◾️ဂျပန်တွင် စံချိန်တင်မိုးကြီးပြီး လူလေးဦးသေဆုံး၊ တိုကျိုမြို့ နာရီတာလေဆိပ်တွင် ခရီးသွားထောင်ချီ ပိတ်မိနေ
ဂျပန်နိုင်ငံတိုကျိုမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေအိမ်များ လျှပ်စစ်မီးပြတ်တောက်ပြီး သယ်ယူပို့ဆောင်ရေးများလည်း ပြတ်တောက်ကာ လူလေးဦးလည်း အသက်ဆုံးရှုံးခဲ့ရချိန်တွင် နာရီတာ လေဆိပ်တွင်လည်း ထောင်နှင့်ချီသော ခရီးသွားများ သောင်တင်နေကြကြောင်း သိရသည်။
မြို့တော် တိုကျိုနှင့် ကပ်နေသော ချီဘားစီရင်စုတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃၆၀ မီလီမီတာ ရာသွန်းခဲ့ပြီးနောက် ဂျပန်၏ခရီးသွားလာမှုအများဆုံး သီတင်းပတ် တစ်ခုတွင် ကားလမ်းနှင့် ရထားလမ်းများတွင် ရေကြီးခဲ့သည်။
ရေမြုပ်သွားသော ကားတစ်စီးအတွင်း ပိတ်မိသွားခဲ့သူ တစ်ဦးအပါအဝင် လူလေးဦး သေဆုံးသည်ကို အတည်ပြုထားပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားကြသည်။
ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ရန် ရေကြီးသောနေရာများသို့ စစ်သားများကို စေလွှတ်ထားကြောင်းသိရသည်။
“ဒီရေကြီးမှုက အလွန့်အလွန်ထူးကဲတဲ့ အခြေအနေဖြစ်ပါတယ်။ အရင်တုန်းကလည်း ဘေးဒုက္ခအများကြီးကို ကျွန်တော် တုံ့ပြန်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဒါမျိုးတော့ တစ်ခါမှ မကြုံဖူးပါဘူး” ဟု ချီဘားဒေသအုပ်ချုပ်ရေးမှူး တိုရှီဟီတို ကူမာဂါအီ က ယနေ့နံနက်ပိုင်းတွင် သတင်းထောက်များအား ပြောသည်။
ယနေ့နံနက် ၁၁ နာရီ အထိ နေအိမ်ပေါင်း ၂၂၀၀၀ တွင် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း Tokyo Electric Power ဓာတ်အားပေးလုပ်ငန်းက ပြောသည်။
ရေကြီးမှုအဆိုးရွားဆုံးဖြစ်သည့် ချီဘားမြို့တွင် ရာပေါင်းများစွာသော လူများသည် အစိုးရအဆောက်အအုံ ကယ်ဆယ်ရေးစခန်းများတွင် တိမ်းရှောင်ညအိပ်ခဲ့ရသည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြတ်တောက်နေသဖြင့် လူပေါင်း ၇၀၀၀ ခန့် နာရီတာ လေဆိပ်တွင်သောင်တင်နေခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး သောကြာနေ့တွင် လေယာဉ်ခရီးစဉ်များ ပုံမှန်အတိုင်း ပြေးဆွဲရန် စီစဉ်ထားသည်ဟုလည်း ပြောသည်။
လေယာဉ်ခရီးစဉ်အချို့ နောက်ကျနိုင်သော်လည်း ခရီးစဉ်များ ဖျက်သိမ်းရမည်ဟု မျှော်လင့်မထားကြောင်း ဂျပန်လေကြောင်းလိုင်း Japan Airlines က ပြောသည်။
နာရီတာလေဆိပ်နှင့် တိုကျိုမြို့ကို ဆက်သွယ်ထားသော ရထားလိုင်းအချို့ ပြန်လည် ပြေးဆွဲနေပြီဖြစ်သော်လည်း အခြားရထားလိုင်းအများအပြားကို ဆိုင်းငံ့ထားဆဲဖြစ်သည်။
ရေကြီးမှုကြောင့် ချီဘားမြို့တွင် အဝေးပြေးလမ်းမကြီးအချို့ကို ပိတ်ထားရဆဲ ဖြစ်ပြီး အခြားလမ်းကြောင်းများကို အသုံးပြုသွားလာနေရရာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း အဝေးပြေးလမ်းလုပ်ငန်း NEXCO East က ပြောကြားသည်။
ယမန်နေ့ညက လေဆိပ်တွင် သောင်တင်နေသော ခရီးသည်များကို လေဆိပ်ဝန်ထမ်းများက စောင်များ၊ ရေဗူးများ နှင့် အစာပြေစားစရာများ ပေးအပ်ခဲ့သည်ကို အစိုးရ NHK သတင်းဌာန ရုပ်သံ၌ မြင်တွေ့ရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

