Saw Ka Zaw
23.3K subscribers
8.24K photos
2.69K videos
594 links
Download Telegram
ရန်ကုန်တိုင်း၊ ဒလမြို့သောက်ရေကန်ကြီးကို မြေဖို့ခဲ့သော ဒေါ်စန်းစန်းနွယ်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ငွေဒဏ် ၃ သိန်းချမှတ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ က PeopleMedia ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ဒေါ်စန်းစန်းနွယ်ကို ရန်ကုန်မြို့တော် စည်ပင်မှ နှစ် ၆၀ ဂရန် ထုတ်ပေးခဲ့သည်။

အဆိုပါ ဂရန်ကို တိုင်းအစိုးရမှ ပြန်လည်ပယ်ဖျက်လိုက်သည်။

People Media

ဂရမ်ချပေးဘို့စထောက်ခံသူတွေနဲ့သိသိနဲ့ဂရမ်ချပေးတဲ့တာဝန်ရှိသူကိုအရေးယူသင့်တာ

Saw Ka Zaw
Forwarded from Michael Saw (M S)
This media is not supported in your browser
VIEW IN TELEGRAM
ပါလက်စတိုင်းသမ္မတကဟားမတ်စ်တို့ကိုဆဲ​​ရေးတိုင်းထွာ
NOM
ပါလက်စတိုင်းသမ္မတမာမွတ်အဘက်စ်ကဂါဇာ​ဒေသကိုစစ်တလင်းဖြစ်​အောင်လုပ်ခဲ့​သောဟားမတ်စ်တို့ကို​ဒေါသူပုန်ထပြီးအခန်းအနားတစ်ခုတွင်​ခွေးမသား​တွေ၊မင်းတို့ဖမ်းထားတဲ့ဓါးစာခံ​တွေကိုအကုန်ပြန်လွှတ်၊လက်နက်​တွေကိုပါလက်စတိုင်းအစိုးရကိုအပ်ပြီးလက်နက်ချကြဟု​ပြောခဲ့သည်။

