◾️မူလတန်းကြိုကျောင်းများ ဗုဒ္ဓဟူးတစ်ရက် Work from home ဆောင်ရွက်ရမည်
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ အထူးပညာရေးကျောင်းများနှင့် ဌာနပိုင်မူလတန်းကြိုကျောင်းများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တစ်ရက်အား Work from home ဆောင်ရွက်ရန် အသိပေးအကြောင်းကြားစာများပေးပို့ထားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အဆိုပါအကြောင်းကြားစာတွင် ဌာနပိုင်မူလတန်းကြိုကျောင်းများအနေဖြင့် ဧပြီလအတွင်း ကလေးများအားကျောင်းပိတ်၍ စာသင်ခန်းများပြင်ဆင်ခြင်း၊ သင်ထောက်ကူပစ္စည်းများပြင်ဆင်ခြင်းနှင့် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကိုပြုလုပ်ဆောင်ရွက်ရန်နှင့် ယခုမေ ၄ ရက်မှစတင်ကာ အပတ်စဉ်ဗုဒ္ဓဟူးနေ့အား Work from home ဆောင်ရွက်ရန် ယင်းအကြောင်းကြားစာတွင်ဖော်ပြထားသည်။
"လက်ရှိညီမက ကလေးကိုပုဂ္ဂလိကမူလတန်းကြိုကျောင်းတစ်ခုမှာထားတယ်။ လစာကတစ်လကို ကျပ် ၈၀၀၀၀ ပေးရတယ်။ အခုကျောင်းကညွှန်ကြားချက်အရဆိုပြီး ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ သုံးရက်ပိတ်တာဖြစ်သွားတော့မိဘတွေက တစ်ရက်ပိုထိန်းရတာပေါ့။ အလုပ်ရှိတဲ့ရက်ဆိုကလေးကို အလုပ်ခေါ်သွားရတယ်။ Work from home ဆိုပြီးမတက်ရတဲ့ဗုဒ္ဓဟူးနေ့ကို အစားပြန်မသင်ပေးဘူး။ ကလေးတွေကငယ်သေးတော့ ကွန်ပျူတာရှေ့စာမသင်နိုင်ဘူး။ ကျောင်းလစာကတော့အပြည့်ပေးရတယ်" ဟု ရန်ကုန်မြို့မှ ကျောင်းသားမိဘတစ်ဦးကပြောသည်။
အဆိုပါ မူလတန်းကြိုကျောင်းများ မည်သည့်အတွက်ကြောင့် Work from home ဆောင်ရွက်ရမည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ ပြီးခဲ့သည့်မတ်လအတွင်းကမူ စက်သုံးဆီချွေတာရန်အတွက်ဟုဆိုကာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ မတ် ၂၅ ရက်မှစတင်ကာ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းနေအိမ်မှ work from home လုပ်ရန် နိုင်ငံပိုင်မီဒီယာထုတ်ပြန်ကြေညာခဲ့ရာ ယင်း၏ သက်ရောက်မှုဖြစ်နိုင်ကြောင်းလည်း ကျောင်းသားမိဘများက သုံးသပ်ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင်လည်း ကိုယ်ထူကိုယ်ထမူလတန်းကြိုကျောင်းတစ်ခုက ကျောင်းသားမိဘများကိုခေါ်ယူတွေ့ဆုံ၍ အဆိုပါအကြောင်းကြားစာနှင့်ပတ်သက်ပြီး ရှင်းလင်းပြောပြခြင်းများရှိကြောင်း ကျောင်းသားမိဘတစ်ဦးကပြောသည်။
ယခုနှစ်ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၌ ကျောင်းအပ်နှံရာတွင် ကျောင်းအခြေနေပေါ်မှုတည်ပြီး ကလေးတစ်ဦး၏အနိမ့်ဆုံးကျောင်းလခမှာ ကျပ်ရှစ်သောင်းထိပေးရကြောင်း၊ အခြားကျောင်းဝင်ကြေး၊ စာရွက်စာတမ်းကြေးများနှင့် ယူနီဖောင်းကြေးများပါဝင်ပါက ကျပ်နှစ်သိန်းကျော်အထိကျသင့်ကြောင်း ယခုနှစ်တွင်ကျောင်းအပ်ခနှုန်းထားများ သိသိသာသာမြင့်တက်လာကြောင်း ကျောင်းသားမိဘများထံမှသိရသည်။