◾️ရုရှားသမ္မတ၏ ကူရိုင်းကျွန်းစုခရီးစဉ် ဂျပန်အစိုးရကန့်ကွက်
ရုရှားသမ္မတပူတင်သည် ကူရိုင်း ကျွန်းတန်းဆက်၏ အဆုံးတွင် ရှိသောအီတိုရော့ ကျွန်းပေါ်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့ရာ ယင်းခရီးစဉ်ကိုဂျပန်အစိုးရက ဝေဖန်ကန့်ကွက်ခဲ့ကြောင်း ဩဂုတ် ၁၃ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းအနီးတွင် တည်ရှိသည့် ကူရိုင်းကျွန်းစုသည်ရုရှားနှင့် ဂျပန်တို့အ ကြား ပိုင်ဆိုင်ခွင့် အငြင်းပွားနေသော ပစိဖိတ်ဒေသ ကျွန်းစုတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းကျွန်းစုကို ရုရှားနိုင်ငံက ထိန်းချုပ်ထားသည်။
ရုရှားသမ္မတပူတင်သည် ရုရှားနိုင်ငံ အရှေ့ဖျား ဆာခါလင် ကျွန်း၌ ပြုလုပ်ခဲ့သော ရုရှားရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခုကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး တစ်ရက်အကြာ ဩဂုတ် ၁၃ ရက်တွင် အီတိုရော့ကျွန်းပေါ်သို့ ကိုယ်တိုင်သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှား မီဒီယာများက သတင်းထုတ်ပြန်ထား သည်။
အဆိုပါ ခရီးစဉ်သည် ရုရှားသမ္မတ ပူတင်အတွက် ပထမဆုံးသော ကူရိုင်းကျွန်းစု ခရီးစဉ် ဖြစ်ကြောင်း ရုရှားမီဒီယာများ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတပူတင်၏ ကူရိုင်းကျွန်းစုခရီးစဉ်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ပြီး ယင်းကျွန်းစုဒေသမှာ သမိုင်းကြောင်းအရရော၊ နိုင်ငံတကာဥပဒေများအရပါ ဂျပန်ပိုင်ကျွန်းစု ဖြစ်ကြောင်း ပြောကြားထားသည်။
ရုရှားနှင့် ဂျပန်တို့သည် ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့သည်မှာ နှစ်ပေါင်း (၈၀)ကျော် ကြာမြင့် ခဲ့ပြီ ဖြစ်သော်လည်း ကူရိုင်းကျွန်းစု ပြဿနာကြောင့် တရားဝင်ငြိမ်းချမ်းရေး သဘောတူချက် မရရှိ သေးပေ။
ကိုးကား-ရိုက်တာ

◾️လသာ ၁၉ လမ်း အပါအဝင် လမ်းဘေးဈေးဆိုင်များအား ယာယီပိတ်ခိုင်း
လတ်တလော ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေမှုကြောင့် လသာမြို့နယ်ရှိ ၁၉ လမ်းအပါအဝင် မြို့နယ်အချို့ရှိ လမ်းဘေးဈေးဆိုင်များ ရောင်းချမှုကို ယာယီပိတ်သိမ်းထားကြောင်း အသိပေးကြေညာချက်များအရသိရသည်။
ရန်ကုန်တိုင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ အစားအသောက်နှင့် ရေများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ဆိုင်များ ယာယီပိတ်သိမ်းရန်လိုက်လံကြေညာခဲ့ခြင်းဖြစ်သည်။
လူစည်ကားရာနေရာဖြစ်သည့် ၁၉ လမ်းအပါအဝင် အဆိုပါ မြို့နယ်များတွင် ဈေးရောင်းချခွင့်အား ယမန်နေ့(ဩဂုတ် ၁၃ ရက်)မှစ၍ ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
