The Standard Time Digital
300 subscribers
1.23K photos
21 videos
4 files
178 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
◾️ယူအက်စ်အက်စ်ဂျော့ဝါရှင်တန် အရှေ့အလယ်ပိုင်းဒေသသို့ ထွက်ခွာ
အမေရိကန်ရေတပ်၏ ပစိဖိတ်ဒေသအခြေစိုက် ယူအက်စ်အက်စ် ဂျော့ဝါရှင်တန် လေယာဉ် တင်သင်္ဘောသည်အရှေ့အလယ်ပိုင်းဒေသသို့စတင်ထွက်ခွာသွားပြီဖြစ်ကြောင်းအမေရိကန်ရေတပ်က ဩဂုတ် ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ယူအက်စ်အက်စ်ဂျော့ဝါရှင်တန်လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်သီတင်းပတ်ကပင် ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမှ အရှေ့အလယ်ပိုင်းဒေသသို့ စတင်ထွက်ခွာသွားခြင်းဖြစ်ပြီး တိုက်သင်္ဘောတစ်စင်းနှင့် ဖျက်သင်္ဘောတစ်စင်းတို့ ခြံရံလိုက်ပါသွားကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသ၌ကာလရှည်တပ်စွဲထားရသောယူအက်စ်အက်စ်အေဘရာဟမ်လင် ကွန်း လေယာဉ်တင်သင်္ဘောပေါ်ရှိတပ်ဖွဲ့ဝင်များအကြား စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများနှင့် ထောက်ပို့ပြဿနာများ ရှိနေကြောင်း သတင်းများပေါ်ထွက်လာချိန်တွင် အရှေ့
အလယ်ပိုင်းသို့ ယူအက်စ်အက်စ်ဂျော့ဝါရှင်တန် လေယာဉ်တင်သင်္ဘောထွက်ခွာသွားခြင်း ဖြစ်သည်။
အမေရိကန်အစိုးရ၏အီရန်စစ်ပွဲကိုအထောက်အကူပေးနေသောယူအက်စ်အက်စ်အေဘရာဟမ်လင်ကွန်းလေယာဉ်တင်သင်္ဘောသည်ပင်လယ်ပြင်၌ ရက်ပေါင်း ၂၆၀ကျော်တပ်စွဲထားခဲ့ရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_ကာတွန်း
◾️ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ကာ ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့်လေးမျက်နှာရေဘေး ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ အရေးပေါ် ကူညီ
ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ကာ ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့်လေးမျက်နှာ ရေဘေး အတွက် ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့က အရေးပေါ်အကူအညီများ စတင်ဖြန့်ဝေပေးနေကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
ဧရာ၀တီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတိုက်စား မှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ကာရေကြီးမှုများဖြစ်ပေါ် နေသည့် ရပ်ကွက်၊ ကျေးရွာများသို့ စွမ်းအင်နှင့် အာဟာရဓာတ်များပါဝင်ပြီး အသင့်စားသုံးနိုင်သော အာဟာရပြည့် ဘီစကွတ် (Fortified Biscuits) များ စတင်ဖြန့်ဝေပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်ရှိ ကျေးရွာပေါင်း ၉၈ ရွာ၊ ရပ်ကွက် ငါးခုတွင် လူဦးရေ၃၂၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရပြီး ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့်ဒေသတွင်း မိတ်ဖက်အ ဖွဲ့အစည်းများထံသို့ အာဟာရပြည့်စက်ရုံထုတ်မုန့်မက်ထရစ်တန် ၂၀ ပေးပို့ထားပြီးဖြစ်ကာ ယင်းအကူအညီသည် လူဦးရေတစ်သောင်းအတွက် လုံလောက်မှုရှိကြောင်း သိရသည်။
မုတ်သုံမိုးကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး ထိခိုက်လွယ်သည့်ပြည်သူများ ငတ်မွတ် ခေါင်းပါးမှု ဘေးဒုက္ခအတွင်းသို့ ပိုမိုနက်ရှိုင်းစွာကျရောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် စားနပ်ရိက္ခာ မလုံလောက် မှု ကြုံတွေ့နေရသောအခြေအနေတွင် WFP သည် အရေးပေါ် ကူညီထောက်ပံ့မှုများကိုစတင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထား သည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-WFP
👍1
◾️YBS ယာဉ်စီးခများကို စက်တင်ဘာ ၁ ရက်မှစပြီး တိုးမြှင့်ကောက်ခံမည်

‎YBS ယာဉ်စီးခများကို လာမည့် စက်တင်ဘာ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှသိရသည်။

