ဒယ်လာရိုဆာအား ဖမ်းဆီးမှုကို ဖိလစ်ပိုင်တရားလွှတ်တော်ချုပ် ပိတ်ပင်ရန် မရှိ
နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီစီ)က ဖမ်း၀ရမ်းထုတ်ထားသည့်အထက်လွှတ်တော်အမတ် ရိုနယ်ဒယ်လာရိုဆာကို ဖမ်းဆီးရန် ကြိုးပမ်းမှုများအား ကြားဝင်ပိတ်ပင်ပေးရန် ဖိလစ်ပိုင်တရား လွှတ်တော်ချုပ်က မေ ၂၀ ရက်တွင်ငြင်းပယ်ခဲ့ကြောင်း သိရသည်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့အခြေစိုက် အိုင်စီစီတရားရုံးသည် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးလက်ထက် ပြုလုပ်ခဲ့သည့် မူးယစ်တိုက်ဖျက်ရေးစစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ဖိလစ်ပိုင်လွှတ်တော်အမတ် ဒယ်လာရိုဆာကို ယခုလအတွင်း ဖမ်း၀ရမ်းထုတ်ပြန်ထားသည်။
အိုင်စီစီက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပြီးနောက် ဒယ်လာရိုဆာသည် အထက်လွှတ်တော် အဆောက် အအုံအတွင်း ခေတ္တမျှ ပုန်းအောင်းခဲ့ပြီးနောက်နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ လက်မှ ထွက်ပြေးလွတ်မြောက်လျက်ရှိသည်။
အိုင်စီစီ၏ ဖမ်း၀ရမ်းကို ကြားဝင်တားဆီးပေးရန် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ဒယ်လာရိုဆာက ဖိလစ်ပိုင်တရားလွှတ်တော်ချုပ်ထံ အယူခံလွှာတင်သွင်းထားသည်။
သို့ရာတွင် တရားလွှတ်တော်ချုပ်အနေဖြင့် အိုင်စီစီ၏ ဖမ်း၀ရမ်းကိုမှန်ကန်သည့် ဖမ်း၀ရမ်းအဖြစ် အတည်ယူထားပြီး ဒယ်လာရိုဆာအား ဖမ်းဆီးမှုကို ကြားဝင်တားဆီး ပေးမည် မဟုတ်ကြောင်း ဖိလစ်ပိုင်တရားလွှတ်တော်ချုပ်ကသတင်းထုတ်ပြန်ထားသည်။
ဒယ်လာရိုဆာသည် သမ္မတဟောင်း ဒူတာတေးလက်ထက်တွင် ဖိလစ်ပိုင်ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

ရန်ကုန်၌ 92 နှင့် 95 စက်သုံးဆီ စျေးတက်ပြီး ဒီဇယ်ဆီစျေးများကျ
ရန်ကုန်မြို့၌ 92 နှင့် 95 စက်သုံးဆီစျေးနှုန်း ယနေ့(မေ ၂၂ ရက်)တွင် အနည်းငယ် ပြန်တက်လာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် ရိုးရိုးဒီဇယ် နှင့် ပရီမီယံဒီဇယ် စျေးနှုန်များမှာမူ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါကော်မတီ၏ဈေးနှုန်းများအရ ယနေ့(မေ ၂၂ ရက်) ရန်ကုန်၌ 92 တစ်လီတာလျှင် ၄၅၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၅၀ ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာ ၄၄၆၀ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာ ၅၄၈၅ ကျပ် ဖြစ်ကြောင်း သိရသည်။
မေ ၂၁ ရက်အထိ စျေးနှုန်းများအရ 92 တစ်လီတာလျှင် ၄၅၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၄၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၈၁၅ ကျပ်ဖြစ်သည်။
ထို့ကြောင့် 92 တစ်လီတာလျှင် ၂၀ ကျပ်စျေးတက်သွားခဲ့ပြီး 95 တစ်လီတာလျှင် ၅ ကျပ် တက်လာခဲ့ကြောင်း သိရသည်။သို့သော် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၃၆၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၃၀ ကျပ် ကျဆင်းခဲ့သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

တရုတ်သမ္မတ ရှီကျင်ပင်း လာမည့်သီတင်းပတ်တွင် မြောက်ကိုရီးယားသို့ သွားရောက်ဖွယ်ရှိ
လာမည့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်သမ္မတ ရှီကျင်ပင်း သွားရောက် ဖွယ်ရှိကြောင်း တောင်ကိုရီးယားမီဒီယာများကမေ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်သမ္မတ ရှီကျင်ပင်း အနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ ယခုလကုန်ပိုင်းသို့မဟုတ် ဇွန်လအစောပိုင်းတွင် သွားရောက်နိုင် ကြောင်း သိရသည်။
မြောက်ကိုရီးယား ခရီးစဉ်အတွင်း သမ္မတရှီကျင်ပင်းအနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား ဆက်ဆံရေးကို ကြားဝင်ညှိနှိုင်း ပေးသူအဖြစ် ဆောင်ရွက်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိကြောင်းသတင်းရင်းမြစ်များက ပြောကြား ထားသည်။
တရုတ်သမ္မတ ရှီကျင်ပင်းသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နှင့် နှစ်ရက်ဆက်တိုက် ထိပ်သီးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသို့ လာမည့်သီတင်းပတ်အတွင်း တရုတ်သမ္မတ ရှီကျင်ပင်း သွားရောက် ဖွယ်ရှိသည်ဆိုသော သတင်းများနှင့် ပတ်သက်၍တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ။
တရုတ်နှင့် မြောက်ကိုရီးယားတို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကပ်ဘေး စတင်ခဲ့ပြီး နောက်ပိုင်းအေးစက်စက်ဖြစ်ခဲ့ရသော နှစ်နိုင်ငံဆက်ဆံရေးကိုပြန်လည် ပြင်ဆင်ရန် ကြိုးပမ်း လျက်ရှိသည်။
တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏အဓိကစီးပွားရေး မဟာမိတ်ဖြစ်သလို နိုင်ငံရေး မဟာမိတ်လည်းဖြစ်သည်။

ကျူးဘားခေါင်းဆောင်ဟောင်းကိုအမေရိကန်အစိုးရ တရားစွဲဆို
ကျူးဘားခေါင်းဆောင်ဟောင်း ရောလ်ကတ်စထရိုကို အမေရိကန်အစိုးရက မေ ၂၀ ရက်တွင် ရာဇဝတ်ကြောင်းအရ စတင်တရားစွဲဆိုလိုက်ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် အသက် (၉၄)နှစ်အရွယ် ကျူးဘားခေါင်းဆောင်ဟောင်း ရောလ်ကတ်စထရိုကို လူသတ်မှု၊ အမေရိကန်နိုင်ငံသားများကို သတ်ဖြတ်ရန် ကြံစည်မှု၊ လေယာဉ်များ ဖျက်ဆီးမှုတို့ဖြင့် ဖလော်ရီဒါပြည်နယ် ဖက်ဒရယ်တရားရုံး တစ်ရုံး၌ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
ကျူးဘားခေါင်းဆောင်ဟောင်း ရောလ်ကတ်စထရိုအနေဖြင့် ၁၉၉၆ ခုနှစ်တွင် နိုင်ငံတကာ ဝေဟင်အတွင်း အရပ်ဘက်လေယာဉ်ငယ်နှစ်စင်းကို ကျူးဘားလေတပ်က ပစ်ချမှုတွင် တာဝန်ရှိကြောင်း အမေရိကန်တာဝန်ရှိသူများက စွပ်စွဲထားသည်။
ရောလ်ကတ်စထရိုအပေါ် အမေရိကန်အစိုးရက ရာဇဝတ်ကြောင်းအရတရားစွဲဆိုလာမှုကြောင့် သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ကျူးဘားအစိုးရကိုဖြုတ်ချရန် ရည်ရွယ်ထားသည်ဟူသော ထင်ကြေးများ ပိုမိုအားကောင်းခိုင်မာလာခဲ့ရသည်။
အမေရိကန်ပြည်ထောင်စုသည် လက်ရှိမူဝါဒ လမ်းစဉ်များကို ပြောင်းလဲရန် ကျူးဘားအစိုးရကို ဖိအားပေးသည့်အနေဖြင့် ကျူးဘားနိုင်ငံအား ကုန်သွယ်ရေးပိတ်ဆို့မှုများ နှစ်ပေါင်းများစွာ ချမှတ်ကျင့်သုံးခဲ့ပြီး ပြီးခဲ့သည့်ရက်များအတွင်းကလည်း ကျူးဘားခေါင်းဆောင်များကို အရေးယူပိတ်ဆို့ မှုများ ချမှတ်ထားသည်။
သမ္မတဒေါ်နယ်ထရန့်သည် ဗင်နီဇွဲလားသမ္မတမာဒူရိုကို ဖြုတ်ချဖမ်းဆီးရေးအတွက် ယခုနှစ် ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားနိုင်ငံအား စစ်ရေးအရတိုက်ခိုက်ရာတွင် အမေရိကန်ပြည်တွင်း၌ မာဒူရိုအား တရားစွဲဆိုထားမှုကို အကြောင်းပြချက်အဖြစ် အသုံးချခဲ့ဖူးသည်။

Facebook
Log in or sign up to view
See posts, photos and more on Facebook.
