The Standard Time Digital
249 subscribers
590 photos
21 videos
89 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
ရေကြီးနေသော လာအို လိုဏ်ဂူအတွင်းမှ လူတစ်ဦးကို စတင်ကယ်ထုတ်နိုင်
လာအိုနိုင်ငံအလယ်ပိုင်းတွင် ရေကြီးနေသော လိုဏ်ဂူအတွင်းမှ လူတစ်ယောက်ကို ကယ်ထုတ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် ရေငုပ်ကျွမ်းကျင်သူအဖွဲ့က ယမန်နေ့တွင် ပြောကြားပြီး ဂူထဲတွင် လူ လေးဦး ဆက်လက်ပိတ်မိနေသေး‌သည်။
နိုင်ငံအလယ်ပိုင်း ဆိုင်ဆွန်ဘွန်းပြည်နယ်တွင် ရွှေကျင်ရန် လာအိုနိုင်ငံသား ၇ ဦး ပြီးခဲ့သည့် သီတင်းပတ်က ဂူထဲသို့ ဝင်သွားပြီး မြေပြိုမှုတစ်ခုကြောင့် ၎င်းတို့၏ ထွက်လမ်း ပိတ်သွားခဲ့ကာ ဂူထဲတွင် ပိတ်မိနေသည်မှာ သီတင်းတစ်ပတ်ကျော်ပြီ ဖြစ်သည်။
ရွှံ့များပေးကျံနေပြီး ခေါင်းစွပ်မီးတပ်ဆင်ထားသူ တစ်ဦးကို ကယ်ဆယ်ရေးသမားများက ကျဉ်းမြောင်းသော ဂူအပေါက်တစ်ခုမှ ထွက်နိုင်ရန် လမ်းညွှန်နေသည်ကို ဗီဒီယိုများတွင် မြင်တွေ့ရသော်လည်း လွတ်လပ်စွာ အတည်မပြုနိုင်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
ကျဉ်းမြောင်းသော လမ်းကြောင်းမှတစ်ဆင့် ၎င်းအား ဘေးကင်းရာသို့ ကယ်ထုတ်ရန် ၃၇ မိနစ် ကြာမြင့်ကြောင်း ကျွမ်းကျင်သူများအဖွဲ့ က ဖေ့စ်ဘွတ်ခ်တွင် ပြောသည်။
ဂူထဲတွင် ပိတ်မိနေသူများအား ကယ်ဆယ်ရန် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကာ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန် ၊ ထိုင်း နှင့် ဩစတြေးလျနိုင်ငံမှ ကျွမ်းကျင်သူများလည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဖေ့စ်ဘွတ်ခ်တွင် ဆက်လက်ပြောကြားသည်။
ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြစဉ် ဂူထဲတွင် အသက်ရှင်လျက် တွေ့ရှိထားသူများ၏ ကျန်းမာရေးအခြေအနေ ဆုတ်ယုတ်လာခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်နေသာ ထိုင်းနိုင်ငံသား ရေငုပ်ကျွမ်းကျင်သူ ကန်းကာ့ဒ်ဘွန်ကာဝမ်က ဖေ့စ်ဘွတ်ခ်တွင် ပြောသည်။
ကယ်ဆယ်ရေး လုပ်ဆောင်ရသည်မှာ အလွန်ခက်ခဲကြောင်း ပိတ်မိနေသူများကို ကျဉ်းမြောင်းသော နေရာလေးတွင် မီတာ‌ပေါင်းရာနှင့်ချီ၍ ဖြတ်သန်းခိုင်းရပြီး ‌ရေငုပ်ရန်လည်း လိုအပ်ကြောင်း ဘွန်ကာဝမ်က ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း
SpaceX နှင့် ယှဉ်ပြိုင်နေသော Blue Origin ဒုံးပျံ ပစ်လွှတ်စင်ပေါ်မှာပင် ပေါက်ကွဲ
လူလိုက်ပါခြင်း မရှိသော Blue Origin ကုမ္ပဏီ၏ New Glenn ဒုံးပျံသည် ဖလော်ရီဒါပြည်နယ်မှ ပစ်လွှတ်စင်ပေါ်မှာပင် ကြာသပတေးနေ့က ပေါက်ကွဲသွားခဲ့ပြီး အီလွန်မာ့စ်၏ ရှယ်ယာများထုတ်ရောင်းတော့မည့် SpaceX နှင့် ကွာဟမှုကျဉ်းမြောင်းရန် ကြိုးစားနေသော ဂျက်ဖ်ဘီးဇော့၏ အာကာသလုပ်ငန်းအတွက် ကြီးမားသောရိုက်ချက် တစ်ခုဖြစ်သွားခဲ့သည်။
New Glenn ဒုံးပျံကို စက်နှိုးလိုက်ပြီးနောက် မကြာမီ ပေါက်ကွဲမှုဖြစ်ကာ ကြီးမားသော မီးတောက်ကြီးထွက်ပေါ်၍ မီးခိုးလုံးများ တက်လာသည်ကို လွှတ်တင်မှုကို တိုက်ရိုက် ရိုက်ကူးပြသနေသော NASASpaceflight ရုပ်သံ၌ မြင်တွေ့ရသည်။
ဂျက်ဖ်ဘီးဇော့၏ Blue Origin ကုမ္ပဏီသည် အဆိုပါ ဒုံးပျံကို ‌လေးကြိမ်မြောက် ပစ်လွှတ်ရန်ကြိုးစားနေခြင်းဖြစ်ကာ ၎င်းဒုံးပျံသည် လကမ္ဘာပေါ်၌ စူးစမ်းရှာဖွေမှုများ လုပ်ဆောင်ရန် နာဆာ၏ Artemis အစီအစဉ်တွင် လပေါ်ဆင်းသက်မည့်ယာဉ်များ နှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရန် အဓိကနေရာမှ ပါဝင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြေပြင်မှာပင် ပြင်ဆင်ထားစဉ် ဒုံးပျံအင်ဂျင်အား စက်နှိုးလိုက်ချိန်တွင် မူမမှန်မှု ကြုံတွေ့ခဲ့ရသည်ဟု Blue Origin က အတည်ပြုခဲ့သည်။
“အလွန်ခက်ခဲတဲ့ နေ့တစ်နေ့ပါ။ ပြန်တည်ဆောက်ရမှာတွေကို ကျွန်တော်တို့ ပြန်တည်ဆောက်ပြီး ထပ်ပြီး ပျံသန်းကြပါမယ်။ တန်ပါတယ်” ဟု Blue Origin ပိုင်ရှင် ဘီလျံနာသူဌေးကြီး ဂျက်ဖ်ဘီးဇော့က X လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။
ဒုံးပျံပေါက်ကွဲရသည့် အကြောင်းရင်းကို သိရန် အချိန်စောလွန်းနေသေးကြောင်းလည်း ၎င်းက ဆက်ပြော သည်။
ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရာတွင် ကူညီပံ့ပိုးပေးရန် အမေရိကန်အာကာသ အေဂျင်စီ နာဆာ က Blue Origin နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာဆာ စီမံခန့်ခွဲရေးအရာရှိ ဂျာရက်အိုင်ဆက်မန်းက ပြောကြားသည်။
“တော်တော် ကံမကောင်းတာပါပဲ။ ဒုံးပျံတွေက ခက်ခဲပါတယ်” ဟု ပြိုင်ဘက် Blue Origin ၏ ဒုံးပျံ ပေါက်ကွဲမှုနှင့်ပတ်သက်၍ အီလွန်မာ့စ်က X လူမှုကွန်ရက်ပေါ်တွင် တုံ့ပြန်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
ရေကြီးနေသော လာအို လိုဏ်ဂူအတွင်းမှ လူတစ်ဦးကို စတင်ကယ်ထုတ်နိုင်
လာအိုနိုင်ငံအလယ်ပိုင်းတွင် ရေကြီးနေသော လိုဏ်ဂူအတွင်းမှ လူတစ်ယောက်ကို ကယ်ထုတ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် ရေငုပ်ကျွမ်းကျင်သူအဖွဲ့က ယမန်နေ့တွင် ပြောကြားပြီး ဂူထဲတွင် လူ လေးဦး ဆက်လက်ပိတ်မိနေသေး‌သည်။
နိုင်ငံအလယ်ပိုင်း ဆိုင်ဆွန်ဘွန်းပြည်နယ်တွင် ရွှေကျင်ရန် လာအိုနိုင်ငံသား ၇ ဦး ပြီးခဲ့သည့် သီတင်းပတ်က ဂူထဲသို့ ဝင်သွားပြီး မြေပြိုမှုတစ်ခုကြောင့် ၎င်းတို့၏ ထွက်လမ်း ပိတ်သွားခဲ့ကာ ဂူထဲတွင် ပိတ်မိနေသည်မှာ သီတင်းတစ်ပတ်ကျော်ပြီ ဖြစ်သည်။
ရွှံ့များပေးကျံနေပြီး ခေါင်းစွပ်မီးတပ်ဆင်ထားသူ တစ်ဦးကို ကယ်ဆယ်ရေးသမားများက ကျဉ်းမြောင်းသော ဂူအပေါက်တစ်ခုမှ ထွက်နိုင်ရန် လမ်းညွှန်နေသည်ကို ဗီဒီယိုများတွင် မြင်တွေ့ရသော်လည်း လွတ်လပ်စွာ အတည်မပြုနိုင်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
ကျဉ်းမြောင်းသော လမ်းကြောင်းမှတစ်ဆင့် ၎င်းအား ဘေးကင်းရာသို့ ကယ်ထုတ်ရန် ၃၇ မိနစ် ကြာမြင့်ကြောင်း ကျွမ်းကျင်သူများအဖွဲ့ က ဖေ့စ်ဘွတ်ခ်တွင် ပြောသည်။
ဂူထဲတွင် ပိတ်မိနေသူများအား ကယ်ဆယ်ရန် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကာ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန် ၊ ထိုင်း နှင့် ဩစတြေးလျနိုင်ငံမှ ကျွမ်းကျင်သူများလည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဖေ့စ်ဘွတ်ခ်တွင် ဆက်လက်ပြောကြားသည်။
ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြစဉ် ဂူထဲတွင် အသက်ရှင်လျက် တွေ့ရှိထားသူများ၏ ကျန်းမာရေးအခြေအနေ ဆုတ်ယုတ်လာခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်နေသာ ထိုင်းနိုင်ငံသား ရေငုပ်ကျွမ်းကျင်သူ ကန်းကာ့ဒ်ဘွန်ကာဝမ်က ဖေ့စ်ဘွတ်ခ်တွင် ပြောသည်။
ကယ်ဆယ်ရေး လုပ်ဆောင်ရသည်မှာ အလွန်ခက်ခဲကြောင်း ပိတ်မိနေသူများကို ကျဉ်းမြောင်းသော နေရာလေးတွင် မီတာ‌ပေါင်းရာနှင့်ချီ၍ ဖြတ်သန်းခိုင်းရပြီး ‌ရေငုပ်ရန်လည်း လိုအပ်ကြောင်း ဘွန်ကာဝမ်က ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း
ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား၁၀၀ ကျော်ကို ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်
ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၁၀၀ကျော်ကို မေ ၂၉ ရက်တွင် ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက်ရနောင်း ထိန်းသိမ်းရေးစခန်းတွင်ထိန်းသိမ်း ထားသော မြန်မာနိုင်ငံသားအမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၁၇ ဦးစုစုပေါင်း ၁၀၈ ဦးနှင့်အတူ ကလေးငယ် သုံးဦးကို ပြန်လွှဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ကိုးကြိမ်မြောက်ဖြစ်ပြီး ပြန်လည်လွှဲပြောင်းခံရသူ မြန်မာနိုင်ငံသား ၇၆၅ ဦးအထိ ရှိလာပြီဖြစ်ကာ ဇန်နဝါရီလတွင်နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦးနှင့် ဖေဖော်ဝါရီလတွင် နှစ်ကြိမ် ၁၂၈ ဦး၊မတ်လတွင် နှစ်ကြိမ် ၁၉၃ ဦး၊ ဧပြီလတွင် ၇၈ ဦး၊ မေလတွင် နှစ်ကြိမ် ၁၉၈ ဦးနေရပ်ပြန်ပို့ ပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရမှု၁၆ ကြိမ်ရှိခဲ့ပြီး စုစုပေါင်း ၂၀၇၂ ဦးအထိ ရှိခဲ့ကာ ၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းမှုအကြိမ်ရေ စုစုပေါင်း ၁၄ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို လွှဲပြောင်းခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- ထိုင်းလဝက
#ပြည်တွင်းသတင်း
လာအိုလိုဏ်ဂူအတွင်း ပိတ်မိနေသူများအနက် ငါးဦးကိုအောင်မြင်စွာ ကယ်ထုတ်
လာအိုနိုင်ငံအလယ်ပိုင်း ဆေဆွမ်ဘွန်းပြည်နယ်လိုဏ်ဂူတစ်ခုအတွင်းရေလွှမ်းမိုးမှုကြောင့် ပိတ်မိနေသူများအနက် ငါးဦးကို ရေငုပ်ကယ်ဆယ်ရေးသမားများက မေ ၂၉ ရက်နှင့် မေ ၃၀ ရက်တို့တွင် အောင်မြင်စွာ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လိုဏ်ဂူအတွင်း ၁၀ ရက်ကြာ ပိတ်မိနေသူ ခုနစ်ဦးအနက် ငါးဦးကိုအသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်ရက်အကြာတွင် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ရေငုပ် ကယ်ဆယ်ရေးသမားများအနေဖြင့် ပျောက်ဆုံးနေသူနှစ်ဦးကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ရေငုပ်ကယ်ဆယ်ရေးသမားများသည် အသက်ရှင်လျက်တွေ့ရှိထားသူ
ငါးဦးအနက် ပထမဆုံးတစ်ဦးကို မေ ၂၉ ရက်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်လေးဦးကို မေ ၃၀ ရက်တွင် ဆက်လက်ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လာအိုလိုဏ်ဂူအတွင်း ပိတ်မိနေသူများအား ကယ်ထုတ်ရေးအတွက်ကြိုးပမ်းရာတွင် လာအို ကယ်ဆယ်ရေး သမားများနှင့်အတူ ထိုင်း၊ ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပြင်သစ်နှင့် ဩစတြေးလျနိုင်ငံတို့မှ ကျွမ်းကျင် သူများလည်းပါဝင်ကူညီလျက်ရှိသည်။
လာအိုနိုင်ငံသား ခုနစ်ဦးတို့သည် အဖိုးတန်သတ္တုများတူးဖော်ရန် ရည်ရွယ်ချက်ဖြင့် လိုဏ်ဂူအတွင်းသို့ မေ ၂၀ ရက်တွင် စတင်ဝင်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ၎င်းတို့ဝင်ရောက်ခဲ့ပြီး မကြာမီမှာပင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရုတ်တရက် ရေလွှမ်းမိုး မှုများဖြစ်ပွားခဲ့ပြီး လိုဏ်ဂူဝင်ပေါက် ရေမြုပ်ပိတ်ဆို့ခဲ့ရသည်။
ကယ်ဆယ်ရေးသမားများအနေဖြင့် ရေနစ်မြုပ်နေသော လိုဏ်ဂူလမ်းကြောင်းများအတိုင်း ရေငုပ် ဝင်ရောက်ခဲ့ပြီးနောက် ရေလွတ်ရာနေရာတစ်ခု၌အခြေပြု၍ ပိတ်မိနေသည့် လာအိုနိုင်ငံသားများကို ကယ်ထုတ်ရန် ကြိုးပမ်းခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းခွင်၌ ပါဝင်ကူညီနေသူများထဲတွင်၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း သမ်လောင်လိုဏ်ဂူ ကွန်ရက်အတွင်း ပိတ်မိခဲ့သော ကျောင်းသား ၁၂ ဦးအနက် ဘောလုံးနည်းပြတစ်ဦး
တို့ကို အောင်မြင်စွာ ကယ်ထုတ်ပေးခဲ့သည့် ရေငုပ်သမားများလည်း ပါဝင်သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
အီရန်သဘောတူညီချက် အတည်ပြုရန် သင့် ၊ မသင့် မကြာမီ ဆုံးဖြတ်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် ပြောကြား
အီရန်နှင့်ရယူထားသော အပစ်အခတ်ရပ်စဲရေးကို သက်တမ်းထပ်တိုးပေးထားသည့် အဆိုပြု
သဘောတူညီချက်တစ်ရပ်နှင့် ပတ်သက်၍ မိမိအနေဖြင့် မကြာမီကာလအတွင်း အဆုံးအဖြတ်ပေး မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အီရန်နျူကလီးယားအစီအစဉ်ကဲ့သို့ ပြဿနာများတွင် သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည့်တိုင် မေ ၈ ရက်တွင် ရယူထားသော အပစ်အခတ်ရပ်စဲရေးကို သက်တမ်းထပ်တိုးပေးထားသည့် အဆိုပြု သဘောတူညီ ချက်တစ်ရပ်အား ရယူရန် အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့က ယာယီအားဖြင့်သဘောတူထားသည်။
ယင်းသဘောတူညီချက်နှင့် ပတ်သက်၍အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက်မကြာမီကာလအတွင်း အိမ်ဖြူတော်၌ အစည်းအဝေးတစ်ရပ် ခေါ်ယူမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ယာယီအားဖြင့် ရယူထားရန် အမေရိကန်နှင့်အီရန်တို့ သဘောတူထားသော အဆိုပြုချက် သဘောတူ ညီချက်သစ်တွင် ဧပြီ ၈ ရက်တွင် ရယူခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀သက်တမ်း ထပ်တိုးပေးခြင်းဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရေး ဆွေးနွေးပွဲများအတွက်အချိန်ပေးရန် အဆိုပြုထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ကွန်ဂို၌ အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂၂၃ ဦးအထိ ရှိလာ
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၂၃ ဦးအထိရှိလာပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရသူအဖြစ်သံသယရှိရသူ လူနာအရေအတွက်မှာလည်း ၉၀၆ ဦးအထိရှိလာကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က မေ ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းအရဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀ ဦးလျှင် ငါးဦးအထိ သေဆုံးနေသည့်သဘောဖြစ်ကြောင်း ဒဗလျူအိတ်ခ်ျအို ကျွမ်းကျင်သူများက ပြောကြားထားသည်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း၌လက်ရှိပေါ်ပေါက်နေသည့် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ပြဿနာသည်
လွန်ခဲ့သည့် နှစ်လလောက်ကပင်စတင်ခဲ့ဖွယ်ရှိကြောင်း ဒဗလျူအိတ်ခ်ျအိုက ပြောကြားထားသည်။
ကွန်ဂိုနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ မြင့်မားနေသည့်တိုင် စောစောစီးစီး ကုသမှုပေးနိုင်ခဲ့ပါက အသက်ဆုံးပါးမှုနှုန်းကို လျှော့ချပေးနိုင်မည့်အလားအလာရှိကြောင်း ဒဗလျူ
အိတ်ခ်ျအို ကျွမ်းကျင်သူများက ပြောကြားထားသည်။
