သမ္မတနှင့် ဝန်ကြီးများလစာဘိုလီးဗီးယားသမ္မတ လျှော့ချ
ဘိုလီးဗီးယားသမ္မတ ရိုဒရီဂိုပက်ဇ်သည် ၎င်းရယူနေသော သမ္မတလစာနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ လစာများကို ထက်ဝက်လျှော့ချရန် စီစဉ်ထားကြောင်း မေ ၂၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ဘိုလီးဗီးယားနိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေမှုကြောင့် နိုင်ငံရေး အကျပ်အတည်း ပိုမိုကြီးထွားလာချိန်တွင် သမ္မတလစာနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ လစာတို့ကို ထက်ဝက် လျှော့ချရန် သမ္မတပက်ဇ်ကစီစဉ်ထားခြင်းဖြစ်သည်။
ခြိုးခြံချွေတာရေး မူဝါဒများ ပြန်လည်ရုပ်သိမ်းရန်နှင့် လူနေမှုစရိတ်ကြီးမြင့်မှုပြဿနာများကို ဖြေရှင်းပေးရန် ဘိုလီးဗီးယားအလုပ်သမားများ၊ လယ်သမားများနှင့် အောက်ခြေပြည်သူများက ဆန္ဒပြတောင်းဆိုနေပြီး သမ္မတပက်ဇ် ရာထူးမှ နုတ်ထွက်ပေးရန်လည်း တောင်းဆိုထားကြသည်။
မေ ၂၅ ရက်တွင် သီတင်းလေးပတ်တာကာလအတွင်း ဝင်ရောက်လာပြီဖြစ်သော ဆန္ဒပြပွဲများကြောင့် လာပက်ဇ်မြို့တော်နှင့် အယ်လ်အယ်လ်တိုမြို့တော်များ၌ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ပြတ် တောက်လျက်ရှိပြီး စားနပ်ရိက္ခာလောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုပြဿနာများ ပေါ်ထွက်လျက်ရှိသည်။
စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံအပေါ်ထားရှိရမည့် တာဝန်ဝတ္တရားအရ မိမိနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ လစာများကို ထက်ဝက်လျှော့ချမည်ဖြစ်ကြောင်း သမ္မတပက်ဇ်က မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
သမ္မတရိုဒရီဂိုပက်ဇ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း သမ္မတရာထူးစတင်ရယူခဲ့ပြီးနောက် ဘဏ္ဍာရေးတည်ငြိမ်ရေးအတွက် ခြိုးခြံချွေတာရေး မူဝါဒများ ကျင့်သုံးခဲ့ပြီး အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

Facebook
Log in or sign up to view
See posts, photos and more on Facebook.
အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို ကမ္ဘောဒီးယားဘုရင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ဟောင်း ကမ်ဆိုခါကို ကမ္ဘောဒီးယားဘုရင်မင်းမြတ်နိုရိုဒွန် သီဟာမိုနီက မေ ၂၅ ရက်တွင် နိုင်ငံတော် သစ္စာဖောက်မှုစွဲချက်အတွက် ချမှတ်ထားသော ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်းသိရသည်။
အသက် (၇၂) နှစ်အရွယ် ကမ်ဆိုခါသည် နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းခံထားရသော ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီကို ပူးတွဲတည်ထောင်ခဲ့သည့် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။
သို့ရာတွင် ထိုစဉ်ကာလ ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆောင်သော ကမ္ဘောဒီးယား အစိုးရအဖွဲ့ကို ဖြုတ်ချရေးအတွက် ပြည်ပနိုင်ငံ တစ်နိုင်ငံနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ကမ်ဆိုခါကို ဟွန်ဆန်အစိုးရက ၂၀၂၃
ခုနှစ် မတ်လမှစ၍ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်ဖြင့် ကမ္ဘောဒီးယားတရားသူကြီးများက ထောင်ဒဏ် (၂၇) နှစ် ချမှတ်ထားပြီးလက်ရှိတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းဖြစ်သည်။
သို့ရာတွင် အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ဘုရင့်နန်းတော်က ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
လက်ရှိအာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီသည် ပြည်တွင်း အတိုက်အခံခေါင်းဆောင်များကို ပြင်းပြင်း ထန်ထန် ဖိနှိပ်ခဲ့ရာ ကမ်ဆိုခါမှာ အထင်ရှားဆုံးနိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။
ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီကို ကမ္ဘောဒီးယားတရားလွှတ်တော်ချုပ်က ၂၀၁၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးနောက် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်အများအပြား ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။