NOM
Forwarded from Michael Saw (M S)
အကြမ်းဖက်တိုက်ခိုက်ခံရမှုကိုအိန္ဒိယက​ဒေါသတကြီးတုန့်ပြန်
NOM
အိန္ဒိယနယ်စပ်ဂျမူးနှင့်ကက်ရှ်မီးယားတွင်မူဆလင်စစ်​သွေးကြွများကဟိန္ဒူတို့အ​ပေါ်အကြမ်းဖက်တိုက်ခိုက်မှုအတွက်အိန္ဒိယကနယ်စပ်အားလုံးကိုပိတ်လိုက်သည်။အိန္ဒိယရှိပါကစ္စတန်သံတမန်အားလုံးကိုနှင်ထုတ်ပြီးပါကစ္စတန်ရှိအိန္ဒိယသံတမန်အားလုံးကိုပြန်​ခေါ်လိုက်သည်။အိန္ဒုမြစ်​ရေခွဲ​ဝေသုံးစွဲ​ရေးပါကစ္စတန်နှင့်သ​ဘောတူစာချုပ်ကိုလည်းရပ်ဆိုင်းလိုက်သည်။
၁၉၆၀ခုနှစ်မြစ်​ရေသုံးစွဲ​ရေးစာချုပ်တွငိအိန္ဒိယသည်မြစ်ကြီးသုံးစင်းမှ​ရေကိုစိတ်ကြိုက်သုံးသွဲခွင့်ရှိသည်။သို့​သော်အဆိုပါ​ရေများကိုမည်သည့်ကန့်သတ်ချက်မှမလုပ်ပဲပါကစ္စတန်သို့ဆက်လက်စီးဆင်း​စေရမည်ဟုပါသည်။ယခုအခါအိန္ဒုမြစ်​ရေကိုပါကစ္စတန်သို့မစီးဆင်းရန်အိန္ဒိယကဆည်နှစ်ခုဖြင့်​ရေလမ်းလွှဲရန်စဥ်းစားလျက်ရှိသည်။
NOM
Forwarded from Michael Saw (M S)
အိန္ဒိယနိုင်ငံက ပါကစ္စတန်နှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချပြီး ပြန်လည်တုံ့ပြန်မှုများ ကြေညာ
NOM
(ဘာသာပြန်​ဆောင်းပါး)
ဧပြီလ၂၂ရက်​နေ့လယ်ကဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယအစိုးရက ပါကစ္စတန်နှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချကာ ပြန်လည်တုံ့ပြန်မှုများအား ကြေညာခဲ့သည်။ 
အဓိက ပြန်လည်တုံ့ပြန်မှုများ
၁။ သံတမန်အဖွဲ့ဝင်များ လျှော့ချခြင်း
- ပါကစ္စတန်သံရုံးမှ ကာကွယ်ရေးအကြံပေးများအား persona non grata(မလိုလားအပ်သူ) အဖြစ် ကြေညာခဲ့ပြီး သံတမန်အဖွဲ့ဝင် ၅၅ ဦးမှ ၃၀ ဦးသို့ လျှော့ချမည်။ 
- စစ်ဘက်ဆိုင်ရာ အကြံပေးများအား တစ် ပတ်အတွင်း အိန္ဒိယမှ ထွက်ခွာရန် အမိန့်ချမှတ်ခဲ့သည်။ 
၂။ SAARC ဗီဇာကင်းလွတ်ခွင့် ရုပ်သိမ်းခြင်း
- SAARC (တောင်အာရှနိုင်ငံများအသင်း) ဗီဇာကင်းလွတ်ခွင့်စနစ်အောက်ရှိ ပါကစ္စတန်နိုင်ငံသားများအား ဗီဇာများကို ပယ်ဖျက်ခဲ့သည်။ 
- ယခုအခါ အိန္ဒိယတွင် ရှိနေသော ပါကစ္စတန်သံအမတ်ကြီးနှင့်ပါကစ္စတန်နိုင်ငံသားများအား ၄၈ နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားခဲ့သည်။ 
၃။ ဝါဂါ-အတ္တာရီ နယ်စပ်ဂိတ်ပိတ်ခြင်း
- ပါကစ္စတန်နှင့် အိန္ဒိယကြား အဓိက နယ်စပ်ဖြစ်သော ဝါဂါ-အတ္တာရီ နယ်စပ်ဂိတ်အား ချက်ချင်းပိတ်သိမ်းခဲ့သည်။ 
- လက်ရှိနယ်စပ်မှ တရားဝင်ဝင်ရောက်ထားသူများအား ၂၀၂၅ ခုနှစ် မေလ ၁ ရက်မတိုင်မီ ပြန်လည်ထွက်ခွာရန် သတ်မှတ်ပေးထားသည်။ 
၄။ အိန္ဒုမြစ်​ရေသုံးစွဲ​ရေးစာချုပ်
- ၁၉၆၀ ပြည့်နှစ်က ချုပ်ဆိုခဲ့သော အိန္ဒုမြစ်ရေအသုံးချမှုစာချုပ်အား ပါကစ္စတန်က နယ်စပ်အကြမ်းဖက်မှုကို ​နှိမ်နှင်းသည်အထိ ယာယီရပ်ဆိုင်းလိုက်သည်။ 
ဖြစ်စဉ်အကျဉ်း
- အင်္ဂါ​နေ့​နေ့လယ်က  ကက်ရှ်မီးယား၌ ခရီးသွား ၂၆ ဦး အပါအဝင် ပြည်သူများ အကြမ်းဖက်တိုက်ခိုက်ခံရမှု​ကြောင့်သေဆုံးခဲ့ပြီး၊ The Resistance Front (ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba အဖွဲ့ခွဲ) က သူတို့တိုက်ခိုက်ခဲ့​ကြောင်း​ကြေညာသည်။ 
- ဤတိုက်ခိုက်မှုသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း အပြင်းထန်ဆုံးသော အကြမ်းဖက်မှုတစ်ခုဖြစ်သည်။ 
ဤအမိန့်များသည် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေးကို ပိုမိုတင်းမာစေပြီး နိုင်ငံတကာက စောင့်ကြည့်လျက်ရှိသည်။

NOM
.

☯️


( သမိုင်းကိုသိရင် မူဝါဒကိုသိနှိုင်တယ် )


US-China head to head ပြသနာကတော့ အဖြေထွက်သွားပြီ၊

သတိမထားမိကြလို့ပါ

Panda diplomacy ကနေ Wolf Warrior diplomacy ကိုပြောင်းလိုက်ကထဲက သူ့အင်အားကို သူယုံကြည်သွားလို့ "အမာလိုင်း" လိုင်းကိုပြောင်းလိုက်တာလို့ သိနိုင်ပါတယ်၊

တရုတ်ကို ခေတ်သစ်တရုတ်ဖြစ်အောင် မျိုးစေ့ကောင်း ချပေးလိုက်တဲ့ တိန့်ရှောက်ဖိန် ရဲ့စကားကြီး (၃) ခွန်းကို လေ့လာမိသူတွေအနေနဲ့လဲ ဒီပွဲမှာ တရုတ်ဖက်က နောက်မဆုတ်ဖူးဆိုတဲ့အပေါ်တွက်ချက်နိုင်ကြပါလိမ့်မယ်၊

တိန့်ရဲ့ စကား (၃) ခွန်းက

ငွေစုပါ  ( အင်အားတည်ဆောက်ခိုင်းတာ )
( အချိန်မတန်သေးခင် ) အနောက်အုပ်စုနဲ့ ထိတ်တိုက်တွေ့ခြင်းကိုရှောင်ကြဉ်ပါ
  ( အင်အားရှိလာချိန်မှာ ) အမျိုးသားအကျိုးစီးပွားကိုထိခိုက်လာမယ်ဆိုရင် ( At any price ) ရေကုန်ရေခမ်း တုန့်ပြန်ပါ

