မေလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုစုစုပေါင်း (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့
•••••••••••••••®•••••••••••••••
ဇွန် ၂၊ ၂၀၂၄
ပြီးခဲ့တဲ့မေလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများအဖြစ် ကဆုန်ညောင်ရေသွန်းလူထုလှုပ်ရှားမှုများနှင့် ဥယျာဉ်မှူးစစ်ဆင်ရေး သပိတ်လှုပ်ရှားမှုအပါအဝင် စုစုပေါင်း (၁၁) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကြသည်။
ရန်ကုန်၌ လျှပ်စစ်မီးရရှိမှု တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာမှုကို ဆန္ဒဖော်ထုတ်သည့်အနေဖြင့် စာရွက်ကြဲခြင်းများပြုလုပ်ခဲ့သလို လူထု၏အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှပ်မှုများအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများလဲ ပြုလုပ်နိုင်ခဲ့ကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သမဂ္ဂအလံလွှင့်ထူနိုင်ခဲ့ပြီး ကဆုန်လပြည့်နေ့အထိမ်းအမှတ် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နိုင်ခဲ့သည်။
ဒါ့အပြင် Shinobi အဖွဲ့၏ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "တရားတဲ့သူသာ နိုင်ကြေးဟေ့" သပိတ်ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို မီးရှို့နေ့စဉ် စစ်တပ်က ရောက်ရှိလာပြီး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ပေမယ့် အဖွဲ့သားများအားလုံး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
#rangoonscoutnetwork

DAILY HIGHLIGHTS (01 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
ဖားဆောင်ကို တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေ – DVB
စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အရပ်သားပြည်သူ ၄၁ ဦးကို စစ်ကောင်စီ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး အလောင်းဖျောက် – KT
📰 နိုင်ငံရေးထူးခြားသတင်းများ
NMSP(AD)နှင့် ပတ်သက်မှုမရှိဟု မွန်ပြည်သစ်ပါတီထုတ်ပြန် – MZM
နမ့်ခမ်းက တပ်တွေကို TNLA က အဓမ္မရွှေ့ပြောင်းခဲ့တာကြောင့် စာထုတ်ပြန်ရတာလို့ SSPP ရှင်းလင်း – MKN
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်မှု ချိနဲ့လာပြီလို့ မြန်မာ အထူးအကြံပေးကောင်စီ အစီရင်ခံစာ ဖော်ပြ – AT
📰 အခြားထူးခြားသတင်းများ
NLD နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန် – KT
TNLA ထိန်းချုပ် နယ်မြေတွင် မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင် – KT
တအာင်းဒေသအတွင်း စစ်ကောင်စီခွင့်ပြုမိန့်ဖြင့် လည်ပတ်နေသည့်လုပ်ငန်းများကို TNLA ပိတ်ပင် – MZM
ပုဂံမြို့သစ် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်ကောင်စီက ဘူဒိုဇာဖြင့် ထိုးချ၍ ဖယ်ရှား – AT

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ကို စစ်ရေးအရ ထိုးစစ်ဆင်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။ဖားဆောင်းမြို့ကို မေ ၄ ရက်ကတည်းက စတင်ပြီး KNDF၊ …
DVB | ဖားဆောင်းကို တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေ
🟠 လှိုင်သာယာမြို့နယ်
ယနေ့ည ၉:၃၁ ခန့်တွင် လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်း ၂ ရပ်ကွက်၊ ရပ်ကွက်ရုံးဘက်မှ စစ် DC တစ်စီး၊ ရပ်ကျေးဆိုင်ကယ် အများအပြားဖြင့် အကြမ်းဖက် တပ်သားများနှင့် လက်အောက်ခံများ ရပ်ကွက်အတွင်းသို့ ဝင်ရောက်သွားသည့်အတွက် အနီးဝန်းကျင်၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။
02 June 2024

🔴 လသာမြို့နယ်
ယနေ့ည ၉:၅၉ ခန့်တွင် လသာမြို့နယ်၊ လသာလမ်း အောက်ဘက်၌ အကြမ်းဖက် စစ်သား ၃ယောက်၊ ရဲတစ်ယောက်နှင့် အရပ်ဝတ် ၃ယောက်ခန့်ဖြင့် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

ယနေ့ည ၉:၃၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁ ရပ်ကွက်၊ ရပ်ကွက်ရုံး၌ စစ်ကား တစ်စီး၊ အကြမ်းဖက် စစ်သား ၇ ယောက်နှင့် ရပ်ကျေးအဖွဲ့ဝင် ၃၀ ခန့် စုဝေးရောက်ရှိနေ၍ ရပ်ကွက်အတွင်း ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Eagles News