" ၁၃ ရက်မှစ၍ နောက် သုံးရက်မှ ငါးရက်အတွင်း ဈေးရောင်းချခြင်းမပြုပါရန်အသိပေးအပ်ပါသည်။ ရောဂါအခြေနေပေါ်မူတည်၍ ဈေးပြန်လည်ရောင်းချခြင်းအား ပြန်လည်အသိပေးမည်"ဟု ကြေညာချက်အရသိရသည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေပေးဝေနိုင်ရေးအတွက် ရေသန့်စင်စနစ်များတွင် Chlorine ဆေးခပ်ပိုးသတ်ခြင်း နှင့် ဝမ်းပျက် ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်လည်း ရေဖြန့်ဖြူးပေးဝေ သည့် မြို့နယ်များ ၏ ရေပေးဝေရေးကွန်ရက်များအတွင်း Residual Chlorine သတ်မှတ်ပမာဏ ရှိစေရေးအတွက် Booster Chlorination (Super Chlorination) ဆေးခပ်ခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဩဂုတ် ၁၂ ရက်၊ ညနေ ၃ နာရီအထိ စာရင်းများအရ ရန်ကုန်တိုင်းအတွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံသို့ တက်ရောက်ကုသသူ စုစုပေါင်း (၁၈၂) ဦးရှိပြီး ပိုးတွေ့ရှိသူ (၉၃) ဦးကြောင်း၊လက်ရှိအချိန်အထိ ရောဂါကြောင့်သေဆုံးသူမရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှအသိပေးထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-CJ

◾️ဒေါမာန်ဟုန်စစ်ဆင်ရေးအတွင်း တစ်စီးလျှင် ဒေါ်လာ သန်း ၅၀ တန် MQ-9 Reaper ဒရုန်း ၄၅ စီးထက်မနည်း အမေရိကန် ဆုံးရှုံးခဲ့
အီရန်အပေါ် ဒေါမာန်ဟုန်စစ်ဆင်ရေးအတွင်း အမေရိကန်စစ်တပ်၏ MQ-9 Reaper တိုက်ခိုက်ရေးဒရုန်း အနည်းဆုံး ၄၅ စီး ဆုံးရှုံးခဲ့ရကြောင်း သတင်းရင်းမြစ် အရာရှိများကို ကိုးကား၍ ကြာသပတေးနေ့ညပိုင်းတွင် Washington Post သတင်းစာကဖော်ပြခဲ့သည်။
အဆိုပါ ဆုံးရှုံးမှုပမာဏသည် စစ်ပွဲမစတင်မီ အမေရိကန်စစ်တပ်၌ လက်ဝယ်ရှိထားသော ဒရုန်းစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းခန့်အထိ ရှိကြောင်း ယင်းသတင်းသိရှိထားသူ အမေရိကန်အရာရှိသုံးဦးက ပြောကြားခဲ့သည်။
ပျက်စီးသွားသော ဒရုန်းအချို့သည် လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ရန်သူ့တိုက်ခိုက်မှုများကြောင့် မဟုတ်ဘဲ ထိန်းချုပ်မောင်းနှင်သူနှင့် ဒရုန်းအကြား ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခြင်းကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း လေးဦးမြောက် အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ သတင်းဖော်ပြချက်နှင့် ပတ်သက်၍ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက အီရန်နိုင်ငံသည် ၎င်းတို့၏ Reaper ဒရုန်း အစင်း ၃၀ ခန့်ကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ဖူးပြီး၊ အီရန်ဘက်ကမူ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် စစ်ပွဲစတင်ခဲ့ချိန်မှစ၍ အမေရိကန်ဒရုန်းများကို မကြာခဏ ပစ်ချနိုင်ခဲ့ကြောင်း အစဉ်တစိုက် ကြေညာထားခဲ့သည်။
MQ-9 Reaper ဒရုန်းတစ်စီးလျှင် တပ်ဆင်ထားသည့် စက်ပစ္စည်းကိရိယာ အစိတ်အပိုင်းများပေါ် မူတည်၍ တန်ဖိုး ကွဲပြားမှုရှိသော်လည်း အမေရိကန်ဒေါ်လာ သန်း ၅၀ အထိ ကုန်ကျစရိတ် ရှိနိုင်သည်။
အဆိုပါ ဒရုန်းစနစ်သည် အခြား လူမဲ့ယာဉ်များထက် လေထဲတွင် ပျံသန်းနိုင်ချိန် ပိုမိုကြာမြင့်သည့်အပြင် အလေးချိန် ကီလိုဂရမ် ၁၇၀၀ အထိ သယ်ဆောင်နိုင်သောကြောင့် ရန်သူ့ပစ်မှတ်များအတွက် လွန်စွာ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။