‎ယာဉ်စီးရေတိုးမြှင့်ပြေးဆွဲပေးနိုင်ရန် ကုမ္ပဏီအတွင်းရှိ ပြုပြင်ဆဲယာဉ်များအတွက် လိုအပ်သည့် ယာဉ်အပိုပစ္စည်းဆက်စပ်ပစ္စည်းများကို ဝယ်ယူရာတွင်ဈေးနှုန်းမြင့်မားခြင်းကြောင့် ဝင်ငွေ/ထွက်ငွေ မမျှတခြင်းကိုကုစားနိုင်ရန် ယာဉ်စီးခတိုးမြှင့်ပေးဖို့ YUPT နှင့် YBPC Co.,Ltd တို့မှတင်ပြခဲ့ကြောင်း သိရသည်။

‎ထို့ကြောင့် လက်ရှိ ငွေကျပ် (၂ဝဝ) ကောက်ခံမှုအစား ငွေကျပ် (၃၀၀) သို့လည်းကောင်း၊ လက်ရှိ ငွေကျပ် (၄ဝဝ) ကောက်ခံမှုအစား ငွေကျပ်(၆၀၀) သို့လည်းကောင်း တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ကြောင်း YRTC ၏ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကဆိုသည်။

‎"YPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံသွားမှာဖြစ်ပါတယ်။ဝင်ငွေဝင်လာရင် အဲ့ဒီကဝင်ငွေတွေနဲ့ကားပြင်နိုင်မယ်။အစီး ၂ထောင်လောက်က ပြင်နေတာပတ်ချာလည်ဖြစ်ပြီး မပြင်နိုင်ဘူး။ယာဉ်အပိုပစ္စည်းတွေလည်း ရှားပါးနေတာ။ယာဉ်ပြင်ရင် ယာဉ်အစီးရေတိုးလာနိုင်လို့ကားကြပ်တာပြေလည်သွားနိုင်တယ်"ဟု ၎င်းကပြောသည်။

‎YRTC၏ ကြီးကြပ်မှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခုမှ နေ့စဉ် ပြေးဆွဲယာဉ်လိုင်း (၁၃၄) လိုင်းဖြင့် ခရီးသည် ၁ ဒသမ ၈ သန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

‎ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဥ်လိုင်းအချို့မှ ယာဥ်များသည် ကြံ့ခိုင်မှု ဆိုးဆိုးရွားရွားပျက်စီးနေခြင်းများအပြင် ခရီးသည်များအား ရိုင်းပြစွာ ဆက်ဆံမှုများရှိနေသော်လည်း ထိထိရောက်ရောက် အရေးယူမှု နည်းပါးနေကြောင်း ခရီးသည်များက ဝေဖန်လျက်ရှိသည်။

‎သတင်း-အင်ကြင်း
‎ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ်
◾️အင်ဒိုနီးရှားတွင် ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်
=ယနေ့နံနက်အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၇ ရှိသော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး လူတစ်ဦးသေဆုံးကာ ဆူနာမီဘေးအန္တရာယ် စိုးရိမ်မှုများနှင့်အတူ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမိန့်များ ထုတ်ပြန်ခဲ့ရသည်။
ထို့နောက် ဆူနာမီ သတိပေးချက်ကို ထုတ်ပြန်ပြီး တစ်နာရီမပြည့်မီမှာပင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
ဆူနာမီ သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက သတိပြုနေထိုင်ကြရန် တိုက်တွန်းထားပြီး ကမ်းရိုးတန်းဒေသများနှင့် ပျက်စီးသွားသော အဆောက်အအုံများအနီးသို့ မသွားကြရန် အကြံပြုထားသည်။
ငလျင်သည် အရှေ့နူဆာတန်ဂါရာပြည်နယ်၊ ဖလိုးရက်စ်ဒေသတွင် ဒေသစံတော်ချိန် နံနက် ၅ နာရီမတိုင်မီ ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၅ ကီလိုမီတာတွင် အစပြုခဲ့ပြီး ငလျင်ဗဟိုချက်မှာ အရှေ့နူဆာတန်ဂါရာ၊ နာဂီကီအိုမှ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိသည်။
ယင်းဒေသသည် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားသော ဘာလီကျွန်း၏ အရှေ့ဘက်တွင် တည်ရှိသည်။
"အခြား လူနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်" ဟု မာအူမဲရဲ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးအကြီးအကဲ ဖာသူရ်ရာမန်က ပြောကြားသည်။
လက်ရှိတွင်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော ဒေသအများအပြားသို့ စေလွှတ်ဖြန့်ကြက်ထားပြီး ဖြစ်သည်။
ယင်းမတိုင်မီက အမျိုးသား သဘာဝဘေးအန္တရာယ် လူနှစ်ဦး သေဆုံးသွားကြောင်း သတင်းပို့ချက်များကို စိစစ်စုံစမ်းလျက်ရှိသည်ဟု စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
သတင်း-လင်းခေတ်
ကိုးကား- BBC
◾️ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာလူငယ်လေးဦး ဖမ်းဆီးခံရ

