျွန်းပေါ်ရှိ မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် နိုင်ငံခြားသားနှစ်ဦးအပါအဝင် တောင်တက်သမား သုံးဦး သေဆုံးခဲ့ကာ ၁၀ ဦး ပျောက်ဆုံးနေသည်ဟု အင်ဒိုနီးရှားဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးက ပြောကြားသည်။
တောင်တက်သမား ခုနစ်ဦးက တောင်ပေါ်မှ ဘေးကင်းစွာ ပြန်ဆင်းလာနိုင်ခဲ့သော်လည်း မီးတောင်လှုပ်ရှားမှု များလာသည်ကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သဖြင့် မသွားရောက်ရန် ပြီးခဲ့သည့်လကတည်းက တားမြစ်ထားခဲ့သော ဧရိယာတွင် လူ ၁၀ ဦး ပျောက်ဆုံးနေကြောင်း မြောက်ဟယ်မာဟီရာပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ အာလစ်ဆန်ပါဆာရီဘူက ပြောသည်။
မီးတောင်ပေါက်ကွဲမှုအတွင်း လူ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်ဒိုနီးရှား BNPB သဘာဝဘေးလျှော့ချရေးအေဂျင်စီက ပြောသည်။
မီးတောင်လှုပ်ရှားမှုများ ဆက်လက်မြင့်တက်နေစဉ် ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များနှင့် အမျိုးသားကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ တောင်တက် သမားများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်နေကြောင်း BNPB ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမူဟာရီက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။
သေဆုံးသူများမှာ မည်သည့်နိုင်ငံသားများဖြစ် ကြောင်း တရားဝင် အတည်မပြုသေးသော်လည်း သေဆုံးသူ နှစ်ဦးမှာ စင်ကာပူနိုင်ငံသားများဖြစ် ကြောင်း ဘီဘီစီ အင်ဒိုနီးရှားသတင်းဌာနနှင့် ဒေသတွင်း သတင်းစာတစ်စောင်ကပြောသည်။
စင်ကာပူနိုင်ငံသား ကိုးဦးအပါအဝင်တောင်တက် သမား ၂၀ ဦး ပျောက်ဆုံးနေသည်ဟု ဒေသခံကယ်ဆယ်ရေးအရာရှိတစ်ဦးက အစောပိုင်းတွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။
မြောက်မာလူကူပြည်နယ်တွင် တည်ရှိသော ဒူကိုနိုမီး တောင်သည် ယနေ့ နံနက် အင်ဒိုနီးရှားစံတော်ချိန် ၇ နာရီ ၄၁ မိနစ်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်မှ မီးခိုးပြာများ လေထဲ ဆယ်ကီလိုမီတာအထိ လွင့်တက်ခဲ့ကြောင်း သိရသည်။
ပစိဖိတ် မီးစက်ကွင်းပေါ်တွင် တည်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ရှင်ပေါင်း ၁၃၀ နီးပါး ရှိကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-CNA

◾️အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထပ်လောင်း အတည်ပြု
မြန်မာ့နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းရာတွင် အချက် ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေး အစီအစဉ်ကို အခြေခံမူဘောင် အဖြစ်ဆက်လက်တိုင်စွဲကျင့်သုံးမည် ဖြစ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က မေ ၉ ရက်တွင် ကြေညာချက် ထုတ် ပြန်ထားသည်။
အထက်ပါ ကြေညာချက်ကို ဖိလစ်ပိုင်နိုင်ငံ စီးဘူးမြို့၌ ကျင်းပခဲ့ သော (၄၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံပြီးဆုံးချိန်တွင်အာဆီယံ အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အာဆီယံအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို အခြေခံမူဝါဒအဖြစ် ဆက်လက်ကျင့်သုံးရေး ရပ်တည်ချက်ကိုဆက်လက် ကိုင်စွဲသွားမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်၌ ဖော်ပြထားသည်။
ယင်းအပြင် စစ်ရေးပဋိပက္ခများ ကများ ချက်ချင်းရပ်ဆိုင်းပေးကြရန်၊ ချက်ချင်းရပ်ဆိုင်းပေးကြရန်၊ အတတ်နိုင်ဆုံးချုပ်ချုပ်တည်းတည်း ဆောင်ရွက်ကြရန်နှင့် အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများအား အကာအကွယ်ပေးကြရန် သက်ဆိုင် ရာမြန်မာ့ အင်အားစုအားလုံးကို အာဆီယံအလှည့်ကျကြေညာချက်၌ တိုက်တွန်းထားသည်။
အလားတူ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် ကြားခံ အဖြစ် စဉ်ဆက်မပြတ်ပါဝင်နိုင်ရေးအတွက်ကာလရှည်မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ခန့်အပ်ရေး အဆိုပြုချက်ကိုလည်း မိမိတို့ စဉ်းစားနေကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌက ပြောကြားထားသည်။
အပြုသဘောဆောင် အထွေထွေရွေးကောက်ပွဲအလွန်ကာလတွင် မြန်မာအစိုးရအဖွဲ့သစ်က သမ္မတဟောင်း သမ္မတဟောင်း ဦးဝင်းမြင့်အပါအဝင် ဦးဝင်းမြင့်အပါအဝင် အကျဉ်းသားများကိုပြန်လွှတ်ပေးမှု၊ အ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ် သို့ ရွှေ့ပြောင်းထားရှိမှုတို့ကို အားလုံး ပါဝင်နိုင်သော အမျိုးသားဆွေးနွေးပွဲ များဖြစ်မြောက်ရေးအတွက် အပြုသဘောဆောင်သော ခြေလှမ်းအဖြစ် အာဆီယံ အဖွဲ့က မှတ်ယူထားကြောင်း အလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ပီအင်န်အေ