အီရန်နှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း အမေရိကန်စစ်တပ်သည် Reaper ဒရုန်းများကို အလွန်အမင်း အားကိုးအားထားပြုခဲ့ရသည်။
ပြီးခဲ့သည့် မေလအတွင်း လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကဲနစ် အက်စ် ဝေးလ်ဘက်ရှ်က အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီသို့ ပြောကြားရာတွင် Reaper ဒရုန်းများသည် စစ်ပွဲအတွင်း အသုံးအဝင်ဆုံးနှင့် တန်ဖိုးအရှိဆုံးတိုက်ခိုက်ရေးသမားဖြစ်ခဲ့ပြီး တိုက်ခိုက်မှုပေါင်းများစွာတွင် ပါဝင်အသုံးပြုခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်၌ Reapers ဒရုန်းများ နည်းပါးလာကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင်ပင် အခြားစစ်လက်နက်ပစ္စည်း ထောက်ပံ့မှုများပါ လျော့နည်းလာနေကြောင်း သတင်းများလည်း မကြာမီသီတင်းပတ်များအတွင်း ပျံ့နှံ့လျက်ရှိသည်။
အမေရိကန်စစ်လက်နက်ပစ္စည်း လျော့နည်းလာမှုနှင့် ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ စိတ်ပျက်ဒေါသဖြစ်မှုကို ပြီးခဲ့သည့် သီးတင်းပတ်အစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
အစိုးရအဖွဲ့အစည်းအဝေးတစ်ခုအတွင်း သမ္မတထရန့်က ထိုစစ်လက်နက်ပစ္စည်း လျော့နည်းမှုပြဿနာကို တိတိကျကျ အဓိကထား မေးမြန်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းအရ သိရသည်။
သို့သော်လည်း သမ္မတ ထရန့်ကမူ စစ်လက်နက်ပစ္စည်း လျော့နည်းနေသည်ဟူသော ယူဆချက်ကို လူအများရှေ့တွင် ငြင်းဆိုခဲ့ပြီး အမေရိကန်၌ လက်နက်ခဲယမ်း အမြောက်အမြားရှိကြောင်း Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ထို့နောက်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်သ်အား သမ္မတက သီးသန့်ပြစ်တင်ဝေဖန်ခဲ့သည်ဟူသော သတင်းကောလဟလများနှင့် ပတ်သက်၍ အိမ်ဖြူတော်က ပယ်ချခဲ့ပြီး ထရန့်ကိုယ်တိုင်ကလည်း အခြား ပို့စ်တစ်ခုတွင် ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲကို ချီးကျူးပြောဆိုခဲ့သည်။
အများပြည်သူသို့ ပေါ်ပေါ်တင်တင် ငြင်းဆိုထားသော်လည်း ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုကို တိုးမြှင့်ရန် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း အကြီးအကဲများကို မကြာသေးမီက ညွှန်ကြားခဲ့သည်။
ဒုတိယကာကွယ်ရေးဝန်ကြီး စတိဗ် ဖိန်းဘားဂ်က အမေရိကန်အနေဖြင့် မိမိတို့၏ ထုတ်လုပ်မှုအစီအစဉ်များကို သိသိသာသာ အရှိန်မြှင့်တင်ရမည်ဖြစ်ပြီး ထုတ်လုပ်မှုပမာဏကိုလည်း ယခုပင် တိုးချဲ့ရမည်ဟု ရေးသားထားကြောင်း Washington Post သတင်းစာက ရရှိထားသည့် လျှို့ဝှက်ညွှန်ကြားချက်အရ သိရသည်။
စစ်လက်နက်ပစ္စည်း လျော့နည်းမှုဆိုင်ရာ သတင်းအများစုသည် ဒုံးကျည်များအပေါ် အဓိကထား ဖော်ပြနေသော်လည်း ဒရုန်းများ လျော့နည်းလာနိုင်ခြေသည် အထူးသဖြင့် အိမ်ဖြူတော်အနေဖြင့် အီရန်စစ်ပွဲကို အရှိန်အပြည့်ဖြင့် ဆက်လက်ဆင်နွှဲမည် သို့မဟုတ် စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမည်ဆိုသည်ကို အဆုံးအဖြတ်ပေးရတော့မည့် အချိန်တွင် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်သည်။