‎ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဩဂုတ် ၁၃ ရက်က မြန်မာလူငယ်လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

‎ဖူးခက်မြို့ ကင်ကဲဝို Big C စတိုးဆိုင်ရှေ့တွင် မြန်မာ လူငယ်လေးဦးသည် ထိုင်းလူငယ်သုံးဦးကို လက်လုပ် လေသေနတ်ဖြင့်ခြိမ်းခြောက်ခဲ့ပြီး ဖုန်းနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ထိုင်းလူငယ်များက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သဖြင့် CCTV မှတ်တမ်များမှတစ်ဆင့် ခြေရာခံရာ အသက် (၁၅) နှစ်မှ (၂၁) နှစ်ကြားရှိ မြန်မာလူငယ်လေးဦးကို ချလုံနှင့် ပါတွန်ဒေသများတွင်ဩဂုတ် ၁၃ ရက် ညနေက ဖမ်းမိခဲ့ကြောင်း သိရသည်။

‎အခင်းဖြစ်သောနေ့က မြန်မာ လူငယ်များသည် ဆိုင်ကယ် ဖြင့် ဖူးခက်မြို့ သို့လာစဉ် လမ်းတွင် ထိုင်း လူငယ်များနှင့် ဆုံတွေ့ခဲ့ပြီး ရန်ဖြစ်ခဲ့ ကြပြီး ယင်းအချိန် မြန်မာလူငယ်တစ်ဦး က လက်လုပ်လေသေနတ်ကို ထုတ် ၍ ထိုင်းလူငယ်များအား ခြိမ်းခြောက်ခဲ့ပြီး ထိုင်းလူငယ် တစ်ဦး၏ ဖုန်းနှင့် ဆိုင်ကယ်သော့ကိုယူ၍ လွှင့်ပစ်ခဲ့ကြောင်း သိရသည်။

‎လက်ရှိတွင် မြန်မာလူငယ်လေးဦးနှင့်အတူ ဆိုင်ကယ် သုံးစီး၊ လေသေနတ်တစ်လက်တို့ကို သက်သေ အဖြစ် သိမ်းဆည်းခဲ့ပြီး အခြားသူကို ခြိမ်းခြောက်မှု၊ ပစ္စည်း များဖျက်ဆီးမှုဖြင့် ဖူးခက်ရဲစခန်းတွင် အမှုဖွင့်ထားသည်။

‎သတင်း-အာကာနွေ
‎ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့
1
◾️အင်ဒိုနီးရှားမြေငလျင်ကြောင့်သေဆုံးသူအရေ အတွက် ၅၁ဦးအထိမြင့်တက်လာ

‎အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ ဩဂုတ် ၁၅ ရက်တွင် လှုပ်ခတ်ခဲ့သော အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်၁ ထန်သည့် မြေငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၅၁ ဦးအထိရှိလာပြီဖြစ် ကြောင်း သိရသည်။

‎အဆိုပါမြေငလျင်ကြောင့် အမြင့် တစ်မီတာခန့်ရှိ ဆူနာမီရေလှိုင်းများ အင်ဒိုနီးရှားနိုင်ငံ ကမ်းရိုး တန်းဒေသ အချို့၌ ပေါ်ထွက်ခဲ့ရသလိုငလျင် ဗဟိုချက်နယ်မြေ၌ မြေပြို မှုများ ဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားထား သည်။

‎ဩဂုတ် ၁၅ ရက် မြေငလျင်ကြောင့် အရှေ့ နူဆာတန်ဂါရာပြည်နယ်၌ ဩဂုတ် ၁၆ ရက်နေ့အထိ သေဆုံးသူ ၅၁ ဦးအထိ ရှိလာပြီး ဒဏ်ရာပြင်းထန်သူ ၃၆ ဦးနှင့် အသေး စားထိခိုက်ဒဏ်ရာများရရှိခဲ့သူ ၇၇ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