Xi က အဲ့ဒီအတိုင်း ထရမ့်ကို တုန့်ပြန်ခဲ့တာ တွေ့ရပါလိမ့်မယ်၊ နောက်တခုက တရုတ်တွေရဲ့အမေရိကန်အပေါ် ချုပ်ကွက်တွေ၊ ဝှက်ဖဲတွေကို မြင်ရင်လဲ အဖြေပေါ်ပြီးသား ပုစ္ဆာပဲဖြစ်ပါတယ်၊

အရင်ရက်တွေမှာကထဲက တွက်ဖို့မလိုတဲ့ အဖြေထွက်ပြီး ပုစ္ဆာပါလို့ ရေးထားပြီးဖြစ်ပါတယ်၊

မြန်မာအပါအဝင် နိုင်ငံတော်တော်များမှာ တရုတ်ချုပ်ကွက်တွေရှိထားတယ်၊အပေါ်ယံအမြင်ထက်အများကြီးပိုတယ်၊ ဒါကြောင့်တရုတ်က နိုင်ငံတွေကို...

" အမေရိကန်နဲ့ညှိနှိုင်းတဲ့နိုင်ငံမှန်သမျှကို တုန့်ပြန်အရေးယူသွားမယ်"....

.... လို့ရဲရဲတောက်ပြောနိုင်ခဲ့တာပါ၊

Xi နဲ့ Trump ကမတူတဲ့ Position တွေပါ၊ Trump ကဘွာတေးခတ်လို့ ဘာမှမဖြစ်ပေမဲ့ Xi ရဲ့နိုင်ငံရေးပါဝါတည်ဆောက်ပုံက ဘွာတေးဆိုတာနဲ့ ထိုင်ခုံက လွှင့်သွားနိုင်ပါတယ်၊


BaMg ☯️


.
.

☯️


( မိုဒီကြီး ပွဲကြမ်းနေတယ် )

ထူးထူးခြားခြား ဒီတခါမိုဒီကြီးက အင်္ဂလိပ်လို တလုံးချင်း လက်ညှိုးတထောင်ထောင်နဲ့ပြောသွားတာ ( ပုံမှန်က ပြည်တွင်းမှာဆိုရင် သူ့ဘာသာနဲ့ပဲပြောလေ့ရှိတယ် )

အဓိက ကတော့ အကြမ်းဖက်တွေကို ပြတ်သားတဲ့ အပြစ်ပေးရမယ်၊ အကြမ်းဖင်တွေရော သူတို့ကြောထောက်နောက်ခံတွေရောကိုပါ သတိပေးလိုက်တာပါ၊ ကမ္ဘာကိုသိစေချင်တဲ့အတွက် အင်္ဂလိပ်လိုပြောတာဖြစ်ပါတယ်၊

အိန္ဒိယမှာ ဟိန္ဒူနဲ့ အစ္စလမ်တို့ ပွဲကြမ်းတွေမကြာခဏဖြတ်သန်းကြရလေ့ရှိတယ်၊ အခုလဲ ပွဲကြမ်းကိုဖြတ်နေကြတယ်၊

ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်ဘဝတုန်းက ဟိန္ဒူ-မွစ္စလင် အရေးအခင်းမှာ မွစ္စလင် "ထောင်" ချီသေဆုံးခဲ့လို့ အမေရိကန်က ဗီဇာပိတ်ခဲ့သေးတယ်၊ အိန္ဒိယရဲ့ ဝန်ကြီးချုပ်ဖြစ်လာတော့မှ ဗီဇာပြန်ဖွင့်ပေးလိုက်တာပါ၊

အိန္ဒိယက အကြမ်းဖက်တွေကို ပါကစ္စတန်က အားပေးအားမြှောက်လုပ်နေတာကို နာမယ်မဖေါ်ပဲ မိုဒီက သတိပေးတဲ့သဘောပါ၊ OIC ကိုလဲရည်ရွယ်ဟန်ရှိပုံရတယ်၊

အိန္ဒိယနဲ့ပါကစ္စတန်လဲ တင်းမာနေပါတယ်၊ မထင်မှတ်ပဲ အဲ့ဒီ Flash point မှာ ပွဲတပွဲဖြစ်သွားနိုင်ပါသေးတယ်၊


BaMg ☯️


.
.

☯️


မိုဒီပြောပုံက ကြောက်စရာကြီး

" Time to destroy remaining land of terror"

ပါကစ္စတန်ကို နာမယ်ထုတ်မပြောရုံပဲရှိတယ်

" ကျန်နေတဲ့ အကြမ်းဖက်နယ်မြေ (နိုင်ငံ) ကို အပီးရှင်းဖို့အချိန်ရောက်ပြီ "

.........