ထို့ပြင်စက်သုံးဆီရရှိမှုအခက်အခဲနှင့် စုံ/မခွဲခြားထားသည့်အတွက်ကြောင့် လာမည့်ကျောင်းဖွင့်ရာသီအတွက် ကျောင်းဖယ်ရီခများမှာ နှစ်ဆမြင့်တက်သွားကြောင်း ကျောင်းသားမိဘများကပြောသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ-MOI (ပုံဟောင်း)
#ပြည်တွင်းသတင်း

အိမ်ဖြူတော်တွင် ကျင်းပမည့် UFC အထူးပွဲသို့ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှူအာဗန် ဖိတ်ကြား ခံရ
အမေရိကန် ပြည်ထောင်စုဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ကျင်းပမည့် UFC အထူးပွဲကြီးသို့မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား UFCဖလိုင်း ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဂျိုရှူအာဗန် ဖိတ်ကြားခံထားရကြောင်း သိရသည်။
‘UFC Freedom 250’ ဟု အမည်ပေးထားသည့် အဆိုပါပြိုင်ပွဲကို အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း နှစ်(၂၅၀)ပြည့် အထိမ်းအမှတ်အဖြစ်ကျင်းပမည် ဖြစ်ပြီး ဂျိုရှူအာဗန် အပါအဝင် UFC ၏ ကမ္ဘာ့ထိပ်သီးချန်ပီယံများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အသက် (၂၄) နှစ်အရွယ် ဂျိုရှူအာဗန်သည် ပြီးခဲ့သည့် မေ ၁၀ ရက်ကဂျပန်ဖိုက်တာ Tatsuro Taira ကို အနိုင်ယူကာ ချန်ပီယံခါးပတ်အား အောင်မြင်စွာကာကွယ်နိုင်ခဲ့ပြီး လက်ရှိတွင် UFC ၏ ထိပ်သီးကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။
အဆိုပါ UFC အထူးပွဲကြီးကို လာမည့် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-ဝတ်ရည်
ဓာတ်ပုံ-UFC
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

မိသားစုဝင်ငွေတိုးရေး စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ကျေးလက်ဒေသတွင် ဆက်လက်ဖော်ဆောင်မည်
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀မြှင့်တင် နိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၂၁၄ ရွာ၌ ‘ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း’ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုဦးစီးဌာနမှသိရသည်။