သတင်း-လင်းခေတ်
ကိုးကား-The Jerusalem Post

◾️ရန်ကုန်၌ စက်သုံးဆီစျေးနှုန်းများ အနည်းငယ်ပြန်ကျ
ရန်ကုန်မြို့ရှိ စက်သုံးဆီစျေးနှုန်းများ ယနေ့(သြဂုတ် ၁၄ ရက်)တွင် အနည်းငယ် ပြန်ကျလာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကော်မတီ၏ဈေးနှုန်းများအရ ယနေ့(သြဂုတ် ၁၄ ရက်) ရန်ကုန်၌ 92 တစ်လီတာလျှင် ၃၆၅၀ ကျပ်၊ 95 တစ်လီတာလျှင် ၃၇၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၀၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄၈၇၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့(သြဂုတ် ၆ ရက်)စျေးနှုန်းများအရ 92 တစ်လီတာလျှင် ၃၈၄၀ ကျပ်၊ 95 တစ်လီတာလျှင် ၃၉၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၁၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၀၅၀ ကျပ်ဖြစ်သည်။
ထို့ကြောင့် 92 တစ်လီတာလျှင် ၁၉၀ ကျပ် စျေးကျခဲ့ပြီး 95 တစ်လီတာလျှင် ၁၈၀ ကျပ် စျေးကျခဲ့သည်။
ဒီဇယ်စျေးများအနေဖြင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၈၀ ကျပ် စျေးကျခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် 92 တစ်လီတာလျှင် ၂၀၀ ကျပ် စျေးတက်ခဲ့ပြီး 95 တစ်လီတာလျှင် ၂၆၅ ကျပ် စျေးတက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇယ်စျေးများမှာလည်း ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၇၀ ကျပ် စျေးတက်လာခဲ့ပြီး ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၀ ကျပ် စျေးတက်ခဲ့သေးသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-MOI(ပုံဟောင်း)

◾️ဒင်ညုမြစ် ရေနည်းသွားခဲ့ပြီးနောက် နျူကလီးယားဓာတ်အားပေးစက်ရုံ ရိုမေးနီးယားရပ်တန့်
ဥရောပတိုက်ဒေသအများစုကို ထိခိုက်နေသော ကာလရှည်ပူပြင်းသော ရာသီဥတုကြောင့် ဒင်ညုမြစ်ရေ အလွန်နည်းပါးသွားခဲ့ပြီးနောက် ရိုမေးနီးယားက ၎င်တို့နိုင်ငံ၏ တစ်ခုတည်းသော နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပိတ်ထားလိုက်ရကြောင်း သိရသည်။
ဓာတ်ပေါင်းဖို နှစ်လုံးရှိပြီး ရိုမေးနီးယားနိုင်ငံက လိုအပ်သော လျှစ်စစ်ဓာတ်အား ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေသော ဆာနာဒိုဗာစက်ရုံကို လာမည့် ဆယ်ရက်အတွင်း ပြန်၍ လည်ပတ်မည်ဟု မျှော်လင့်မထားကြပေ။
ယခုသီတင်းပတ်အစောပိုင်းက ကျောက်တုံးများ တင်ဆောင်ထားသော ဖောင်များကို ရေအောက်သို့ နှစ်မြုပ်၍ နျူဓာတ်အားပေးစက်ရုံဆီ ရေများပိုမိုဝင်ရောက်စေရန် အာဏာပိုင်များက ကြိုးစားခဲ့ကြသေးသည်။
၎င်း နျူကလီးယား စက်ရုံမှ ဓာတ်ပေါင်းဖိုများကို အအေးခံရန်ရေများ အားလုံးကို ဒင်ညုမြစ်မှ ရယူနေခြင်းဖြစ်သည်။
ဒင်ညုမြစ်ရေကိုပင် အသုံးပြုသော အိမ်နီးချင်း ဟန်ဂေရီနိုင်ငံမှ Paks ဒေသမှ တစ်ခုတည်းသော နျူကလီးယားဓာတ်အားပေးစက်ရုံကိုမှု လက်ရှိအချိန်ထိ ပိတ်သိမ်းရမှုကို ရှောင်ရှားနိုင်နေသေးကြောင်း သိရသည်။
