လာအိုလိုဏ်ဂူအတွင်း ပိတ်မိနေသူများအနက် ငါးဦးကိုအောင်မြင်စွာ ကယ်ထုတ်
လာအိုနိုင်ငံအလယ်ပိုင်း ဆေဆွမ်ဘွန်းပြည်နယ်လိုဏ်ဂူတစ်ခုအတွင်းရေလွှမ်းမိုးမှုကြောင့် ပိတ်မိနေသူများအနက် ငါးဦးကို ရေငုပ်ကယ်ဆယ်ရေးသမားများက မေ ၂၉ ရက်နှင့် မေ ၃၀ ရက်တို့တွင် အောင်မြင်စွာ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လိုဏ်ဂူအတွင်း ၁၀ ရက်ကြာ ပိတ်မိနေသူ ခုနစ်ဦးအနက် ငါးဦးကိုအသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်ရက်အကြာတွင် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ရေငုပ် ကယ်ဆယ်ရေးသမားများအနေဖြင့် ပျောက်ဆုံးနေသူနှစ်ဦးကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ရေငုပ်ကယ်ဆယ်ရေးသမားများသည် အသက်ရှင်လျက်တွေ့ရှိထားသူ
ငါးဦးအနက် ပထမဆုံးတစ်ဦးကို မေ ၂၉ ရက်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်လေးဦးကို မေ ၃၀ ရက်တွင် ဆက်လက်ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လာအိုလိုဏ်ဂူအတွင်း ပိတ်မိနေသူများအား ကယ်ထုတ်ရေးအတွက်ကြိုးပမ်းရာတွင် လာအို ကယ်ဆယ်ရေး သမားများနှင့်အတူ ထိုင်း၊ ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပြင်သစ်နှင့် ဩစတြေးလျနိုင်ငံတို့မှ ကျွမ်းကျင် သူများလည်းပါဝင်ကူညီလျက်ရှိသည်။
လာအိုနိုင်ငံသား ခုနစ်ဦးတို့သည် အဖိုးတန်သတ္တုများတူးဖော်ရန် ရည်ရွယ်ချက်ဖြင့် လိုဏ်ဂူအတွင်းသို့ မေ ၂၀ ရက်တွင် စတင်ဝင်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ၎င်းတို့ဝင်ရောက်ခဲ့ပြီး မကြာမီမှာပင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရုတ်တရက် ရေလွှမ်းမိုး မှုများဖြစ်ပွားခဲ့ပြီး လိုဏ်ဂူဝင်ပေါက် ရေမြုပ်ပိတ်ဆို့ခဲ့ရသည်။
ကယ်ဆယ်ရေးသမားများအနေဖြင့် ရေနစ်မြုပ်နေသော လိုဏ်ဂူလမ်းကြောင်းများအတိုင်း ရေငုပ် ဝင်ရောက်ခဲ့ပြီးနောက် ရေလွတ်ရာနေရာတစ်ခု၌အခြေပြု၍ ပိတ်မိနေသည့် လာအိုနိုင်ငံသားများကို ကယ်ထုတ်ရန် ကြိုးပမ်းခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းခွင်၌ ပါဝင်ကူညီနေသူများထဲတွင်၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း သမ်လောင်လိုဏ်ဂူ ကွန်ရက်အတွင်း ပိတ်မိခဲ့သော ကျောင်းသား ၁၂ ဦးအနက် ဘောလုံးနည်းပြတစ်ဦး
တို့ကို အောင်မြင်စွာ ကယ်ထုတ်ပေးခဲ့သည့် ရေငုပ်သမားများလည်း ပါဝင်သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

Facebook
Log in or sign up to view
See posts, photos and more on Facebook.