◾️မိုးတိမ်တောင်များ ဖြစ်ထွန်းမှုကြောင့်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်
မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီးအဆိုပါ မိုးတိမ်တောင် ရွေ့လျားရာ တစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခြင်း၊မိုးထစ်ချုန်းရွာသွန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်နေရာဒေသအများအပြား၌ လာမည့်နှစ်ရက်အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒနှင့်ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မေ ၁၀ ရက် ညနေအထိ ခန့်မှန်းချက်အရ ကချင်ပြည်နယ်တွင်နေရာကွက်ကျား၊ နေပြည်တော်၊ ပဲခူး
တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။
ခန့်မှန်းချက်အရ နေပြည်တော်၊ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်နောက်နှစ်ရက်အတွင်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
သတင်း-မြင့်မိုရ်မျိုးမျိုးသူ
ဓာတ်ပုံ-မိုးဇလ

◾️စိုက်ပျိုးစရိတ်နှင့် စက်ကိရိယာ ချေးငွေနှုန်းထားသစ်များ ထုတ်ပြန်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည်နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံကိန်းအရ တောင်သူလယ်သ မားများ၏လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာစိုက်ပျိုးထုတ်လုပ်မှုများ တိုးမြှင့်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးရာသီချေးငွေကာလမှ စတင်ကာ တိုးမြှင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ယင်းအစီအစဉ်အရ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်)များအတွက် တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ မှ ၃၀၀၀၀၀ အထိ၊အခြားသီးနှံ ၁၈ မျိုးအတွက် ကျပ် ၁၀၀၀၀၀ မှကျပ် ၂၅၀၀၀၀ အထိနှင့် ပန်းနှမ်း၊ ဆီမုန်ညင်း၊ဂုန်လျှော်များအတွက် ကျပ် ၁၀၀၀၀၀ မှ ကျပ်၁၅၀၀၀၀ အထိ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်သည်။
မိုးချေးငွေများကို ၂၀၂၆ ခုနှစ် မေလမှစက်တင်ဘာလကုန်အထိလည်းကောင်း၊ဆောင်းချေးငွေများကို အောက်တို ဘာလမှ၂၀၂၇ ခုနှစ် ဇန်နဝါရီလကုန်အထိလည်းကောင်း၊ မိုးကြိုချေးငွေများကို ၂၀၂၇ ခုနှစ်ဇန်နဝါရီလမှ မတ်လ ကုန်အထိလည်းကောင်းအသီးသီးထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကာ အာမခံအဖြစ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်း တင်ပြရမည်ဖြစ်သည်။
ထို့ပြင် တောင်သူများအနေဖြင့်လယ်ယာကဏ္ဍတွင် ခေတ်မီစက် ကိရိယာများအသုံးပြုနိုင်ရေးအတွက် လက် တွန်းထွန်စက်၊ထော်လာဂျီ၊ရေစုပ်/ရေတင်စက်၊ဆိုလာရေတင်စက်၊မျိုးစေ့ချစက်၊လယ်ထွန်စက်အသေး၊ရိတ်ခြွေစက်အသေး၊ ပဲခွဲစက်၊ကောက်စိုက်စက်၊ အခြောက်ခံ စက် (Dryer)၊သိုလှောင်ရုံ (Silo)၊ ဆန်စက် အစရှိသည့် စက်ကိရိယာများ စသည့် လယ်ယာသုံးစက်ကိရိယာဝယ်ယူရန် ချေးငွေများကိုလည်း ကျပ်သိန်း၁၀၀ မှ ၃၀၀၀ အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း၃၀၀၁ မှ ၅၀၀၀ အထိ တစ်ကဏ္ဍ ထုတ်ချေးပေးသွားမည်ဖြစ်သည်။
ဤစက်ကိရိယာ ချေးငွေများကို တစ်နှစ်မှ ငါးနှစ်အထိ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်နိုင်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၆ ရာခိုင်နှုန်း သတ်မှတ်ထားကာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ (လန-၃၉)မြေနှင့် ယင်းမြေပေါ်တွင် တည်ရှိသည့် အဆောက်အအုံများ၊စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်များ၊ အခြားပုံသေရပိုင်ခွင့်များ တင်ပြရမည်ဖြစ်ကာ အာမခံလုံလောက်ပါက စက်ကိရိယာ တစ်မျိုးထက်ပို၍ ဝယ်ယူနိုင်သည်။
အဆိုပါချေးငွေများကို ၂၀၂၆ ခုနှစ် မေလမှ စတင်ကာ ထုတ်ချေးပေးမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်ကျေးလက်နေပြည်သူများ၊တောင်သူလယ်သမားဦးကြီးများ၏လယ်ယာထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီးလူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့်လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံ သည့် စက်မှုလုပ်ငန်း (Agro-based Industry) တည်ဆောက်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးသည့် စိုက်ပျိုးရေးနှင့်လယ်ယာသုံးစက်ကိရိယာချေးငွေများရယူလိုသောတောင်သူများနှင့်စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သက်ဆိုင်ရာခရိုင်/မြို့နယ်ဘဏ်ခွဲများသို့ အမြန်ဆုံး ဆက်သွယ်ကြပါရန်အသိပေးကြေညာထားသည်။
သတင်း-ဘုန်းမောင်
ဓာတ်ပုံ-MOI