Saw Ka Zaw
23.2K subscribers
8.25K photos
2.69K videos
594 links
Download Telegram
ခွေးခါးတက်နေရာ မျှော်နေတဲ့အဖွဲ့

chain of command အထက်မှအောက် အမိန့်တစ်မျိုးတည်းစီးဆင်းမှု မရှိတဲ့ အဖွဲ့ပေါင်းစုံ တစ်ထောင်လောက်ကို ..

အထက်အညာက ဗိုလ်နဂါး ဗိုလ်လက်ျာ ..ကနေ အောက်အကြေအရပ်က ရေးဘီလူးထိကို တစ်ဖွဲ့ချင်းကို ... အကုန်အစုံကိုသာ ... (လာချင်တဲ့သူလာ မလာချင်တဲ့သူနေ) တစ်ဖွဲ့မကျန် ခေါ်တွေ့ ဆွေးနွေးလိုက် ...

အဆံမရှိ ဟန်ပဲရှိတဲ့ အားလုံးရဲ့အထက်ကလိုလို ဟန်ရေးပြ အိုက်တင်တွေထုတ်နေတဲ့ ဟိုအဖွဲ့ကိုလည်း ... အဲဒီ အဖွဲ့ပေါင်းတစ်ထောင်လောက်နဲ့ တန်းတူထားပြီး တချိန်ထဲတပြိုင်ထဲ ဆွေးနွေးမယ်ဆိုရင် (မဆွေးနွေးနိုင်လို့ မလာချင်လည်းနေ) ...

သူတို့ကိုယ်သူတို့ EAO တွေကော PDF တွေကောရဲ့ အထက်ကလိုလို ပဲပေးနေတဲ့ အဲ့အဖွဲ့ဟာ အော်တိုမက်တစ် ခွေးခါးတက်ကို ရောက်ပြီးသားဘဲ ...

တစ်ချိန်က ပမညတ ခေါင်းဆောင် ဝိဓူရသခင်ချစ်မောင်က ... မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကို ... ခွေးခါးတက်ကနေ အလုပ်အကျွေးပြုရပြုရလို့ ဖြစ်ခဲ့သလိုပဲ ....

အခုလည်း ဆန်မရှိအစားကြီးပြီး .. ရွှေလက်နဲ့ခေါ်နေတာကို မလာချင်သလိုလို နိုင်ငံရေးပဲပေးနေတဲ့ အဲ့အဖွဲ့လည်း ...

နောက်ဆုံးကျ သူတို့ကျန်ခဲ့ပြီ ဆိုတော့မှ ... နစက ကို ခွေးခါးတက်ကနေ အလုပ်အကျွေးပြုရပြုရ ဆိုပြီး ... ဝပ်စင်းလာမှာ မြင်ယောင်မိ ...
.

☯️


( မြန်မာ့နယ်မြေထဲက ခရိုင်းမီးယားနဲ့ကိုဆိုဗို )


.
ရခိုင်အရေးသည်တွန်းအား
       *******
            
         ( ၄ )

ကိုးကန့်အနေဖြင့် ခရိုင်းမီးယား ဖြစ်နိုင်သလား ဟူသောမေးခွန်းအတွက် အထက်တွင် တင်ပြ ခဲ့သည့် အခြေအနေပေါ် မူတည်ပါသည်ဟု ဆိုရပါမည်။ သို့သော်လည်း ရခိုင်အရေးသည် ကိုးကန့်ထက်ပို၍ စိုးရိမ်ရသော အခြေအနေဖြစ်သည်ဟု မြင်သည်။

ရန်ဟီလီးက ကုလသမဂ္ဂကို မဟုတ်မမှန်သည့်သတင်း တင်သည်၊ OIC နိုင်ငံများ၏ဖိအား၊ မလေးရှား၏ဖိအား၊ ဘင်္ဂလားဒေ့ခ်ျ၏ နေရပ်နေစွန့်ခွာသူများ အသံ တို့အပြင် ယနေ့မနက် Burma Campaign UK ၏ ထုတ်ပြန်ချက်အရ ဗြိတိသျှပါလီမန်ကို ပါတီ (၉) ခုမှ အမတ် (၅၁) ဦးတို့က ရခိုင်ဒေသနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းနိုင်ရန် ထောက်ခံဖို့ အဆိုတင်သွင်းခဲ့ကြသည်ဟု ဖတ်လိုက်ရသည်။

ရခိုင်ဒေသသအချို့သည် လူဦးရေအရပင် ကျဆုံးနေပြီဟု ဆိုရပါမည်၊ လူဦးရေအရ ကျဆုံး နေသောဒေသကို တရားဝင်ဖြစ်ရန် ကုလသမဂ္ဂ၊ နိုင်ငံတကာဖိအားများဖြင့် Formalize လုပ်နေခြင်း သာဖြစ်သည်၊ အစိုးရတစ်ရပ် အင်အားနည်းလာသည်ဟု ယူဆသည့်အခါ၊ သို့မဟုတ် ထင်သာမြင်သာ ရှိလာ သည့်အခါ အခြားနိုင်ငံများက ယခုလို အမြတ်ထုတ်တတ်ကြသည်မှာ ဓမ္မတာဖြစ်နေပါ၏။