ဥရောပ၏ ဒုတိယအရှည်ဆုံးဖြစ်သော ဒင်းညုမြစ်ရေသည် နိုင်ငံအများအပြားတွင် နှစ်ပေါင်း ၃၀ အတွင်း အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိနေသည်။
ဆာနာဒိုဗာစက်ရုံ မှ မဂ္ဂါဝပ် ၇၀၆ စီ ထုတ်လုပ်ပေးနိုင်သော နျူဓာတ်ပေါင်းဖို နှစ်လုံး အနက်မှ ဒုတိယဓာတ်ပေါင်းဖိုကို ယမန်နေ့ နေ့လယ်က နိုင်ငံ၏လျှပ်စစ်ဓာတ်အား ကွန်ရက်နှင့် အဆက်ဖြတ်ခဲ့ကြသည်။
အအေးခံရန် ရေမလုံလောက်သောကြောင့် ပထမဓာတ်ပေါင်းဖိုတစ်ခုကို ဇူလိုင်လ ကတည်းက ရပ်ဆိုင်းထားခဲ့ရသည်။
ယခုအချိန်ထိ ဆာနာဒိုဗာနျူးကလီးယားဓါတ်အားပေးစက်ရုံအား ၂၀၀၃ ခုနှစ်က တစ်ကြိမ်သာ ရပ်တန့်ခဲ့ဖူးကြောင်း သိရသည်။
ရာတုဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် အပူချိန်များ မြင့်တက်နေသော်လည်း ဥရောပသည် အပူချိန်မြင့်တက်မှုအများဆုံး ကမ္ဘာ့တိုက်ကြီး ဖြစ်နေကာ ကမ္ဘာတစ်ခုလုံး ပျှမ်းမျှထက် နှစ်ဆ ပိုမိုပူပြင်းနေကြောင်း ဥရောပ၏ ကိုပါနီးကပ်စ်ရာသီဥတု ဌာနက ပြောကြားသည်။

◾️မင်းလှမြို့နယ်နှင့်ပန်းတောင်းမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားရေလွတ်ရာသို့ရွှေ့ ပြောင်းပေး
ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် မကွေးတိုင်းမင်းလှ မြို့နယ် နှင့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်တို့မှ ဒေသခံများကို ဒေသဆိုင်ရာတာဝန်ရှိသူများက ရေဘေး လွတ်ရာနေရာများသို့ရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှ နေအိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့်ရေဘေးသင့်သူများ နေထိုင်စားသောက်ရေးအတွက်
ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက စီမံဆောင်ရွက်ပေးထားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကလည်း ဆန်ရိက္ခာဖိုးများ ထောက်ပံပေး သွားမည်ဖြစ်ကြောင်းသိရသည်။
မြစ်ရေဝင်ရောက်နေသည့် ရေဘေးသင့်ပြည်သူ ၅၈ ဦးအား လုံခြုံရေးအဖွဲ့ဝင်များ အပါအဝင်
တာဝန်ရှိသူများ၊ လူမှုကူညီရေး အသင်းဝင်များကဩဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် ရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားသည့် စာကြော စာသင်တိုက်သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်အတွင်းဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဖောင်းကန်ရပ်ကွက်၊ ကြခတ်ရပ်ကွက်၊ ထုံးဘိုကျေးရွာအုပ်စုအတွင်းရှိ နေအိမ် များတွင် ရေဝင်ရောက်နေသဖြင့် ပန်းတောင်းမြို့နယ် မီးသတ် စခန်း သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် များ ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရေဝင်ရောက်နေသော အိမ်ထောင်စုများ အား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
သတင်း-နိုင်ဝင်းစိုး၊အာကာနွေ
ဓာတ်ပုံ-MFSD

◾️ယူအက်စ်အက်စ်ဂျော့ဝါရှင်တန် အရှေ့အလယ်ပိုင်းဒေသသို့ ထွက်ခွာ
