RSN WEB
9.19K subscribers
1.68K photos
44 videos
4 files
937 links
ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။

သတင်းပေးပို့ရန် - 📬 @Inform_RSN
Download Telegram
🟠 မရမ်းကုန်း ၂ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – RSG

21 Aug 2025
#RangoonScoutNetwork
👍4
RSN WEB
🟠 မရမ်းကုန်း ၂ ရပ်ကွက် ဧည့်စစ်သတိ ယနေ့ည မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – RSG 21 Aug 2025 #RangoonScoutNetwork
🔴 မရမ်းကုန်း ၂ ရပ်ကွက် သမိုင်းဘူတာရုံလမ်းတဝိုက် ဧည့်စစ်

ယနေ့ည ၁၀ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ ဦးဘဟန်မီးပွိုင့်အနီး သမိုင်းဘူတာရုံလမ်း (သမိုင်းကုန်းတံတားဘက်သွားတဲ့ခြမ်း) က လမ်းသွယ်ထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ည ၁၀ နာရီ ၅ မိနစ်ခန့်တွင် အဆိုပါလမ်းသွယ်မှ ပြန်ထွက်လာပြီး သမိုင်းဘူတာရုံလမ်းတဖက်ခြမ်းကို ကူးကာ လမ်းမပေါ်မှ အိမ်များထဲ ဧည့်စစ် ဆက်ဝင်နေကြောင်း သိရသည်။ စစ် SC ၁ စီး၊ အိမ်စီး DC ၁ စီး၊ အိမ်စီးဆလွန်း ၁ စီးတို့ ပါပြီး ဧည့်စစ်အင်အား စုစုပေါင်း ၃၀ ခန့် ရှိကြောင်းလည်း သိရသည်။ – RSG

21 Aug 2025
#RangoonScoutNetwork
🤬5👍1
🔴 သာကေတ ၉ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် သာကေတမြို့နယ်၊ ၉ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်သား၊ ပျူ၊ ပြည်သူ့စစ်၊ ရာ/ဆယ်အိမ်မှူးများ ပါကြောင်း သိရသည်။ – YRA

21 Aug 2025
#RangoonScoutNetwork
👍51
▪️ပုဇွန်တောင် ၉ ရပ်ကွက်ရုံး၌ ဗုံးတွေ့

ပုဇွန်တောင်မြို့နယ်၊ ၉ ရပ်ကွက်ရုံး၌ ယနေ့ ဩဂုတ်လ ၂၂ ရက် မနက်တွင် ဗုံးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မနက် ၁၀ နာရီခွဲခန့်တွင် DC ၂ စီး၊ ဆလွန်း ၁ စီးဖြင့် အကြမ်းဖက်တပ်သားအများအပြား ၉ ရပ်ကွက်ရုံးသို့ ရောက်ရှိလာပြီးနောက် မနက် ၁၁ နာရီကျော်တွင် ရေကျော်လမ်း (ဗိုလ်ချုပ်လမ်းနှင့် ဦးရွှေဂွန်းလမ်းကြား) ကို ပိတ်ချလိုက်သည်။

ထို့နောက် မနက် ၁၁ နာရီ ၄၀ ခန့်တွင် ဗုံးကို သိမ်းယူသွားကြပြီး နေ့လည် ၁၂ နာရီ ၂၀ ခန့်တွင် ရေကျော်လမ်းကို ပြန်ဖွင့်ပေးလိုက်ကြောင်း သိရသည်။

Source: PAZUNDAUNG Tsp [Scout & News]

22 Aug 2025
#RangoonScoutNetwork
👍9
🔴 မြောက်ဥက္ကလာ၊ ဃ ရပ်ကွက် ဧည့်စစ်

ဩဂုတ်လ ၂၀ ရက်နေ့ ညတွင် မြောက်ဥက္ကလာမြို့နယ်၊ ဃ ရပ်ကွက်၊ ဝေပုလ္လ ၁ လမ်းတဝိုက် ဧည့်စစ်ဝင်သွားခဲ့ပြီး ယောကျ်ားလေး ၅ ယောက်ကို ဧည့်စာရင်း မတိုင်ထားလို့ဆိုပြီး ရုံးသို့ ခေါ်သွားကြောင်း သတင်းရရှိသည်။

22 Aug 2025
#RangoonScoutNetwork
👍3🔥1
🔴 စမ်းချောင်း၊ လင်းလွန်းမြောက်ရပ်ကွက်ထဲ လူဝင်ရှာ

ယနေ့ နေ့လည် ၂ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ သရက်တောလမ်း၊ အိမ်အမှတ် ၁၆ ထဲ အရပ်ဝတ်ဖြင့် အကြမ်းဖက်တပ်သားများ ဝင်ရောက်ရှာဖွေသွားကြောင်း သိရှိရသည်။ – Sanchaung Scout Channel

22 Aug 2025
#RangoonScoutNetwork
👍6🔥2
▪️အကြမ်းဖက်စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း ၁ တွင် ရန်ကုန် ၁၂ မြို့နယ် ပါဝင်

အကြမ်းဖက်စစ်ကော်မရှင် လုပ်မည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ရန်ကုန်တိုင်းမှ ၁၂ မြို့နယ် ပါဝင်ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

၎င်း ၁၂ မြို့နယ်မှာ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင် နှင့် အလုံ မြို့နယ် တို့ ဖြစ်သည်။

ဩဂုတ်လ ၁၈ ရက်နေ့မှစတင်ပြီး ရန်ကုန်တိုင်း မြို့နယ်တချို့၌ အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်မှ အီလက်ထရောနစ်စက်ဖြင့် မဲပေးသည့်ပုံစံများ စမ်းပြသွားခဲ့သည်။ မြောက်ဥက္ကလာ၊ လှိုင်၊ ပန်းဘဲတန်း၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် လမ်းမတော်မြို့နယ်တို့၌ လုပ်သွားခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အဆိုပါရွေးကောက်ပွဲ အပိုင်း ၁ လုပ်မည်ဟု ဆိုသည်။

22 Aug 2025
#RangoonScoutNetwork
🤬11👍62
🖥 DAILY HIGHLIGHTS (22 AUG 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ချင်းပြည်နယ်ကို အင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်ရန် စစ်တပ်က ပြင်ဆင်နေ – DVB

🟢 နိုင်ငံရေးထူးခြားသတင်းများ

ဝ တပ်ဖွဲ့က TNLA MNDAA SSPP တို့ကို အကူအညီ ပေးတော့မှာ မဟုတ်ကြောင်းကြေညာ – THN

တရုတ်ဖိအားကိုမခံနိုင်သဖြင့် မဟာမိတ်များကို မကူနိုင်တော့ခြင်းဟု UWSA ဆို – MPA

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

ရွေးကောက်ပွဲက မြန်မာ့ပြည်တွင်းရေးကိစ္စဖြစ်ဟု တရုတ်ပြော – DVB

မြန်မာဟာ နိုင်ငံတကာရဲ့အာရုံစိုက်ခံရမှုကနေ လွဲချော်နေသေးတယ်လို့ ဂျာမနီသံရုံးအကြီးအကဲပြော – BBC

💸 စီးပွားရေးထူးခြားသတင်းများ

ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍကို ဒေါ်လာ ၃၂ သန်း ထပ်မံရောင်းပေးမည် – DVB

ဒေါ်လာဈေးနှင့် ရွှေဈေး ပြန်ကျ – DVB

👎 ရွေးကောက်ပွဲ

ရွေးကောက်ပွဲ အပိုင်း ၁ ကို ၁၀၂ မြို့နယ်မှာ ကျင်းပမယ်လို့ ကြေညာ – THN

ရွေးကောက်ပွဲမှာ မဲပေးသူများအောင် နည်းလမ်းမျိုးစုံသုံးဖို့ မင်းအောင်လှိုင် အမိန့်ပေး – KT

စစ်တပ်၏ ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံဟု ကြေညာ – KT

အခြားထူးခြားသတင်းများ

ရခိုင်၊ ထန်းရှောက်ခံကျေးရွာက လူသေအလောင်းတွေဟာ အကြမ်းဖက်စစ်သားတွေရဲ့ အလောင်းတွေသာဖြစ်တယ်လို့ ကျေးရွာသားတွေ အခိုင်အမာပြောဆို – NJ

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်း ဒုတိယဆုရ – DVB

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍81
⚫️ ဘုရင့်နောင်တံတားထိပ်တွင် လူငယ် ၁ ဦးကို ရိုက်နှက်ဖမ်းဆီး

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားထိပ်အနီး၌ ယောကျ်ားလေး ၁ ဦးကို အကြမ်းဖက်စစ်သားများ ရိုက်နှက်ပြီး ကားပေါ်ဆွဲတင် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ အကြမ်းဖက်စစ်သားစုစုပေါင်း ၁၀ ယောက်ကျော်ပါသည်။ ယောက်ျားလေးမှာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး သူ့ထံတွင် အထုပ် ၁ ထုပ် ပါကြောင်းလည်း သိရသည်။

မျက်မြင်တွေ့ရှိလိုက်သူက - "တံတားထိပ်မှာနားမှာ ကောင်လေးတစ်ယောက်ကို ထုရိုက်ပြီး ဖမ်းသွားတာပဲ တွေ့လိုက်တာ။ အဲ့ကောင်လေးမှာ အထုပ်တစ်ထုပ်လည်း ပါတယ်။ ထုရိုက်ပြီး ကားပေါ်တင်သွားပဲ။" ဟု ဆိုသည်။

23 Aug 2025
#RangoonScoutNetwork
🤬17😢31🔥1
🔴 အင်းစိန်၊ မုဒိတာအိမ်ရာ ဧည့်စစ်

ယနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ ပေါက်တောဝမှတ်တိုင်အနီး၊ မုဒိတာအိမ်ရာ ၂ ထဲ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ – Scout Yangon

23 Aug 2025
#RangoonScoutNetwork
🔥61
▪️အင်းစိန်၊ မြို့သစ် (ဂ) ရပ်ကွက်ရုံးရှိ အုပ်ကြီးနှင့် လူမိုက်အဖွဲ့ ဗုံးပစ်ခံရ

ယမန်နေ့ ဩဂုတ်လ ၂၃ ရက် ည ၁၀ နာရီ ၁၄ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မြို့သစ် (ဂ) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှိ အုပ်ကြီးဖိုးဇင်နှင့် ပျူလူမိုက်အဖွဲ့ကို ပစ်မှတ်ထား၍ Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့မှ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါ အုပ်ကြီးဖိုးဇင်တို့ ပျူအုပ်စုသည် အင်းစိန်ပျူလူမိုက် ကျင်ဟုတ်၏ တပည့်များဖြစ်ကြောင်းလည်း ဆိုထားသည်။

အဆိုပါ အုပ်ကြီး ဖိုးဇင်နှင့် ပျူလူမိုက်အဖွဲ့သည် လူငယ်လူရွယ်များကို ပေါ်တာလိုက်ဆွဲကာ စစ်မှုထမ်းအတွက် လူကုန်ကူးရောင်းစားနေသည့်အပြင် လက်ရှိ အကြမ်းဖက်စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက်ပါ လုပ်ကိုင်နေကြသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

24 Aug 2025
#RangoonScoutNetwork
👍19🔥1🥰1
▪️သာကေတ လ.ဝ.က ရုံးတွင် ဗုံးတွေ့

ယနေ့ ဩဂုတ်လ ၂၄ ရက် မနက်ပိုင်းတွင် သာကေတမြို့နယ်၊ လ.ဝ.ကရုံး၌ ဗုံးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မနက် ၉ နာရီခန့်တွင် အဆိုပါ လ.ဝ.ကရုံး၌ ဗုံးရှာတွေ့ခဲ့ကြပုံရပြီး ရုံးအရှေ့ရှိ သုမနလမ်းကို ကားအဝင်အထွက် လုပ်မရအောင် ပိတ်ချလိုက်သည်။

ထို့နောက် အကြမ်းဖက် စစ်သားများ ရောက်ရှိလာပြီး အဆိုပါနေရာတဝိုက် ထပ်မံရှာဖွေခဲ့ကာ မနက် ၁၁ နာရီကျော်တွင် တွေ့ရှိသည့်ဗုံးကို ဖောက်ခွဲရှင်းလင်းပြီး လမ်းပြန်ဖွင့်လိုက်ကြောင်း သိရသည်။

Source: RSG, Spring Heros

24 Aug 2025
#RangoonScoutNetwork
👍10🔥2🤩2
⚫️ ဘုရင့်နောင် အမှတ် (၂) တံတားအောက်၊ ပန်းခြံတွင် လူငယ် ၁ ဦး ဖမ်းဆီးခံရ

ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့၊ မနက် ၁၁ နာရီခန့် တွင် လှိုင်သာယာမြို့နယ်၊ အမှတ် (၂) ဘုရင့်နောင်တံတားသစ်၊ လှိုင်သာယာအဆင်းဘက်ရှိ ပန်းခြံတွင် သမီးရည်းစားစုံတွဲဟု ယူဆရသည့် အတွဲတစ်တွဲမှ ယောက်ျားလေး ၁ ဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ဘီယာဘူးကိုင်ဆောင်ထားလို့ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ရှမ်းချောင်းဘက်မှ အုပ်ကြီးနှင့် တပည့်အဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး အုပ်ကြီးရုံးသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။

24 Aug 2025
#RangoonScoutNetwork
🤬156
⚫️ ရွှေလင်ဗန်းစက်မှုဇုန်မှ လူငယ်များ ဖမ်းဆီးခံရ

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တရုတ်ပိုင် ထုံလိစက်ရုံ၌ လုံခြုံရေးအလုပ် လုပ်ကိုင်နေသည့် လူငယ်များသည် ဩဂုတ်လ ၁၅ ရက်နေ့တွင် စက်ရုံသို့ အလုပ်လုပ်ရန်လာစဉ် အကြမ်းဖက်စစ်သားများနှင့် ပျူအဖွဲ့များမှ ဖမ်းဆီးသွားပြီး စစ်မှုထမ်းသင်တန်းထဲ ထည့်လိုက်ကြောင်း သိရှိရသည်။ ရွှေလင်ဗန်းစက်မှုဇုန်၊ မီးသတ်ရုံအဝိုင်းအနီး ဆရာရှမ်းလမ်း ရေခဲစက်နား၌ ဖမ်းဆီးပြီး Probox ကားအဖြူပေါ် ခေါ်တင်သွားခဲ့ကြောင်း သိရသည်။

Source: Khit Thit

24 Aug 2025
#RangoonScoutNetwork
🤬12😢1
🔴 တာမွေ၊ ကျောက်မြောင်းကြီးရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၅၅ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်းနှင့် ကျောက်မြောင်းလမ်းထောင့် မုန့်ဆိုင်အပေါ်ထပ်ထဲ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ – RSG

24 Aug 2025
#RangoonScoutNetwork
🔥5🤬2👍1
⚫️ မြောက်ဒဂုံတွင် ရခိုင်လူမျိုး လူငယ် ၁ ဦး ဖမ်းဆီးခံရပြီး စစ်မှုထမ်းအတွက် လူစားထိုးခံရ

ဩဂုတ်လ ၃ ရက်နေ့က မြောက်ဒဂုံမြို့နယ်၊ မဝတကားမှတ်တိုင်၌ ရခိုင်လူမျိုး လူငယ် ၁ ဦး ဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်းအတွက် လူစားထိုး အထည့်ခံလိုက်ရကြောင်း သိရှိရသည်။

ဖမ်းဆီးပြီး မြောက်ဒဂုံထွေအုပ်ရုံး၌ ယာယီချုပ်နှောင်ထားစဉ် မိသားစုကို ပြန်ဆက်သွယ်ခိုင်းကာ သိန်း ၅၀ (သိန်း ၁၀၀ ဟုလည်း ပြော) ဖြင့် ပြန်ရွေးထုတ်ခိုင်းခဲ့သည်။

ပြန်ရွေးယူနိုင်ရန်အတွက် မိသားစုမှ ပိုက်ဆံရှာဖွေခဲ့သော်လည်း ၃ ရက်ခန့်အတွင်းမှာပင် စစ်မှုထမ်းသင်တန်းသို့ ပို့လိုက်ပြီဟု ထွေအုပ်ရုံးမှ ပြောသည်။ တိုက်ကြီးမြို့နယ်ရှိ တတက ၁ သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူအမည်မှာ ကိုချစ်ထူးဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်ဖြစ်သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာဝန်း၌ နေထိုင်သူဖြစ်ပြီး ပန်းထိမ်ဆရာ အလုပ်ဖြင့် အသက်မွေးသူ ဖြစ်သည်။

စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ရာတွင်မူ မြောက်ဒဂုံမြို့နယ်၊ ၄၄ ရပ်ကွက်၊ ဗိုလ်စိန်မှန်လမ်း၌ နေထိုင်သူအဖြစ် လူစားထိုးပြီး ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Source: Narinjara, Khit Thit

24 Aug 2025
#RangoonScoutNetwork
🤬9😢43
🔴 မင်္ဂလာတောင်ညွန့်၊ ရေတွင်းကုန်းရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၁၉ လမ်းထဲ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်သား ၃ ယောက်၊ အရပ်ဝတ် ၅ ယောက်ပါသည်။ လမ်းထဲ ဧည့်စစ်ပြီးနောက်တွင် ရပ်ကွက်ရုံးရှေ့ လူပြန်စုနေကြကြောင်း သိရသည်။ – MGTN Spring News and Scout Channel

24 Aug 2025
#RangoonScoutNetwork
🤬9
🖥 ရန်ကုန် တပတ်တာ အခြေအနေ

ယခု ရက်သတ္တပတ် [August 18 - 24, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၉ ခု ခွဲ၍ ဖော်ပြထားသည်။


▪️ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ
ဗုံးတွေ့ရှိခဲ့ပြီး ကားအဝင်အထွက် လုပ်မရအောင် ပိတ်ချ...

▪️အဖမ်းအဆီးဖြစ်စဉ်များ
ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက်...

▪️ပြည်သူ့စစ်အဖွဲ့များကို ထောက်ပံ့ပြ
စစ်ကော်မရှင် ရန်ကုန်ဝန်ကြီးချုပ် စိုးသိန်း ကိုယ်တိုင်လာပြီး...

▪️ထိုင်းကုန်ပစ္စည်းများ ကန့်သတ်
မြန်မာ - ထိုင်းနယ်စပ်ရှိ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို...

➡️ အပြည့်အစုံဖတ်ရှုရန် နှိပ်ပါ

#RangoonScoutNetwork #YGN_Weekly
Please open Telegram to view this post
VIEW IN TELEGRAM
👍3