ပိုမိုအားကောင်းသော ဖိအားများက မြန်မာနိုင်ငံအတွက် ကြိုဆိုနေပါ၏။ လက်ရှိအနေအထား တွင် ရပ်နေမည်မဟုတ် တစ်ဆင့်ပြီးတစ်ဆင့် တိုးပွားလာမည်ဖြစ်ပြီး၊ သူတို့၏ ရည်မှန်းချက် မရောက် ရောက်အောင် တွန်းအားပေးဆောင်ရွက်သွားမည်သာ ဖြစ်သည်၊ အစိုးရအနေဖြင့် မည်သို့တုံ့ပြန်မည်လဲ ¿

လောလောဆယ် ရခိုင်ဒေသသည် နိုင်ငံတကာဖိအား၊ ကျူးကျော်မှုများအောက် ရောက်နေပြီး ကိုဆိုဗိုကဲ့သို့ဖြစ်ရန် ပို၍နီးစပ်နေသည်ဟု ဆိုရပါလိမ့်မည်၊ ကိုးကန့်သည်လည်း လောလောဆယ် UWSA ၏ စစ်ရေးလှုပ်ရှားမှုများမှတဆင့် စစ်ရေးမျက်နှာစာဖြင့် နိုင်ငံရေးကစားနေသည်ဟု ယူဆပါသည်၊

သို့သော်လည်း အစိုးရ၏တုံ့ပြန်မှု လွဲမှားသည့်အခါ၊ ရခိုင်ဒေသ၏တွန်အားးများ ဖြစ်လာလျှင် ကိုးကန့်ဒေသသည်လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသည်။

  ခြုံငုံသုံးသပ်ရမည်ဟုဆိုသော် ကိုးကန့်ဒေသ ခရိုင်းမီးယား အခြေအနေမျိုးမဖြစ်နိုင်ပါဟု မဆိုလို သော်လည်း ရခိုင်ဒေသ ကိုဆိုဗိုကဲ့သို့ ဖြစ်လာနိုင်ရန် အလားအလာ ပိုကောင်းနေပါသည်ဟုသာ သုံးသပ် လိုက်ရပါသည်။

အစိုးရအနေဖြင့် တုံ့ပြန်မှု မှန်ကန်ပါစေရန် ဆုတောင်းလိုက်ရပါသည်။

( အခု Post ဟာ လွန်ခဲ့တဲ့ "၈"  နှစ်ကျော် NLD လက်ထက်မှာ ရေးခဲ့တာဖြစ်ပြီး၊ ရှမ်းမြောက်နဲ့ ရခိုင်ဒေသ အန္တရာယ်ရှိပံကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်ထဲက ကြိုတင်ရေးပြခဲ့ပြီးဖြစ်ပါတယ်၊ )


( ပြန်တင်ပေးပါသော Kyaw Swa Win Saw ကို
   ကျေးဇူးတင်ပါတယ် )



☯️နေဇင်လတ်  (၁ဝ-၃-၁၇)
     (၁၈၄၅)


.
ထွက်တော်မူ နန်းကခွာမှာလား ဖြစ်နေတဲ့ ကာကွယ်ရေးဝန်ကြီး နှင့် မလုံခြုံရှာသော အမိမြေလုံခြုံရေးဝန်ကြီး ...

အမေရိကန်စစ်တပ်ထဲမှာ အရာရှိငယ်သာဖြစ့်ခဲ့ပြီး Republican Party ကိုထောက်ခံသော FOX သတင်းဌာန ရုပ်မြင်သံကြားမှာ commentator စစ်ရေးနိုင်ငံရေးပေါ်ပင်ဝေဖန်သူ ဖြစ်ခဲ့တဲ့ ASEAN ဆိုတာ ဘာမှန်းမသိသူ ... U.S. Secretary of Defense အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့

ကျမခြံထဲဝင်လာတဲ့ ခွေးလေခွေးလွင့်ကို ကျမကိုယ်တိုင် သေနတ်နဲ့ အပြတ်ရှင်းခဲ့တယ် - လို့ သူ့အကြောင်းသူရေးတဲ့စာအုပ်မှာ ပါခဲ့ပြီး ... Governor ပြည်နယ်အုပ်ချုပ်ရေးမှူးကနေ U.S. Secretary of Homeland Security အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး တို့ရဲ့ ... ဖြစ်ထွေ ...

Credit: Thakin Kai Bwor

"ကာကွယ်ရေးဝန်ကြီး.. ပြုတ်စော်နံနှင့်.. အမိမြေလုံခြုံရေးဝန်ကြီးအိတ်ခိုးခံရ"

ကာကွယ်ရေးဝန်ကြီး.. Pete Hegseth ပိသ်ဟက်ဆက်က... ဒုတိယအကြိမ်မြောက်.. ဆိုရှယ်မီဒီယာ Signal chat မှာ.. အရေးကြီးတဲ့စစ်ရေးထိပ်တန်းလျှို့ဝှက်ဖိုင်တွေကို.. ညီအကိုအချင်းချင်း..သူ့မိန်းမကိုပါ... ထည့်ရှယ်လို့ဆိုပြီး.. သတင်းထွက်လာပါတယ်..။

သမ္မတကြီးထရမ့်က.. ထုံးစံအတိုင်း.. ကာကွယ်ပြောကြားပေးပေမယ့်... ပေါက်ကြားလာတဲ့..သတင်းတွေအရ.. ကာကွယ်ရေးဝန်ကြီးသစ်နေရာကို.. အိမ်ဖြူတော်က.. ရှာဖွေနေပါသတဲ့..။

ဒီသတင်းအပေါ် ... အသက် ၂၈နှစ် ချောချောလေးအိမ်ဖြူတော်သတင်းထုတ်ပြန်ရေးမှူူချုပ် ... Karoline Leavitt ကယ်ရိုလိုင်းလက်ဗစ်ကတော့.. (ထုံးစံအတိုင်း).. နိုး.. နိုး.. နိုး.. ပါ..။

တကယ်တော့.. Fox သတင်းဌာနက... သတင်းဆွေးနွေးကြေညာသူ.. ပိသ်ဟက်ဆက်ဟာ.. ကကွယ်ရေး/စစ်ရေးအုပ်ချုပ်ရေးအတွေ့အကြုံမရှိပဲ.. ဝန်ကြီးတက်ဖြစ်သူလို့.. ဆိုလို့ရပါတယ်.။ သမ္မတထရမ့်က.. သူ့ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းတာကို.. ဆီးနိတ် Senate hearing (အထက်လွှတ်တော်က ကြားနာစစ်ဆေးခြင်း)မှာလည်း.. ရီပါ့ဗလစ်ကန်အမတ်တချို့ကပါ.. မဲမပေး.. အမတ် ၁၀၀ ပဲရှိတဲ့ Senate မှာ မဲ ၅၀-၅၀ သွားဖြစ်နေသမို့... အသည်းအသန်နဲ.. Senate သဘာပတိလည်းဖြစ်တဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်ဝင်ပြီး မဲပေး.. ခန့်ခဲ့ရတာ...ဖြစ်ပါကြောင်း..။

ကြားနာစဉ်မှာ.. အာစီယံနိုင်ငံတွေကို.. မေးတာမှာလည်း.. သေချာမသိ..။ ပုံကြည့်ရတာ.. အာရှနိုင်ငံတွေအကြောင်း.. ‌စိတ်ဝင်စားပုံမရသူပါ..။

အခုတော့.. ပြုတ်စော်နံနေ..။

နောက်ထူးခြားသတင်းတခုက... သူမရဲ့ ဝန်ကြီးဌာနလက်အောက်ခံ အမေရိကန်လဝကမှာ ပွဲကြမ်းနေတဲ့.. အမိမြေလုံခြုံရေးဝန်ကြီးဌာန.. ဝန်ကြီး.. Kristi Noem ခရစ်စတီနွာမ်ရဲ့.. ပိုက်ဆံအိတ် .. အခိုးခံရတာပါ..။

တနင်္ဂနွေညက.. ဝါရှင်တန်ဒီစီက.. စားသောက်ဆိုင်မှာ.. ဝန်ကြီးမမ အမုန်းဆွဲနေတုံးတန်းလန်း.. Mask သက်ရှုစည်းကာ တပ်ထားတဲ့.. လူဖြူတယောက်က.. အိတ်လိုက်မ, သွားတာတဲ့..😄

အဲဒီထဲ.. ပတ်စ်ပို့.. အိုင်ဒီ.. ငွေသား ဒေါ်လာ ၃၀၀၀ ပါသွားသတဲ့..။

ငွေတွေက.. အခု Easter အီစတာပွဲတော်ကာလမှာ. သားသမီး/မြေးတွေကို.. လက်ဆောင်ဝယ်ပေးဖို့ဘဏ်ကထုတ်ထားတာတဲ့..။ မြေးလေးတွေတော့.. သနားစရာ..။

Homeland Security အမိ​မြေလုံခြုံရေး ဆိုတာ.. မြန်မာလိုဆို.. ပြည်ထဲရေးလို ဧရာမဝန်ကြီးဌာနမို့.. တကယ်က... Secret Service လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ.. ကိုယ်ရံတော်တွေ ဘေးမှာရှိနေတဲ့ ဝန်ကြီးမမ ကို သူခိုးက မည်သို့လုပ်လိုက်လေသည်.. မသိ..😃

ဆိုတော့..

အမေရိကားမှာ.. မည်သူမဆိုအပြင်ထွက်ရင်.. (နိုင်ငံသားတွေပါမကျန်).. မှတ်ပုံတင် ဆောင်ထားဖို့.. အတင်းတွန်းပြောနေတဲ့.. ဝန်ကြီးမမ... ခုတော့... သူ့ရဲ့.. မှတ်ပုံတင်ပါ သူခိုးဆီ ပါသွားပြီ 🤣.။

ဝန်ကြီးကို မမအရွယ်လို့.. ထင်နေတာ.. တကယ်က.. မြေးတောင်ရှိတာတဲ့..။ ဖွားဖွားပေါ့..။ 🙂

ဟိုးတလောက.. ကမ္ဘာကျော် .. ဗဟိုအမေရိကနိုင်ငံ က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အယ်ဆာဗေဒိုထောင်ထဲကို .. သူမက သွားရောက်ခဲ့ပြီး ၊ အမေရိကားမှာ တရားမဝင်နေထိုင်ခဲ့သူတွေကို အမေရိကားကနေနှင်ထုတ်ပြီး အဲဒီထောင်ထဲထည့်ထားတဲ့ အကျဉ်းသားတွေကို.. ကျောပေးပြီး.. စကားပြောရဲတာမို့.. အံ့သြနေတာ..။ veteran ဝါရင့်တာကိုး.. ၊ဟီး... နုချက် ..။ 🙂

ဤသို့သည်လည်း.. အံ့စရာတစ်ပါး...။

နောက်ဆုံးပိတ်ကတော့.. ဒီနေ့လည်း.. အမေရိကစတော့စျေးကွက်.. ကျပါတယ်..။ ဒေါင်းဂျုံး.. ပွိုင့်.. ၁၀၀၀ ကျော် ( ၁၀၈၁) ကျတာပါ..။

အမျှ... အမျှ...အမျှ

Credit ###Ronnie Nyein
.

☯️


( မြန်မာတွေ ဉာဏ်မနည်းကြပါနဲ့တော့ )




* အပြောင်းအလဲ ကာလခေတ်ဦးမှာ All inclusive ဆိုတဲ့ အင်္ဂါမပြည့်စုံတဲ့ သဘောတရားရေးရာနဲ့ မြန်မာတွေ " ဂျင်း" ထည့်ခံလိုက်ရတယ်၊

* ဘယ်အချိန်မှာ Inclusive ဖြစ်ရပြီး၊ ဘယ်အချိန် Exclusive ဖြစ်ရမယ်ဆိုတာ မသိကြဘူး၊

* အများနဲ့တယောက်ဆိုတော့ တိုးမပေါက်ခဲ့ဘူး

* ဒီနေ့ ယူကရိမ်းစစ်ကိုကြည့်
ထရမ့်က ရုရှားနဲ့ပဲစကားပြောတယ်၊ စစ်ဖြစ်ခံ ယူကရိမ်းကိုတောင် မခေါ်ဘူး၊ NATO ဆိုတာဝေးရော၊ All inclusive လုပ်သွားသလား
ထရမ့်ဘာပြောလဲ၊ လူများလို့ပွဲမစည်ဘူး  တဲ့

* အမေရိကန်နေရာမှာသာ မြန်မာဆိုရင် Inclusive မဟုတ်လို့ဆိုပြီး ဝိုင်းအော်ကြမှာ အမှန်ပဲ။



* နောက်တခုက Agree to disagree

* Power structure hierarchy ကို တဝက်ဖြတ် အသိနဲ့ " ဂျင်း" အထည့်ခံလိုက်ရပြန်တယ်၊

* Management မှာ Hierarchy ကပိရမစ်ပုံစံ၊

* အပေါ်ရောက်လာရင် Disagree to agree ပုံစံဖြစ်လာရတယ်၊ Agree to disagree ကို Middle level မှာဖြတ်ရတယ်၊

* တဝက်အသိ " ဂျင်း" အထည့်ခံလိုက်ရတော့ အလွှာတိုင်းမှာ ဆုံးဖြတ်ချက်ချလို့မရတော့ဘူး၊

ဘာကိုလုပ်သွားတာလဲဆိုတော့ Process တွေကို ဖျက်ပစ်လိုက်တာပဲ၊ မဆူ ဆူအောင်လုပ်လိုက်တာ၊ အဆုံးအဖြတ်ပေးမဲ့ သူတွေဝေဝါးအောင်လုပ်လိုက်တာ၊

အများစုက "ဂျင်း" မိကြလေတော့ တကယ်သိတဲ့ အနည်းစုက ပြန်ကုတ်နေရတော့တယ်။



* နိုင်ငံတခုမှာ အရေးအကြီးဆုံးက လျှပ်စစ်ပဲ
* လျပ်စစ်မရရင် ဘာစီးပွားရေးမှလုပ်လို့မရဘူး
* FDI က တည်ငြိမ်မှုကို အရင်ကြည့်တယ်
   ဒုတိယ Policy ကိုကြည့်တယ်
   တတိယ လျှပ်စစ်ကိုကြည့်တယ်၊ ( လျှပ်စစ်နှုံးထားခပါတယ် )

* ဘမောင်တို့ အင်ဒိုနီးရှား အာချေးကို ရောက်နေတုန်းမှာ မြစ်ဆုံကို ဆန္ဒတွေဝိုင်းပြကြပြီး မပျက် ပျက်အောင်ဖျက်သွားကြတယ်၊

* သူတို့တတွေက ဘယ်ပစ်မှတ်ကိုပစ်ရင် ဒါဏ်ရာဘယ်လောက်ရမယ်ဆိုံတာကို တွက်ချက်ထားကြပြီးသား၊

* လျှပ်စစ်ကဏ္ဏကို ဖြိုနိုင်ရင် မြန်မာ နာတာရှည်ဖြစ်မယ်ဆိုတာ သိလို့ လျှပ်စစ်ကဏ္ဏကို ဖြိုချလိုက်တာ၊

( ဘမောင် ဘာကြောင့် အချိန်အကုန်ခံပြီး စာတွေများများ ရေးနေရတာလဲ ဆိုတာ ဒီလောက်ဆို သဘောပေါက်ကြမှာပါ ၊ မြန်မာတွေ သဘောပေါက်ကြပါတော့၊ ပညာနိမ့်ရင် ကိုယ်သိတာ ကိုယ်မြင်တာလောက်လေးပဲကို အမှန်ဆုံး လို့ထင်ကြလိမ့်မယ်၊ ဂျင်း ထဲ့မဲ့သူက စိတ်ကြိုက်ဖြစ်သွားတော့တာပေါ့ )


မြန်မာတွေ "ဂျင်း" ကြိုက်မောင် အဖြစ်က လွတ်မြောက်ကြပါစေ ။


BaMg ( 22.4.25 ) ☯️


.
.

☯️


အနာဂါတ်မှာမြင်တွေ့ရမဲ့ပွဲကတော့
" 1027 " ပုံစံမျိုးမဟုတ်တော့ဘူး
သိသာသိစေ မမြင်စေနဲ့ဆိုသလို... နောက်ကွယ်က Big hands တွေက အကျိုးစီးတွေကိုကာရင်းက ဖြစ်လာတဲ့စစ်ပွဲ၊

အခုတော့ လားရှိုးလဲ ပြဿနာတခုပြီးသလောက်နီးပါးရှိသွားပြီ၊ အဲ့သလို လားရှိုးပြဿနာကိုရှင်းနိုင်မယ်ဆိုတာ သိသွားလေတော့ အခြားတဖက်ကလဲ အဝေးရောက် ကစားတာကနေ အနီးကိုကပ်ပြီး Double proxy နဲ့ကစားပြီ၊

တဖက်က လူလုံးထွက်ပြလာပြီး
Proxy ကလဲ အရောင်အမှန်ကို ပြလာပြီဆိုတော့..

အင်း....
ပြောခဲ့တဲ့အတိုင်း ညပ်ကြတော့မယ်
ညပ်မယ်ဆိုတာက စကားမရင့်အောင်သုံးတာ
အမှန်တကယ်က စတေးခံကြရတော့မယ်၊

Kra canal က မလက္ကာ Choke point ကိုရှောင်တဲ့သဘောနဲ့ Logistic သက်သာအောင်ပဲလုပ်ပေးနိုင်တာပဲရှိတယ်

ကျောက်ဖြူကမှာ တကယ့် Vital exit အစစ်
ကြမ်းမယ် ရမ်းမယ်၊ ရင်တွေတလှပ်လှပ်ဖြစ်မယ်၊

ရုပ်ရှင်တကားလိုပေါ့
ပြီးကာနီးလေ Tempo အမြင့်ဆုံးရောက်ချိန်ဆိုသလို....



BaMg ☯️

.
Forwarded from Michael Saw (M S)
၂ လုံးထီ ထိုးတဲ့သူတွေကို အံ့သြမိကြောင်း
ပိုစ့်တင်ခဲ့ဖူးတယ်။

(ကိုယ့်ရှေ့မှာ ဘဝပျက်သွားတဲ့သူတွေ ၊
ဆူဆိုဒ်သွားသူတွေ သာဓက ရှိနေလည်း ထိုးတုန်း..
၂ လုံးထီ ထိုးလို့ ချမ်းသာသွားသူ တစ်ယောက်
(တစ်ယောက်လေးပဲ) တောင်မှ သက်သေပြစရာ
မရှိတာကိုလည်း ထိုးတုန်းမို့ အံ့သြမိတာ..)

ထားပါတော့...။

အခုတော့ အမျိုးတို့ရေ ...
၂ လုံးသမားတွေထက် ကျွန်တော်ပိုပြီး
အံ့သြရတဲ့သူ ၊ ဦးညွှတ်ရတဲ့သူတွေ ပေါ်လာပါပြီ။

သူတို့တွေကတော့
အွန်လိုင်း ငါးပစ်ဂိမ်း ၊ စလော့ဂိမ်းတွေကို
ကစားကြတဲ့ သူတွေပါပဲ။

၂ လုံး ၊ ၃ လုံးကမှ ထိုင်းကထွက်တဲ့ နံပါတ်ကို
ရမ်းသမ်း ထိုးကြ ၊ ဒိုင်ကိုင်ကြရတာပါ။
ဘယ်ဂဏာန်းထွက်မလဲဆိုတာ
ထိုးသား နည်းတူ ဒိုင်လည်း ကြိုမသိဘူး။

အွန်လိုင်းဂိမ်းတွေကျတော့ ဒိုင်စားအောင်ကို
ဆော့ဝဲနဲ့ တမင်ဖန်တီးယူထားတာ။
သူနိုင်မှာကို ဒိုင်က ကြိုသိပြီးသား။
လူလုပ်ဖန်တီးယူထားတာမှန်း သိသိကြီးနဲ့
ဘဝပျက်အောင် ကစားကြတယ်ဗျိုး...။

တကယ် အံ့သြရပါတယ်။

၂ လုံး ၃ လုံးသမားနဲ့မတူတာက
အွန်လိုင်း ဂိမ်းသမားတွေဟာ အစပိုင်း
ဟုတ်မလိုလိုနဲ့ နောက်ပိုင်းမှ
တဖြည်းဖြည်းနဲ့ မွဲတေသွားကြတာမျိုး..။
(ချက်ချင်း မသိသာ..
အစပိုင်းမှာ ပေးကျွေးသေးတယ်..)

အွန်လိုင်းဂိမ်းသမားတွေကို သူတို့
လောင်းကစားစွဲနေမှန်း မိသားစုဝင်တောင် မသိကြဘူး။
လူတိုင်း ဖုန်းကိုင်ကြတာဆိုတော့
မသိရင် Fb ပဲ ကြည့်နေသလိုလို ၊ Video ပဲ
ကြည့်နေသလိုလိုနဲ့ နောက်ဆုံး တတ်တတ်ပြောင်မှ
လောင်းကစားဂိမ်းတွေဆော့နေမှန်း
ပတ်ဝန်းကျင်က သိကြတာ။

ကျွန်တော့် မိတ်ရင်း ဆွေရင်းထဲမှာတင်
အွန်လိုင်းဂိမ်းတွေကြောင့်
ဘဝ ပျက်သွားကြသူ ၊
ဘဝ ပျက်လု ပျက်ခင် ၊
ဘဝ ပျက်ဆဲ လူတွေ မနည်းဘူး။

တကယ့် လူကောင်းသူကောင်းတွေ ၊
လူတော်တွေ ၊ ပညာတတ်ပါတယ်ဆိုသူတွေ
အွန်လိုင်းဂိမ်းစွဲပြီး ရှိသမျှ အကုန်ပြောင်
ဆင်းရဲဒုက္ခရောက်ကုန်ကြတာ။

ဘယ်လိုမှ မထင်ထားတဲ့ မိတ်ဆွေတစ်ဦး
အကြွေးပတ်လည်ဝိုင်းနေလို့ အကြောင်းရင်း
စုံစမ်းလိုက်တော့ အွန်လိုင်းဂိမ်းကြောင့်
ဖြစ်နေတာကိုသိလိုက်ရပြီးတဲ့နောက်
ဒီပိုစ့်ကို အလန့်တကြား ရေးမိတယ်။

လောင်းကစား မလုပ်ကြပါနဲ့ဗျာ..
လောင်းကစားထဲမှာ သမာသမတ်အကျဆုံးလို့
သတ်မှတ်ထားကြတဲ့ ''ဘောလုံးပွဲ'' မှာတောင်
၂ သင်းထဲရှိတာကို တည့်အောင်မလောင်းနိုင်တာ။

သူတို့ ဖန်တီးထားတဲ့ ဆော့ဝဲတွေကိုကစားပြီး
သူတို့တွေရဲ့ ငွေကို ကိုယ်က အနိုင်ရမယ်လို့
ထင်နေမှုကြီးကတော့ တကယ့်ကို
Next Level အဆင့် ရူးမိုက်ဥာဏ်နည်းတာပါပဲ။

.....

ကိုစိုးထိုက် (ဖဒို)
People Media မှကိုကျော်စိုးဦးသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကိုမေးမြန်းထားသော အကြောင်းအရာ
မှာ ဒလမြို့ ဗိုလ်ရန်ပြေရပ်ကွက်ရှိ သောက်သုံးရေကန်ကို နှစ်၆၀ဂရန် ထုတ်ပေးသည့်ကိစ္စဖြစ်ပါသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အဆက်ဆက်တို့သည်
မြေယာကိစ္စနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအလွဲအမှားများစွာကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။

သောက်သုံးရေကန်ကို ဂရန်ထုတ်ပေးရန် လုံလောက်သော အကြောင်းဖော်ပြချက်ရှိပါက ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် သတင်းမီဒီယာများဖိတ်ကြား
ရှင်းလင်းရန်တိုက်တွန်းအပ်ပါသည်။

ဌေးအောင် အယ်ဒီတာ

Orchid news agency
----------------------------------------

PeopleMedia က သတင်းထောက် ကျော်စိုးဦးပါ။

ရန်ကုန်တိုင်းအစိုးရ အဖွဲ့ကို မေးမြန်းမှုပါ ခင်ဗျာ။

ဒလမြို့ ဗိုလ်ရန်ပြေရက်ကွက်ရှိ သောက်သုံးရေကန်ကြီးကို နှစ် ၆၀ ဂရန် ထုတ်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

မေးမြန်းလိုတာက အများပြည်သူ သောက်ရေကန်ကို နှစ် ၆၀ ဂရန် ထုတ်ပေးထားမှုကို ပြန်လည် ပယ်ဖျက်ပေးရန် ရှိပါသလား။

တိုင်းအစိုးရ သဘောထား သိရှိလိုပါတယ် ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

အချက်လက် ပူးတွဲမေးမြန်းပါသည်။

ဂရန်ရရှိသူ ကိုင်ရိုအုပ်စုလို့ သိရပါတယ်။

သောက်ရေကန်မှတ်တမ်းပါ။
.FatherLand ဆောက်လုပ်ရေး
အနွယ်တွေ..
.

☯️


( ဆေးပေးတချက်အမှား )


ဆေးပေးတချက်အမှားမှာ အနိုင်ကပ် Winning card က ကိုယ်လက်ထဲကပြုတ်ကျသွားတယ်၊
တဖက်မှာ လိုရာသုံး Joker card ဖြစ်သွားလေရဲ့၊

PDF ကိစ္စဆေးပေးမှားတာက စလိုက်တာပဲ
PDF တွေအင်အားကြီးလာတော့ တရုတ်စိုးရိမ်လာပြီ၊ နောက်ခံက အမေရိကန်ကိုး၊ အဲ့ဒီမှာ " 1027" ဇာတ်လမ်းစတော့တာပဲ၊

(၃) မျိုးဖြစ်နိုင်တယ်လို့တွေးကြည့်မိတယ်

ပထမ တမျိုးက MNDAA ကိုသုံးပြီး Leverage ယူတာ၊

ဒုတိယတမျိုးက MNDAA ကရတဲ့အခွင့်အလမ်းပေါ်မူတည်ပြီး Cross လုပ်သွားတာ

တတိယတမျိုးက MNDAA သိမ်းထားတဲ့ လားရှိုးရဲ့ အခွင့်အလမ်းကို တရုတ်ဖက်ကမြင်သွားပြီး အင်အားပြန်သုံးလိုက်တာ၊
( အရှည်ရှင်းချက်တော့ မရေးတော့ဘူး )

ဒီကိစ္စ မရေးတော့ဘူးဆိုပြီး ရင်ထဲမျိုသိပ်ထားတာကြာပြီ၊ ရခိုင်ဖက်မှာ ထပ်ကြုံနိုင်ရသေးတာကြောင့် " ပညာရှိ သတိဖြစ်ခဲ " မဖြစ်ရလေအောင်ရေးလိုက်တာ ၊

PDF တွေကို အမေရိကန်က အဝေးကထောက်တယ်၊ အိမ်နီးချင်းဆိုတော့ တရုတ်ကတပန်းသာတယ်၊ အနီးကပ်ကစားခွင့် ရှိနေတယ်၊ လက်ကိုင် အဖွဲ့တွေကလဲရှိနေတာကိုး၊

မြန်မာမှာ ရေရှည်ပြည်တွင်းစစ်ဖြစ်ရင် တရုတ်အတွက် အဆိုးတွေချည်းဖြစ်မယ်ဆိုတဲ့အချက်က မြန်မာကို အသက်ရှုပေါက်တခုဖြစ်စေခဲ့တာပဲ၊

လားရှိုးကစားကွက်က လက်ရှိမြင်ကွင်းမဖြစ်ခင် ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးနားလည်သူတွေတောင် ကြိုတင်မြင်နိုင်ရင် ပင်တဂွန်နဲ့ CIA ကမမြင်စရာမရှိဘူး၊ Close support မှာ CIA က အလိုလိုတပန်းရှုံးထားတာ၊

ဒီတော့ နောက်တကွက် ထပ်ကစားဖို့ဖြစ်လာတယ်၊ အဲ့ဒီနေရာကတော့ ရခိုင် ဂမ်းဘစ်ပဲ၊ ရခိုင် ဂမ်းဘစ်အကြောင်း ရေးခဲ့တာ ဆယ်စုနှစ်တခုကျော်ပြီ ( ဆောင်းပါး ၄-၅ ပုဒ်မကဘူး )

အခု... ဒုတ်ဒုတ်ထိရောက်လာပြီ
Close support ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ချ်က Focal ဖြစ်လာတယ်၊

ရခိုင်ဒေသနဲ့ ကျောက်ဖြူထိမ်းဖို့က AA နဲ့ ပိုက်လိုင်းတလျောက် Disruption ပေးဖို့က CNF နဲ့ PDF တွေဖြစ်လာမယ်၊ ( ကြားမှာ ရှမ်းမြောက်လိုပဲ အကျိုးစီးပွား ဖေါက်ထွက်တာတွေလဲရှိလာနိုင်ပါတယ် )

ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲတွေလို့ပေါ့၊ Crown အတွက် ပွဲငယ် (၁၂) ပွဲကိုဖြတ်သန်းကြရတဲ့သဘောပါပဲ၊ ရခိုင်ဂိမ်းက ဂိမ်းကြီး Big game@Showdown အဆင့်၊

မျက်နှာချင်းဆိုင်ထိုင်ပြီး ရွှေ့ကွက်တွေမရွှေ့ခင်မှာ ပြင်ဆင်ရတာတွေရှိတာတော့ သိကြမှာပါ၊ ဒီတခါ တဖက်လူက " အဖြူ" ကိုင်ကစားမှာဆိုတော့ တိုက်စစ်အလှည့်၊ ကိုယ်က အနက်နဲ့ကစားရမှာဆိုတော့ ခံစစ်၊

Planetary position ကလဲ May, June လောက်မှာ အချက်ပြထားတယ်၊

ကဲ...
ကြိုးစားကြဦးရဲ့ ။


BaMg ( 23.4.25 ) ☯️

.
မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိမှု

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဟု Tiktok အကောင့်မှ တစ်ဆင့် မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရ ဧပြီလ ၂၂ ရက် ၁၀၀၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ ကွက်သစ်ရပ်၊ နယ်မြေ(၂၁)၊ ရွှေညောင်ပင် လမ်းရှိ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ တရားခံ John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မုံရွာမြို့ပေါ်၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ၂၀ ကြိမ်ခန့်လိုက်ပါ ဆောင်ရွက်ခဲ့ သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း အသက်မပြည့်သူ ကလေးသူငယ်ဖြစ်သဖြင့် မိဘအုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာနေထိုင်ရန် မုံရွာခရိုင်တရားရုံးမှ အမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်း သိရှိရပါသည်။

၎င်းအပြင် ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်တွင် ကော့ကရိတ်မြို့မှတစ်ဆင့် KNDO တပ်ရင်း(၆)သို့ သွားရောက်ခဲ့ပြီး အဆိုပါ KNDO တပ်ရင်း(၆)၌ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းအား သင်တန်းသား ၇၅ ဦးနှင့်အတူ တက်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်အဖွဲ့အစည်းများ အတွက် အွန်လိုင်းမှ တစ်ဆင့် အလှူငွေများ ကောက်ခံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်ခန့်တွင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိ နေထိုင်စဉ် အောက်တိုဘာလ ၃၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ ရကြောင်း၊ ၎င်းနောက် နိုဝင်ဘာလ ၁၄ ရက်တွင် မုံရွာမြို့၊ အမှတ်(၁)ရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)/၅၂(က)တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မုံရွာခရိုင်တရားရုံးမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် မန္တလေးမြို့ရှိ လူငယ် ထိန်းသိမ်းရေးသင်တန်းကျောင်း၌ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံခဲ့ရကာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရှိရပါသည်။

ဂျွန်မိုးသဲအနေဖြင့် ထောင်မှလွတ်မြောက်ပြီးနောက် ဗေဒင်လက္ခဏာပညာအား အသုံးချ၍ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် J

Johnmoe5.t အမည်ဖြင့် Tiktok အကောင့်ဖွင့်လှစ်ကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သည့် Post များအားလည်းကောင်း၊ မြေငလျင်နှင့်ပတ်သက်သည့် Post များအားလည်းကောင်း အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၎င်းအား ဥပဒေအရထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး နောင်အလားတူ မဟုတ်မမှန်သတင်း အမှားများ ရေးသားဖြန့်ဝေသူများကိုလည်း စိစစ်ဖော်ထုတ်၍ ထိထိရောက်ရောက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သတင်း အတုသတင်းအမှားများကို မသမာသူများမှ ဖြန့်ဝေရေးသားဖော်ပြလျက်ရှိသဖြင့် ယုံကြည်မှုမရှိရန် နှင့်သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သည့်သတင်းများအား သက်ဆိုင်ရာမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ တိကျစွာထုတ်ပြန်ပေးလျက်ရှိကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။