အမေရိကန်ရေတပ်၏ ပစိဖိတ်ဒေသအခြေစိုက် ယူအက်စ်အက်စ် ဂျော့ဝါရှင်တန် လေယာဉ် တင်သင်္ဘောသည်အရှေ့အလယ်ပိုင်းဒေသသို့စတင်ထွက်ခွာသွားပြီဖြစ်ကြောင်းအမေရိကန်ရေတပ်က ဩဂုတ် ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ယူအက်စ်အက်စ်ဂျော့ဝါရှင်တန်လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်သီတင်းပတ်ကပင် ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမှ အရှေ့အလယ်ပိုင်းဒေသသို့ စတင်ထွက်ခွာသွားခြင်းဖြစ်ပြီး တိုက်သင်္ဘောတစ်စင်းနှင့် ဖျက်သင်္ဘောတစ်စင်းတို့ ခြံရံလိုက်ပါသွားကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသ၌ကာလရှည်တပ်စွဲထားရသောယူအက်စ်အက်စ်အေဘရာဟမ်လင် ကွန်း လေယာဉ်တင်သင်္ဘောပေါ်ရှိတပ်ဖွဲ့ဝင်များအကြား စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများနှင့် ထောက်ပို့ပြဿနာများ ရှိနေကြောင်း သတင်းများပေါ်ထွက်လာချိန်တွင် အရှေ့
အလယ်ပိုင်းသို့ ယူအက်စ်အက်စ်ဂျော့ဝါရှင်တန် လေယာဉ်တင်သင်္ဘောထွက်ခွာသွားခြင်း ဖြစ်သည်။
အမေရိကန်အစိုးရ၏အီရန်စစ်ပွဲကိုအထောက်အကူပေးနေသောယူအက်စ်အက်စ်အေဘရာဟမ်လင်ကွန်းလေယာဉ်တင်သင်္ဘောသည်ပင်လယ်ပြင်၌ ရက်ပေါင်း ၂၆၀ကျော်တပ်စွဲထားခဲ့ရသည်။

◾️ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ကာ ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့်လေးမျက်နှာရေဘေး ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ အရေးပေါ် ကူညီ
ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ကာ ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့်လေးမျက်နှာ ရေဘေး အတွက် ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့က အရေးပေါ်အကူအညီများ စတင်ဖြန့်ဝေပေးနေကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
ဧရာ၀တီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတိုက်စား မှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ကာရေကြီးမှုများဖြစ်ပေါ် နေသည့် ရပ်ကွက်၊ ကျေးရွာများသို့ စွမ်းအင်နှင့် အာဟာရဓာတ်များပါဝင်ပြီး အသင့်စားသုံးနိုင်သော အာဟာရပြည့် ဘီစကွတ် (Fortified Biscuits) များ စတင်ဖြန့်ဝေပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်ရှိ ကျေးရွာပေါင်း ၉၈ ရွာ၊ ရပ်ကွက် ငါးခုတွင် လူဦးရေ၃၂၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရပြီး ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့်ဒေသတွင်း မိတ်ဖက်အ ဖွဲ့အစည်းများထံသို့ အာဟာရပြည့်စက်ရုံထုတ်မုန့်မက်ထရစ်တန် ၂၀ ပေးပို့ထားပြီးဖြစ်ကာ ယင်းအကူအညီသည် လူဦးရေတစ်သောင်းအတွက် လုံလောက်မှုရှိကြောင်း သိရသည်။
မုတ်သုံမိုးကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး ထိခိုက်လွယ်သည့်ပြည်သူများ ငတ်မွတ် ခေါင်းပါးမှု ဘေးဒုက္ခအတွင်းသို့ ပိုမိုနက်ရှိုင်းစွာကျရောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် စားနပ်ရိက္ခာ မလုံလောက် မှု ကြုံတွေ့နေရသောအခြေအနေတွင် WFP သည် အရေးပေါ် ကူညီထောက်ပံ့မှုများကိုစတင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထား သည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-WFP

👍1