◾️လက်ဘနွန်တောင်ပိုင်းတစ်ခုလုံးနီးပါးကို စစ်နယ်မြေအဖြစ် အစ္စရေး ကြေညာ
လက်ဘနွန်နိုင်ငံ ဇာရာနီမြစ်၏ တောင်ဘက် နယ်မြေအားလုံးကို စစ်နယ်မြေအဖြစ်အစ္စရေးစစ်ဘက်က မေ ၂၇ ရက်တွင် သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ ဇာရာနီမြစ် တောင်ပိုင်းဒေသရှိဒေသခံများအနေဖြင့် ဟစ်ဇ်ဘိုလာအုပ်စုချေမှုန်းရေးထိုးစစ်များ မစတင်မီ ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် အစ္စရေးစစ်ဘက်က တိုက်တွန်းထားသည်။
ဇာရာနီမြစ်သည် အစ္စရေးနှင့် လက်ဘနွန်နယ်စပ် ကီလိုမီတာ ၄၀ (၂၅ မိုင်) ခန့် အကွာတွင်စီးဆင်းနေသော မြစ်ဖြစ်သည်။
ဇာရာနီမြစ်တောင်ပိုင်း နယ်မြေတစ်ခုလုံးကို စစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ရာယင်းဒေသရှိ အများပြည်သူများအနေဖြင့် မြစ်၏မြောက်ဘက် သို့ ရွှေ့ပြောင်းကြရမည်ဖြစ်ကြောင်းအစ္စရေးစစ်ဘက် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုက အီရန်စစ်ပွဲကို တုံ့ပြန်သည့်အနေဖြင့် ယခုနှစ်မတ်လအတွင်း အစ္စရေးနိုင်ငံကို ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ရာ အစ္စရေးစစ်ဘက်ကလည်း လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကိုတိုက်ခိုက်ခဲ့သည်။
သို့ရာတွင် အမေရိကန်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံတို့သည် ယခုနှစ် ဧပြီ ၁၇ ရက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ် ရယူထားသည်။
ကိုးကား-ရိုက်တာ

◾️ရန်ကုန်၌ ဒီဇယ်ဆီစျေးများပြန်တက်
ရန်ကုန်မြို့ရှိ ဒီဇယ်စက်သုံးဆီစျေးနှုန်း ယနေ့(မေ ၂၉ ရက်) တွင် အနည်းငယ် ပြန်တက်လာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် 92 နှင့် 95 စက်သုံးဆီစျေးနှုန်များမှာမူ အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါကော်မတီ၏ဈေးနှုန်းများအရ ယနေ့(မေ ၂၂ ရက်) ရန်ကုန်၌ 92 တစ်လီတာလျှင် ၄၅၅၀ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၅၉၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၅၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့(မေ ၂၈ ရက်) အထိ စျေးနှုန်းများအရ 92 တစ်လီတာလျှင် ၄၅၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၅၀ ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာ ၄၄၆၀ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာ ၅၄၈၅ ကျပ်ဖြစ်သည်။
ထို့ကြောင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၅ ကျပ် စျေးတက်လာခဲ့သည်။
သို့သော် 92 တစ်လီတာလျှင် ၃၅ ကျပ် စျေးကျခဲ့ပြီး 95 တစ်လီတာလျှင် ၃၀ ကျပ် စျေးကျသွားကြောင်း သိရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-MOI

◾️နှစ် ၂၀ ကျော်သက်တမ်းရှိယာဥ်များ ပြန်အပ်ပြီး EV ကားတင်သွင်းရမည်
ထုတ်လုပ်သည့် ခုနှစ်မှ သက်တမ်း ၂၀ ကျော်သည့် ယာဥ်များ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး သင့်လျော်သည့် လျှပ်စစ်သုံးယာဥ်(EV) များ အစားထိုးတင်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးကြေညာသည်။