‎အဆိုပါ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ မြေငလျင်ပေါင်း ၃၄၁ ခုအထိ ထပ်မံလှုပ် ခတ်ခဲ့ရာ ငလျင်ဗဟိုချက်နေရာများရှိ အများပြည်သူများ မှာ နေအိမ်များသို့ မပြန်ဝံ့ဘဲ ဘေးလွတ်ရာနေရာများတွင် ခိုလှုံနေကြဆဲဖြစ်ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားသည်။

‎ဩဂုတ် ၁၅ ရက် မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူအရေအတွက်မှာ ၄ဝဝ ခန့်အထိ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

‎ကိုးကား-ရိုက်တာ
◾️စီလာချာမြို့နယ်ရှိ စက္ကူစက်ရုံတစ်ခုတွင် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာတစ်ဦးအတွက် နစ်နာကြေး ဘတ်သုံးသိန်းပေးဆောင်ရန် သဘောတူ

‎ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စီယာချာမြို့နယ်တွင် ရှိသော စက္ကူစက်ရုံတစ်ရုံ တွင် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာတစ်ဦးအတွက် နှစ်နာ ကြေးဘတ်သုံးသိန်းပေးဆောင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း WAG အလုပ် သမားမဟာမိတ်အဖွဲ့မှ သိရသည်။

‎စီလာချာမြို့နယ်တွင် ရှိသော စက္ကူစက်ရုံတစ်ရုံ
‎တွင်အလုပ်လုပ်နေသော ဦးစိုး၀င်းထွန်းမှာ ကားညပ်ပြီး သေဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုဝင်များက သေမှုသေခင်းနှင့်ပတ်သက်ပြီးမည်သို့ လုပ်ဆောင်ရမည်ကို နားမလည်သောကြောင့် ကူညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမား မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံလာခဲ့ကြောင်း သိရသည်။

‎ထို့ကြောင့် ဩဂုတ် ၁၁ ရက်က အလောင်းထုတ်ယူမည့်ကိစ္စကိုလည်း စက်ရုံသူဌေးကစီစဉ်ပေးပြီး သေဆုံးသူ၏ဇနီးဖြစ်သူက သူဌေးထံတွင် နစ်နာကြေး ဘတ်ငါးသိန်း တောင်းဆိုထားသည့်ကိစ္စကို စက်ရုံ၏ ရုံးခန်းတွင်ညှိနှိုင်းကြရာစက်ရုံဘက်ကစာနာထောက်ထားကြေးအနေဖြင့် ဘတ်သုံးသိန်း ပေးသည်ကို နှစ်ဦးနှစ်ဖက်သဘောတူခဲ့ကြောင်း သိရသည်။

‎စက်ရုံဘက်က သင်္ဂြိုဟ် စရိတ်လည်းထုတ်ပေးခဲ့ပြီး သေဆုံးသူအတွက် ပကန်စန်ခွန်မှ နှစ်နာကြေးထုတ်မည့် ကိစ္စအားစက်ရုံဘက်က WAG အဖွဲ့၊ FED ဖောင်ဒေးရှင်းအဖွဲ့နှင့် ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

‎သတင်း-ဇော်ကိုထက်
‎ဓာတ်ပုံ-WAG
◾️ကိုရီးယားနှစ်နိုင်ငံ စစ်မဲ့ ဇုန်နယ်စပ်စည်းကို ‎မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ချိုးဖောက်ခဲ့

‎ပြီးခဲ့သည့်သီတင်းပတ်အတွင်း တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံ အကြားရှိ စစ်မဲ့ဇုန်နယ်စပ်စည်းကို မြောက်ကိုရီးယားတပ်ဖွဲ့များက ချိုးဖောက် ဝင်ရောက်ခဲ့ရာ တောင်ကိုရီးယားတပ်ဖွဲ့ဝင်များက သတိပေးသေနတ်ပစ်ဖောက်မှု
‎များ ပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယားမီဒီယာများက ဩဂုတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

‎တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်များ၏ အဆိုအရ မြောက် ကိုရီးယားတပ်ဖွဲ့ဝင်များသည် နှစ်နိုင်ငံ စစ်မဲ့ဇုန် အရှေ့ဘက်ခြမ်းရှိ နယ်စပ်စည်း ကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

‎သို့ရာတွင် တောင်ကိုရီးယားတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါမြောက်ကိုရီးယားတပ်ဖွဲ့ဝင်များမှာ မြောက်ကိုရီးယား ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောကြားသည်။