ယူကရိန်းစစ်ပွဲအတွင်း ဆွဲသွင်းခံမည်မဟုတ်သော်လည်း ရုရှားနှင့်အတူ ဘီလာရုစ်ကို ကာကွယ်သွားမည်ဟု လူကာရှန်ကို ဆို
ဘီလာရုစ်သည် ယူကရိန်းစစ်ပွဲထဲသို့ ဆွဲသွင်းခံရလိမ့်မည်ဟူသော ယူဆချက်များကို ဘီလာရုစ်သမ္မတ အလက်ဆန်းဒါးလူကာရှန်ကိုက ပယ်ချလိုက်ပြီး အကယ်၍ စစ်ပြုခံခဲ့ရပါက ရုရှားနှင့် ဘီလာရုစ်က ပူးတွဲ၍ခုခံကာကွယ်သွားကြမှာ ဖြစ်ကြောင်း ပြောကြားသည်ဟု ဘီလာရုစ်အစိုးရ BELTA သတင်းဌာန က တင်ပြသည်။
ထို့ပြင် လေးနှစ်ကျော်ကြာစစ်ပွဲတွင် ဘီလာရုစ်က ပိုမို၍ ပါဝင်ပတ်သက်လာနိုင်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး ကို တွေ့ဆုံသွားရန် အသင့်ရှိကြောင်းလည်း လူကာရှန်ကိုက ပြောကြားခဲ့ကြောင်း BELTA သတင်းဌာန က ဆက်ပြောသည်။
ရုရှားနှင့်ဘီလာရုစ်တို့ ပူးတွဲပြုလုပ်သည့် နျူကလီးယား စစ်ရေးလေ့ကျင့်မှုများကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လူကာရှန်ကိုတို့က ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် စောင့်ကြည့်လေ့လာခဲ့ပြီးနောက် လူကာရှန်ကိုက ထိုသို့ မှတ်ချက်ပေးခြင်းဖြစ်သည်။
“ဘီလာရုစ်က စစ်ပွဲထဲ ဆွဲသွင်းခံရမယ်ဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ ကျွန်တော်အခုပြောခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ ပိုင်နက်နယ်မြေ တိုက်ခိုက်ခံရတဲ့ အချိန်မျိုးမှာပဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ ၂ နိုင်ငံ ရပ်တည်နေတဲ့အဖမြေကို အတူတကွ ကာကွယ်သွားကြပါမယ်” ဟု လူကာရှန်ကို က ပြောကြားခဲ့သည်။
ဇီလန်စကီးအနေဖြင့် အကြောင်းအရာတစ်ခုခုကို ပြောဆိုဆွေးနွေးချင်ပါက ၎င်းအနေဖြင့် ဆွေးနွေးရန် လမ်းဖွင့်ထားပြီး ယူကရိန်း သို့မဟုတ် ဘီလာရုစ် ကြိုက်သည့်နေရာတွင် တွေ့ဆုံနိုင်ကြောင်း ဘီလာရုစ်သမ္မတက ပြောသည်။
“သူနဲ့တွေ့ပြီး ကျွန်တော်တို့နှစ်နိုင်ငံကြားက ပြဿနာတွေကို ဆွေးနွေးဖို့ အသင့်ရှိပါတယ်” ဟု လူကာရှန်ကို က ဆိုသည်။
ထိုအတောအတွင်း ဘီလာရုစ်နှင့်နယ်စပ် ယူကရိန်းမြောက်ပိုင်းအနီးတွင် ကာကွယ်မှုများ တိုးမြှင့်လုပ်ဆောင်ရေးကို ယူကရိန်းသမ္မတ ဇီလန်စကီးက ယင်းဒေသမှ တာဝန်ရှိသူများနှင့် ယမန်နေ့က ဆွေးနွေးနေခဲ့ကြောင်း သိရသည်။
ရုရှားသည် ဘီလာရုစ်အား ယူကရိန်းစစ်ပွဲအတွင်း ဆွဲသွင်းရန် စိတ်အားထက်သန်နေကြောင်း နှင့် မိမိတို့ဘက်က ကာကွယ်ရေးတိုးမြှင့်နိုင်သလို ခုခံကာကွယ်ရေးအတွက်လည်း လုပ်ဆောင်နိုင်စွမ်းရှိကြော်း ဇီလန်စကီး က ၎င်း၏ ညစဉ် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

ဂန္ဓမာစက်မှုဇုန်ရှိ ဂွမ်းစက်ရုံမီးလောင်၊ ဝန်ထမ်းတစ်ဦးဒဏ်ရာရ
ပဲခူးတိုင်း၊ ပြည်မြို့၊ ဂန္ဓမာစက်မှုဇုန်ရှိ ဂွမ်းစက်ရုံမီးလောင်မှုကြောင့် ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိကြောင်း ပြည်မြို့နယ်၊ အရန်မီးသတ်တပ်ရင်းရုံးထံမှသိရသည်။
အဆိုပါမီးလောင်မှုမှာ ယမန်နေ့(မေ ၂၂ ရက်) နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဂန္ဓမာစက်မှုဇုန် မောင်ပေါက်ကျိုင်းလမ်းရှိ ဂွမ်းစက်ရုံ၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ရုံဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
"စတင်လောင်ကျွမ်းတဲ့အကြောင်းအရင်းကို ပြည်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်ခရိုင်မီးသတ်ဦးစီး ဌာနတို့စုံစမ်းစစ်ဆေးလျက်ရှိပါတယ်ခင်ဗျာ။ ဝန်ထမ်းတစ်ဦး အပူလောင်ဒဏ်ရာအနည်းငယ်ရတယ်လို့ သိထားပါတယ်" ဟု ပြည်မြို့နယ်၊ အရန်မီးသတ်တပ်ရင်းရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
မီးငြိမ်းသတ်ရာတွင်ဒဏ်ရာရရှိခဲ့သည့်အမျိုးသားအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) (ပရဟိတပါရမီအသင်း)မှ ကုသမှုများပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
မီးလောင်မှုမှာ ယမန်နေ့ နံနက် ၁၁ နာရီ ၄၂ မိနစ်တွင်မီးငြိမ်းကြောင်းမီးသတ်ဦးစီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - ပြည်မြို့နယ်၊အရန်မီးသတ်တပ်ရင်းရုံး/မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) (ပရဟိတပါရမီအသင်း)

◾️စက်ရုံပိုင်ရှင်က လုပ်အားခ ရှင်းမပေးဘဲ ထွက်ပြေး၍ မြန်မာအပါ ထိုင်း၊လာအို လုပ်သား ၁၀၀ ကျော်အတွက် နစ်နာကြေးရရှိရေး အမှုဖွင့် တိုင်ကြား
စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအပါအဝင်ထိုင်း၊ လာအို လုပ်သား၁၀၀ ကျော် အတွက် နစ်နာကြေးရရှိရေး အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမား မဟာမိတ်အဖွဲ့(WAG) မှ သိရသည်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အေကချိုင်ဘန်ဘောရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေကြသော ထိုင်း၊ လာအို၊ မြန်မာအလုပ်သမား ကျား၊မ စုစုပေါင်း ၁၀၀ ကျော်တို့အား လုပ်ငန်းရှင်သူဌေးက လုပ်အားခများ မရှင်းပေးဘဲ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့၏ လုပ်အားခများ မရရှိမည်ကို စိုးရိမ်သောကြောင့် မြန်မာအလုပ်သမားများက (WAG) အလုပ်သမားမဟာမိတ်အဖွဲ့သို့ အကူညီတောင်းခံလာသောကြောင့် မေ ၁၄ ရက်တွင် (WAG) အဖွဲ့သားများနှင့် (FED) အဖွဲ့သားများကအလုပ်သမားများနှင့် သွားရောက်တွေ့ဆုံကာ ထိုင်း၊ လာအို၊ မြန်မာ မခွဲခြားဘဲကူညီပေးရန် အတွက် မြို့နယ်ဆဝါဒီကန်ရုံးသို့ အကြောင်းကြားပေးခဲ့ကြောင်းသိရသည်။
၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုသဖြင့် (WAG) အဖွဲ့နှင့် Rak Thai Foundation တို့ပူးပေါင်းပြီး မြို့နယ်ဆဝါဒီကန်ရုံးသို့ သွားရောက်၍ ထွက်ပြေးသွားသောအလုပ်ရှင်ကို တရားစွဲရန်၊ အလုပ်သမားတို့ အတွက် နစ်နာကြေးနှင့်အလုပ်သမားအခွင့်အရေးများ ပြန်လည်ရရှိရန်အတွက် တိုင်ကြားပေး ခဲ့ကြောင်းသိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-(WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာ အခမဲ့ စစ်ဆေးကုသပေးနေ
စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် အသက် (၃၅) နှစ်မှ(၄၉) နှစ်ကြား အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့်အခမဲ့ ကာကွယ်ကုသပေးခြင်း လုပ်ငန်းများကို မေ ၂၀ ရက်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွင် အသက် (၃၅) နှစ်မှ(၄၉) နှစ်ကြားရှိ အမျိုးသမီး များအားလုံးလာရောက် ပြသ စစ်ဆေးနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်ဆေးမှုများအတွင်း သားအိမ်ခေါင်း ကင်ဆာမဖြစ်မီ ကြိုတင်လက္ခဏာများ (Precancerous lesions) ကို တွေ့ရှိပါက ခွဲစိတ်ကုသမှု မလိုအပ် သေးသည့် အဆင့်တွင်ရောဂါအမြစ်ပြတ် ပျောက်ကင်း စေရန် အခမဲ့ ကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဝတ်ရည်
ဓာတ်ပုံ-MRTV

အိမ်ဖြူတော် စစ်ဆေးရေးဂိတ်ကိုသေနတ်သမားတစ်ဦး ပစ်ခတ်တိုက်ခိုက်
ဝါရှင်တန်မြို့တော် အိမ်ဖြူတော် စစ်ဆေးရေးဂိတ်တစ်ခုတွင်မေ ၂၃ ရက်တွင် သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသမ္မတလုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းသေနတ်သမားကို အိမ်ဖြူတော်လုံခြုံရေးအမှုထမ်းများက ပြန်လည်ပစ်ခတ်တားဆီးခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း အမေရိကန်မီဒီယာများ၏အဆိုအရ သိရသည်။
အဆိုပါ သေနတ်သမား အမျိုးသားသည် အမှတ်(၁၇)လမ်းမကြီးနှင့်ပင်ဆယ်ဗေးနီးယား ရိပ်သာလမ်းထောင့်ရှိအိမ်ဖြူတော်လုံခြုံရေး စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သေနတ်သမားနှင့် အိမ်ဖြူတော်လုံခြုံရေးအဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန်တွင် လုံခြုံရေးဝန်ထမ်းများ အထိအခိုက်မရှိခဲ့သော်လည်းလမ်းသွားလမ်းလာတစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
သေနတ်သမားနှင့် လုံခြုံရေး အဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရှိနေကြောင်းသမ္မတလုံခြုံရေး တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါ အိမ်ဖြူတော်စစ်ဆေးရေးဂိတ် သေနတ်ပစ်ခတ်မှုသည် အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲကျင်းပခဲ့ရာ ဟိုတယ်အတွင်းသေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်လနီးပါးအကြာတွင်ထပ်မံ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အိမ်ဖြူတော်သတင်းထောက်များ ညစာစားပွဲ သေနတ်ပစ်ခတ်မှု တွင်ယင်းညစာစားပွဲသို့ တက်ရောက် နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အခြားထိပ်တန်း တာဝန်ရှိသူများကို သမ္မတလုံခြုံရေး အဖွဲ့ဝင်များက အရေးပေါ်ကယ်ထုတ်ခဲ့ရသည်။
အိမ်ဖြူတော်စစ်ဆေးရေးဂိတ် သေနတ်ပစ်ခတ်မှုကျူးလွန်ခဲ့သူ အမျိုးသားမှာ စိတ်ကျန်းမာရေး ပြဿနာရှိနေသူတစ်ဦးဖြစ်ကြောင်း ဝါရှင်တန်ရဲတပ်ဖွဲ့ကပြောကြားထားသည်။

ရန်ကုန်-ပီနန်း လေကြောင်းခရီးစဉ်သစ် ပျံသန်းပြေးဆွဲမည်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)သည် မလေးရှားနိုင်ငံ ပီနန်းမြို့သို့ ရန်ကုန်-ပီနန်း လေကြောင်းခရီးစဉ်အသစ် န်.၂၇ ကို ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ် အသစ်အားလာမည့်ဇွန်လအတွင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ပီနန်းမြို့သို့ ခရီးထွက်ခွာရန် စီစဉ်နေသူများအတွက်ခရီးသွား အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်-ပီနန်း လေယာဉ်ခရီးစဉ်သစ်အား အပတ်စဉ် တနင်္လာ၊ကြာသပတေးနှင့် စနေနေ့တို့တွင် သုံးကြိမ် ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ်တွင် လေယာဉ်ပေါ်ရှိ အစားအသောက်နှင့် Baggage အပိုင်းတို့တွင် ဒစ်ကောင့်များ
ပေးအပ်သွားမည်ဖြစ်ပြီး www.mai.air.com တွင် ကြိုတင်စာရင်းသွင်းဝယ်ယူခြင်းဖြင့် အကျိုးခံစားခွင့်များရရှိမည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးမြို့များအား အခြေပြု၍ MAI အနေဖြင့် ပြည်တွင်းခရီးစဉ် ၁၆ မြို့နှင့်
ပြည်ပခရီးစဉ်များ ၂၂ မြို့သို့ ပျံသန်းပြေးဆွဲလျက်ရှိသည့် မြန်မာနိုင်ငံ၏လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ထိုင်း၊စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ယူအေအီး၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှားနှင့် လာအိုနိုင်ငံများ အပါအဝင် နိုင်ငံတကာခရီးစဉ်များကို ဝန်ဆောင်မှုပေးအပ်
လျက်ရှိကြောင်း သိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ- MAI

❤1
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အီရန်နှင့်အမေရိကန်တို့ ရက်ပေါင်း ၆၀ သက်တမ်းတိုးနိုင်
လက်ရှိရယူထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရက်ပေါင်း ၆၀ သက်တမ်းထပ် တိုးပေးထားသော သဘောတူညီချက်တစ်ရပ်ကို အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အနေဖြင့် ရယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အထက်ပါ သဘောတူညီချက်အရ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုး ရက် ၆၀ ကာလအတွင်းအီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးထားမည်ဖြစ်ပြီး အီရန်ရေနံများကိုလည်း အထက်ပါကာလအပိုင်းအခြားအတွင်း လွတ်လပ်စွာရောင်းဝယ်ခွင့်ရှိကြောင်း သိရသည်။
ယင်းအပြင် အပစ်အခတ်ရပ်စဲရေး ရက် ၆၀ ကာလအတွင်း အီရန်နျူကလီးယားအစီအစဉ် ကန့်သတ်
ရေးဆွေးနွေးပွဲများကို ကျင်းပရန်လည်း အထက်ပါသဘောတူညီချက်၌ပြဋ္ဌာန်းထားကြောင်း အမေရိကန်အစိုးရသတင်းအရင်းအမြစ်များကထုတ်ဖော်ပြောကြားထားသည်။
အထက်ပါ ရက် ၆၀ ကာလအတွင်း အီရန်နိုင်ငံအနေဖြင့်ဟော်မုဇ်ရေလက်ကြားကို လမ်းကြေး
မကောက်ခံဘဲ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ရေမြုပ်မိုင်းများ ရှင်းလင်းရေးအတွက်လည်း သဘောတူလိမ့်မည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အပြန်အလှန်အနေဖြင့် အမေရိကန်ပြည်ထောင်စုက အီရန်ဆိပ်ကမ်းများအား ရေတပ်အင်အားဖြင့်
ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်ပြီး ရေနံများကို လွတ်လပ်စွာ ရောင်းချနိုင်ရေးအတွက် အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်သည်။
အထက်ပါသဘောတူညီချက်သတင်းနှင့် ပတ်သက်၍ အိမ်ဖြူတော်က တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်းမရှိသေးပေ။
ဖေဖော်ဝါရီ ၂၈ ရက်တွင်စတင်ခဲ့သော အီရန်စစ်ပွဲ အဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများ ကျင်းပ
ရာတွင် တိုးတက်မှုရှိနေကြောင်းအမေရိကန်နှင့် အီရန် နှစ်ဖက်စလုံးကပြောကြားထားပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သက်တမ်းတိုးမည့်သတင်း ပေါ်ထွက်လာခဲ့သည်။