အီရန်သဘောတူညီချက် အတည်ပြုရန် သင့် ၊ မသင့် မကြာမီ ဆုံးဖြတ်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် ပြောကြား
အီရန်နှင့်ရယူထားသော အပစ်အခတ်ရပ်စဲရေးကို သက်တမ်းထပ်တိုးပေးထားသည့် အဆိုပြု
သဘောတူညီချက်တစ်ရပ်နှင့် ပတ်သက်၍ မိမိအနေဖြင့် မကြာမီကာလအတွင်း အဆုံးအဖြတ်ပေး မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အီရန်နျူကလီးယားအစီအစဉ်ကဲ့သို့ ပြဿနာများတွင် သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည့်တိုင် မေ ၈ ရက်တွင် ရယူထားသော အပစ်အခတ်ရပ်စဲရေးကို သက်တမ်းထပ်တိုးပေးထားသည့် အဆိုပြု သဘောတူညီ ချက်တစ်ရပ်အား ရယူရန် အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့က ယာယီအားဖြင့်သဘောတူထားသည်။
ယင်းသဘောတူညီချက်နှင့် ပတ်သက်၍အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက်မကြာမီကာလအတွင်း အိမ်ဖြူတော်၌ အစည်းအဝေးတစ်ရပ် ခေါ်ယူမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ယာယီအားဖြင့် ရယူထားရန် အမေရိကန်နှင့်အီရန်တို့ သဘောတူထားသော အဆိုပြုချက် သဘောတူ ညီချက်သစ်တွင် ဧပြီ ၈ ရက်တွင် ရယူခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀သက်တမ်း ထပ်တိုးပေးခြင်းဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရေး ဆွေးနွေးပွဲများအတွက်အချိန်ပေးရန် အဆိုပြုထားသည်။

ကွန်ဂို၌ အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂၂၃ ဦးအထိ ရှိလာ
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၂၃ ဦးအထိရှိလာပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရသူအဖြစ်သံသယရှိရသူ လူနာအရေအတွက်မှာလည်း ၉၀၆ ဦးအထိရှိလာကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က မေ ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းအရဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀ ဦးလျှင် ငါးဦးအထိ သေဆုံးနေသည့်သဘောဖြစ်ကြောင်း ဒဗလျူအိတ်ခ်ျအို ကျွမ်းကျင်သူများက ပြောကြားထားသည်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း၌လက်ရှိပေါ်ပေါက်နေသည့် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ပြဿနာသည်
လွန်ခဲ့သည့် နှစ်လလောက်ကပင်စတင်ခဲ့ဖွယ်ရှိကြောင်း ဒဗလျူအိတ်ခ်ျအိုက ပြောကြားထားသည်။
ကွန်ဂိုနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ မြင့်မားနေသည့်တိုင် စောစောစီးစီး ကုသမှုပေးနိုင်ခဲ့ပါက အသက်ဆုံးပါးမှုနှုန်းကို လျှော့ချပေးနိုင်မည့်အလားအလာရှိကြောင်း ဒဗလျူ
အိတ်ခ်ျအို ကျွမ်းကျင်သူများက ပြောကြားထားသည်။
ဒဗလျူအိတ်ခ်ျအိုသည် ကွန်ဂိုနိုင်ငံ၌ လက်ရှိပေါ်ပေါက်နေသောအီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကပ်ဘေးအတွက် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ယခုလအစောပိုင်းတွင် ကြေညာထားပြီး ဖြစ်သည်။
ကွန်ဂိုနိုင်ငံ၌ လက်ရှိကူးစက်နေသော အီဘိုလာဗိုင်းရပ်စ် အမျိုးအစားမှာ ကြညိငဘကါပသ မျိုးကွဲဖြစ်ပြီးကာကွယ်ဆေးနှင့် သီးခြားကုထုံးများမရှိသေးကြောင်း ဒဗလျူအိတ်ခ်ျအိုတာဝန်ရှိသူများက ပြောကြားထား သည်။
ကွန်ဂို၏ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်လည်း အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် ခုနစ်မှုကို အတည်ပြုထားနိုင်သော်လည်း လူအများအကြား ကူးစက်မှုမျိုး မရှိသေးကြောင်း ဒဗလျူအိတ်ခ်ျအို၏ အဆိုအရ သိရသည်။