အဆိုပါ စီမံကိန်းသည် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အသေး စားကုန်ထုတ်လုပ်ငန်းများကိုကိုယ်တိုင်ဦးစီး လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ကျား/မ အလိုက် သင့်လျော်မည့် အသက်မွေးဝမ်းကျောင်းနည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းများတွင် အထည်ချုပ်နှင့် စက်ချုပ်သင်တန်းများ၊ ဒေသထွက်ကုန်အ ခြေခံစားသောက်ကုန်ထုတ်လုပ်မှုသင်တန်းများနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများ၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းမှုသင်တန်းများ၊တစ်လုံးထိုးအင်ဂျင် ပြုပြင်မှုသင်တန်းများနှင့် အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာ သင်တန်းများ ပါဝင်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၅၁ရွာ၌ စတင်စမ်းသပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ သုံးနှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၅၀၀ ကျော်၌ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း အသေးစားစက်မှု၊ လက်မှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
သတင်း-သံစဉ်
ဓာတ်ပုံ-MOI

အီရန်အား စစ်ရေးအရ ပြန်လည်တိုက်ခိုက်မည့်အစီအစဉ် ရပ်ဆိုင်းထားကြောင်း ဒေါ်နယ်ထရန့် ပြောကြား
အီရန်စစ်ပွဲကို အဆုံးသတ်ပေးမည့် သဘောတူညီချက်တစ်ရပ် ရယူရေးအတွက် စေ့စပ်ဆွေးနွေး မှုများ ဆက်လက်ပြုလုပ်နိုင်ရန် အီရန်နိုင်ငံအား တိုက်ခိုက်မည့် အစီအစဉ်ကို ရပ်ဆိုင်းပေးထား ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အီရန်စစ်ပွဲကို အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းရေး အဆိုပြုချက်သစ်ကို အီရန်နိုင်ငံက ပေးပို့ခဲ့ပြီးနောက် အီရန်အား တိုက်ခိုက်မည့်အစီအစဉ်ကို ရပ်ဆိုင်းပေးထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မေ ၁၉ ရက်တွင် အီရန်နိုင်ငံကိုစစ်ရေးအရ ပြန်လည် တိုက်ခိုက်ရန် စီစဉ်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်၏အဆိုအရ သိရသည်။
အီရန်နိုင်ငံက ငြိမ်းချမ်းရေးအဆိုပြုချက်သစ် ပေးပို့ထားပြီးနောက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အီရန်နိုင်ငံအား တိုက်ခိုက်မည့်အစီအစဉ် ရပ်တန့်ထားရန် အမေရိကန် စစ်ဘက်ကို မိမိညွှန်ကြားထားကြောင်း သမ္မတဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်နှာ ပေါ်တွင်ရေးသားထားသည်။
သို့ရာတွင် လက်ခံနိုင်လောက်သော သဘောတူညီချက်မျိုး မရခဲ့ပါကအီရန်နိုင်ငံကို အပြည့်အဝ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ရေးအတွက် ပြင်ဆင်မှုများပြုလုပ်ထားရန် အမေရိကန်စစ်ဘက်ကို သမ္မတဒေါ်နယ်ထရန့်က ဆက်လက်ညွှန်ကြားထားကြောင်း သိရသည်။
အီရန်စစ်ပွဲကို အဆုံးသတ်ရေးအတွက် အီရန်၏ သဘောထားများကိုပါကစ္စတန်နိုင်ငံမှတစ်ဆင့် အမေရိကန်အစိုးရထံ ပေးပို့ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

ကျူးဘားကို စစ်ရေးအရ မတိုက်ရန်သမ္မတ ဒီအက်ဇ်ကာနယ် သတိပေး
ကျူးဘားနိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ပါက ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ခန့်မှန်းတွက်ချက်၍ မရနိုင်သော အကျိုးဆက် များ ပေါ်ထွက်လာနိုင်ကြောင်း ကျူးဘားသမ္မတ မီဂွဲလ်ဒီအက်ဇ်ကာနယ်က မေ ၁၈ ရက်တွင် သတိပေးလိုက်သည်။
ကျူးဘားနိုင်ငံအနေဖြင့် စစ်သုံးမောင်းသူမဲ့လေယာဉ် အစင်း ၃၀၀ ကျော်ဝယ်ယူထားပြီး ယင်းလေယာဉ်များဖြင့် ဂွာတာနာမိုပင်လယ်အော်ရှိ အမေရိကန်ရေတပ်စခန်းနှင့် စစ်သင်္ဘောများကို တိုက်ခိုက်ရေးအတွက် အကြံအစည်ရှိကြောင်း အမေရိကန်မီဒီယာများက သတင်းများ ထုတ်ပြန်ခဲ့ပြီးနောက် ကျူးဘားသမ္မတ၏ အထက်ပါသတိပေး ချက်ပေါ်ထွက် လာ ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် အထက်ပါသတင်းများဖြင့် ကျူးဘားနိုင်ငံကို စစ်ရေးအရ ကြားဝင်စွက်ဖက်ရန် အကြောင်းရှာနေကြောင်း ကျူးဘားသမ္မတ ဒီအက်ဇ်ကာနယ်က ဝေဖန်ထားသည်။
ကျူးဘားခေါင်းဆောင်ဟောင်း ရောလ်ကက်စထရိုကို တရားစွဲဆိုရန်စီစဉ်ထားကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျူးဘားနှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ရသည်။
၁၉၉၆ ခုနှစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ သယ်ဆောင်လာသော လေယာဉ်နှစ်စင်းအား ကျူးဘားလေတပ်ကပစ်ချမှု ဖြင့် ရောလ်ကက်စထရိုကို တရားစွဲဆိုရန် အမေရိကန်အစိုးရက စီစဉ်ထားခြင်းဖြစ်သည်။

ဒဗလျူအိတ်ခ်ျအို ညီလာခံအတွက် တရုတ်(တိုင်ပေ)အား ဖိတ်ကြားရေးအဆိုပြုချက် ပယ်ချခံရ
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပနေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) နှစ်စဉ်ညီလာခံအတွက် တရုတ်(တိုင်ပေ)အားဖိတ်ကြားရေး အဆိုပြုချက်ကို ဒဗလျူအိတ်ခ်ျအို အဖွဲ့ဝင်နိုင်ငံများက ပယ်ချခဲ့ကြကြောင်း မေ ၁၈ရက် သတင်းများတွင် ရေးသားတင် ပြထားသည်။
ဒဗလျူအိတ်ခ်ျအို နှစ်စဉ်ညီလာခံ၌ တရုတ်(တိုင်ပေ) ပါဝင်တက်ရောက်မှုကို လက်ခံမည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့ပြီးနောက် ဒဗလျူအိတ်ခ်ျအိုအဖွဲ့ဝင်နိုင်ငံများက တရုတ်(တိုင်ပေ)အား ဖိတ်ကြားရေးအဆိုပြုချက်ကို ပယ်ချခဲ့ကြရခြင်းဖြစ်သည်။
ဒဗလျူအိတ်ခ်ျအိုညီလာခံမှ တရုတ်(တိုင်ပေ)ကို ဖယ်ထုတ်ထားမှုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ရောဂါထောက်လှမ်းရေးနှင့် သတင်းအချက်အလက်မျှဝေရေးလုပ်ငန်းစဉ်များ အားနည်းထိခိုက် သွားနိုင်ကြောင်း အဆိုပြုချက်ကိုထောက်ခံသည့်နိုင်ငံများက ထောက်ပြထားသည်။
တရုတ်(တိုင်ပေ)ကဲ့သို့ စွမ်းဆောင်ရည်မြင့်မားပြီး တာဝန်သိသော မိတ်ဖက်များကို ဒဗလျူ အိတ်ခ်ျအိုညီလာခံမှ ဖယ်ထုတ်ထားခြင်းကြောင့် နိုင်ငံတကာ ကျန်းမာရေးစီမံခန့်ခွဲမှုလုပ်ငန်း စဉ်၌ ဟာကွက်များရှိလာကြောင်း အဆိုပြုချက်ထောက်ခံသည့်နိုင်ငံများက ပြောကြား ထားသည်။
တရုတ်(တိုင်ပေ)ကို ပြည်မကြီး၏ အချုပ်အခြာပိုင်နယ်မြေအဖြစ် မှတ်ယူထားသော တရုတ် နိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများ၌ တရုတ်(တိုင်ပေ)ပါဝင်ခွင့်ကို ဆန့်ကျင်ထားသည်။
တရုတ်(တိုင်ပေ)သည် သမ္မတဟောင်းမာရင်ရွှေလက်ထက် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အကြားတွင် ဒဗလျူအိတ်ခ်ျအိုညီလာခံများ၌ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။

❤1
မြဝတီရှိကားဂိတ်များ စိမ်းလဲ့မြိုင်ကားဝင်းသို့ရွှေ့ပြောင်းရန် မြို့နယ်စည်ပင်ညွှန်ကြား
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရှိကားဂိတ်များအားလုံး စိမ်းလဲ့မြိုင်ကားဝင်းအတွင်း ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ရန် ယင်းမြို့နယ်စည်ပင်သာယာရေးကော်မတီကညွှန်ကြားထားကြောင်း ခရီးသည်တင်ယာဉ်မောင်းများထံမှသိရသည်။
မြဝတီမြို့တွင်း၌ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်မော်တော်ယာဉ်ကြီးများအပါဝင် ခရီးသည်တင်ကားလတ်၊ ကားသေဂိတ်များအားလုံး လာမည့်ဇွန် ၁ ရက်နောက်ဆုံးထားကာ စိမ်းလဲ့မြိုင်အဝေးပြေးကားဝင်းအတွင်းသို့ အပြီးပြောင်းရွှေ့ရမည်ဟု မြဝတီမြို့နယ်စည်ပင်သာယာရေး ဒုတိယညွှန်ကြားရေးမှူးက ယခုမေလ ၁၈ ရက်တွင် ကားဂိတ်တာဝန်ရှိသူများအားလုံးကိုတွေ့ဆုံပြောဆိုခဲ့ကြောင်းသိရသည်။
"အရင်တုန်းကကားတွေအားလုံး စိမ်းလဲ့မြိုင်ကားဝင်းအတွင်းမှာပဲ ဂိတ်ထိုးကြတာ။ ပြီးခဲ့တဲ့နှစ်ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကားတွေကစိမ်းလဲ့မြိုင်ကားဝင်းထဲကိုမသွားတော့ဘဲ မြဝတီမြို့ထဲမှာပဲ အဆင်ပြေတဲ့နေရာတွေမှာဂိတ်တွေဖွင့်နေကြတာ။ မြို့ထဲမှာယာဉ်ကြောကြပ်တာတွေ၊ လမ်းပိတ်တာတွေမဖြစ်အောင် ကားဂိတ်တွေအားလုံးကိုအရင်နေရာဖြစ်တဲ့စိမ်းလဲ့မြိုင်ကားဝင်း အတွင်းပြန်ပို့တာပါ" ဟု မြဝတီမြို့မှခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြော သည်။
ထိုကဲ့သို့ပြောင်းရွှေ့ရန် ကြိုတင်စာထုတ်အသိပေးထားပြီးဖြစ်ပြီး သတ်မှတ်ထားသောရက်အတွင်း ပြောင်းရွှေ့ခြင်းမပြုပါက ပို့ဆောင်ဆက်သွယ်ရေးဥပဒေအရအရေးယူသွားမည်ဟု မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - စိမ်းလဲ့မြိုင်ကားဝင်း/FB

AI ကြောင့် Meta မှ ဝန်ထမ်း ၈၀၀၀ အလုပ်ပြုတ်
ကမ္ဘာတစ်ဝန်းမှ လုပ်သားအင်အား ၁၀ ရာခိုင်နှုန်း သို့မဟုတ် ဝန်ထမ်း ၈၀၀၀ ခန့်ကို ယနေ့ (မေ ၂၀ ရက်) မှစ၍ လျှော့ချသွားမည်ဖြစ်ကြောင်း လူမှုမီဒီယာလုပ်ငန်း ဖေ့စ်ဘွတ်၏ မိခင်ကုမ္ပဏီ Meta က ပြောသည်။
ယင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ဉာဏ်ရည်တုနည်းပညာ( AI ) ကြောင့် နည်းပညာလုပ်ငန်းတွင် နောက်ဆုံးထွက်ပေါ်လာသည့် အလုပ်အနားပေးမှုများ ဖြစ်သည်။
၎င်းတို့ကုမ္ပဏီ က ခေါ်ယူရန်လျာထားသည့် အလုပ်နေရာ ၆၀၀၀ ကိုလည်း ခေါ်ယူတော့မည်မဟုတ်ကြောင်း ကုမ္ပဏီဝန်ထမ်းများထံ ဖြန့်ဝေခဲ့သော စာတစ်စောင်တွင် Meta ၏ အမှုဆောင်အရာရှိချုပ် ဂျာနဲလ်ဂေးလ်က ပြောကြားခဲ့သည်။
ကုမ္ပဏီအား ပိုမို၍ ထိရောက်စွာလည်ပတ်နိုင်ရေး နှင့် ၎င်းတို့ လုပ်ဆောင်နေသော အခြားရင်းနှီးမြုပ်နှံမှုများကို ကာမိစေရန် ဝန်ထမ်းလျှော့ချမှုလုပ်ခြင်းဖြစ်ကြောင်း မစ္စဂေးလ်က ပြောသည်။
Meta က မန်နေဂျာရာထူးများကို လျှော့ချသွားမည်ဖြစ်ကာ လုပ်သားအင်အား ၇၀၀၀ ကို အေအိုင်နှင့်ဆက်စပ်သော လုပ်ငန်းနေရာသစ်များသို့ ပြောင်းရွှေ့သွားမည်ဟုလည်း ဂေးလ်က ပြောသည်။
စုစုပေါင်းဆိုလျှင် ထုတ်ပယ်မှုများနှင့် ရွှေ့ပြောင်းမှုများ သည်ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၇၇၉၈၆ ဦးရှိသော Meta ၏ ဝန်ထမ်း ၂၀ ရာခိုင်နှုန်းခန့်အပေါ် သက် ရောက်မည်ဖြစ်ကြောင်း သိရကာ ယင်းမှာ ယခုနှစ်အတွင်း အမေရိကန် ကုမ္ပဏီကြီးများ အထူးသဖြင့် နည်းပညာလုပ်ငန်းများကြား အေအိုင်နှင့်ဆက်စပ်သော အလုပ်နေရာလျှော့ချမှုများကို ထင်ဟပ်နေသည်။
အမေရိကန်နိုင်ငံတွင် ရှိသော ဝန်ထမ်းများကိုလည်း ယနေ့ ဗုဒ္ဒဟူးနေ့တွင် ရုံးသို့မလာဘဲ နေအိမ်မှပင် အလုပ်လုပ်ကြရန် ပြောကြားထားသည်။
Meta နှင့် အခြားနည်းပညာကုမ္ပဏီကြီးများသည် ဉာဏ်ရည်တုနည်းပညာတွင် အကြီးအကျယ် ရင်းနှီး မြုပ်နှံနေကြပြီး ၂၀၂၅ ခုနှစ်တွင် Meta က ငွေပင်ငွေရင်းသုံးစွဲမှုများ အဖြစ် ဒေါ်လာ ၇၂ ဒသမ ၂ ဘီလီယံ သုံးစွဲခဲ့ကာ အဓိကအားဖြင့် ဒေတာစင်တာများနှင့် AI အခြေခံအဆောက်အအုံများအတွက် သုံးစွဲခဲ့ခြင်း ဖြစ်သည်။
ထိုသုံးစွဲမှုသည် ၂၀၂၆ ခုနှစ်တွင် ၁၁၅ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ဇန်နဝါရီလ ဝင်ငွေအစီရင်ခံစာ ထုတ်ပြန်ချိန်တွင် ပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-CNN
#နိုင်ငံတကာသတင်း

ဆော်ဒီသို့ တပ်ဖွဲ့ဝင် ၈၀၀၀နှင့် တိုက်လေယာဉ်အုပ်တစ်အုပ် ပါကစ္စတန် ဖြန့်ကြက်
နှစ်နိုင်ငံ အပြန်အလှန်ကာကွယ်ရေးစာချုပ်အရ ပါကစ္စတန်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံသို့ တပ် ဖွဲ့ဝင် ၈၀၀၀၊ တိုက်လေယာဉ် အုပ်တစ်အုပ်နှင့် လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခုတို့ ဖြန့်ကြက်ထားကြောင်း မေ ၁၈ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ပါကစ္စတန်နိုင်ငံသည် အီရန်စစ်ပွဲ ပြီးဆုံးရေးအတွက် ကြားခံလူအဖြစ် ပါဝင်ကူညီနေသော်လည်း နှစ်နိုင်ငံ အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်အရ ဆော်ဒီအာရေဗျနိုင်ငံနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများလည်း မြှင့်တင်လျက်ရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သော အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်လုံး၌ စစ်ရေးတင်းမာမှုများအားကောင်းနေချိန်တွင် ပါကစ္စတန်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံသို့လက်နက်ကိုင်တပ်များ စေလွှတ်ဖြန့် ကြက်ထားခြင်းဖြစ်သည်။
သတင်းအရင်းအမြစ်များ၏အဆိုအရ ပါကစ္စတန်နိုင်ငံသည်ဆော်ဒီအာရေဗျနိုင်ငံသို့ တပ်ဖွဲ့ဝင် ၈၀၀၀၊ ဂျေအက်ဖ်-၁၇ အမျိုးအစားတိုက်လေယာဉ်အများစု ပါဝင်သောလေယာဉ် ၁၆ စင်းပါ တိုက်လေယာဉ်အုပ်တစ်အုပ်နှင့် အိတ်ခ်ျကျူ-၉ အမျိုးအစား လေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ခုကို ဖြန့်ကြက်ထားကြောင်းသိရသည်။
ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် နှစ်နိုင်ငံ အပြန်အလှန် ကာကွယ်ရေး စာချုပ် တစ်ရပ်ကို ပြီးခဲ့သည့်နှစ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြသော်လည်း စာချုပ်ပါ ပြဋ္ဌာန်းချက် များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ကြေညာခြင်းမရှိခဲ့ပေ။

ဟင်္သာတရှိ ဗိုလ်မောင်စိန်တိုက်တန်းမီးလောင်၊ အခန်း ၁၂ ခန်းပါအဆောက်အဦပျက်စီးဆုံးရှုံး
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ပတ္တမြားရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ ယမန်နေ့(မေ ၁၉ ရက်) ည ၁၁ နာရီခွဲတွင် ဗိုလ်မောင်စိန်တိုက်တန်းမီးလောင်မှုဖြစ်ပွားပြီး အခန်း ၁၂ ခန်းပါအဆောက်အဦပျက်စီးဆုံးရှုံးကြောင်း ဟင်္သာတခရိုင်ကွန်ရက်လူမှုကူညီရေးအသင်းထံမှသိရသည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်းအခန်း ၁၂ ခန်းပါ နှစ်ထပ်ဗိုလ်မောင်စိန်တိုက်တန်း အဆောက်အဦတစ်ခုလုံးမီလောင်ကျွမ်းခဲ့ကြောင်း၊ အချိန်နှစ်နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရပြီး ယနေ့(မေ ၂၀ ရက်) နံနက် ၂ နာရီခန့်တွင် မီးငြိမ်းကြောင်းသိရသည်။
“ဗိုလ်မောင်စိန်တိုက်တန်းက အန္တရာယ်ရှိအဆောက်အအုံအဖြစ်ကြေညာပြီးဖြစ်တဲ့ သက်တမ်းရှည် အဆောက်အဦဖြစ်ပါတယ်။ တိုက်တန်းမှာ အခန်း ၁၂ ခန်းရှိပါတယ်။ လက်ရှိလူနေတာနှစ်ခန်းပဲရှိတယ်။ ကျန်တဲ့အခန်းတွေကလူမနေဘူး” ဟုဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD