မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေး ထူထောင်ရန် ထရန့်နှင့် ရှီ သဘောတူ
နောင်လာမည့် သုံးနှစ်နှင့် ထိုထက်ပိုသော ကာလများအတွက် နှစ်နိုင်ငံဆက်ဆံရေး၏ ဦးတည်ချက်အသစ်အဖြစ် အပြုသဘောဆောင်သည့် မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့က သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ယနေ့ ကျင်းပသည့် သမိုင်း ဝင်ထိပ်သီးဆွေးနွေးပွဲ၌ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုတွင် တည်ငြိမ်၍ အပြုသဘောဆောင်သော ဆက်ဆံရေးအသွင်သဏ္ဌာန်ဖြင့် အမေရိကန် - တရုတ် ဆက်ဆံရေး ခေတ်သစ်ကို ရှီကျင့်ဖျင်က ကြိုဆိုဂုဏ်ပြုခဲ့သည်။
အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ အမေရိကန်ဘက်မှ တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း၊ ယခုပထမဆုံးအကြိမ် သုံးနှုန်းလိုက်သည့် အသုံးအနှုန်းသစ်မှာ မကြာသေးမီနှစ်များအတွင်း မတည်မငြိမ်ဖြစ်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေးကို ပြိုင်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကြား ပိုမိုထိန်းညှိနိုင်ပြီး ခန့်မှန်းရလွယ်ကူသည့် ပုံစံမျိုးဖြင့် အသွင်ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ယူဆရသည်။
“အပြုသဘောဆောင်တဲ့ မဟာဗျူဟာမြောက် တည်ငြိမ်မှုဆိုတာ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားတဲ့ အပြု သဘောဆောင်တဲ့ တည်ငြိမ်မှု၊ စနစ်တကျ ထိန်းကျောင်းထားတဲ့ ပြိုင်ဆိုင်မှုနဲ့အတူ ကောင်းမွန်တဲ့ တည်ငြိမ်မှု၊ ကွဲလွဲချက်တွေကို စီမံခန့်ခွဲနိုင်တဲ့ သာမန်တည်ငြိမ်မှုနဲ့ ခန့်မှန်းရလွယ်တဲ့ ငြိမ်းချမ်းရေးရှိတဲ့ ရေရှည်တည်ငြိမ်မှုတို့ ဖြစ်သင့်ပါတယ်” ရှီကျင့်ဖျင်က ဆိုသည်။
ထို့ပြင် ယင်းဆက်ဆံရေးမှာ ကြွေးကြော်သံသက်သက် မဟုတ်ဘဲ၊ နှစ်ဦးနှစ်ဖက်စလုံးက တူညီသည့်ပန်းတိုင်သို့ ဦးတည်ရွေ့လျားမည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ရမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့တွေ့ဆုံမှုတွင် အမေရိကန် - တရုတ် ဆက်ဆံရေးတွင် ထိုင်ဝမ်အရေးသည် အရေးကြီးဆုံးကိစ္စ ဖြစ် ကြောင်းနှင့် အဆိုပါအခြေအနေကို စနစ်တကျ မကိုင်တွယ်နိုင်ပါက နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့မှု၊ သို့မဟုတ် ပဋိပက္ခများ ဖြစ်ပွားလာနိုင်ကြောင်းလည်း ရှီကျင့်ဖျင်က ဒေါ်နယ်ထရန့်အား သတိပေးပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။
သတင်း-လင်းခေတ်
ကိုးကား-CNN
#နိုင်ငံတကာသတင်း

👍1
ဟောမုဇ်ကို ထိန်းချုပ်မှုမှ ဝင်ငွေများစွာ ရနိုင်ကြောင်း အီရန်ပြော
ဟောမုဇ်ရေလက်ကြားအပေါ် အီရန်၏ ထိန်းချုပ်မှုသည် ကြီးမားသော စီးပွားရေးဝင်ငွေ ရရှိနိုင်သလို နိုင်ငံ၏ နိုင်ငံတကာရပ်တည်မှုကိုလည်း ခိုင်မာလာစေနိုင်သည်ဟု အီရန်စစ်တပ်ပြောခွင့်ရသူက ယမန်နေ့တွင် ပြောကြားသည်။
"ဟောမုဇ်ရေလက်ကြားကို ကျွန်တော်တို့ရဲ့ ကြီးကြပ်မှုက ကျွန်တော်တို့နိုင်ငံအတွက် စီးပွားရေးအကျိုးအမြတ် များစွာ ဖြစ်ထွန်းစေနိုင်ပြီး ဝင်ငွေကို နှစ်ဆလောက်မြင့်တက်သွားစေနိုင်ပါတယ်။ နိုင်ငံတကာစင်မြင့်မှာ ကျွန်တော်တို့ရဲ့ ဩဇာကြီးမှုကိုလည်း ခိုင်မာတောင့်တင်းစေနိုင်ပါတယ်”ဟု အီရန်စစ်ဘက်ပြောခွင့်ရ မိုဟမ်မက်အက်ရာမာနီယာကို ကိုးကား၍ အီရန်အစိုးရ ISNA သတင်းဌာနက ဖော်ပြသည်။
ဟောမုဇ်ရေလက်ကြား အနောက်ပိုင်းအား အီရန်တော် လှန်ရေးအစောင့်တပ်က ထိန်းချုပ်ထားပြီး အရှေ့ပိုင်းကို အီရန်ရေတပ်က ထိန်းချုပ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
ရေလက်ကြားအား အီရန်ထိန်းချုပ်မှုသည် ယခုအချိန်ထိ သဘောတူညီချက် မရသေးသည့် အမေရိကန်နှင့် ညှိနှိုင်းမှုများတွင် အဓိကလိပ်ခဲတည်းလည်းဖြစ်နေသော အချက်တစ်ခုလည်း ဖြစ်သည်။
ထိုအတောအတွင်းမှာပင် ရေလက်ကြားအား စီမံခန့်ခွဲသွားရေး အစီအစဉ်တစ်ရပ်ကို အီရန်ပါလီမန်လုံခြုံရေးကော်မရှင်က ရေးဆွဲထားပြီဖြစ်ကြောင်း ယင်းကော်မရှင်ဥက္ကဌ အီဘရာဟင်အဇစ်ဇီက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်၊ အစ္စရေးတို့နှင့်စစ်ပွဲ စတင်ချိန်ကတည်းက အီရန်က ဟောမုဇ်ရေလက်ကြား သင်္ဘောသွားလာမှုကို အများအားဖြင့် ပိတ်ဆို့ထားနိုင်ခဲ့သည်။
ငြိမ်းချမ်းသောကာလတွင် အဆိုပါရေလက်ကြားမှာနေ၍ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ စီးဆင်းခဲ့ပြီး ဓာတ်မြေဩဇာကဲ့သို့ အရေးပါသော ကုန်ပစ္စည်းများလည်း ဖြတ်သန်းခဲ့သည်။
ရေလက်ကြားအား အီရန်၏ချုပ်ကိုင်မှုသည် ကမ္ဘာ့ဈေးကွက်များကို လှုပ်ခါ သွားစေခဲ့ပြီး တီဟီရန်အား ကြီးမားသော အသာစီးရမှု ရရှိစေခဲ့သည်။
တစ်ဖက်တွင်လည်း မခိုင်မာသော အပစ်ရပ်မှုနှင့်အတူ အမေရိကန်က အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ထားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-AFP

❤1👍1😁1
ဗန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ မြန်မာအလုပ်သမား ၄၉ ဦး အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ ဗန်ကောက်ရှိလန်ကဖယ်စွယ်တွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ မြန်မာ အလုပ်သမား ၄၉ ဦး အလုပ်ထုတ်ခံခဲ့ရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေကြသောမြန်မာအလုပ်သမား PJ/CI ဘတ်အသစ်)ကိုင်ဆောင်ထားသူ ၄၉ ဦးတို့သည်ထိုလုပ်ငန်းတွင် အလုပ်လုပ်နေသည်မှာ ရှစ်လ မှ သုံးနှစ် ကျော်သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။
အလုပ်ရှင်သူဌေးသည် အလုပ်သမားတို့အား အလုပ်ဆိုက်ကို ဗန်ကောက်မြို့မှ ဖူးခက်မြို့ ပြောင်းမည်ဖြစ်သဖြင့် မလိုက်ချင်သည့်သူများနာမည်စာရင်းပေးဟုပြောရာ အလုပ်သမားများ က စာရင်းပေးလိုက်ရာနောက်နေ့နံနက်တွင် အလုပ်သမားများအား အလုပ်ဆင်းစရာမလိုတော့ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများမှာလုပ်အားခ ၁၀ ရက်စာ တစ်ဦးလျှင်ဘတ် ၅၅၀၀ ဝန်းကျင်ဖြင့် ၄၉ ဦးစာဘတ် ၂၆၉၅၀၀ ဝန်းကျင်ကို မရှင်းပေးသည့်အပြင် အလုပ်သမားများ၏မှတ်ပုံတင်၊ အိမ်ထောင်စု၊ ပတ်စပို့အထောက်အထားများလည်း သိမ်းဆည်းထားပြီး ပြန်မပေးသဖြင့် အလုပ်သမားတို့သည် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့၏ အခက်အခဲများကိုကူညီဖြေရှင်းပေးပါရန် WAG အလုပ်သမား မဟာမိတ် အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့်မေ ၁၃ ရက်တွင် အမှုကိုလက်ခံခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

ရန်ကုန်-မန္တလေး DEMU အမြန်ရထားအပါအဝင် RBEခရီးတိုရထားများ မေ ၁၅ ရက်မှစကာ တိုးချဲ့ပြေးဆွဲမည်
မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေစေရန် မေ ၁၅ ရက် (ယနေ့)မှ စတင်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အပါအဝင် ခရီးစဉ်အချို့တွင်ရ ထားများ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်များမှာ ရန်ကုန်-မန္တလေး- ရန်ကုန်၊ သာစည်- နေပြည်တော်-သာစည်၊ နေပြည်တော်-တောင်ငူ-နေပြည် တော်နှင့်တောင်ငူ- ပဲခူး- တောင်ငူခရီးစဉ်များဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။
ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တွင်အမှတ်(၃)အဆန်/အမှတ်(၄)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားကို ထပ်မံပြေးဆွဲပေးမည်ဖြစ်ပြီး၊ သာစည်-နေပြည်တော်- သာစည် ခရီးစဉ်တွင် အမှတ်(သ-၄၀၁)အဆန်/အမှတ်(သ-၄၀၂)အစုန် RBE ခရီးတိုရထား၊ နေပြည်တော်-တောင် ငူ-နေပြည်တော် ခရီးစဉ်တွင် အမှတ်(သ-၅၀၁)အဆန်/အမှတ် (သ-၅၀၂)အစုန် RBE ခရီးတိုရထားနှင့် တောင်ငူ-ပဲခူး-တောင်ငူ ခရီးစဉ်တွင် အမှတ်(သ-၆၀၁) အဆန်/အမှတ် (သ-၆၀၂)အစုန် RBE ခရီးတိုရထားများကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လက်ရှိ ရန်ကုန်နှင့် မန္တလေးဘူတာများမှ နံနက် ၆ နာရီ တွင် ပြေးဆွဲနေသည့် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများကို မေ ၁၅ရက်မှစတင်ကာ နံနက် ၇ နာရီသို့ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
RBE ခရီးတိုရထားများအတွက် နေပြည်တော်-သာစည်၊ သာ စည်-နေပြည်တော်၊ နေပြည်တော် -တောင်ငူနှင့် တောင်ငူ-နေပြည်တော် ခရီးစဉ်များ၏ အစအဆုံး လက်မှတ်ခ ကို ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး ခရီးစဉ်တစ်ဝက်အတွက် ကျပ် ၂၅၀၀ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တောင်ငူ-ပဲခူးနှင့် ပဲခူး-တောင်ငူ ခရီးစဉ်များအတွက် အစအဆုံး လက်မှတ်ခကို ကျပ် ၈၀၀၀ သတ်မှတ်ထားပြီး ခရီးစဉ်တစ်ဝက်အတွက်ကျပ် ၄၀၀၀ ကျသင့် မည်ဖြစ်ကာ ဘူတာစဉ်အလိုက်ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများ၏ ထိုင်ခုံလက်မှတ်များကို Online Railways Ticketing and Payment (ORTP)စနစ်ဖြင့် ခရီးစဉ်အစအဆုံးအတွက် ခုနစ်ရက် ကြိုတင်နှင့် လမ်းဘူတာများအတွက် သုံးရက်ကြိုတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- MOI

Facebook
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း – Explore
explore #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း at Facebook
👍1😁1
◾️ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ၇၀ ကျော် ခေါ်ယူ
ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက်မြန်မာလုပ်သား ၇၀ ကျော်ကို ခေါ်ယူထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ ၁၅ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ ကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ် ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင်တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိ ကြောင်း သိရသည်။
ယင်းတွင် အလုပ်ကမ်းလှမ်းစာ ၇၂ ခုရရှိခဲ့ပြီး မကြာခင် အလုပ်သမားများကို စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- MOI(ပုံဟောင်း)

😁1
◾️ကျောက်တန်းအနီး ဗဟိုပြု၍ ငလျင်လှုပ်၊ သိသာစွာခံစားရ
ယနေ့ (မေ ၁၈ ရက်)နံနက် ၈ နာရီ ၃၀မိနစ် ခန့်က ရန်ကုန်မြို့ ကျောက်တန်းမြို့နယ်၏ တောင်ဘက် (၉) မိုင်ခန့်အကွာကိုဗဟိုပြု၍ ပြင်းအား ၅ဒသမ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
"ဟင်းချက်နေတုန်း ငလျင်စလှုပ်တာသိလိုက်တယ်။ပြီးကျ ခါရမ်းပြီးဆက်တိုက်လှုပ်သွားတာ။ဒီတခါ ရန်ကုန်မှာလှုပ်တာတော်တော်ကြမ်းတယ်။အကုန်တိုက်ပေါ်တွေကဆင်းပြေးရတယ်"ဟု ပုဇွန်တောင်မြို့နယ်နေသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအား ရန်ကုန်မြို့ရှိ သန်လျင်မြို့နယ်ပုဇွန်တောင်မြို့နယ်၊ဒေါပုံမြို့နယ်၊တာမွေမြို့နယ်၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်)၊အင်းစိန်မြို့နယ် အစရှိသည့်မြို့နယ်များအပါအဝင် ရန်ကုန်တမြို့လုံး နီးပါးသိသာစွာခံစားခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
သတင်း-အင်ကြင်း
#ပြည်တွင်းသတင်း

ရန်ကုန်နှင့်ပဲခူးတွင် နေထိုင်သူများ ငလျင်ဘေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန်လိုဟုဆို
ပဲခူးငလျင်နှင့်ပတ်သက်ပြီးရန်ကုန်နှင့် ပဲခူးမြို့တွင်နေထိုင်သူများ ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်ထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးကအကြံပြုတိုက်တွန်းထားသည်။
ငလျင်၏သဘောသဘာဝအရ မည်သည့်အချိန် မည်သည့်နေရာတွင် ပြင်းအားမည်မျှလှုပ်ခတ်မှုကို ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင်ပင် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း တူးမြောင်းတူးပြီး ရရှိလာသည့် အလွှာအသီးသီးက ကျောက်မီးသွေးများကို dating ပေး၍ သက်တမ်းပြန်လည်တွက်ချက်သည့် နည်းပညာအရ ငလျင်ဟာ ဘယ်နှနှစ်အတွင်း တကျော့ပြန်လှုပ်ရှားနိုင်သည်ကို ခန့်မှန်းတွက်ချက်နိုင်သည်ဟုဆိုသည်။
"ပဲခူးငလျင်ကအထူးသတိပြုသင့်တယ်။ ၂၀၂၅၊ မတ်လ ၂၈ ရက်ကလှုပ်ရှားခဲ့တဲ့ငလျင်ကြီးလှုပ်ရှားပြီးတဲ့နောက်မှာဆိုရင် နောက်ဆက်တွဲ အနေနဲ့ရော အဲဒီငလျင်လှုပ်ရှားမှုကြောင့် မြေလွှာကွဲအက်မှုက ဖြူးရဲ့အောက်ဘက်ပိုင်းကိုမဆင်းဘူး။ ဒီနောက်ပိုင်းမှာဆိုလည်း မြေလွှာရွေ့လျားမှုအနေနဲ့ဆိုရင်လည်း ပဲခူးဘက်အပိုင်းဟာဆိုရင် ပုံမှန်ရွေ့လျားမှုထက်နှေးတာမျိုးရှိတယ်။ ဒီလိုအချက်အလက်တွေကြောင့် လှုပ်ရှားဖို့ရန် အလားအလာတော့မြင့်နေတယ်ဆိုတာမျိုးပေါ့။ ပဲခူးက ၁၉၃၀ ပြည့်နှစ်က လှုပ်ရှားခဲ့တယ်။ အခုအနေနဲ့ဆိုရင် ၉၆ နှစ် ၊ နှစ် ၁၀၀ နီးပါးဖြစ်လာပြီ။ ဒါကြောင့်မို့ သူ့ရဲ့ return period ဆိုတာက သက်တမ်းပြည့်မှ မဟုတ်ဘဲ ဒီကာလအတွင်း တစ်ချိန်ချိန်မှာပြန်လည် လှုပ်ရှားနိုင်တယ်'' ဟု ဒေါက်တာယဉ်မျိုးမင်းထွေးကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
အဆိုပါပဲခူးငလျင်သက်တမ်း ပြည့်၍ လှုပ်ခတ်ပါက ယခင်ကလှုပ်ရှားခဲ့သည့် ငလျင်ထက်အားပျော့မည်ဖြစ်ပြီး မက္ကနီကျူ့ပြင်းအား ၆ ဒသမ ၈ နှင့် ၇ ဒသမ ၀ ဝန်းကျင်န့်သာလှုပ်ရှားနိုင်ကြောင်း လွန်ခဲ့သည့်နှစ်ပေါင်း ၉၀ ကျော်က လှုပ်ခတ်ခဲ့သည့်အင်အားကဲ့သို့မပြင်းထန်နိုင်ကြောင်း ၎င်းကဆက်လက်ပြောဝည်။
ထို့ပြင် ၁၉၃၀ ပြည့်နှစ်တွင် ပဲခူးငလျင် လှုပ်ရှားခဲ့စဉ်က ပဲခူးမြို့တွင်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သကဲ့သို့ရန်ကုန်မြို့တွင်လည်း လူနှင့်အဆောက်အဦများထိခိုက်ခဲ့ကြောင်း၊ လူဦးရေ ထူထပ်များပြားပြီး အထပ်မြင့်အဆောက်အဦများစွာရှိသည့် အဆိုပါမြို့ကြီးများအနေဖြင့် ငလျင်ဒဏ်နှင့် ပတ်သက်ပြီး ကြိုတင်လေ့ကျင့်ခြင်းများပြုလုပ်ထားရန်လိုအပ်ကြောင်း ဒေါက်တာယဉ်မျိုးမင်းထွေးကအကြံပြုပြောဆိုသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-CJ

တရုတ်နိုင်ငံ ကွမ်းရှီးဒေသ၌ ငလျင်လှုပ်ခတ်အဆောက်အအုံ ၁၃ လုံး ပြိုကျပျက်စီး
တရုတ်နိုင်ငံအနောက်တောင် ပိုင်း ကွမ်းရှီးဒေသ၌ မေ ၁၈ ရက်က အင်အားရစ်ခ်ျတာစကေး၅ ဒသမ ၂ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေငလျင်ကြောင့်လျူကျိုးမြို့တော်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး ခဲ့ရပြီး မြို့နေပြည်သူ ၇၀၀၀ ကျော်ကိုဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းကယ်ထုတ်ပေးခဲ့ရသည်။
မေ ၁၈ ရက် မြေငလျင်ကြောင့်လျူကျိုးမြို့၌ အဆောက်အအုံ ၁၃ လုံးပြိုကျခဲ့ရပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း တရုတ်အစိုးရ မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်ရေးသမားများက အဆောက်အအုံအပျက်အစီးများကို ရှင်းလင်းဖယ်ရှား ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင် နေကြောင်း သိရသည်။
မြေငလျင်ကြောင့် မီးရထားလမ်း၊ အခြေခံအဆောက်အအုံများထိခိုက်မှု ရှိ၊ မရှိကို တာဝန်ရှိသူများကစစ်ဆေးနေဆဲဖြစ်ရာ အများပြည်သူသွားရေးလာရေးကိစ္စများ အခက်အခဲ အချို့ရှိလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
မေ ၁၈ ရက် မြေငလျင်ကြောင့်ဒဏ်ရာရသူ လေးဦးရှိခဲ့သော် လည်းအသက် အန္တရာယ် စိုးရိမ်ရ ခြင်း မရှိကြောင်း တရုတ်တာဝန်ရှိသူများကပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

ရယောင်မြို့နယ် ဖော့ ဖျာစက်ရုံရှိ မြန်မာအလုပ်သမား ၆၅ ဦး အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ ရယောင်မြို့နယ်နိခွန်းဖတ်ထနာမြို့ ခြေသုပ်ခုံ၊ ဖော့ဖျာစက်ရုံရှိ မြန်မာအလုပ်သမား ၆၅ ဦးအလုပ်ထုတ်ခံရသည့်အတွက် နစ်နာကြေးရရှိရန် ကူညီပေးနေကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
၎င်းတို့အား မေ ၁၃ ရက်တွင်စက်ရုံ HR က တစ်ရက်ဆင်း တစ်ရက်နား အလုပ်အလှည့်ကျ ဆင်းရန်စာချုပ်တွင် လက်မှတ်ထိုးခိုင်းခဲ့ပြီးမထိုးလျှင် အလုပ်လာစရာ မလိုတော့ဟုဆိုကာ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာလုပ်သားများသည် အလုပ်သမားအခွင့်အရေးများနှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိရန် မေ ၁၄ ရက်တွင် အကူအညီတောင်းခံခဲ့ကြောင်းWAG အဖွဲ့မှသိရသည်။
ထိုင်းနိုင်ငံရှိ စက်ရုံများတွင် မြန်မာအလုပ်သမားများ မကြာခဏ အလုပ်ထုတ်ခံနေရပြီး စက်ရုံမှ ထုတ်ပေးသည့် စာရွက်စာတမ်းများတွင် မိမိဆန္ဒဖြင့် ကြိုတင်လက်မှတ်ရေးထိုးခြင်းများမပြုဘဲ အလုပ်သမားအရေးကူညီသည့် အဖွဲ့များအား အမြန်ဆုံး အကြောင်းကြားကြရန် အလုပ်သမားရေး ဆောင်ရွက်သူအချို့က အကြံပြုထားသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ -WAG

ချွန်ဘူရီတွင် မြန်မာအလုပ်သမားခြောက်ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီရာချာမြို့နယ်ဘော်ဝင်းရပ်ကွက်တွင် မေ ၁၇ ရက်က အထောက် အထားမရှိ မြန်မာနိုင်ငံသားခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံ ဘော်ဝင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဘော်ဝင်းရဲစခန်းမှ နယ်မြေခံ ကင်းလှည့်ရဲတပ်ဖွဲ့သည် ဘော်ဝင်းရပ်ကွက် ဖာ့ယထိုင်း ဘော်ဝင်းဆေးရုံရှေ့ လမ်းမကြီးအမှတ် (၃၃၁)ပတ်ဝန်းကျင်တွင် လှည့်ကင်း ဆောင်ရွက်စဉ် အတွင်း ဖမ်းဆီးခဲ့သည်။
မြန်မာနိုင်ငံသား ခြောက်ဦးအား တရားမဝင် ဝင်ရောက်ပြီး ခွင့်ပြုချက်မရှိနေထိုင်မှုနှင့် ဖမ်းဆီး ခဲ့ကာ တရုတ်နိုင်ငံသားအမျိုးသားတစ်ဦးကို လွတ်မြောက်ရန် ကူညီပံ့ပိုးပေးမှု၊ ယာဉ်မောင်း လိုင်စင်မရှိဘဲ မော်တော်ယာဉ်မောင်းနှင်မှုတို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ခြောက်ဦးနှင့် တရုတ်နိုင်ငံသားကို ဥပဒေအရ ဆက်လက်အရေးယူရန် ဘော်ဝင်းရဲစခန်းသို့ ခေါ်ဆောင်ထားကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
သတင်း-လင်းလက်ကြယ်

အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇ ဘီလီယံဖိုး တရုတ်ဝယ်ယူတင်သွင်း မည်
၂၀၂၆ ခုနှစ်၊ ၂၀၂၇ ခုနှစ်နှင့် ၂၀၂၈ ခုနှစ်များတွင် အမေရိကန်စိုက်ပျိုးရေးလုပ်ငန်း ထုတ်ကုန်များကို အနည်းဆုံး အမေရိကန်ဒေါ်လာ၁၇ ဘီလီယံဖိုးအထိ နှစ်စဉ်ဝယ်ယူရန် တရုတ်နိုင်ငံက ကတိပြုထားကြောင်း အမေရိကန်အစိုးရက မေ ၁၇ ရက်တွင် သတင်းထုတ်ပြန် ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ ပြီးခဲ့သည့် သီတင်းပတ်က ပေကျင်းမြို့တော်၌ ထိပ်သီးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက် အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်များကို နှစ်စဉ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံဖိုးအထိ ဝယ်ယူရန် တရုတ်နိုင်ငံက ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်ခွန်များကိုအပြန်အလှန် လက်စားချေ မြှင့်တင်ခဲ့ကြပြီးနောက် အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ နိုင်မှု သိသိသာသာကျဆင်းခဲ့ရသည်။
သို့ရာတွင် အမေရိကန်သမ္မတရာထူးကို ဒေါ်နယ်ထရန့်ပထမဆုံးအကြိမ် ရယူခဲ့စဉ်ကာလကပင် တရုတ်နိုင်ငံသည်အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်များအပေါ် မှီခိုအားထားမှုကိုတဖြည်းဖြည်း လျှော့ချခဲ့သည်။
တရုတ်အစိုးရ ကိန်းဂဏန်းများအရ တရုတ်နိုင်ငံအနေဖြင့်၎င်း၏ ပဲပိစပ်လိုအပ်ချက်၏ ၄၁ ရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုထံမှ ဝယ်ယူတင်သွင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်အရောက်တွင် ၂၀ ရာခိုင်နှုန်းအထိသာ ဝယ်ယူတင်သွင်းခဲ့ကြောင်းသိရသည်။