ရန်ကုန်မှတ်တမ်း (ဇွန် ၅ - ၁၀၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
ဇွန်လ ၈ ရက်နေ့ မနက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သန်လျင်တံတားအမှတ် ၃ ဖွင့်ပွဲသို့ ရောက်ရှိနေချိန် အဆိုပါနေရာသို့ တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံး ၂ လုံးနှင့်အတူ အမျိုးသား ၇ ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ရာဝန်း၌ ဖမ်းမိကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။
SPTSC၊ NGYSC နှင့် MTGSC အဖွဲ့တို့ပူးပေါင်း၍ "ငါတို့ဘာလုပ်ကြမလဲ"၊ "မတရားစစ်မှုထမ်းဥပဒေဆန့်ကျင်ကြ" စာသားပါ ပိုစတာ၊ ဘန်နာ၊ လက်ကမ်းစာစောင်များဖြင့် ဇွန်လ ၈ ရက်နေ့ တွင် လှုံ့ဆော်လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။
မေလ ၅ ရက်နေ့ နေ့လည်က NLD ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကျင်းပခဲ့ပြီး စစ်ကောင်စီ ရန်ကုန်တိုင်း တိုင်းမှူး ဇော်ဟိန်း၊ စစ်ကောင်စီအဖွဲ့ဝင် KNU အဖွဲ့ဝင်ဟောင်း ဖဒိုမန်းငြိမ်းမောင်နှင့် နိုင်ငံတကာသံအမတ်များပါ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါဈာပနပွဲသို့ တက်ရောက် သတင်းယူခဲ့ကြသည့် သတင်းသမားများကို စစ်ကောင်စီမှ လိုက်လံရှာဖွေဖမ်းဆီးနေကြောင်းလည်း AAMIJ မှ သိရှိရသည်။
ဇွန်လ ၁၀ ရက်နေ့ထိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပြင် စစ်ထောက်ချုပ်၊ ရေချုပ်၊ လေချုပ်ဆိုသူတို့ပါ ရန်ကုန်တွင် ရှိနေဆဲဖြစ်ကာ ၎င်းတို့နေထိုင် သွားလာရာနေရာများနှင့် လမ်းကြောင်းတလျှောက် လုံခြုံရေး အထူးတင်းကြပ်ထားသည်။ ဇွန်လ ၉ ရက်နေ့က ကမ္ဘာအေးကုန်းမြေ၌ မင်းအောင်လှိုင်မှ မဟန ဘုန်းကြီးအဖွဲ့ အကြီးအကဲများနှင့်တွေ့ဆုံကာ Marcedes, Volkswagon စသည့် တန်ဖိုးကြီး ဇိမ်ခံကားများပေးခဲ့သေးကြောင်း သိရှိရသည်။
ရွှေလုပ်ငန်းရှင်ပေါင်း ၂၀ ကျော်ကို စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်း ဝရမ်းများထုတ်ပြီးနောက် ရန်ကုန်ရွှေအသင်းမှလည်း ရွှေအရောင်းအဝယ်ကို ၎င်းတို့ သတ်မှတ်ထားသည့်ဈေးအတိုင်း လုပ်ကြဖို့နှင့် ပိတ်ထားသည့် ရွှေဆိုင်များ ပြန်ဖွင့်ထားကြဖို့ မေလ ၅ ရက်နေ့က သတိပေးကြေညာချက်ထုတ်ပြန်ထားသည်။ ထိုသို့ထုတ်ပြန်ထားသည့် ရန်ကုန်ရွှေအသင်း၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကိုပါ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း People's Spring မှ သိရှိရသည်။
ဒေါ်လာဝယ်ရောင်းနှင့် ဟွန်ဒီငွေလွှဲသူများကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသည့်အပြင် သူတို့၏ ငွေစာရင်းများနှင့် ဘဏ်အကောင့်များကို ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
ယခုနောက်ပိုင်း စစ်မှုထမ်းစာရင်းကောက်ယူရာတွင် အမျိုးသမီးများကိုပါ စတင်ကောက်ယူလာနေကြောင်းလည်း သိရှိရသည်။
#rangoonscoutnetwork

DAILY HIGHLIGHTS (10 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ချိုးဖောက်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဟု TNLA ပြော – MZM
နိုင်ငံရေးရည်မှန်းချက်မရမချင်း တိုက်ပွဲဆက်ဖြစ်နေဦးမည်ဟု AA ပြော – DVB
ဘူးသီးတောင်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့်မိသားစုဝင်များ စက်လှေမှောက် – DVB
နေပြည်တော်အနီးမှာ KNDF စစ်ဗျူဟာတစ်ခု ထပ်တိုးဖွဲ့စည်း – RFA
တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံး ဒရုန်း ရာပေါင်းများစွာ ကို စစ်ကောင်စီက စစ်ဆင်ရေးများ အတွက် ဝယ်ယူပြီး ဗုံးတပ်ဆင် အသုံးပြုရန် တပ်ရင်းများသို့ ဖြန့်ဝေ – KT
အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်မှုထမ်းဟောင်းအရာရှိများကို နေပြည်တော်သို့ စတင်ခေါ်ယူ – AT
📰 နိုင်ငံရေးထူးခြားသတင်းများ
ချင်းပြည်ကောင်စီ၏ အဖွဲဝင်သစ်အဖြစ်ကြေညာလိုက်သော Kanpetlet နှင့် Mindat Council တိုမှာ လူထုအများစုကို ကိုယ်စားမပြုဟုဆို – MPA
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို သင်္ဘောဖြင့် ပြန်ပို့၊ စစ်ကောင်စီကလည်း မြန်မာအကျဉ်းထောင်များရှိ ဘင်္ဂလားဒေ့ရှ် အကျဉ်းသား ၄၅ ဦးကို ပြန်ပို့ပေး – KT
JICA အကူအညီနှင့်ဆောက်ခဲ့သည့် သန်လျင်တံတားဖွင့်ပွဲ ဂျပန်သံအမတ် မတက် – TI
မြန်မာ လူသားချင်းစာနာမှုအရေး တောင်းခံငွေ၏ ၁၂ ရာခိုင်နှုန်းသာ ရရှိသေးဟု UNOCHA ဆို – MPA
📰 စီးပွားရေးထူးခြားသတင်းများ
အမေရိကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၈ သောင်းခွဲ စျေးရှိ၊ မြန်မာ့ ရွှေစျေးနိမ့်ပြီး စျေးကွက်ပျက်နေ၍ ပြည် တွင်းရွှေများ အိမ်နီးချင်းနိုင်ငံစျေးကွက်များသို့ စီးဆင်းရန်ရှိနေ – KT
📰 အခြားထူးခြားသတင်းများ
NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်ကချေးထားသော ကိုဗစ် ချေးငွေများကို အမြန်ဆုံး ပြန်လည်ပေးဆောင်ရန် စစ်ကောင်စီက နေ့စဉ် တောင်းခံနေ – AT

🔴 မြောက်ဒဂုံမြို့နယ်
ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်း စစ်တောင်းနှင့် မန္တလေးမှတ်တိုင်ကြား M21 အားကစားပစ္စည်းဆိုင်ရှေ့ နား စစ် ရဲ DC ကားများ ၃ စီးခန့်ရှိနေကာ လမ်းပိတ်၍ အနီးတဝိုက် အစစ်အဆေးလုပ်နေကြောင်း သတင်းရရှိသည်။
11 Jun 2024

🔴 ကမာရွတ်မြို့နယ်
ယနေ့ညနေ ၆ နာရီခန့်တွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းနှင့် ဘုရင့်နောင်လမ်းကြီးကြား ရွှေသရဖီရိပ်မွန်နောက်ကြောကိုဆက်ထားသည့် ရထားလမ်း လူကူကုန်းကျော်တံတားပေါ်မှာ အရပ်ဝတ် ၁၀ ယောက်ခန့်မှ လမ်းသွားလမ်းလာများကို စစ်ဆေးပြီး ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ လူငယ်များကို အကြောင်းပြချက် မယ်မယ်ရရမရှိပဲ ရဲစခန်းလိုက်ခဲ့ဟုဆိုကာ ဖမ်းဆွဲနေကြောင်းလည်း သိရှိရသည်။

ဖုန်းတွင် VPN ရှိ မရှိ ယူစစ်ပြီး ခြိမ်းခြောက်ငွေညစ်
•••••••••••••••®•••••••••••••••
ဇွန် ၁၁၊ ၂၀၂၄
ယခုရက်ပိုင်း ရန်ကုန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ အရပ်ဝတ်များမှ လမ်းသွားလမ်းလာ ပြည်သူတို့၏ ဖုန်းများကို ယူကြည့်ကာ VPN ရှိ မရှိ စစ်ဆေးပြီး ခြိမ်းခြောက်ငွေညစ်မှုများရှိနေကြောင်း သတင်းရရှိသည်။
၈ မိုင်ဝန်းကျင်နှင့် ပန်းလှိုင်တံတားအဆင်း လှိုင်သာယာဘက်ခြမ်းတွင် ယနေ့ ဖုန်းများ ယူစစ်နေခဲ့ကြောင်း သတင်းရရှိပြီး VPN App များ တွေ့ရှိပါ ခြိမ်းခြောက်ငွေညစ်နေကြောင်း သိရှိရသည်။ VPN များကို နည်းပညာဖြင့် လိုက်လံပိတ်ဆို့ပြီးနောက် မြေပြင်တွင်ပါ ဖုန်းများစစ်လာခြင်းဖြစ်ပြီး ငွေညစ်ပါက ၂ သိန်းမှ ၅ သိန်းအထိ တောင်းယူနေကြောင်း သိရှိရသည်။
မေလ ၃၀ ရက်နေ့ မနက်ကစပြီး ပြည်တွင်းတွင် VPN များ အသုံးပြုရ ခက်ခဲသွားခဲ့ပြီး အကြောင်းမှာ စစ်ကောင်စီက Secure Web Gateway ဖြင့် VPN များကို ပိတ်ဆို့လိုက်သောကြောင့်ဟု သိရှိရသည်။
ထို့ပြင် VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်းတစ်ခုကိုလည်း စစ်ကောင်စီမှ ရေးဆွဲနေကြောင်း သိရပြီး မကြာမီ အတည်ပြုကြေညာဖို့ရှိကြောင်းလည်း Khit Thit မှ ဖော်ပြထားသည်။

🟠 သာကေတမြို့နယ်
ယနေ့ညတွင် သာကေတမြို့နယ်၊ ၆ အနောက်ရပ်ကွက်အတွင်း၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း ကနဦး သိရှိရသည်။ – Eagles News

🔴 သာကေတမြို့နယ်
ယနေ့ည ၉:၄၅ ခန့်တွင် သာကေတမြို့နယ်၊ ၆ အနောက် ရပ်ကွက်၊ ဝေဇယန္တာ ၁၅ လမ်းအတွင်း၌ စစ်ကား၊ ရဲကား ၂ စီး၊ ဘေးတွဲဆိုင်ကယ် ၁၅ စီးခန့်ဖြင့် အကြမ်းဖက် တပ်သားများ၊ ၂ တောင်၊ ၂ မြောက်ရပ်ကွက်မှ စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေးအဖွဲ့အဝင်များ အပါအဝင် အင်အားအများအပြားဖြင့် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

🔴 လှိုင်သာယာမြို့နယ်
ယနေ့ည ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၃ရပ်ကွက်၊ မင်းရဲကျော်စွာ ၁၆ လမ်းအတွင်း၌ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – HTY Scout Channel
11 Jun 2024
#rangoonscoutnetwork
ယနေ့ည ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၃ရပ်ကွက်၊ မင်းရဲကျော်စွာ ၁၆ လမ်းအတွင်း၌ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – HTY Scout Channel
11 Jun 2024
#rangoonscoutnetwork
DAILY HIGHLIGHTS (11 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
၀ိုင်းမော်မြို့နယ်တွင် ယမန်နေ့ တစ်ရက်တည်း စစ်ကောင်စီ၏ တပ်စခန်းစုစုပေါင်း ၁၈ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ – KT
မောင်တောတွင် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို AA အရှင်ဖမ်းဆီးရမိ – AT
စစ်ကောင်စီတပ် ဒေါနတောင်ကနေ ရှေ့မတိုးနိုင်သဖြင့် လက်နက်ကြီးနှင့် ဒရုန်းများ ပစ်ခတ် – DVB
စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်အသီးသီးကို စစ်ကောင်စီတပ်အရာရှိ ၁၅ ဦးစီနှင့် အတူ ဒရုန်းရာချီပို့ဆောင် – AT
ARSA တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ သုံးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ – RFA
မေလအတွင်း ဗိုလ်မှူးသုံးဦးအပါအဝင် စစ်ကောင်စီတပ်သား ၅၀ နီးပါး CDM ဝင်လာ – RFA
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
တရုတ်အစိုးရက အကြမ်းဖက်စစ်ကောင်စီထံသို့ ကင်းလှည့်ရေ ယာဉ် ၆ စီး ပေးအပ် – KT
NUG က တင်သွင်းထားသော အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးကို အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ်- ILO ၏ အုပ်ချုပ်ရေးအဖွဲ့ဝင် အဖြစ် ရွေးကောက်တင်မြှောက်၊ စစ်ကောင်စီကို ILO က ဒဏ်ခတ်အရေးယူရန် တွန်းအားပေးမည် – KT
မဲဆောက်ရှိ နွေဦးတမန် ရုံးခန်းကို ထိုင်းအာဏာပိုင်များ ဝင်စီး – TI
စစ်ခေါင်းဆောင်နှင့် ခရိုနီဦးတေဇသားအဖ ၃ ဦးအပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၇၀ ကို UK ထပ်မံပိတ်ဆို့အရေးယူ – DVB
📰 စီးပွားရေးထူးခြားသတင်းများ
အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်း ၄ သောင်း နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၇၀ ကျပ်ဝန်းကျင် စျေးတန်းရှိနေ – KT
ရွှေ၊ ဒေါ်လာဈေး ပြန်ကျသော်လည်း အခြေခံစားကုန်များ ဈေးတက်ဆဲ – DVB
📰 အခြားထူးခြားသတင်းများ
ရာထူးနှင့်နေရာလိုချင်သော အလုပ်သင်ကျောင်းဆင်း စစ်အရာရှိကြီးများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ် မိုးမြင့်ဆွေထံ လာဘ်ထိုးအပေးအယူလုပ်ရ – KT
တက္ကသိုလ်ဝင်စာမေးပွဲ ၇၀၀၀၀ ကျော် အောင်မြင် ၊ အင်းစိန်ထောင်မှ ၇ ဦးအောင်မြင် – DVB

⚫️ ကြည့်မြင်တိုင်မြို့နယ်
ယနေ့ နေ့လည် ၃ နာရီခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ကျောင်းကြီးလမ်း၊ ကစားကွင်းအနောက်ဘက်ရှိ ဘိလိယက်ခုံ၌ အရပ်ဝတ်များ ဝတ်ဆင်ထားသော အကြမ်းဖက် ရဲများမှ အမျိုးသားတစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။ – Kyimyindaing Scout Channel
12 Jun 2024

DAILY HIGHLIGHTS (12 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ စကစတပ်စခန်း ၁၀ ခုကို KIA သိမ်းပိုက် – MZM
ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီး – KT
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
မဏိပူရ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာဘက်ပြန်ပို့ – RFA
📰 စီးပွားရေးထူးခြားသတင်းများ
ပုဂ္ဂလိကဘဏ်များတွင် သိန်းရာချီသော ငွေလွှဲပြောင်းမှုများကို အကြောင်း အရာ ခိုင်လုံမှ လက်ခံလွှဲပြောင်းရန် နှင့် မှတ်တမ်းတင်ထားရန် စစ်ကောင်စီက ညွှန်ကြား – KT
မြန်မာပြည်သူ ၃၂ ရာခိုင်နှုန်း ဆင်းရဲမွဲတေလာပြီး စီးပွားရေးအရ မလုံခြုံမှုများရှိလာဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ပြောဆို – KT
စစ်မှုထမ်းဥပဒေကြောင့် ကလေးအလုပ်သမားတိုးလာကြောင်း ILO ထုတ်ပြန် – RFA
📰 အခြားထူးခြားသတင်းများ
မောင်တောမြို့မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ လစာမရသည်မှာ ၃ လကျော်ကြာမြင့်နေပြီး အသက်စွန့်တိုက်ခိုက်နေရ – KT
ပြည်ပသို့ ကိုယ့်အစီအစဥ်ဖြင့်သွားမည့် အမျိုးသားများအား အသက်ကန့်သတ်မည် – DVB

🟠 တာမွေမြို့နယ်
ယနေ့ည တာမွေမြို့နယ်၊ ၁၅၇ လမ်းတဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။
13 Jun 2024
#rangoonscoutnetwork
ယနေ့ည တာမွေမြို့နယ်၊ ၁၅၇ လမ်းတဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။
13 Jun 2024
#rangoonscoutnetwork
🔴 မြောက်ဒဂုံမြို့နယ်
ယနေ့ည ၇:၅၅ တွင် မြောက်ဒဂုံမြို့နယ်၊ ၄၁ ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းပေါ် စိတ်ကျန်းမာရေးဆေးရုံနားရှိ အိမ်တစ်အိမ်အား အကြမ်းဖက် စစ်ကောင်စီ စစ်သား အင်အား ၁၀ ယောက်၊ စစ် SC ၁ စီးဖြင့် ဝင်ရောက်ရှာဖွေနေကြောင်း သတင်းရရှိသည်။

ယနေ့ည တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်တွင် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရရှိသည်။ - Tamwe Nway Oo Channel

🔴 တာမွေမြို့နယ်
ယနေ့ည ၉:၁၆ ခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ ၁၆၃ လမ်းအတွင်း၌ အကြမ်းဖက် လက်အောက်ခံ ရပ်ကျေးအဖွဲ့ဝင်များမှ ဧည့်စစ်ဝင်နေကြောင်း သိရရှိသည်။ - Tamwe Nway Oo Channel

🔴 မရမ်းကုန်းမြို့နယ်
ယနေ့ည ၉:၅၀ ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ သမိုင်း Gas ဆိုင်ရှေ့ရှိ United Vision ရှိသော တိုက်ရှေ့၌ စစ် DC တစ်စီး၊ ဆိုင်ကယ် ၂ စီး ရပ်ထားပြီး အကြမ်းဖက် တပ်သားများ တိုက်ပေါ်တက်၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

🔴 ကြည့်မြင်တိုင်မြို့နယ်
ဇွန် ၁၂ ရက်နေ့ည ၁၁ နာရီခန့်တွင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကောင်းမြတ်သူအိမ်ရာနှင့် ထီးတန်းအိမ်ရာ အတွင်း၌ အကြမ်းဖက် တပ်သားများမှ ဧည့်စစ်ဝင်ခဲ့ပြီး VPN အသုံးပြုခြင်း ရှိမရှိကိုပါ စစ်ဆေးမေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

DAILY HIGHLIGHTS (13 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
အလယ်သံကျော် နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်၊ ရေဦး၌ စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ – DVB
ချင်းပြည်နယ်အတွင်း အဓမ္မ စစ်သားစုဆောင်းခြင်းမရှိဟု AA တုံ့ပြန် – DVB
ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာရှိ စစ်စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်၊ မံစီမြို့နယ်တွင်လည်း ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး KIA က တင့်ကား ၁ စီးကို ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်ဘက်မှ သေဆုံးသူများပြား – KT
ကချင်ပြည်တွင် ၃လခွဲနီးပါး စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၅ ခု နှင့် မြို့ ၅ ခုကို KIAက သိမ်းပိုက် – KT
မွန်-ကရင်နယ်စပ်ထိုးစစ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်း ပိုမိုအသုံးပြုလာ – DVB
ရှမ်းမြောက်မှ ဆုံးရှုံးလိုက်ရသည့် နယ်မြေများ ပြန်ရရှိရေးနှင့် ပေါင်းစည်းရေး မင်းအောင်လှိုင် ၏ ဦးစားပေး လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်ဖြစ်နေ – KT
📰 စီးပွားရေးထူးခြားသတင်းများ
စစ်ကောင်စီက ဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း ဒေါ်လာနှင့်ရွှေစျေးများ ပြန်တက် – KT
AA တပ်တော်နှင့် လိုင်လူငယ်အဖွဲ့ ဆွေးနွေးပြီးနောက် ပလက်ဝသို့ ကုန်စီးဆင်းမှု လမ်းကြောင်း ပြန်ပွင့် – MZM
ကျပ်ငွေတန်ဖိုးထိုးကျမှုနှင့်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းလစာတိုးပေးခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီး – KT
📰 အခြားထူးခြားသတင်းများ
ဖုန်းမှာ VPN တွေ့လို့ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုတွေရှိလာ – RFA
ခြံအမှတ် ၅၄ လေလံကြမ်းခင်းဈေးကိစ္စ တရားရုံးက ရုံးချိန်းပြန်ခေါ် – DVB
စံချိန်သစ်ဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှ ပြုတ်ခဲ့သည့် စစ်ကောင်စီလက်ရွေးစဥ်ဘောလုံးအသင်း – PS

🔴 တောင်ဒဂုံမြို့နယ်
ယနေည ၉:၃၇ ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက်၊ စက်မှုဇုန် ၂၊ ဇော်ဂျီလမ်းအတွင်း၌ အကြမ်းဖက် စစ်သား၊ ရဲ၊ အုပ်ကြီးနှင့် လက်အောက်ခံ ပျူစောထီးများ အင်အားအများအပြားဖြင့် စက်ရုံတံခါးများအား ကန်ဖွင့်ခိုင်း၍ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။
14 Jun 2024

🔴 ကျောက်တန်းမြို့နယ်
ယနေ့ ၈:၄၆ ခန့်တွင် ကျောက်တန်းမြို့နယ်၊ ရေလည်ဘုရားတစ်ဖက်ကမ်းရှိ မီးပြကျေးရွာ၌ ဧည့်စစ်ဝင်ခဲ့ VPN များပါ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
14 Jun 2024
#rangoonscoutnetwork
ယနေ့ ၈:၄၆ ခန့်တွင် ကျောက်တန်းမြို့နယ်၊ ရေလည်ဘုရားတစ်ဖက်ကမ်းရှိ မီးပြကျေးရွာ၌ ဧည့်စစ်ဝင်ခဲ့ VPN များပါ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
14 Jun 2024
#rangoonscoutnetwork
🔴 မင်္ဂလာတောင်ညွန့်မြို့နယ်
ယနေ့ ၁၀နာရီ၁၅မိနစ်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/ရှေ့ရပ်ကွက်၊ အထက်မန္တလေးလမ်း၌ အကြမ်းဖက် စစ်သားများ၊ရဲများ အင်အားအများအပြားဖြင့် ဧည့်စစ်ဝင်နေကြောင်းသိရှိရသည်။ – MGTN Spring News and Scout Channel