‎မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များသည် ယခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် နှစ်နိုင်ငံ စစ်မဲ့ဇုန်နယ်စပ်စည်းကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‎ပြီးခဲ့သည့်နှစ်အတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များသည် ကိုရီးယား နှစ်နိုင်ငံ စစ်မဲ့ဇုန်နယ်စပ်စည်းကို (၁၇)ကြိမ်အထိ ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားထားသည်။

‎ကိုးကား-ရိုက်တာ
1🔥1
◾️သင်္ဘောဟောင်း ဖြိုဖျက်စဉ် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဘင်္ဂလားဒေ့ရှ်၌ ရှစ်ဦးသေဆုံး

‎ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း သင်္ဘော ဟောင်းဖျက်သိမ်းရေး ဝင်းတစ်ခုအတွင်း သင်္ဘောဟောင်း တစ်စင်းကို ဖြိုဖျက်နေချိန်တွင် ဓာတ်ငွေ့ ယိုစိမ့်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးရှစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဩဂုတ် ၁၅ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

‎အဆိုပါ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်သည် ဆီတာကွန်တာကမ်းရိုးတန်းနယ်မြေ၌ တည်ရှိသော ဖာဒိုးရပ်စ် အမည် ရှိသင်္ဘောဟောင်း ဖျက်သိမ်းရေး ဝင်း အတွင်း ပေါ်ပေါက် ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

‎သင်္ဘောဟောင်းကို ဖျက်ဆီးဖြိုဖျက်နေစဉ် ယိုစိမ့် ထွက်ပေါ်လာသော အဆိပ်အတောက်ရှိ ဓာတ်ငွေ့များ ကြောင့် အလုပ်သမားများ သေဆုံးခဲ့ရခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

‎လက်ရှိအချိန်တွင် အဆိုပါ ဓာတ်ငွေ့ယိုစိမ့်မှု ပြဿနာ၏ နောက်ခံအကြောင်းတရားကို တိတိကျကျ ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

‎စစ်တကောင်းမြို့ ဆီတာကွန်တာ ကမ်းခြေတစ် လျှောက်၌ တည်ရှိသော သင်္ဘောဟောင်း ဖျက်သိမ်းရေး လုပ်ငန်းသည် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

‎ကိုးကား-ရိုက်တာ
◾️ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇူမီ ယာဆူကူနီဂူဗိမာန်သို့ သွားရောက်၊ တရုတ်နှင့် တောင်ကိုရီးယား ဝေဖန်

‎ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီ
‎သည် ဩဂုတ် ၁၅ ရက်တွင် တိုကျိုမြို့တော်၌ တည် ရှိသော ယာဆူကူနီဂူဗိမာန်သို့ သွား ရောက်၍ စစ်ကာလအတွင်း သေဆုံးခဲ့ရသည့် ဂျပန်စစ်သည် တော်များကို ဂါရ၀ပြုခဲ့ကြောင်း သိရသည်။

‎ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇူမီသည်
‎ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များ လက်နက်ချ အညံ့ခံမှု (၈၁)နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ယာဆူ ကူနီဂူဗိမာန်သို့ သွား ရောက်ဂါရ၀ပြုခဲ့ခြင်းဖြစ်သည်။

‎သို့ရာတွင် ဂျပန် ကာကွယ်ရေးဝန်ကြီး၏
‎ယာဆူကူနီဂူဗိမာန်ခရီးစဉ်ကို ဂျပန်၏ အိမ်နီးချင်း နိုင်ငံများဖြစ်ကြသော တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ဝေဖန်ရှုတ်ချခဲ့ကြကြောင်း သိရ သည်။

‎ယာဆူကူနီဂူဗိမာန်ကို ဂျပန်နိုင်ငံ၏
‎စစ်ကာလ ဗိုလ်ကျလွှမ်းမိုးမှု အထိမ်းအမှတ်
‎သင်္ကေတအဖြစ် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံ တို့က မှတ်ယူထားသည်။

‎သို့ရာတွင် လက်ရှိဂျပန်ဝန်ကြီးချုပ် ဆာနာအိ
‎တာကာအိချီကမူ ယာဆူကူနီဂူဗိမာန်သို့ ကိုယ်တိုင် သွားရောက်ခဲ့ခြင်းမရှိဘဲ လှူဖွယ်ပစ္စည်းများသာ ပေးပို့ခဲ့ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ် ပြန်ထားသည်။

‎ဝန်ကြီးချုပ် ဆာနာအိတာကာအိချီသည်
‎ဝန်ကြီးချုပ်ရာထူး မရယူမီက ယာဆူကူနီဂူဗိမာန်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့ဖူးသည်။

‎ကိုးကား-ရိုက်တာ