သက်တမ်းကြာမြင့်၍ အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များအား ပယ်ဖျက်အပ်နှံပြီး လျှပ်စစ် သုံးယာဉ် (EV) များဖြင့် အစားထိုးတင်သွင်းနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ထိုသို့ အပ်နှံရာတွင် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ်ကျော်လွန်သည့် ယာဉ်များ၊ ပြင်ဆင်၍ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ခြင်းမရှိသည့် ယာဉ်များနှင့် သက်တမ်း ၂၀ နှစ်မကျော်သော်လည်း မိမိဆန္ဒ အရ အပ်နှံလိုသည့် ယာဉ်များကို အပ်နှံနိုင်ကြောင်း ဖော်ပြထားသည်။
"နှစ် ၂၀ ကျော်ကားတွေ အပ်ရမယ်ဆိုတော့ ရန်ကုန်မှာ မနည်းဘူးလေ။ ပြီးတော့ ကားကောင်းတွေ အများ ကြီးရှိသေးတယ်။ ကြေညာချက်က နှစ် ၂၀ ကျော်ရင် အပ်ကို အပ်ရမှာလား။ မအပ်ဘဲနဲ့ကော ဆက်အသုံးပြု လို့ရလား ဆိုတာ သေချာ မဖော်ပြထားတော့ နောက်ပိုင်း ကညန နဲ့ရှင်းဆိုတဲ့ပုံစံမျိုးပေါ့။ အခုဆို EV ကား တွေဖြစ်တဲ့ ပြဿနာတွေအများကြီး။ ဒါတွေကို အရင်မရှင်းနိုင်ဘဲ EV ပဲ ထပ်သွင်းဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူးလေ" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ်ထောက် ခံချက်ပုံစံ (ဃ) ကို တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သည့် EV ယာဉ်တစ်စီး အား အမျိုးသားအဆင့်လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့သို့ EV ယာဉ်တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားငွေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့် သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-CJ

ဇွန်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်နှင့် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဇွန်လအတွင်း လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မေ ၂၉ ရက်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မေ ၂၉ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည့် ဇွန်လအတွက် မိုးလေ၀သ ခန့်မှန်းချက်တွင် ယင်းကဲ့သို့ ဖော်ပြ ထားခြင်း ဖြစ်ပြီးအနောက်တောင်မုတ်သုံလေမှာ ဇွန်လ ၁ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးကို ဝင်ရောက်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအတင့်အသင့်မှ အားကောင်း နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန် ထားသည်။
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှတိမ်ထူထပ်နေကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနိုင်ပြီး နေပြည်တော် ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် မိုးအသင့်အတင့် နှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-မိုး/ဇလ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဗဟိုဘဏ်များအကြား MoU ရေးထိုး
ငွေကြေးမူဝါဒ ဘဏ်လုပ်ငန်းစနစ်များပူးပေါင်းဆောင်ရွက်မည့်အပြင် သတင်းအချက်အလက်များဖလှယ်ရန် မေ ၂၈ ရက်က မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါနားလည်မှု စာချွန်လွှာကြောင့် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် သတင်းအချက်အလက်များ ဖလှယ်ရန်၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မည့်နှစ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ကူညီထောက်ပံ့ပေးရေးအပြင် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံအကြား ငွေကြေးမူဝါဒများ၊ မေခရိုစီးပွားရေးဆိုင်ရာ မူဝါဒများ၊ ဘဏ်လုပ်ငန်းစနစ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ သဘောထားအမြင်များဖလှယ်မည်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းပြီး စွမ်းဆောင် ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများကိုလည်း ပူးတွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV တို့ ရှေ့မှောက်တွင် နှစ်ဖက် တာဝန်ရှိသူများကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-အာကာနွေ