ချွန်ဘူရီခရိုင်တွင် မြန်မာလုပ်သား ၁၈ ဦးအလုပ်ထုတ်ခံရပြီး စာရွက်စာတမ်းများသိမ်းခံရ
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီလာချာမြို့နယ်တွင် မြန်မာလုပ်သား ၁၈ ဦးသည် အလုပ်ထုတ်ခံရပြီး စာရွက်စာတမ်းများသိမ်းဆည်းခံရသည့်အတွက် အကူအညီပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ မှ သိရသည်။
၎င်းအလုပ်သမားများသည် စီလာချာမြို့နယ်ရှိ အဲကွန်းစက်ရုံ တစ်ရုံတွင်အလုပ်လုပ်နေကြသူ များဖြစ်ပြီး စက်ရုံက ဧပြီ ၄ ရက်တွင် လူလျှော့သည်ဟုဆိုကာအလုပ်နားခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းစက်ရုံတွင် မြန်မာအလုပ်သမားများသည် အလုပ်ဝင်ရန်အတွက်စမတ်ကြေး(အလုပ်သွင်းပေးခ) များပေးခဲ့ရပြီး အေဂျင် စီပွဲစားက Work Permitစာရွက်စာတမ်းမူရင်းများ သိမ်းဆည်းထားကြောင်း ကူညီပေးနေသည့် WAGအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ မြန်မာအလုပ်သမားများအတွက် မေ ၂၆ ရက်တွင် WAG အဖွဲ့နှင့် FED အလုပ်သမားဖွံ့ဖြိုးရေး ဌာနတို့ပူးပေါင်းပြီး အလုပ်သမားများနှင့်အတူမြို့နယ်ဆဝါဒီကန်ရုံး၌ သွားရောက်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

ကျန်းမာရေး အပြည့် အဝ ကောင်းမွန်ကြောင်းအသက်( ၈၀)မပြည့် မီ သမ္မတဒေါ်နယ်ထရန့် ကြေညာ
နှစ်စဉ်ပြုလုပ်မြဲ ကျန်းမာရေးစစ်ချက်ရလဒ်များအရ မိမိ၏ ကျန်းမာရေးမှာ အပြည့်အဝ ကောင်းမွန်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၂၆ ရက်တွင်ထုတ်ဖော်ပြောကြားထားသည်။
ဆေးစစ်မှုအားလုံး ပြုလုပ်ခဲ့ပြီးနောက် မိမိ၏ကျန်းမာရေးအခြေ အနေမှာ အပြည့်အဝကောင်းမွန်ကြောင်းသမ္မတဒေါ်နယ်ထရန့်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ် တွင်ရေးသားထားသည်။သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏ ကျန်းမာရေးအတွက် ဆေးစစ်မှုများကို ဝါရှင်တန်မြို့တော်အနီးရှိဝေါလ်တာရိဒ်စစ်ဆေးရုံ၌ မေ ၂၆ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆေးစစ်မှုသည် ပြီးခဲ့သည့်နှစ်အတွင်းသမ္မတရာထူး ဒုတိယအကြိမ်ရယူခဲ့ပြီးနောက်ပိုင်း သမ္မတဒေါ်နယ်ထရန့် ပြုလုပ်ခဲ့ရသော တတိယအကြိမ်မြောက်ကျန်းမာရေးဆေးစစ်မှုဖြစ်သည်။အသက် (၈၀) ပြည့်တော့မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ အသက်အကြီးဆုံးသမ္မတအဖြစ်လည်းရပ်တည်နေသော သမ္မတဒေါ်နယ် ထရန့်၏ ကျန်းမာရေးအခြေအနေကို အများပြည်သူများက စောင့်ကြည့်လျက်ရှိသည်။
လက်များ၌ အကွက် အပြောက်များ ပေါ်ထွက်လာခြင်း၊ အစည်းအဝေးများ၌ အိပ်ငိုက်နေပုံရခြင်း စသည့်ပြဿနာများကြောင့် ထင်ကြေး အမျိုးမျိုးထွက်ပေါ်နေချိန်တွင် သမ္မတရာထူးရယူပြီး နောက်ပိုင်း တတိယမြောက်ကျန်းမာရေးစစ်ဆေးမှုကို သမ္မတဒေါ်နယ်ထရန့်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏ နောက်ဆုံးတစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုကို ၂၀၂၅ ခုနှစ် ဧပြီလ
တွင်ပြုလုပ်ခဲ့သည်။သမ္မတဒေါ်နယ်ထရန့်သည် လာမည့်ဇူလိုင်လအတွင်း အသက် (၈၀) ပြည့်မည်ဖြစ်ရာ ယင်းကာလအတွင်းအိမ်ဖြူတော်၌ အထူး ယူအက်ဖ်စီပြိုင်ပွဲတစ်ခု ကျင်းပရန်စီစဉ်ထားသည်။
၂၀၂၅ ခုနှစ် ဧပြီလ ကျန်းမာရေးစစ်ဆေးမှုရလဒ်များအရ သမ္မတ ဒေါ်နယ်ထရန့်မှာ အရပ်အမြင့် ၆ ပေ ၃လက်မ၊ ကိုယ်အလေးချိန် ၂၂၄ ပေါင်ရှိရာ ၂၀၁၉ ခုနှစ်ကထက် ကိုယ်အလေးချိန်ကျဆင်းသွားကြောင်း သိရသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-အေအက်ဖ်ပီ

ကျော်ကြားမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှ ကျွဲလေး ဒေါ်နယ်ထရန့် အသက်ချမ်းသာရာရ
တစ်မူထူးခြားသော ရွှေဝါရောင်အမွှေးများကြောင့် ဒေါ်နယ်ထရန့်ဟု ချစ်စနိုးနာမည် ရရှိထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မျိုးဗီဇချို့ယွင်း၍ တစ်ကိုယ်လုံး ဖြူနေသည့် ကျွဲဖြူလေးသည် အစိုးရ၏ နောက်ဆုံးအချိန် ကြားဝင်ခဲ့မှုကြောင့် အသက်ချမ်းသာရာ ရခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။
ယနေ့ ကျရောက်သည့် အိဒ်ပွဲတော်မတိုင်မီ ပြည်သူလူထု စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီးနောက် လုံခြုံရေးစိုးရိမ်မှုများကြောင့် အာဏာပိုင်များက ကြားဝင်ခဲ့ချိန်၌ ၇၀၀ ကီလိုခန့်ရှိသော ကျွဲဖြူအား ပိုင်ရှင်ကသားသတ်သမားထံ ရောင်းချနှင့်ပြီးဖြစ်သည်။
ကျွဲဖြူလေးကို အသက်ချမ်းသာပေးပြီး ဝယ်ယူသူကိုလည်း ငွေပြန်အမ်းကာ မြို့တော် ဒါကာရှိ နိုင်ငံတော် တိရစ္ဆာန်ဥယျာဉ်သို့ ရွှေ့ပြောင်းထားရှိရန် ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင်အာမက်က ညွှန်ကြားခဲ့သည်။
“လုံခြုံရေးစိုးရိမ်မှုနဲ့ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု ထူးထူးခြားခြား များပြားနေတာကြောင့် ကျွဲလေးကို အသက်ချမ်းသာပေးဖို့ နောက်ဆုံးအချိန်မှာ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု ဝန်ကြီးဌာနအရာရှိက ပြောသည်။
ကျွဲလေး၏ဗီဒီယိုကို အွန်လိုင်းတွင် ကြည့်ရူသူ အလွန်များပြားခဲ့ပြီးနောက် အိဒ်ပွဲတော်အတွက် ပုံမှန်ရောင်းချမှုသည် တစ်နိုင်ငံလုံးက စိတ်ဝင်စားသော အကြောင်းအရာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျွဲလေး၏ ရွှေဝါရောင်အမွှေးများနှင့် ငြိမ်သက်စွာ နေတတ်ပုံကို ခရီးဝေးမှပင် လာရောက်ကြည့်ရူကြသည်။
ဒေါ်နယ်ထရန့်နှင့် ဆင်တူနေကြောင်းကို တွေ့ရှိခဲ့ပြီးနောက် ကျွဲလေးပိုင်ရှင် ဇီယာအူဒင်အမ်ရီဒါ၏ ညီဖြစ်သူက ဒေါ်နယ်ထရန့်ဟု အမည်ပေးခဲ့သည်။
ကျွှဲလေးက အလွန်ပင် နူးညံ့သိမ်မွေ့ပြီး ဂရုတစိုက်စောင့်ရှောက်မှု လိုအပ်ကာ မကြာခဏ အစားကျွေးခြင်း၊ ပုံမှန်ရေချိုးပေးရခြင်းများ လိုအပ်သည်ဟု ဇီယာအူဒင်က ပြောသည်။
အများအားဖြင့် အမဲရောင်ရှိသော ကျွှဲများကြားတွင် မျိုးဗီဇပြောင်း ကျွှဲဖြူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလွန်ရှားပါးသဖြင့် အိဒ်ပွဲတော်ကာလတွင် အခြားကျွှဲများနှင့် မတူတမူထူးနေသည်မှာ မှန်သော်လည်း ၎င်း၏ ချစ်စနိုးနာမည်ကြောင့် အသက်ချမ်းသာရာ ရခဲ့ဖွယ်ရှိသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

#နိုင်ငံတကာသတင်း – Explore
explore #နိုင်ငံတကာသတင်း at Facebook
သက်တမ်းနှစ်(၂၀) မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအစား လျှပ်စစ်သုံး (EV) ယာဉ်များဖြင့် အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်
မော်တော်ယာဉ်ထုတ်လုပ်သည့် ခုနှစ်မှသက်တမ်း နှစ်(၂၀)ကျော်လွန် ယာဉ်များ၊မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာမောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်းနှစ်(၂၀)မကျော်သော်လည်း မိမိဆန္ဒအရအပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှမေ ၂၈ ရက်တွင် ယာဉ်အို၊ ယာဉ်ဟောင်းများပယ်ဖျက်ရေးနှင့်အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေးအသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့် ခုနှစ်ကြာမြင့်ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့်ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ ကြံ့ခိုင်မှု အားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှ ပိုမိုထွက်သောမီးခိုးငွေ့များသည် သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့်ဆောင်ရွက်ပေးခြင်းဖြစ်ကာ နှစ် (၂၀) သက်တမ်းရှိယာဉ်အို၊ ယာဉ်ဟောင်းများကို ပယ်ဖျက်ခြင်း မဟုတ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးသည့် ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုး
အစားအလိုက် သင့်လျော်သော လျှပ်စစ်သုံး ယာဉ်(EV) တစ်စီးအား အမျိုးသား အဆင့် လျှပ်စစ်သုံး
ယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုး တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကျသင့်မည့် နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သင့်တင့် သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ-MOI

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း – Explore
explore #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း at Facebook
◾️ထိုင်း-မြန်မာနယ်စပ် မြ၀တီအမှတ်(၂)ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်
ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသောမြ၀တီအမှတ်(၂ )ချစ်ကြည်ရေးတံတားကို မေ ၂၈ ရက် နံနက် ၆ နာရီမှ စတင်၍ မြန်မာဘက်က ပြန်လည် ဖွင့်လှစ်လိုက်ပြီး ထိုင်းကုန်ကားတချို့ ဝင်ရောက်နေပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
မေ ၂၈ ရက် နံနက်မှစတင်၍ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နေပြီး ထိုင်းဘက်မှ ကုန်ကားနှစ်စီး မြန်မာပို့ကုန်များ သယ်ယူရန် စတင် ဝင်ရောက်နေပြီဖြစ်ကာ ထိုင်းဘက်သို့ ပြောင်း၊ ငရုတ်သီး၊ ကွမ်းသီး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စသည့် ပို့ကုန်များ ပြန်လည် တင်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာက ပြီးခဲ့သည့်လပိုင်းအတွင်းလိုင်စင်ချထားပေးခဲ့ကြောင်း သိရသည်။
မဲဆောက် အကောက်ခွန်မှူး မစ္စတာ ယွတ်ပိုလ်ဝစ်ချယာကူလ်က တံတား ပြန်ဖွင့်ခြင်းမှာ ၁၀၀ ရာခိုင်
နှုန်းအပြည့် မဟုတ်သေးသော်လည်း နယ်စပ်စီးပွားရေးကိုသိသိသာသာ ပြန်လည်ရှင်သန်လာစေရန် မျှော်လင့်ရသည်ဟု ပြောကြားခဲ့ကြောင်း ထိုင်း PBS သတင်းတွင်ဖော်ပြထားသည်။
အဆိုပါ မြ၀တီကုန်သွယ်ရေး အမှတ်(၂) ချစ်ကြည်ရေးတံတားကို ၂၀၂၅ခုနှစ် ဩဂုတ် ၁၈ ရက်မှစတင်ကာပိတ်ထားခဲ့ပြီး ယခုနှစ် ဧပြီ ၁၅ ရက်မှစ၍ ပို့ကုန်လိုင်စင်ပြန်လည် လျှောက်ထားခွင့်ပြုခဲ့ကာ မေ ၂၈ ရက်တွင်တံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- CJ

◾️ကန်ချနဘူရီတွင် မြန်မာလုပ်သား ၄၁ ဦး ဖမ်းမိ
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား ၄၁ ဦးကို မေ ၂၇ ရက်က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
ကန်ချနဘူရီခရိုင် လုံခြုံရေးအဖွဲ့နှင့် စုရသီတပ်ဖွဲ့များ ကန်ချနဘူရီ ပတ်ပရက်ကျေးရွာအုပ်စုတွင်းရှိ နေအိမ်တစ်လုံး၌ စစ်ဆေးဖမ်းဆီးခဲ့သည်။
မြန်မာနိုင်ငံသား ၄၁ ဦးကို ခွင့်ပြုချက်မရှိဘဲထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုနှင့် ဖမ်းဆီးထားပြီး လမ်းပြတစ်ဦးကိုလည်းခိုးဝင်နိုင်ငံခြားသားကူညီမှုနှင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။
၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် ကန်ချနဘူရီရဲစခန်းသို့ လွှဲပြောင်းထားသည်ဟု
သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေ ၂၁ ရက်ကလည်း ကန်ချနဘူရီခရိုင်အတွင်းရှိ ကားတစ်စီးနှင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် သုံးလတာ စီမံချက်ဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကိုစစ်ဆေးအရေးယူနေပြီး နယ်စပ်မှ တရားမဝင် ဝင်လာသည့် မြန်မာအလုပ်သမား ရာချီကိုလည်း ဖမ်းဆီးခဲ့ကြောင်းသိရသည်။
သတင်း-လင်းလက်ကြယ်စင်
ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့

◾️ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံခဲ့ ရ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတက်ရောက်မည့် ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါးအယ်လီမော့ဗ်ကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်း မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက မေ ၂၇ ရက်တွင် ပြောကြားထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂ ဆိုင်ရာရုရှားသံအမတ်ကြီးက အထက်ပါအတိုင်း ပြောကြား
ခဲ့ခြင်းဖြစ်သည်။
ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ မေ ၂၆ ရက်တွင် ကျင်းပခဲ့သော လုံခြုံရေးကောင်စီအစည်းအဝေးသို့ တက်ရောက်ရန်ရည်ရွယ်ထားသော်လည်း အမေရိကန်အစိုးရက၎င်းအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်း မရှိကြောင်း ရုရှားသံအမတ်ကြီး ဗက်ဆီလီ နီဗင်ဇီးယားက ထုတ်ဖော်ပြောကြားထားသည်။
ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအားပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခြင်းသည် ကုလသမဂ္ဂအား အိမ်ရှင်နိုင်ငံအဖြစ် လက်ခံထားသော အမေရိကန်ပြည်ထောင်စု၏ တာဝန်ဝတ္တရား ပျက်ကွက်မှုဖြင့် ရုရှားသံအမတ်ကြီးက ဝေဖန်ခဲ့သည်။
ကုလသမဂ္ဂဌာနချုပ် သဘောတူညီချက်အရကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူမှန်သမျှနယူးယောက် မြို့တော်ရှိ ကုလသမဂ္ဂဌာနချုပ်သို့လာရောက်ခွင့်ရှိရမည်ဖြစ်သည်။
ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်း မရှိဟူသော သတင်းများ နှင့်ပတ်သက်၍ အမေရိကန် အစိုးရက တစ်စုံတစ်ရာတုံ့ပြန်မှု မရှိသေးပေ။

◾️နေပြည်တော် ၊ဇမ္ဗူသီရိအနီး ၃ ဒသမ ၈ အဆင့် ငလျင်လှုပ်
ယနေ့ (မေ ၂၉ ရက်) နံနက်ပိုင်းတွင် နေပြည်တော်၊ဇမ္ဗူသီရိမြို့၌ ပမာဏ ၃ ဒသမ ၈ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
"လှုပ်တာသိလိုက်တယ်။ ဒုန်းကနဲပဲ။ နေပြည်တော်ကတိုက်တွေက ငလျင်ဒဏ်ခံထားရတာလေ။ နောက်ဆက်တွဲ ငလျင်တွေက တောက်လျှောက်လှုပ်နေတော့ အမြဲစိုးရိမ်နေရတယ်"ဟု ဒေသခံတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ငလျင်လှုပ်ခတ်မှုမှာ ယနေ့နံနက် ၇ နာရီ ၄၁ မိနစ်တွင်ဇမ္ဗူသီရိမြို့နယ်၏ အနောက်မြောက်ဘက် (၈) မိုင်ခန့်အကွာ အနက် - ၁၀ ကီလိုမီတာ ကိုဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငလျင်မှာ ၂၀၂၅ ခုနှစ်၊မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး၏ နောက်ဆက်တွဲငလျင်အမှတ် ၃၀၁ ဖြစ်ကြောင်း မိုးဇလမှအသိပေးချက်ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-မိုးဇလ