ဒဗလျူအိတ်ခ်ျအိုသည် ကွန်ဂိုနိုင်ငံ၌ လက်ရှိပေါ်ပေါက်နေသောအီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကပ်ဘေးအတွက် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ယခုလအစောပိုင်းတွင် ကြေညာထားပြီး ဖြစ်သည်။
ကွန်ဂိုနိုင်ငံ၌ လက်ရှိကူးစက်နေသော အီဘိုလာဗိုင်းရပ်စ် အမျိုးအစားမှာ ကြညိငဘကါပသ မျိုးကွဲဖြစ်ပြီးကာကွယ်ဆေးနှင့် သီးခြားကုထုံးများမရှိသေးကြောင်း ဒဗလျူအိတ်ခ်ျအိုတာဝန်ရှိသူများက ပြောကြားထား သည်။
ကွန်ဂို၏ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်လည်း အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် ခုနစ်မှုကို အတည်ပြုထားနိုင်သော်လည်း လူအများအကြား ကူးစက်မှုမျိုး မရှိသေးကြောင်း ဒဗလျူအိတ်ခ်ျအို၏ အဆိုအရ သိရသည်။
အီဘိုလာဗိုင်းရပ်စ်သည် လူ့ကိုယ်တွင်းမှ အရည်များနှင့် တိုက်ရိုက်ထိတွေ့ရာမှတစ်ဆင့် လူတစ်ဦး
နှင့် တစ်ဦး ကူးစက်နိုင်သော ဗိုင်းရပ်စ်ဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ရှောင်လင်ကျောင်းထိုင်ဆရာတော်ဟောင်းကိုလာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ်ချမှတ်
ကမ္ဘာကျော် ရှောင်လင်ကျောင်း၏ ကျောင်းထိုင်ဆရာတော်ဟောင်းရှီယောင်ရှင်းကို ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့်ထောင်ဒဏ် ၂၄ နှစ်နှင့် ငွေဒဏ် ယွမ်ငွေ ၃ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ၅၁၇၀၀၀) ချမှတ်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာများက မေ ၂၉ ရက်တွင်
သတင်းထုတ်ပြန်ထားသည်။
အသက် (၆၀) အရွယ် ရှောင်လင်ကျောင်းထိုင်ဆရာတော်ဟောင်းရှီယောင်ရှင်းကို တရုတ်အစိုးရ အာဏာပိုင် များက အဂတိလိုက်စားမှုဖြင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ပြီး ယခုနှစ် မတ်လတွင်ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု၊ လာဘ်ပေးလာဘ်ယူမှု အပါအဝင် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခဲ့သည်။
ဆရာတော်ရှီယောင်ရှင်းသည် ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုများ ပြုလုပ်ရေး၊ လာဘ်ပေးလက်ယူမှုများ ပြုလုပ်ရေးတို့အတွက် ရှောင်လင်ကျောင်းထိုင်ဆရာတော် ရာထူးနေရာကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး နှစ်ပေါင်း ၃၀ နီးပါးအတွင်းတန်ဖိုးအားဖြင့် ယွမ်ငွေ သန်း ၃၀၀ ခန့်ကို လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခဲ့ကြောင်း ဟီနန်ပြည်နယ်တရားရုံးက ကြေညာချက်ထုတ်ပြန်ထားသည်။
ဟီနန်ပြည်နယ်၌ တည်ရှိသော ရှောင်လင်ကျောင်းတော်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၃၀ကျော်ခန့်ရှိပြီး ကမ္ဘာကျော် ကွန်ဖူးသိုင်းပညာ စတင်ပေါ်ထွက်ခဲ့ရာ နေရာဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း