ကိယက်ဗ်မြို့ကို ထပ်မတိုက်ရန် အမေရိကန်တောင်းဆိုမှု ရုရှားနိုင်ငံငြင်းပယ်
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့အား အော်ရက်ရှ်နစ် ဒုံးကျည်စနစ်ဖြင့် ရုရှားနိုင်ငံက တိုက်ခိုက်ခဲ့မှုကို အမေရိကန်ပြည်ထောင်စုက မေ ၂၈ ရက်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြင်းထန်စွာဝေဖန်ခဲ့ပြီးကိယက်ဗ်မြို့တော်အား ထပ်မံတိုက်ခိုက်မည့်အစီအစဉ်ကို ပယ်ဖျက်ရန် တ်ိုက်တွန်းခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် လူးဟန့်စ်ဒေသရှိ ကျောင်းသားဘော်ဒါဆောင်တစ်ခုတိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အ နေဖြင့် မေ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံကိယက်ဗ်မြို့ကို အော်ရက်ရှ်နစ် အသံထက်မြန်နှုန်းလွန် ဒုံးကျည်အပါအဝင်မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များဖြင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။
ယင်းအပြင် ကိယက်ဗ်မြို့တော်ကို လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ထပ်မံပြုလုပ်ရန် ရည်ရွယ်ထားရာ ပြည်ပသံတမန်များအနေဖြင့် ကိယက်ဗ်မြို့မှ ထွက်ခွာပေးထားရန် ရုရှားနိုင်ငံက တောင်းဆိုထားသည်။
ကိယက်ဗ်မြို့ကို အော်ရက်ရှ်နစ်ဒုံးကျည်စနစ်ဖြင့် တိုက်ခိုက်မှုမှာ အန္တရာယ်များပြီး ကြမ်းကြုတ်သည့် တိုက်ခိုက်မှုမျိုးတစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်ဒုတိယသံအမတ်ကြီး တမ်မီဘရုစ်က မေ ၂၈ ရက် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောကြားထားသည်။
ယင်းအပြင် အရပ်သားများ ပိုမိုထိခိုက်သေဆုံးနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေမည့် တိုက်ခိုက်မှုမျိုး ကိယက်ဗ်မြို့တော်အား ထပ်မံမလုပ်ဆောင်ရန် အမေရိကန်ဒုတိယသံအမတ်ကြီးက ရုရှားကိုတောင်းဆိုခဲ့သည်။
သို့ရာတွင် အထက်ပါတောင်းဆိုချက်ကို ရုရှားနိုင်ငံက ငြင်းပယ်ခဲ့ပြီးကိယက်ဗ်မြို့တော်အတွင်းရှိ ပြည်ပ သံတမန်များ ထွက်ခွာပေးကြရန်သာ ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့်ဆက်ဆံရေး အစ္စရေးဖြတ်တောက်မည်
အစ္စရေးနိုင်ငံအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် အဆက်အဆံ အားလုံးဖြတ်တောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးက မေ ၂၈ ရက်တွင် ကြေညာလိုက်သည်။
ကုလသမဂ္ဂနှစ်စဉ်အစီရင်ခံစာတစ်ရပ်တွင် စစ်မြေပြင်၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်မှုဖြင့် အစ္စရေးနိုင်ငံကို နာမည်ပျက်စာရင်းထည့်သွင်းခဲ့ပြီးနောက် ကုလအကြီးအကဲနှင့် အဆက်အဆံအားလုံး ဖြတ်တောက်မည်ဖြစ်ကြောင်း အစ္စရေးကကြေညာခဲ့ခြင်းဖြစ်သည်။
စစ်မြေပြင်၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်လက်နက်အဖြစ်အစ္စရေးနိုင်ငံက အသုံးချနေသည် ဟူသောစွပ်စွဲချက်မှာ မိမိတို့အတွက် လုံး၀လက်သင့်ခံနိုင်ဖွယ်မရှိသော စွပ်စွဲချက်ဖြစ်ကြောင်း အစ္စရေးသံအမတ်ကြီး ဒန်နီဒါနွန်က ပြောကြားထားသည်။