နောက်ခံနဲ့ ဖြစ်ပျက်စဉ်ကို သေသေခြာခြာ မလေ့လာရသေးတော့ ဒီ ကိစ္စမှာ ဘာဆက်ဖြစ်မယ်ဆိုတာ ဘမောင် လောလောဆယ် ရေးနိုင်ခြင်းမရှိသေးပါ ။


( စကားသိပ်မလွန်တတ်တဲ့ မိုဒီအနေနဲ့ ဒီလောက်ပြောလာတာက သူတော်တော်စိတ်ဆိုးနေပြီး၊ တခုခုလုပ်တော့မယ်ဆိုတာကို ညွှန်ပြနေပါတယ်၊ လုပ်ပြီဆိုရင်တော့ မိုဒီက "ဇ" ပြင်းသူပါ )



BaMg ☯️
ကျောက်တော် (၁)

#ကျောက်တော် စကခ(၉) စတင်တိုက်ခိုက်ခံ ခဲ့ရတဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ
ကျောက်တော်မြို့နယ်၊ ကျောက်ဖြူရွာအနီးမှာ ကမ်းထိုးရေယာဉ် ၃ စီး မီးလောင်နှစ်မြုပ်ခံရတဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ဖြစ်စဉ်အထိ အဲ့ဒီရေယာဉ်ပေါ်မှာပါဝင်ခဲ့ပြီး ကံကောင်းထောက်မစွာ တစ်ဦးတည်း အသက်ရှင် ကျန် ခဲ့တဲ့ လူငယ်လေးကြောင့် ရင်နာဖွယ် ၊ ကြေကွဲဖွယ်၊ ခါးသီးတဲ့ အမှန်တရားတွေကို သိခွင့် ကြုံခဲ့ရပါတယ်—-အမှန်တရားတွေဟာ ခါးသီးလွန်းလို့ လက်မခံချင်ဘဲ လက်ခံ ခဲ့ရတဲ့ အပိုင်းတွေ ရှိတယ်။

( ၁)

ကျနော်တို့ ကစ္ဆပနဒီတံတားနားက ကင်းမှာ တာဝန်ကျနေတုံး ဖေ ၁ ရက်နေ့မှာ တံတားကို
ဒီကောင် တွေစတိုက်တာ ၊ အင်အား ၃၀၀လောက်ပါတယ်။ ကျနော်တို့လဲ အင်အားမမျှတော့ ၃၇၄ ဗဟိုကင်းကို ပူးပေါင်းခဲ့ရတယ်၊ ကျနော်တို့က ၅ ယောက်ထဲလေ

နောက်တစ်ရက် ဖေဖော်ဝါရီ ၂ ရက်ကျတော့ AA တွေ ကစစ္ဆပနဒီတံတားကို ဗုံးခွဲလိုက်ပြီးဒီဖက်ကကမ်းကို လှေတွေနဲ့ကူးလာကြတယ်…

ဖေဖော်ဝါရီ ၃ ရက်နေ့က စပြီး တပ်မကို စတိုက်ကြတာ၊ တသုတ် ကို အင်အား ၆၀လောက်က လက်ပစ်ဗုံး ၃ လုံးစီနဲ့ ဓားတစ်ချောင်းဆီကိုင်ပြီး ကာထားတဲ့ အုတ်တံတိုင်းတွေကို ကျော်တက်ဖို့ လုပ်ကြတယ်။ အုတ်နံရံတွေမှာကျနော်တို့ဖက်က ပုံသေ ပစ်ကြောင်းလဲ ဆင်ထားတယ်၊ ရှေ့ထွက်မိုင်းတွေလဲ ထောင်ထားတယ်—-သူတို့တက်လာတဲ့ အချိန် ရှေ့ထွက်မိုင်းတွေ ခွဲပလိုက်တာ အပြုံလိုက်ပဲ ထိကြတာ ရန်ကုန် စစ်တွေကားလမ်းမကြီးပေါ်မှာ
ေ-သွးချောင်းစီးနေတာမြင်မကောင်းဘူး။
ဒါပေမယ့် တသုတ်ကုန်တိုင်း နောက်တသုတ် ထပ်တက်လာတယ် ၊ တချို့ဆို ရင်အုံတွေမှာ ထိပီး ဒဏ်ရာ အကြီးအကျယ်ရတာတောင် သေနတ်ကို မရမက လာဆွဲကြတာ၊ ကျနော့်စိတ်ထင် ဆေးတမျိူးမျိုးသုံးထားကြသလိုပဲ
ဒဏ်ရာရထားတဲ့ကြားကနေ နောက်ထပ် တစ်နာရီ နှစ်နာရီလောက်အထိ ပုံသေ ပစ်ကြောင်းထဲကိုပဲ တိုးတိုးဝင်လာကြတယ်…

AA အဖွဲ့တွေက အိမ်ထောင်သည်လိုင်းတွေကို drop ဗုံးတွေချတော့ မှီခို ကောင်လေး ၂ ယောက် ၁၃ နှစ်ဝန်းကျင်ပေါ့၊ သူတို့မိဘ နှစ်ပါးလုံး ဆုံးပါးသွားကြတယ်…အဲ့ဒီ ညီလေး နှစ်ယောက်က မိဘတွေ သူတို့ရှေ့ ထိခိုက်ခဲ့ရတာ မြင်တော့ ကျနော်တို့နဲ့အတူတူ လာပြီး ခံပစ်ကြတယ် ၊ တားလို့ကိုမရတာ မခံချင်စိတ်ပေါ့ အကိုရယ်။ နောက်ဆုံးကျ သူတို့ နှစ်ယောက်လဲ ဒဏ်ရာ ရပြီး ရန်သူတွေ တက်လုံးတဲ့အချိန် အဖမ်းတော့မခံဘူးကွာဆိုပြီး သူတို့ဘာသာ အဆုံးစီရင်လိုက်ကြတယ်

ဒီကောင်တွေ ကျနော်တို့တပ်မ အုတ်တံတိုင်းခြံစည်းရိုးကို လူတွေအများကြီး အ/ သေ ခံပြီးတိုက်ကြတာ ၃ ရက်မြောက်နေ့အထိ မရဘူး၊ ဒါနဲ့ သူတို့ တပ်မအစွန်က ထောက်ပို့ဖက် ကျားလန် ခြံစည်းရိုးကိုဖြဲပြီး တပ်ယူနီဖောင်းတွေနဲ့ အယောင်ဆောင်ဝင်လာခဲ့ကြတာ-//အရှေ့ဖက် ခြမ်းမှာမဲတိုက်နေတော့ အနောက်ပိုင်းမှာ အားနည်းခဲ့တာဗျ။ အဲ့လိုဝင်လာမှန်းသိတော့ ကျနော်တို့ကို သွားရှင်းခိုင်းတဲ့ အချိန် ကြက်ခြံနဲ့ ဝက်ခြံကြားမှာ ထမင်းချက်စားနေကြတာ၊ တပ်ယူနီဖောင်းတွေနဲ့ ကျနော်တို့က ဘယ်တပ်ကလဲမေးတာနဲ့သူတို့စပစ်ပေမယ့် ကျနော်တို့ဝိုင်းပစ်တော့ ၄ ယောက်ကျန်ခဲ့ပြီး လျှိုထဲဆင်းပြေးကြတယ်။ ကျပြီးကျန်ခဲ့တဲ့လူရဲ့ အိတ်ကပ်ထဲမှာ wy ဆေးပြား ၃၀လောက်နဲ့ ဆေးပြားရှူတဲ့ ခဲပတ်တွေပါလာတယ်

(၂ )
ကျနော်ထင်တာတော့ AA အဖွဲ့ရဲ့ အတွင်းသတင်းပေးက တပ်မမှူးနားမှာကို ရှိနေတာ၊ တပ်မမှူး ရိပ်သာကုန်းမှာရှိရင် အဲ့နေရာကို dropဗုံးတွေ ၊ RPGတွေ အပြုံလိုက်ကျတယ်၊ အာ့နဲ့ ရိပ်သာကုန်းကနေ BE အဖွဲ့တွေနေတဲ့ တောင်ကုန်းဖက်ကို ညတွင်းချင်း ရွှေ့တော့လဲ
အဲ့နေရာကို ပစ်ပြန်ရော၊ အာ့နဲ့နောက်ထပ် ဆေးကုန်း၊ အဲ့ဒီကနေ သကြားစက်ကုန်းပြောင်းရပြန်ရော၊ တပ်မမှူး လက်မောင်းနဲ့ပေါင်မှာ ပတ်တီးစည်းထားတယ်၊ ပတ်တီးပေါ်မှာ သွေးတွေ မြင်ရတယ်ဗျ။ သကြားစက်ကုန်းက ချုံတအားထူတာ အောက်ကလဲ လှိုဏ်ခေါင်းဖောက်ထားတယ် အရင်က ကျည်တစ်ပေါက်တောင်မရောက်ဖူး၊ တပ်မမှူး လာနေမှပဲdromp ဗုံးတင်မက၊ လက်နက်ကြီးပါအဆက်မပြတ် ကျနေတာ

စကားတောင်စခန်းဆိုတာ တပိမနဲ့ ချောင်းတဖက်မှာထားတာ လူနည်းနည်းပဲ ကာကင်း သဘောထုတ်ထားတာ၊ အဲ့နေရာကို AA တွေက ဝိုင်းထားပြီး လက်နက်ချခိုင်းတာ၊ ရဲဘော်တွေက လက်နက်ချလိုက်တော့မှ လက်နက်တွေသိမ်း၊ နောက်ပြန်ကြိုးတုပ်ပြီး ကမ်းစပ်မှာဒူးထောက်ခိုငိး၊ နောက်စေ့တွေကို ပစ်that ပြီး မြစ်ထဲကို ကန်ချကြတယ်

Cd###Tin Ko Win
#ကျောက်တော်(၂)

၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ကျောက်တော်စကခ ၉ ဌာနချုပ် ရန်သူ့လက်အောက်ကျသွားပါတယ်။

အဲ့လို ကျသွားတဲ့ အခါ ဒဏ်ရာ ရနေတဲ့တပ်မမှူးက သကြားစက်ကုန်းမှာ ရှိနေပြီး ထိခိုက်ဒဏ်ရာရထားတဲ့ စစ်သည် အင်အား ၂၀၀လောက်နဲ့ မှီခိုသူ ရဲမေ မိသားစုဝင် ၄၀၀ကျော်လောက်ကို ကယ်ထုတ်ဖို့ အတွက် သတင်းပို့ခဲ့တဲ့အခါ ကမ်းထိုးရေယာဉ်
၁၇၁၃ နဲ့ ၁၆၁၃ တို့ဟာ ဖေ ၈ ရက်နေ့မှာ ရောက်လာခဲ့ပါတယ်။

ကမ်းထိုးကပ်ရမယ့် BE ရေဆိပ်ဟာ ရန်သူ့လက်ရောက်နေတဲ့ အတွက်
တပ်မမှူးက ကမ်းထိုးရေယာဉ်ခေါ်ထားပြီးကြောင်း ၊ ကမ်းထိုးကပ်ရန်နေရာကို AA အဖွဲ့က စိုးမိုးထားတဲ့ အတွက် BE ရေဆိပ်ကို ပြန်တိုက်ယူ မှဘဲ ကမ်းထိုးကပ်နိုင်မှာလို့ စစ်သည်တွေကို ပြောပါတယ်

ဒါနဲ့ ဗျူဟာမှူးဦးစီး တစ်ဖွဲ့က BE ရေဆိပ်ကို ပြန်တိုက်ယူကြတဲ့ အခါ တပ်မဖက်အခြမ်း ချောင်းကမ်းစပ်တစ်ဝက်အထိ ကျနော်တို့ ပြန်ရလိုက်တယ်၊ အဲ့လို တိုက်နေတုံးမှာပဲ ဒဏ်ရာရ စစ်သည်တွေနဲ့ ရဲမေတွေကို ရေဆိပ်နဲ့ အနီးဆုံးနေရာအထိ ခေါ်ဆောင်ထားရတယ်၊ အဓိကကျတဲ့နေရာတွေမှာ ကင်းတွေ လည်းချထားတာပေါ့ အကိုရယ်။ ကမ်းထိုးကပ်တဲ့ အချိန် တစ်ဖက်က ပစ်လို့ ကာပစ်ကျရင်း ထပ်ပြီး ကျဆုံး ရတာတွေ လည်း ရှိတယ်။

ကျနော်တောင် ကာပစ်ကောင်းလို့ ကမ်းထိုးပြန်ထွက်တာ မသိဘဲ ကျန်ခဲ့တော့မလို့

တပ်မမှူးက ကျနော်တို့ ၃ ယောက်တစ်ဖွဲ့ကို သကြားစက်ကုန်းမှာ နောက်ဆုံး ခံစစ်အဖြစ် တာဝန်ပေးခဲ့တာ။ အမ်အေ ၃ က ၂လက်၊ ပစ္စတိုက ၁ လက်၊ ရှေ့ထွက်မိုင်း ၃ လုံး၊ လက်ပစ်ဗုံးတွေ ပေးခဲ့တယ်——ကျနော်တို့က ရန်သူလာမယ့် လမ်းကို မျှော်ပြီးစောင့်ရတော့ ကမ်းထိုး လာမယ့် လမ်းကို မ မြင်ရ၊ အသံ လည်းမကြားရဘူးဗျ။ ခနကြာတော့ AA အဖွဲ့တွေ အော်ဟစ်ဆဲဆိုနေတဲ့ အသံတွေ ကြားရမှ အတူတူ စောင့်နေတဲ့ ၂ ယောက်ကို ကမ်းထိုးကပ်ပြီလား
ကြည့်ဖို့ လွှတ်လိုက်တယ်။

အဲ့ဒီ အချိနိမှာပဲ ကျနော်တို့ စောင့်နေရတဲ့ သကြားစက်ကုန်းကို AA တွေ အပြုံ လိုက်တက်လာကြာတာ၊ ကျနော်လည်း ရှိတဲ့ ရှေ့ထွက်မိုင်း ၃ လုံးကို ခွဲပြီး၊ လက်ပစ်ဗုံး ၃ လုံးထဲက ၂ လုံးကို ထုပြီး သူတို့ကစဉ့်ကလျား ဖြစ်တဲ့ အချိန်လေး ကမ်းဖက်ကို ပြေးရတာ

ကျနော်ကံကောင်းတာက အဲ့အချိန် ကမ်းထိုးက
ကမ်းကခွါနေပြီ၊ ကျနော်လည်း
ရေထဲကို ခုန်ချ ၊ ကမ်းထိုးရေယာဉ်သို့ ရေကူးပြီး ဘောကွင်းတွေကတဆင့် ကမ်းထိုးပေါ် ရောက်သွားတယ်။ ကျနော် တက်လို့ ရလိုက်တဲ့ ကမ်းထိုးက အသေးဗျ၊ ကြည့်လိုက်တော့မှ ကပ်လျက်မှာ ကမ်းထိုး အကြီး ၁ စီးပါတာ တွေ့လိုက်ရတယ်။ အဲ့ ဒီအချိန်က ဖေ ဖော်ဝါရီ ၈ ရက် နေ့လယ် ၁၂ ခွဲလောက်ပေါ့ဗျာ—-

ကျနော်တို့စထွက်ခဲ့ကြတာ။😢

Cd###Tin Ko Win
#ကျောက်တော်(၃)

ကျနော်တို့ ကျောက်တော်က စထွက်လာပြီး မြို့အထွက်က ကစ္ဆပနဒီတံတားကို ဖြတ်တဲ့ အချိန်မှာ တံတားပေါ်ကနေ ကမ်းထိုးဆီကို လက်ပစ်ဗုံးတွေနဲ့ ပစ်ချကြတယ်။ ကမ်းထိုးပေါ်ကို မကျဘဲ ရေထဲကျပြီး လက်ပစ်ဗုံးကွဲသံတွေကြားရတယ်…

ကျောက်တော်ကနေ ထွက်ပြီး အပေါက်ဝကျေးရွာ အထိ ကုလားတန်မြစ်ကြောင်းတစ်လျောက်မှာ ကမ်းဘေး က ရွာတွေကနေလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောက်လျောက်ပစ်ခတ်ကြတယ်၊ ကမ်းထိုးပေါ်ကို Dropဗုံးတွေလဲ ချတယ်ဗျ၊

အဲ့လို ပစ်တော့ ကမ်းထိုး ၁၇၁၃ က နေပူခံရွာနားမှာ
စက်ပျက်ပြီး ရေတွေဝင် မြုပ်ရော
အဲ့ဒါနဲ့ အဲ့ဒီ ကမ်းထိုးပေါ် ပါလာတဲ့ စစ်သည်၊ ရဲမေ၊ မိသားစုဝင်တွေကို ဟိုဘက်က ကမ်းထိုး ၁၆၁၃ ပေါ်ကို ပစ်တဲ့ခတ်တဲ့ကြားကနေ ပဲ ပြောင်းရတာပေါ့ဗျာ။

အဲ့လို လူတွေ ပြောင်းတင်ပြီး ဆက်ထွက်လာကြတဲ့အခါ AA ကလဲ ကမ်းနားဘေးကနေ ၁၀၇ မမရှော့တိုက်ဒုံးတွေ၊ Dropဗုံးသီးတွေနဲ့ တရစပ် ပစ်တာ

ဒီဖက်ကလဲ ရှိတဲ့ လက်နက်နဲ့ ပြန်ပစ်ကြပေါ့၊
အဲ့လိုနဲထွက်လာလိုက်တာ သိပ်မကြာဘူး
နေပူခံရွာ အလွန်လေးပဲ ရှိသေးတယ်၊
ကမ်းထိုးဟာ AAထောင်ထားတဲ့ အတားအဆီး
ကျားပိုက်နဲ့ ပန်ကာနဲ့ ညှိပြီး ရေလယ်ခေါင်ကြီးမှာ စက်ရပ်သွားလေရော

ကမ်းထိုး ရပ်တာနဲ့ ကမ်းဘေးက ရွာကနေ လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်၊
Dropတွေ တောက်လျောက်ချတော့တာပဲ
ခနကြာတော့ Drop ဗုံးဒဏ်ကြောင့် ရေလယ်ခေါင်က ကမ်းထိုးကို မီးစလောင်ရောအကို

ဒါနဲ့ ပစ်နေခတိနေတဲ့ ကြားကပဲ မီးဝိုင်းငြှိမ်းကြတယ်….ရေတပ်က အဖွဲ့တွေက အလေးအပင်တွေ
စွန့်ပစ်ဖို့ ပြောလာတော့
ရဲမေတွေရဲ့ ပစ္စည်းတွေရော၊
လက်နက်ကြီး အချို့ကိုရော စွန့်ကြရတယ်

တပ်မမှူးကလဲ နောက်ထပ်ကမ်းထိုးအကြီး တစ်စီးလာနေပြီ၊ အားတင်းထားကြဆိုတာနဲ့ စစ်သည်တွေလဲ အားရှိပြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တဲ့ ဖက်ကို ပြန်ပစ်ကြတယ်၊
ဒီလိုနဲ့ အဲ့ဒီ ပိုက်ငြိနေတဲ့နေရာမှာ ၂ နာရီလောက် ကြာပြီးတဲ့ အချိန် မှာ နောက်ထပ်ကမ်းထိုးတစ်စီး ထပ်ရောက်လာလို့ အဲ့ဒီပေါ်ကို လူတွေ ထပ်ရွှေ့ကြပြန်တယ်၊
ကျားပိုက်နဲ့ ငြိတဲ့ ကမ်းထိုးက စက်ခန်းတွေ မီးလောင်နေပြီ အကို မြုပ်တော့ မမြုပ်သွားဘူး

နောက်ထပ်ရောက်လာတဲ့ ကမ်းထိုးအကြီးနဲ့ ဆက်ထွက်လာတဲ့ အခါ AAက အတားအဆီး လုပ်ထားတဲ့ ရေလယ်က ကျားပိုက်တွေကို မငြိအောင်ရှောင်တိမ်းရင်း သွားကြရတယ်၊အဲ့ဒါနဲ့ နောက်ထပ် ၁ နာရီလောက် ပဲထွက်ရသေးတယ်
ကျားပိုကိတွေ ရှောင်ရင်း ကမ်းထိုးကသောင်တင် သွားတယ်ဗျာ…အဲ့ဒီအချိန် ညနေစောင်းတော့မယ် ၊

ကမ်းထိုး သောင်တင်နေတဲ့ နေရာကို လောင်းလှေ ၁၀၀ကျော်လောက်နဲ့ AA အဖွဲ့တွေ ရောက်လာပြီး ကမ်းထိုးကိုဝိုင်းထားတယ်၊
လူတွေက ကြိုးချိတ်တွေနဲ့ ပစ်ပြီး ကမ်းထိုးပေါ်ကို တက်ဖို့ ကြိုးစားကြလို့ ကျနော်တို့ ပစ်ကြတာ

သူတို့အတော်များများထိပြီးတော့ လောင်းလှေ တွေ ပြန်ထွက်သွားကြတယ်

ခနနေတော့ ကမ်းထိုးကို မီးကျည်တွေနဲ့ ပစ်ပြီး
လက်နက်ငယ်၊ လက်နက်ကြီးတွေ ပစ်တယ်၊ dropဗုံးချတယ်။ ထူးဆန်းတာက သစ္စာဖောက်ကောင်က ကမ်းထိုးပေါ်အထိ ပါလာတာပဲ အကို ၊

ကမ်းထိုးပေါ်မှာ ရေတပ်အဖွဲ့ ကလွဲ ပြီး ကျန်သူအားလုံး ယူနီဖောင်းမဝတ်ထားကြဘူး၊ အဲ့ဒါကိုတပ်မမှူး ကမ်းထိုးဦးပိုင်းမှာဆို ဗုံးသီးက ဦးပိုင်းကိုကျ တယ်၊ နောက်ပိုင်းသွားရင် နောက်ပိုင်းကိုကျတယ်၊ တပ်မမှူးကလဲ တောက်လျောက်ကွပ်ကဲတယ်၊ ရဲဘော်တွေကိုလဲ အားပေးတယ်၊ တပည့်တို့တောင့်ထား ကမ်းထိုး ထပ်လာလိမ့်ဦးမယ်လို့ပြောတယ်

အဖြစ်အပျက်တွေက ပြန်မပြော
ချင်လောက်အောင်ဆိုးတယ်အကို၊
တပ်မမှူးနဲ့တပ်ရင်းမှူးတွေ ကမ်းထိုးအရှေ့ပိုင်းက ဂေါ်ချတဲ့ ထောင့်ကျဉ်းလေးမှာ စုပြီးတိုင်ပင်နေကြတဲ့အချိန် လက်နက်ကြီးတစ်လုံးက အဲ့ထဲကို တည့်တည့်ကျသွားတယ်😢

Cd###Tin Ko Win
Forwarded from Michael Saw (M S)
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၂၃/၂၀၂၅)
======================================
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန်ထုတ်ပြန်ချက်
------------------------------------------------------------------------

“ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း ၂၈-၄-၂၀၂၅ ရက်နေ့မှ ၃-၅-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။”

အကြံပြုချက်
-------------
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်
နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်
အကြံပြုအပ်ပါသည်။

မိုး / ဇလ
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်ကပါးကိုက်လျင်နားကိုက်မည်ဟု​ပြော
NOM
ပါကစ္စတန်ကာကွယ်​ရေးဝန်ကြီးအဆဇ်ကအိန္ဒိယသည်ပါကစ္စတန်နှင့်စစ်ပွဲအတွက်အလုံးစုံပြင်ဆင်​နေ​​ကြောင်း၊မိမိတို့ပါကစ္စတန်ကလည်းပါးကိုက်လျင်နားပြန်ကိုက်မည်ဖြစ်​ကြောင်း၊စစ်ဖြစ်လျင်အိန္ဒိယပြည်သူများလည်းလုံခြုံမှုမရှိမည်ကိုသိ​စေလို​ကြောင်းပါကစ္စတန်ကာကွယ်​ရေးဝန်ကြီးအဆဇ်ကသတင်းစာရှင်းလင်းပွဲတွင်​ပြောကြားလိုက်သည်။

NOM