အီဘိုလာဗိုင်းရပ်စ်သည် လူ့ကိုယ်တွင်းမှ အရည်များနှင့် တိုက်ရိုက်ထိတွေ့ရာမှတစ်ဆင့် လူတစ်ဦး
နှင့် တစ်ဦး ကူးစက်နိုင်သော ဗိုင်းရပ်စ်ဖြစ်သည်။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း – Explore
explore #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း at Facebook
ရှောင်လင်ကျောင်းထိုင်ဆရာတော်ဟောင်းကိုလာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ်ချမှတ်
ကမ္ဘာကျော် ရှောင်လင်ကျောင်း၏ ကျောင်းထိုင်ဆရာတော်ဟောင်းရှီယောင်ရှင်းကို ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့်ထောင်ဒဏ် ၂၄ နှစ်နှင့် ငွေဒဏ် ယွမ်ငွေ ၃ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ၅၁၇၀၀၀) ချမှတ်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာများက မေ ၂၉ ရက်တွင်
သတင်းထုတ်ပြန်ထားသည်။
အသက် (၆၀) အရွယ် ရှောင်လင်ကျောင်းထိုင်ဆရာတော်ဟောင်းရှီယောင်ရှင်းကို တရုတ်အစိုးရ အာဏာပိုင် များက အဂတိလိုက်စားမှုဖြင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ပြီး ယခုနှစ် မတ်လတွင်ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု၊ လာဘ်ပေးလာဘ်ယူမှု အပါအဝင် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခဲ့သည်။
ဆရာတော်ရှီယောင်ရှင်းသည် ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုများ ပြုလုပ်ရေး၊ လာဘ်ပေးလက်ယူမှုများ ပြုလုပ်ရေးတို့အတွက် ရှောင်လင်ကျောင်းထိုင်ဆရာတော် ရာထူးနေရာကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး နှစ်ပေါင်း ၃၀ နီးပါးအတွင်းတန်ဖိုးအားဖြင့် ယွမ်ငွေ သန်း ၃၀၀ ခန့်ကို လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခဲ့ကြောင်း ဟီနန်ပြည်နယ်တရားရုံးက ကြေညာချက်ထုတ်ပြန်ထားသည်။
ဟီနန်ပြည်နယ်၌ တည်ရှိသော ရှောင်လင်ကျောင်းတော်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၃၀ကျော်ခန့်ရှိပြီး ကမ္ဘာကျော် ကွန်ဖူးသိုင်းပညာ စတင်ပေါ်ထွက်ခဲ့ရာ နေရာဖြစ်သည်။

👍1
မြန်မာအမျိုးသားလေကြောင်းလိုင်း ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ် အချိန်ပြောင်းလဲ ပြေးဆွဲမည်
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို ဇွန် ၃ ရက်မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့တို့တွင် အချိန်ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းလေကြောင်းလိုင်းအနေဖြင့် ခရီးစဉ်အချိန်များမှ လေယာဉ်ခရီးစဉ်အမှတ် UB-001 ဖြင့် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၅၅ မိနစ်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာမည်ဖြစ်ပြီး စင်ကာပူနိုင်ငံဒေသစံတော်ချိန် မွန်းလွဲ ၁၄ နာရီ ၂၅မိနစ်တွင် စင်ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ လေယာဉ်ခရီးစဉ်အမှတ် UB-002 ဖြင့် စင်ကာပူနိုင်ငံမှဒေသစံတော်ချိန် မွန်းလွဲ ၁၅ နာရီ ၂၅မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဒေသစံတော်ချိန် ညနေ ၁၆နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်ကို ဘိုးရင်း၇၃၇-၈၀၀ NG လေယာဉ်ဖြင့် အပတ်စဉ် ဗုဒ္ဒဟူး၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့ များတွင် ပျံသန်းပြေးဆွဲလျက်ရှိပြီး လာမည့် ဇွန် ၃ ရက်မှ စတင်ကာအပတ်စဉ် ဗုဒ္ဒဟူး၊ သောကြာနှင့်တနင်္ဂနွေနေ့များတွင် ခရီးစဉ်များအတိုင်း အချိန်ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ပြည်တွင်းရှိမြို့များအပြင် ပြည်ပနိုင်ငံများသို့
ပုံမှန်ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ-MNA
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

အာဆီယံခေါင်းဆောင်များနှင့် ရုရှားသမ္မတတို့ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များနှင့် ရုရှားသမ္မတ ပူတင်တို့၏ ထိပ်သီးညီလာခံကို ဇွန်လအတွင်း ရုရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက မေ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။
အာဆီယံနှင့် ရုရှားသမ္မတပူတင်တို့၏ ထိပ်သီးဆွေးနွေးပွဲကိုရုရှားနိုင်ငံကာဇန်မြို့၌ ဇွန် ၁၇ ရက်မှ ၁၈
ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ထိပ်သီးညီလာခံ တွင်အာဆီယံ ခေါင်းဆောင်များနှင့် ရုရှားသမ္မတပူတင်တို့သည် အာဆီယံနှင့်ရုရှားနိုင်ငံအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တိုးချဲ့နိုင်မည့်အလားအလာများကို ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်တွင် စတင်ခဲ့သော ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံအား ပြစ်တင်ရှုတ်ချထားသည့် ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက်ကိုထောက်ခံမဲပေးထားသော နိုင်ငံများဖြစ်သည်။
သို့ရာတွင် အာဆီယံအဖွဲ့အနေဖြင့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီးရုရှားနိုင်ငံအား ဆွေးနွေးပွဲ မိတ်ဖက်နိုင်ငံ အဖြစ် သတ်မှတ်ထားသည်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်အပါအဝင် အာဆီယံနိုင်ငံ အချို့သည် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် နိုင်ငံတကာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာပြီးနောက်ရုရှားရေနံစိမ်းများကို ဝယ်ယူတင်သွင်းလာရသလို ဝယ်ယူတင်သွင်းရန်လည်း စိတ်ဝင်စားလျက်ရှိသည်။
ရုရှားနိုင်ငံ ကာဇန်မြို့၌ ကျင်းပမည့် အာဆီယံ-ရုရှား ထိပ်သီးညီလာခံသို့ အာဆီယံခေါင်းဆောင်များအနက်စင်ကာပူဝန်ကြီးချုပ်လော့ရင့်စ်ဝေါင်တက်ရောက်ဖွယ်မရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံသည် ရုရှား၏ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချထားပြီး ရုရှားနိုင်ငံအပေါ်တွင်လည်း
အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားသည်။အလားတူ အာဆီယံ-ရုရှားထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံ
သမ္မတ ဦးမင်းအောင်လှိုင်လည်းတက်ရောက်နိုင်ဖွယ် မရှိကြောင်းသိရသည်။
မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများကို အကြောင်းပြု
၍ မြန်မာခေါင်းဆောင်များကိုအာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား ထိပ်သီးညီလာခံများအပါ
အဝင် အာဆီယံထိပ်သီးဆွေးနွေးပွဲများ၌ ပါဝင်ခွင့်ပိတ်ပင်ထားသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-အေပီ

လာအိုလိုဏ်ဂူအတွင်း ပျောက်ဆုံးနေသူများ ရှာဖွေမှု မိုးကြောင့် အခက်ကြုံ
လာအိုနိုင်ငံအလယ်ပိုင်း ဆေဆွမ်ဘွန်ပြည်နယ် လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသောလာအိုနိုင်ငံသား နှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးသမားများက မေ ၃၁ ရက်တွင် ဆက်လက်ရှာဖွေနေသော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခက်ကြုံနေရကြောင်း သိရသည်။
လာအိုကယ်ဆယ်ရေးသမားများနှင့် နိုင်ငံတကာကယ်ဆယ်ရေးသမားများသည် မေ ၂၉ရက်နှင့် ၃၀ ရက်တို့တွင် လိုဏ်ဂူအတွင်း ပိတ်မိနေသူ ခုနစ်ဦးအနက် ငါးဦးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သော်လည်း နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပျောက်ဆုံးနေသူ နှစ်ဦးကို ဆက်လက်ရှာဖွေရန် ကြိုးပမ်းနေသော်လည်းမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခက်အခဲများ ကြုံနေရကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားသည်။
လာအိုနိုင်ငံသား ခုနစ်ဦးသည် အဆိုပါလိုဏ်ဂူအတွင်းသို့ ရွှေ ရှာဖွေရန် ရည်ရွယ်ချက်ဖြင့်မေ ၂၀ ရက်တွင် စတင်ဝင် ရောက်ခဲ့ကြကြောင်းလာအိုမီဒီယာများ၏ အဆိုအရ သိရသည်။
သို့ရာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းတို့ ဝင်ရောက်ပြီးမကြာမီမှာပင်ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီး လိုဏ်ဂူဝင်ပေါက်ပိတ်ဆို့ခဲ့ရသည်။
ကယ်ထုတ်ရေးလုပ်ငန်းတွင် ထိုင်း၊ ဂျပန်၊ဖင်လန်၊ ဩစတြေးလျနှင့် မလေးရှားနိုင်ငံတို့မှကျွမ်းကျင်သူများလည်း ပါဝင်ခဲ့သည်။

ဒဗလျူအိတ်ခ်ျအို အကြီးအကဲ တက်ဒရော့စ်အီဘိုလာကူးစက်မှု ဗဟိုချက်သို့ သွားရောက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)အကြီးအကဲ တက်ဒရော့စ်အက်ဒ်ဟာနွန် ဂျီဘရီယေးဆပ်သည် မေ ၃၀ ရက်တွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု ကပ်ဘေးကို အပြင်းထန်ဆုံး ခံစားနေရသော ကွန်ဂိုနိုင်ငံ အိုင်တူရီပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံခဲ့ရပါက ဆေးဝါးကုသမှုများ ခံယူရန်၊ယင်းရောဂါကြောင့် ကွယ်လွန်သူများ အား ကျန်းမာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ မြှုပ်နှံသင်္ဂြိုဟ်ကြရန် ဒဗလျူအိတ်ခ်ျအိုအကြီးအကဲက ဒေသခံပြည်သူများကို တိုက်တွန်းခဲ့သည်။
လက်ရှိကွန်ဂိုနိုင်ငံ၌ ပေါ်ပေါက်နေသော အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကပ်ဘေးသည် ကွန်ဂိုနိုင်ငံအတွက် ၁၉၇၆ ခုနှစ် နောက်ပိုင်း (၁၇)ကြိမ်မြောက်ပေါ်ပေါက်ခဲ့သည့် အီဘိုလာဗိုင်းရပ်စ် ကပ်ဘေးဖြစ်ပြီးတတိယ အပြင်းထန်ဆုံးကပ်ဘေးလည်းဖြစ်သည်။
ကွန်ဂိုနိုင်ငံ၌ ကူးစက်နေသော ကြညိငဘကါပသ အီဘိုလာဗိုင်းရပ်စ် မျိုးကွဲအတွက် ကာကွယ်ဆေးလည်း မရှိသေးသလို သီးခြားကုထုံးများလည်း မရှိသေးသည့်တိုင် စောစောစီးစီး ကုသမှုခံယူပါက လူနာများအတွက် အကျိုးရှိနိုင်ကြောင်းဒဗလျူအိတ်ခ်ျအို အကြီးအကဲက ပြောကြားထားသည်။
နောက်ဆုံး ကိန်းဂဏန်းများအရ ကွန်ဂိုနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၂၃ ဦးအထိ ရှိလာပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူအဖြစ် သံသယရှိသူ လူနာအရေအတွက်မှာ ၉၀၆ ဦးအထိ ရှိကြောင်း သိရသည်။
ကွန်ဂို အီဘိုလာဗိုင်းရပ်စ် ကူးစက်ရောဂါအတွက် ဒဗလျူအိတ်ခ်ျအိုကယခုလအစောပိုင်းတွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကို ယခုလအတွင်း ကြေညာခဲ့ပြီးဖြစ်သည်။