🔴 မင်္ဂလာတောင်ညွန့်မြိုနယ်
ယနေ့ည ၁၀နာရီခွဲအချိန်တွင် မင်္ဂလာတောင်ညွန့်မြိုနယ်၊တောင်လုံးပြန်ရပ်ကွက်၌ အကြမ်းဖက်စစ်သားများမှ ဧည့်စာရင်းမတိုင်ထားသောတိုက်များအားအဓိကထား ဧည့်စစ်ဝင်သွားခဲ့ကြောင်းသတင်းရရှိသည်။
02 June 2024
#rangoonscoutnetwork
ယနေ့ည ၁၀နာရီခွဲအချိန်တွင် မင်္ဂလာတောင်ညွန့်မြိုနယ်၊တောင်လုံးပြန်ရပ်ကွက်၌ အကြမ်းဖက်စစ်သားများမှ ဧည့်စာရင်းမတိုင်ထားသောတိုက်များအားအဓိကထား ဧည့်စစ်ဝင်သွားခဲ့ကြောင်းသတင်းရရှိသည်။
02 June 2024
#rangoonscoutnetwork
ရန်ကုန်မှတ်တမ်း (မေ ၃၁ - ဇွန် ၂၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
ဇွန်လ ၂ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံ တစ်ချက် ကျယ်လောင်စွာကြားလိုက်ရခြင်းမှာ Yangon UG People Army တပ်ဖွဲ့မှ မင်္ဂလာဒုံရဲစခန်းဝန်း အိမ်ထောင်သည်လိုင်းခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ သာယာကုန်းကျေးရွာ၌ ရာအိမ်မှူး ထွန်းထွန်းဦးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရှိရသည်။ ည ၈ နာရီခန့်ကလည်း မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်အနီးဝန်းကျင်မှ သေနတ်ပစ်ခတ်သံများကြားလိုက်ရကြောင်း သတင်းရရှိထားပြီး ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။
မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းမှာ Together Urban Force တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
ရွှေဈေးနှုန်းများ မြင့်တက်အောင်လုပ်နေသည်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးရှိ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ အကယ်ဒမီ စသည့် ရွှေဆိုင်လုပ်ငန်းပိုင်ရှင်များနှင့် ကုန်သည် ၁၀ ဦးတို့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ မွန်းလွဲချိန်ကပင် ရွှေကုန်သည်နှင့် ရွှေဆိုင်ပိုင်ရှင် အယောက် ၂၀ ခန့်ကို စသုံးလုံးရုံးဌာနသို့ ခေါ်ထားခဲ့ပြီး စစ်ဆေးနေခဲ့ကြောင်းလည်း သိရှိရသည်။ ထိုသို့ ရွှေလုပ်ငန်းရှင် စုစုပေါင်း အယောက် ၅၀ ခန့်ကို ခေါ်ယူစစ်ဆေး ဝရမ်းများထုတ်ပြန်ပြီးနောက် ယနေ့တွင် ရွှေဈေးပြန်ကျသွားသည်ဟုလည်း စစ်ကောင်စီ လော်ဘီမီဒီယာများမှ ဆိုထားသည်။
NLD ပါတီ နာယကဖြစ်သည့် သူရဦးတင်ဦး ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိန်အချိန်တွင် ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

ရန်ကုန်တိုင်းအတွင်း မေလ စစ်ရေးဖော်ဆောင်မှုများ
•••••••••••••••®•••••••••••••••
ဇွန် ၃၊ ၂၀၂၄
ရန်ကုန်တိုင်းအတွင်းတွင် မေလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၂၂) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၁၆) ကြိမ်၊ လုပ်ကြံမှု (၃) ကြိမ်တို့ပါဝင်ခဲ့ကာ စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၃) ကြိမ်ထိ ရှိခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက်များစေသည့် အောင်မင်္ဂလာအဝေးပြေးရှေ့စစ်ကောင်စီတပ်စခန်း၊ မြောက်ဒဂုံ (၃၂) ရပ်ကွက်ရုံး၊ ဒဂုံဆိပ်ကမ်း လဝကရုံး၊ ပေါက်တောဝဘန်ကာ၊ ရွှေနံ့သာအုပ်ချုပ်ရေးရုံးနှင့် ရွှေပြည်သာ အာမီရမ်စက်ရုံရှေ့ကင်းစခန်းတို့အား ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည့်အပြင် အင်းစိန်ကြို့ကုန်းအနောက်ရပ်ကွက်ရုံးအတွင်းသို့ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး ရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

DAILY HIGHLIGHTS (02 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေချ ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်မှု အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ဘဲ ရန်သူ့လက်ထဲ ပြန်မရောက်ရေး စုပေါင်းကာကွယ်ရန် KNLA ဗိုလ်မှူးချုပ် တာမလာသော သတိပေး – KT
မြဝတီမြို့ဝင်ဆိုင်ဘုတ်အနီးတွင် အောင်ဇေယျစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား – MZM
ဟုမ္မလင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်းနှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ – KT
စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိ ၂၅ ဦးကို ရာထူးတိုး အပြောင်းအရွှေ့ပြုလုပ် – KT
📰 နိုင်ငံရေးထူးခြားသတင်းများ
KTLA ပြောခွင့်ရ ဗိုလ်မှူးစောအင်္ဂလိပ် BGF နဲ့ပြန်ပူးပေါင်း၊ လက်နက်တချို့ယူဆောင်သွား – SP
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း – RFA
📰 စီးပွားရေးထူးခြားသတင်းများ
ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထွက်၊ ဝိန့်စိန်နှင့် အကယ်ဒမီ ရွှေလုပ်ငန်း အပါ အဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ် – KT
📰 အခြားထူးခြားသတင်းများ
ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူများ၏ နောက်ကြောင်းရာဇဝင်၊ ဝင်ငွေရလမ်းနှင့် အခွန်ဆောင်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ စစ်ကောင်စီ လက် အောက်ခံ စသုံးလုံးက လုပ်ဆောင်နေ – KT
ဒီနှစ်အတွက် ကျောင်းအပ်နှံသူ ခြောက်သန်းကျော်ရှိကြောင်း စစ်ကောင်စီပြော – RFA

⚫️ ကျောက်တံတားမြို့နယ်
ဇွန် (၃)၊ နေ့လည် ၂ နာရီဝန်းကျင်တွင် ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း၊ အောက်ဘလောက်ရှိ —- ဆိုင်မှ ဝန်ထမ်းအမျိုးသမီး ၁ ဦး (မန်နေဂျာ)နှင့် ဆိုင်ဝန်ထမ်း အမျိုးသား ၁ ဦး၊ စုစုပေါင်း ၂ ဦးကို စစ် DC ၃ စီး၊ အကြမ်းဖက် စစ်သားအင်အားစုစုပေါင်း ၁၀ ဦးခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။
03 June 2024

⚫ လှိုင်သာယာမြို့နယ်
ယနေ့ညနေ ၆:၅၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ တပ်ထိပ်နားတွင် ပြည်သူလူငယ် ၁၀ ဦးခန့်အား အကြမ်းဖက်စစ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
03 Jun 2024
#rangoonscoutnetwork
ယနေ့ညနေ ၆:၅၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ တပ်ထိပ်နားတွင် ပြည်သူလူငယ် ၁၀ ဦးခန့်အား အကြမ်းဖက်စစ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
03 Jun 2024
#rangoonscoutnetwork
🔴 မင်္ဂလာတောင်ညွန့်မြို့နယ်
ယနေ့ည ၉:၁၅ ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/ တောင် ရပ်ကွက်၊ မြန်မာဂုဏ်ရည်လမ်းနှင့် ဦးဖိုးကျားလမ်း ကောင်းစုံကျောင်းတိုက်အနီးရှိ တိုက်တစ်ခု၌ Honda Fit တစ်စီးဖြင့် အကြမ်းဖက် စစ်သား၊ ရဲနှင့် ရပ်ကျေးအဖွဲ့ဝင်များမှ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – MGTN Spring News and Scout Channel

🔴 တောင်ဥက္ကလာမြို့နယ်
ယနေ့ည ၁၀:၀၉ ခန့်တွင် တောင်ဥက္ကလာမြို့နယ်၊ ၅ ရပ်ကွက်၊ ၂၄ လမ်းအတွင်း၌ စစ် DC တစ်စီး၊ အကြမ်းဖက်တပ်သားနှင့် အရပ်ဝတ်များ အင်အား ၈ ယောက်ခန့်ဖြင့် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

🔴 စမ်းချောင်းမြို့နယ်
ယနေ့ည ၁၀:၀၅ ခန့်တွင် စမ်းချောင်းမြို့နယ်၊ ကျွန်းလယ်ရပ်ကွက်၊ မြောင်းမြလမ်းနှင့် ဗဟိုလမ်းထောင့်နားရှိ အိမ်တစ်အိမ်သို့ ရခ DC တစ်စီးဖြင့် အကြမ်းဖက် တပ်သားများမှ ဧည့်စစ်ဝင်ခဲ့ကြောင်း သိရှိရသည်။ – Sanchaung Scout Channel