သို့ဖြစ်ရာ မိမိတို့အနေဖြင့် ကုလသမဂ္ဂအကြီးအကဲအဖြစ် အန်တိုနီယိုဂူတာရက်စ်တာဝန်ရ ယူထားစဉ် အတွင်း အစ္စရေးနှင့် အတွင်းရေးမှူးချုပ်ရုံးတို့အကြား ဆက်ဆံရေးကိုဖြတ်တောက်မည်ဖြစ်ကြောင်း ဒန်နီဒါနွန်က ပြောကြားခဲ့သည်။
မေ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော စာမျက်နှာ ၃၅ မျက်နှာပါ အစီရင်ခံစာတွင် ကုလသမဂ္ဂက အစ္စရေးနှင့် ရုရှားတို့ကို စစ်မြေပြင်၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူနိုင်ငံများစာရင်းတွင် ထည့်သွင်းထား ကြောင်း သိရသည်။

နာမည်ပျက်စာရင်းမှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း ၇၀ ကျော်ကို အမေရိကန်ဖယ်ထုတ်
နာမည်ပျက်စာရင်းဖြင့် အရေးယူပိတ်ဆို့ခံထားရသူများစာရင်းမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအမည်ပေါင်း ၇၆ ခုကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မေ ၂၈ ရက်တွင် ဖယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
နာမည်ပျက်စာရင်းဝင် အရေးယူပိတ်ဆို့ခံထားရသူများစာရင်းမှ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ဖယ်ထုတ်ပေးခဲ့သော အထက်ပါလူပုဂ္ဂိုလ်များအနက် ထက်ဝက်ကျော်တို့မှာ ကွယ်လွန်ခဲ့သူများဖြစ်ကြ ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကနာမည်ပျက်စာရင်းဝင် အရေးယူပိတ်ဆို့ခံထားရသူများစာရင်းမှ ဖယ်ထုတ်ပေးခံထားရသူလူပုဂ္ဂိုလ်များထဲတွင် ကွယ်လွန်ခဲ့ပြီးဖြစ်သည့် လူပုဂ္ဂိုလ် ၃၉ဦးပါဝင်ကြောင်း သိရသည်။
ယင်းအပြင် အထက်ပါစာရင်းမှ ဖယ်ထုတ်ခံခဲ့ရသော အဖွဲ့အစည်းများစာရင်းတွင်လည်း ဖျက်သိမ်းပြီး ကုမ္ပဏီ ၁၃ ခုနှင့် ခုတ်မောင်းပြေးဆွဲခြင်းမရှိတော့သည့် သင်္ဘော ၁၄ စင်းတို့လည်း ပါဝင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနတာဝန်ရှိသူများက ပြောကြားသည်။
နာမည်ပျက်စာရင်းဝင် အရေးယူပိတ်ဆို့ခံထားရသူများစာရင်းမှ သေဆုံးသူများ၊ ဖျက်သိမ်းပြီးကုမ္ပဏီများ အား ပယ်ဖျက်ပေးခြင်းဖြင့် ပိုမိုအရေးကြီးသည့် ပစ်မှတ်များကို ပိုမိုအာရုံပြုအရေးယူနိုင်မည်ဖြစ်သည်။
နာမည်ပျက်စာရင်းဝင် အရေးယူပိတ်ဆို့ခံထားရသူများစာရင်းမှ ဖယ်ထုတ်ပေးခံထားရသူများထဲတွင် ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ မြန်မာ၊မက္ကဆီကို၊ ရုရှားနှင့် ဆီးရီးယားကဲ့သို့ နိုင်ငံများမှနိုင်ငံသားများလည်း ပါဝင်သည်။

ရေကြီးနေသော လာအို လိုဏ်ဂူအတွင်းမှ လူတစ်ဦးကို စတင်ကယ်ထုတ်နိုင်
လာအိုနိုင်ငံအလယ်ပိုင်းတွင် ရေကြီးနေသော လိုဏ်ဂူအတွင်းမှ လူတစ်ယောက်ကို ကယ်ထုတ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် ရေငုပ်ကျွမ်းကျင်သူအဖွဲ့က ယမန်နေ့တွင် ပြောကြားပြီး ဂူထဲတွင် လူ လေးဦး ဆက်လက်ပိတ်မိနေသေးသည်။
နိုင်ငံအလယ်ပိုင်း ဆိုင်ဆွန်ဘွန်းပြည်နယ်တွင် ရွှေကျင်ရန် လာအိုနိုင်ငံသား ၇ ဦး ပြီးခဲ့သည့် သီတင်းပတ်က ဂူထဲသို့ ဝင်သွားပြီး မြေပြိုမှုတစ်ခုကြောင့် ၎င်းတို့၏ ထွက်လမ်း ပိတ်သွားခဲ့ကာ ဂူထဲတွင် ပိတ်မိနေသည်မှာ သီတင်းတစ်ပတ်ကျော်ပြီ ဖြစ်သည်။
ရွှံ့များပေးကျံနေပြီး ခေါင်းစွပ်မီးတပ်ဆင်ထားသူ တစ်ဦးကို ကယ်ဆယ်ရေးသမားများက ကျဉ်းမြောင်းသော ဂူအပေါက်တစ်ခုမှ ထွက်နိုင်ရန် လမ်းညွှန်နေသည်ကို ဗီဒီယိုများတွင် မြင်တွေ့ရသော်လည်း လွတ်လပ်စွာ အတည်မပြုနိုင်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
ကျဉ်းမြောင်းသော လမ်းကြောင်းမှတစ်ဆင့် ၎င်းအား ဘေးကင်းရာသို့ ကယ်ထုတ်ရန် ၃၇ မိနစ် ကြာမြင့်ကြောင်း ကျွမ်းကျင်သူများအဖွဲ့ က ဖေ့စ်ဘွတ်ခ်တွင် ပြောသည်။
ဂူထဲတွင် ပိတ်မိနေသူများအား ကယ်ဆယ်ရန် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကာ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန် ၊ ထိုင်း နှင့် ဩစတြေးလျနိုင်ငံမှ ကျွမ်းကျင်သူများလည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဖေ့စ်ဘွတ်ခ်တွင် ဆက်လက်ပြောကြားသည်။
ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြစဉ် ဂူထဲတွင် အသက်ရှင်လျက် တွေ့ရှိထားသူများ၏ ကျန်းမာရေးအခြေအနေ ဆုတ်ယုတ်လာခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်နေသာ ထိုင်းနိုင်ငံသား ရေငုပ်ကျွမ်းကျင်သူ ကန်းကာ့ဒ်ဘွန်ကာဝမ်က ဖေ့စ်ဘွတ်ခ်တွင် ပြောသည်။
ကယ်ဆယ်ရေး လုပ်ဆောင်ရသည်မှာ အလွန်ခက်ခဲကြောင်း ပိတ်မိနေသူများကို ကျဉ်းမြောင်းသော နေရာလေးတွင် မီတာပေါင်းရာနှင့်ချီ၍ ဖြတ်သန်းခိုင်းရပြီး ရေငုပ်ရန်လည်း လိုအပ်ကြောင်း ဘွန်ကာဝမ်က ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း

SpaceX နှင့် ယှဉ်ပြိုင်နေသော Blue Origin ဒုံးပျံ ပစ်လွှတ်စင်ပေါ်မှာပင် ပေါက်ကွဲ
လူလိုက်ပါခြင်း မရှိသော Blue Origin ကုမ္ပဏီ၏ New Glenn ဒုံးပျံသည် ဖလော်ရီဒါပြည်နယ်မှ ပစ်လွှတ်စင်ပေါ်မှာပင် ကြာသပတေးနေ့က ပေါက်ကွဲသွားခဲ့ပြီး အီလွန်မာ့စ်၏ ရှယ်ယာများထုတ်ရောင်းတော့မည့် SpaceX နှင့် ကွာဟမှုကျဉ်းမြောင်းရန် ကြိုးစားနေသော ဂျက်ဖ်ဘီးဇော့၏ အာကာသလုပ်ငန်းအတွက် ကြီးမားသောရိုက်ချက် တစ်ခုဖြစ်သွားခဲ့သည်။
New Glenn ဒုံးပျံကို စက်နှိုးလိုက်ပြီးနောက် မကြာမီ ပေါက်ကွဲမှုဖြစ်ကာ ကြီးမားသော မီးတောက်ကြီးထွက်ပေါ်၍ မီးခိုးလုံးများ တက်လာသည်ကို လွှတ်တင်မှုကို တိုက်ရိုက် ရိုက်ကူးပြသနေသော NASASpaceflight ရုပ်သံ၌ မြင်တွေ့ရသည်။
ဂျက်ဖ်ဘီးဇော့၏ Blue Origin ကုမ္ပဏီသည် အဆိုပါ ဒုံးပျံကို လေးကြိမ်မြောက် ပစ်လွှတ်ရန်ကြိုးစားနေခြင်းဖြစ်ကာ ၎င်းဒုံးပျံသည် လကမ္ဘာပေါ်၌ စူးစမ်းရှာဖွေမှုများ လုပ်ဆောင်ရန် နာဆာ၏ Artemis အစီအစဉ်တွင် လပေါ်ဆင်းသက်မည့်ယာဉ်များ နှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရန် အဓိကနေရာမှ ပါဝင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြေပြင်မှာပင် ပြင်ဆင်ထားစဉ် ဒုံးပျံအင်ဂျင်အား စက်နှိုးလိုက်ချိန်တွင် မူမမှန်မှု ကြုံတွေ့ခဲ့ရသည်ဟု Blue Origin က အတည်ပြုခဲ့သည်။
“အလွန်ခက်ခဲတဲ့ နေ့တစ်နေ့ပါ။ ပြန်တည်ဆောက်ရမှာတွေကို ကျွန်တော်တို့ ပြန်တည်ဆောက်ပြီး ထပ်ပြီး ပျံသန်းကြပါမယ်။ တန်ပါတယ်” ဟု Blue Origin ပိုင်ရှင် ဘီလျံနာသူဌေးကြီး ဂျက်ဖ်ဘီးဇော့က X လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။
ဒုံးပျံပေါက်ကွဲရသည့် အကြောင်းရင်းကို သိရန် အချိန်စောလွန်းနေသေးကြောင်းလည်း ၎င်းက ဆက်ပြော သည်။
ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရာတွင် ကူညီပံ့ပိုးပေးရန် အမေရိကန်အာကာသ အေဂျင်စီ နာဆာ က Blue Origin နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာဆာ စီမံခန့်ခွဲရေးအရာရှိ ဂျာရက်အိုင်ဆက်မန်းက ပြောကြားသည်။
“တော်တော် ကံမကောင်းတာပါပဲ။ ဒုံးပျံတွေက ခက်ခဲပါတယ်” ဟု ပြိုင်ဘက် Blue Origin ၏ ဒုံးပျံ ပေါက်ကွဲမှုနှင့်ပတ်သက်၍ အီလွန်မာ့စ်က X လူမှုကွန်ရက်ပေါ်တွင် တုံ့ပြန်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters