◾️အင်ဒိုနီးရှားတွင် ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်
=ယနေ့နံနက်အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၇ ရှိသော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး လူတစ်ဦးသေဆုံးကာ ဆူနာမီဘေးအန္တရာယ် စိုးရိမ်မှုများနှင့်အတူ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမိန့်များ ထုတ်ပြန်ခဲ့ရသည်။
ထို့နောက် ဆူနာမီ သတိပေးချက်ကို ထုတ်ပြန်ပြီး တစ်နာရီမပြည့်မီမှာပင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
ဆူနာမီ သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက သတိပြုနေထိုင်ကြရန် တိုက်တွန်းထားပြီး ကမ်းရိုးတန်းဒေသများနှင့် ပျက်စီးသွားသော အဆောက်အအုံများအနီးသို့ မသွားကြရန် အကြံပြုထားသည်။
ငလျင်သည် အရှေ့နူဆာတန်ဂါရာပြည်နယ်၊ ဖလိုးရက်စ်ဒေသတွင် ဒေသစံတော်ချိန် နံနက် ၅ နာရီမတိုင်မီ ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၅ ကီလိုမီတာတွင် အစပြုခဲ့ပြီး ငလျင်ဗဟိုချက်မှာ အရှေ့နူဆာတန်ဂါရာ၊ နာဂီကီအိုမှ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိသည်။
ယင်းဒေသသည် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားသော ဘာလီကျွန်း၏ အရှေ့ဘက်တွင် တည်ရှိသည်။
"အခြား လူနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်" ဟု မာအူမဲရဲ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးအကြီးအကဲ ဖာသူရ်ရာမန်က ပြောကြားသည်။
လက်ရှိတွင်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော ဒေသအများအပြားသို့ စေလွှတ်ဖြန့်ကြက်ထားပြီး ဖြစ်သည်။
ယင်းမတိုင်မီက အမျိုးသား သဘာဝဘေးအန္တရာယ် လူနှစ်ဦး သေဆုံးသွားကြောင်း သတင်းပို့ချက်များကို စိစစ်စုံစမ်းလျက်ရှိသည်ဟု စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
သတင်း-လင်းခေတ်
ကိုးကား- BBC

◾️ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာလူငယ်လေးဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဩဂုတ် ၁၃ ရက်က မြန်မာလူငယ်လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ဖူးခက်မြို့ ကင်ကဲဝို Big C စတိုးဆိုင်ရှေ့တွင် မြန်မာ လူငယ်လေးဦးသည် ထိုင်းလူငယ်သုံးဦးကို လက်လုပ် လေသေနတ်ဖြင့်ခြိမ်းခြောက်ခဲ့ပြီး ဖုန်းနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ထိုင်းလူငယ်များက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သဖြင့် CCTV မှတ်တမ်များမှတစ်ဆင့် ခြေရာခံရာ အသက် (၁၅) နှစ်မှ (၂၁) နှစ်ကြားရှိ မြန်မာလူငယ်လေးဦးကို ချလုံနှင့် ပါတွန်ဒေသများတွင်ဩဂုတ် ၁၃ ရက် ညနေက ဖမ်းမိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်သောနေ့က မြန်မာ လူငယ်များသည် ဆိုင်ကယ် ဖြင့် ဖူးခက်မြို့ သို့လာစဉ် လမ်းတွင် ထိုင်း လူငယ်များနှင့် ဆုံတွေ့ခဲ့ပြီး ရန်ဖြစ်ခဲ့ ကြပြီး ယင်းအချိန် မြန်မာလူငယ်တစ်ဦး က လက်လုပ်လေသေနတ်ကို ထုတ် ၍ ထိုင်းလူငယ်များအား ခြိမ်းခြောက်ခဲ့ပြီး ထိုင်းလူငယ် တစ်ဦး၏ ဖုန်းနှင့် ဆိုင်ကယ်သော့ကိုယူ၍ လွှင့်ပစ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာလူငယ်လေးဦးနှင့်အတူ ဆိုင်ကယ် သုံးစီး၊ လေသေနတ်တစ်လက်တို့ကို သက်သေ အဖြစ် သိမ်းဆည်းခဲ့ပြီး အခြားသူကို ခြိမ်းခြောက်မှု၊ ပစ္စည်း များဖျက်ဆီးမှုဖြင့် ဖူးခက်ရဲစခန်းတွင် အမှုဖွင့်ထားသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့

❤1
◾️အင်ဒိုနီးရှားမြေငလျင်ကြောင့်သေဆုံးသူအရေ အတွက် ၅၁ဦးအထိမြင့်တက်လာ
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ ဩဂုတ် ၁၅ ရက်တွင် လှုပ်ခတ်ခဲ့သော အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်၁ ထန်သည့် မြေငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၅၁ ဦးအထိရှိလာပြီဖြစ် ကြောင်း သိရသည်။
အဆိုပါမြေငလျင်ကြောင့် အမြင့် တစ်မီတာခန့်ရှိ ဆူနာမီရေလှိုင်းများ အင်ဒိုနီးရှားနိုင်ငံ ကမ်းရိုး တန်းဒေသ အချို့၌ ပေါ်ထွက်ခဲ့ရသလိုငလျင် ဗဟိုချက်နယ်မြေ၌ မြေပြို မှုများ ဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားထား သည်။
ဩဂုတ် ၁၅ ရက် မြေငလျင်ကြောင့် အရှေ့ နူဆာတန်ဂါရာပြည်နယ်၌ ဩဂုတ် ၁၆ ရက်နေ့အထိ သေဆုံးသူ ၅၁ ဦးအထိ ရှိလာပြီး ဒဏ်ရာပြင်းထန်သူ ၃၆ ဦးနှင့် အသေး စားထိခိုက်ဒဏ်ရာများရရှိခဲ့သူ ၇၇ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ မြေငလျင်ပေါင်း ၃၄၁ ခုအထိ ထပ်မံလှုပ် ခတ်ခဲ့ရာ ငလျင်ဗဟိုချက်နေရာများရှိ အများပြည်သူများ မှာ နေအိမ်များသို့ မပြန်ဝံ့ဘဲ ဘေးလွတ်ရာနေရာများတွင် ခိုလှုံနေကြဆဲဖြစ်ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားသည်။
ဩဂုတ် ၁၅ ရက် မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူအရေအတွက်မှာ ၄ဝဝ ခန့်အထိ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ

◾️စီလာချာမြို့နယ်ရှိ စက္ကူစက်ရုံတစ်ခုတွင် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာတစ်ဦးအတွက် နစ်နာကြေး ဘတ်သုံးသိန်းပေးဆောင်ရန် သဘောတူ
ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စီယာချာမြို့နယ်တွင် ရှိသော စက္ကူစက်ရုံတစ်ရုံ တွင် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာတစ်ဦးအတွက် နှစ်နာ ကြေးဘတ်သုံးသိန်းပေးဆောင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း WAG အလုပ် သမားမဟာမိတ်အဖွဲ့မှ သိရသည်။
စီလာချာမြို့နယ်တွင် ရှိသော စက္ကူစက်ရုံတစ်ရုံ
တွင်အလုပ်လုပ်နေသော ဦးစိုး၀င်းထွန်းမှာ ကားညပ်ပြီး သေဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုဝင်များက သေမှုသေခင်းနှင့်ပတ်သက်ပြီးမည်သို့ လုပ်ဆောင်ရမည်ကို နားမလည်သောကြောင့် ကူညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမား မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံလာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဩဂုတ် ၁၁ ရက်က အလောင်းထုတ်ယူမည့်ကိစ္စကိုလည်း စက်ရုံသူဌေးကစီစဉ်ပေးပြီး သေဆုံးသူ၏ဇနီးဖြစ်သူက သူဌေးထံတွင် နစ်နာကြေး ဘတ်ငါးသိန်း တောင်းဆိုထားသည့်ကိစ္စကို စက်ရုံ၏ ရုံးခန်းတွင်ညှိနှိုင်းကြရာစက်ရုံဘက်ကစာနာထောက်ထားကြေးအနေဖြင့် ဘတ်သုံးသိန်း ပေးသည်ကို နှစ်ဦးနှစ်ဖက်သဘောတူခဲ့ကြောင်း သိရသည်။
စက်ရုံဘက်က သင်္ဂြိုဟ် စရိတ်လည်းထုတ်ပေးခဲ့ပြီး သေဆုံးသူအတွက် ပကန်စန်ခွန်မှ နှစ်နာကြေးထုတ်မည့် ကိစ္စအားစက်ရုံဘက်က WAG အဖွဲ့၊ FED ဖောင်ဒေးရှင်းအဖွဲ့နှင့် ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-WAG

◾️ကိုရီးယားနှစ်နိုင်ငံ စစ်မဲ့ ဇုန်နယ်စပ်စည်းကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ချိုးဖောက်ခဲ့
ပြီးခဲ့သည့်သီတင်းပတ်အတွင်း တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံ အကြားရှိ စစ်မဲ့ဇုန်နယ်စပ်စည်းကို မြောက်ကိုရီးယားတပ်ဖွဲ့များက ချိုးဖောက် ဝင်ရောက်ခဲ့ရာ တောင်ကိုရီးယားတပ်ဖွဲ့ဝင်များက သတိပေးသေနတ်ပစ်ဖောက်မှု
များ ပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယားမီဒီယာများက ဩဂုတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်များ၏ အဆိုအရ မြောက် ကိုရီးယားတပ်ဖွဲ့ဝင်များသည် နှစ်နိုင်ငံ စစ်မဲ့ဇုန် အရှေ့ဘက်ခြမ်းရှိ နယ်စပ်စည်း ကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သို့ရာတွင် တောင်ကိုရီးယားတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါမြောက်ကိုရီးယားတပ်ဖွဲ့ဝင်များမှာ မြောက်ကိုရီးယား ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောကြားသည်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များသည် ယခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် နှစ်နိုင်ငံ စစ်မဲ့ဇုန်နယ်စပ်စည်းကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များသည် ကိုရီးယား နှစ်နိုင်ငံ စစ်မဲ့ဇုန်နယ်စပ်စည်းကို (၁၇)ကြိမ်အထိ ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားထားသည်။

❤1🔥1
◾️သင်္ဘောဟောင်း ဖြိုဖျက်စဉ် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဘင်္ဂလားဒေ့ရှ်၌ ရှစ်ဦးသေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း သင်္ဘော ဟောင်းဖျက်သိမ်းရေး ဝင်းတစ်ခုအတွင်း သင်္ဘောဟောင်း တစ်စင်းကို ဖြိုဖျက်နေချိန်တွင် ဓာတ်ငွေ့ ယိုစိမ့်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးရှစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဩဂုတ် ၁၅ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်သည် ဆီတာကွန်တာကမ်းရိုးတန်းနယ်မြေ၌ တည်ရှိသော ဖာဒိုးရပ်စ် အမည် ရှိသင်္ဘောဟောင်း ဖျက်သိမ်းရေး ဝင်း အတွင်း ပေါ်ပေါက် ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
သင်္ဘောဟောင်းကို ဖျက်ဆီးဖြိုဖျက်နေစဉ် ယိုစိမ့် ထွက်ပေါ်လာသော အဆိပ်အတောက်ရှိ ဓာတ်ငွေ့များ ကြောင့် အလုပ်သမားများ သေဆုံးခဲ့ရခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။
လက်ရှိအချိန်တွင် အဆိုပါ ဓာတ်ငွေ့ယိုစိမ့်မှု ပြဿနာ၏ နောက်ခံအကြောင်းတရားကို တိတိကျကျ ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
စစ်တကောင်းမြို့ ဆီတာကွန်တာ ကမ်းခြေတစ် လျှောက်၌ တည်ရှိသော သင်္ဘောဟောင်း ဖျက်သိမ်းရေး လုပ်ငန်းသည် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

◾️ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇူမီ ယာဆူကူနီဂူဗိမာန်သို့ သွားရောက်၊ တရုတ်နှင့် တောင်ကိုရီးယား ဝေဖန်
ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီ
သည် ဩဂုတ် ၁၅ ရက်တွင် တိုကျိုမြို့တော်၌ တည် ရှိသော ယာဆူကူနီဂူဗိမာန်သို့ သွား ရောက်၍ စစ်ကာလအတွင်း သေဆုံးခဲ့ရသည့် ဂျပန်စစ်သည် တော်များကို ဂါရ၀ပြုခဲ့ကြောင်း သိရသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇူမီသည်
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များ လက်နက်ချ အညံ့ခံမှု (၈၁)နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ယာဆူ ကူနီဂူဗိမာန်သို့ သွား ရောက်ဂါရ၀ပြုခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဂျပန် ကာကွယ်ရေးဝန်ကြီး၏
ယာဆူကူနီဂူဗိမာန်ခရီးစဉ်ကို ဂျပန်၏ အိမ်နီးချင်း နိုင်ငံများဖြစ်ကြသော တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ဝေဖန်ရှုတ်ချခဲ့ကြကြောင်း သိရ သည်။
ယာဆူကူနီဂူဗိမာန်ကို ဂျပန်နိုင်ငံ၏
စစ်ကာလ ဗိုလ်ကျလွှမ်းမိုးမှု အထိမ်းအမှတ်
သင်္ကေတအဖြစ် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံ တို့က မှတ်ယူထားသည်။
သို့ရာတွင် လက်ရှိဂျပန်ဝန်ကြီးချုပ် ဆာနာအိ
တာကာအိချီကမူ ယာဆူကူနီဂူဗိမာန်သို့ ကိုယ်တိုင် သွားရောက်ခဲ့ခြင်းမရှိဘဲ လှူဖွယ်ပစ္စည်းများသာ ပေးပို့ခဲ့ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ် ပြန်ထားသည်။
ဝန်ကြီးချုပ် ဆာနာအိတာကာအိချီသည်
ဝန်ကြီးချုပ်ရာထူး မရယူမီက ယာဆူကူနီဂူဗိမာန်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့ဖူးသည်။

◾️ဂါဇာအစီအစဉ်အား အစ္စရေးပယ်ချမှုကို ဒေသတွင်းနိုင်ငံများ ရှုတ်ချ
ဂါဇာကမ်းမြောင်မှ စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစီအစဉ်အား အစ္စရေးက ပယ်ချလိုက်ခြင်းကို ယူအေအီးနှင့် အခြားခုနစ်နိုင်ငံက ရှုတ်ချပြောဆိုကြသည်။
ဟားမားစ်အဖွဲ့က အမှန်တကယ်လက်နက်ဖြုတ်သိမ်းခြင်း မရှိခဲ့ပါက အစ္စရေးတပ်ဖွဲ့များကို ဂါဇာမှ ရုပ်သိမ်းမည်မဟုတ်ကြောင်း ပြောကြားကာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အချက် ၁၅ ချက်ပါ ဂါဇာအစီအစဉ်ကို ပြီးခဲ့သည့် သီတင်းပတ်က ပယ်ချခဲ့သည်။
ဂါဇာဒေသမှ ဟားမားစ်အဖွဲ့ နှင့် အခြားလက်နက်ကိုင်အုပ်စုများကို အပြီးတိုင် လက်နက်ဖြုတ်သိမ်းသွားရေး သဘောတူညီချက် ရရှိပြီဖြစ်ကြောင်း ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။
ထရန့်၏အထူးကိုယ်စားလှယ် သားမက်ဖြစ်သူ ဂျာရက်ကုရှ်နာ နှင့် ဂါဇာအတွက် ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ကိုယ်စားလှယ် နစ်ကိုလေမလာဒီနော့ဗ်တို့ အပစ်ရပ်ရေးနှင့် ဆက်စပ်သော ဆွေးနွေးပွဲများအတွက် အီဂျစ်နိုင်ငံ၌ ရောက်ရှိနေချိန်မှာပင် ယူအေအီး၊ ကာတာ၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တူရကီ၊ ဆော်ဒီနှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။
လမ်းပြမြေပုံကို ပယ်ချခြင်းသည် ကျယ်ပြန့်သော ဘက်စုံအစီအစဉ်အား အကောင်အထည် ဖော်ခြင်းကို ဆက်လုပ်ရန် ပေါ်ပေါ်ထင်ထင်ငြင်းဆန်ခြင်းဖြစ်ကာ ဂါဇာစစ်ပွဲကို အဆုံးသတ်ပြီးတာရှည်ခံသောငြိမ်းချမ်းရေး အခြေအနေများ ထူထောင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများ လမ်းလွဲသွားစေရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ဟု ယမန်နေ့က ထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီးများက ပြောကြားသည်။
ဂါဇာဒေသနှင့် ကျန်သိမ်းပိုက်ခံပါလက်စတိုင်း နယ်မြေများတွင် ငြိမ်းချမ်းရေးဆောင်ကြဉ်းရန် ကြိုးပမ်းမှုများကို တားဆီးခြင်းအတွက် ယခုအခါ အစ္စရေးတွင် တာဝန်ရှိသွားပြီဆိုခြင်းကို အစ္စရေးတို့ ပယ်ချချက်က အတည်ပြုလိုက်ကြောင်းလည်း ၎င်းတို့က ဆက်ပြောကြားသည်။
ဘက်စုံအစီအစဉ်၏ တည်ကြည်လေးနက်မှုကို ဆက်လက် ထိန်းသိမ်းရန်နှင့် ၎င်းကို အကောင်အထည်ဖော်ခြင်းအား မည်သည့်အဖွဲ့အစည်းကမှ တားဆီးမှု မလုပ်နိုင်ရေး ခိုင်မာသော အတိုင်းအတာများ ချက်ချင်း လုပ်ဆောင်သွားရေးအတွက်လည်း နိုင်ငံခြားရေးဝန်ကြီးများက ငြိမ်းချမ်းရေးဘုတ်အဖွဲ့နှင့် အမေရိကန်အား တိုက်တွန်းပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-DW

◾️စက်မှုလုပ်ငန်းများ ညပိုင်းသုံးလျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ် ၃၀၀ လျှော့ချပေးမည်
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုလုပ်ငန်းများအား ကောက်ခံနေသည့် လျှပ်စစ် ဓာတ်အားခထဲမှ ညပိုင်းသုံးစွဲမှုအတွက် တစ်ယူနစ်လျှင် ငွေကျပ် ၃၀၀ လျှော့ချပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုမိုးရာသီကာလများတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ အပြည့်အဝဓာတ်အားထုတ်လုပ်ပေးနိုင်သော်လည်း မဟာဓာတ်အားလိုင်းများ ၏ပို့လွှတ်နိုင်စွမ်းတွင် ကန့်သတ်ချက်ရှိနေခြင်းကြောင့် လျှပ်စစ်ဓာတ်အားအသုံးများသည့်နေ့အချိန်ပိုင်းတွင် အချိန်ပိုင်းလျှပ်စစ်မီးပြတ်တောက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
ညဉ့်နက်ပိုင်းအချိန်တွင်လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းလျော့နည်းသွားသဖြင့် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုကိုလျှော့ချမောင်းနှင်ပေးရသည်ဖြစ်ရာ မိုးရာသီကာလတွင်ရေစွမ်းအင်များပြုန်းတီးနေသကဲ့သို့ ရေအားလျှပ်စစ်ထုတ်လုပ်သည့်တမံကြီးများတွင်လည်း ရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပထမအဆင့်အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိစက်မှုလုပ်ငန်းများအား သတ်မှတ်ချက်များနှင့်ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှနောက်တစ်နေ့နံနက် ၅ နာရီအထိ တစ်ယူနစ်လျှင်မူလ ၉၀၀ ကျပ်နှုန်းမှ ၆၀၀ ကျပ်သို့လျှော့ချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက်ဝင်ငွေရရှိလာခြင်း၊ ဓာတ်အားစနစ်တည်ငြိမ်မှုရှိလာခြင်း၊ စက်မှုလုပ်ငန်းကြီးများအား ညဘက်သို့ပြောင်းရွှေ့လုပ်ငန်းဆောင်ရွက်ခြင်းကြောင့် စက်မှုလုပ်ငန်းရှင် များအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ နေ့ပိုင်းတွင်လျှပ်စစ်မီးပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း စသည့် အကျိုးများရရှိမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
နိုင်ငံတကာတွင် Smart Grid စနစ်အသုံးပြုပြီး အချိန်ဖြင့်ဓာတ်အားခကောက်ခံသည့် (Time of Use- TOU) ကိုအသုံးပြုလျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း လက်ရှိအခြေအနေပေါ် တွင်မူတည်၍ ပထမအဆင့်အနေဖြင့် ယခုကဲ့သို့စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ- MDN

◾️လေပြင်းတိုက်ခတ်မှုကြောင့်သုံးခွမြို့နယ်ကွန်ကလကျေးရွာအုပ်စုတွင် လူနေအိမ်များအမိုးလန်ပျက်စီး
ရန်ကုန်တိုင်း သန်လျင်ခရိုင် ဒေသကြီး သုံးခွမြို့နယ် ကွန်ကလကျေးရွာအုပ်စုကွန်ကလ ကျေးရွာတွင် ဩဂုတ် ၁၆ ရက် ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှု နေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ - မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာ ရပ်မိရပ်ဖများက လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သုံးခွ မြို့နယ် ကွန်ကလကျေးရွာအုပ်စု ကွန်ကလကျေးရွာ နေ ဦးမင်းသူ၏ သွပ်မိုးထရံကာ၊ပျဉ်ခင်း (အမိုးလန်) ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်၄၅၀၀၀၀၊ ဦးခင်မောင်သန်း ၏ နေအိမ်သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (အမိုးလန်) ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၅၆၀၀၀၊ဦးနေမင်းထွန်း၏ ထရံကာ၊ ပျဉ်ခင်း (အမိုးလန်) ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၆၂၀ဝဝဝ၊ ဒေါ်အမာဆွေ၏ သွပ်မိုး၊ ထရံကာ၊ ပျဉ် ခင်း (အမိုးလန်) ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၅၂၀၀၀၀ နှင့် ဒေါ်စိန်းနွဲ့၏ သွပ်၊ မိုး၊ ထရံကာ၊ ပျဉ်ခင်း(အမိုး လန်) ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၈၀၀၀၀ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-သုံးခွမြို့နယ်မီးသတ်