🔴 ရွှေပြည်သာမြို့နယ်
ယနေ့ည ၁၁နာရီ၄၀မိနစ်အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊၁၃ရပ်ကွက်၊ပန်းခြံ(၈) ရဲရန်နိုင်လမ်းအတွင်း၌ အကြမ်းဖက်စစ်တပ်လက်အောက်ခံများမှ အရပ်ဝတ်များဖြင့် အဆောင်များကိုအဓိကထား ဧည့်စစ်ဝင်နေကြောင်းသိရှိရသည်။

ဇွန်လ ၃ ရက်နေ့ညက တောင်ဥက္ကလာမြို့နယ်၊ ၅ ရပ်ကွက်၊ ၂၄ လမ်းထဲ ဧည့်စစ်ဝင်သွားခဲ့ပြီး အမျိုးသမီး ၁ ဦးအား ဧည့်မတိုင်ထားဟုဆိုကာ ရုံးသို့ ခေါ်ယူသွားကြောင်း သတင်းရရှိသည်။
04 Jun 2024

DAILY HIGHLIGHTS (03 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
ငပလီကမ်းခြေဟိုတယ်ဇုန်အနီးတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်စခန်းတစ်ခု စွန့်ခွာထွက်ပြေး – PS
စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူ ၅၀ ကျော်ကို လက်ပြန်ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ ညှဉ်းပန်း သတ်ဖြတ်ပြီး အမျိုးသမီးတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို လက်စားချေမည်ဟု AA က ကြေညာ – KT
အရန်တပ်ဖွဲ့ ဥပဒေအရ စစ်မှုထမ်းဟောင်းများ စစ်မှုထမ်းရန် သတင်းပို့ရ – DVB
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ ကုလသမဂ္ဂက မြန်မာစစ်ကောင်စီကို တွန်းအားပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို – AT
📰 စီးပွားရေးထူးခြားသတင်းများ
စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၃၀၀၀၀ ဘီလီယံ နီးပါး ရိုက်ထုတ်ခဲ့မှုက ကျပ်ငွေတန်ဖိုးထိုးကျမှု၏ အဓိက အကြောင်းအရင်းတွင်ပါဝင်နေဟု NUG ဘဏ္ဍာရေးဝန်ကြီးနှင့် ဒေါက်တာရှောင်တာနယ် ပြောဆို – KT
မြန်မာနိုင်ငံ၏ အဓိက ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြီး ၂၁ ဦးကို ဖမ်းဆီးထားမှု ပြည်တွင်းရွှေစျေးကွက် လုံး၀ ပြိုကျပျက်စီးသွား – KT
စစ်ကောင်စီက စစ်အသုံးစရိတ်ကို သမိုင်းတလျောက်စံချိန်တင်သုံးစွဲ – PS
မြန်မာငွေတန်ဖိုး ကျဆင်းနေရခြင်း၏ အဓိကအချက်မှာ ငွေစက္ကူသစ် ဘီလီယံသုံးသောင်းခန့် စစ်ကောင်စီ ရိုက်နှိပ် ထုတ်ဝေခြင်းကြောင့်ဟု NUG ဆို – MPA
📰 ကျားဖြန့်
အွန်လိုင်းရာဇဝတ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုနှင့် BGF တပ်စီးပွားရေးလုပ်ငန်းများတွင် မိသားစု ပါဝင်ပတ်သက်မှု များအပေါ် စောချစ်သူ အပါဝင် BGF ခေါင်းဆောင်များ လိမ်လည်ဖြေကြား (အပိုင်း- ၁) – KT
📰 အခြားထူးခြားသတင်းများ
ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ နာရေးသတင်း လူမှုကွန်ရက်ပေါ် မတင်ရန် တပ်အရာရှိများ သတိပေးခံရ – DVB
မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို စစ်ကောင်စီက Myspace ဖြင့် အစားထိုးမည်ဖြစ်ပြီး VPN ပိတ်ဆို့ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေ – KT
နိုင်ငံတစ်ဝန်း ကျောင်းအပ်နှံသူ ရှစ်သောင်းခန့် လျော့ကျ – RFA

🟠 သဃ်န်းကျွန်းမြို့နယ်
ယနေ့ည ၁၀:၁၀ ခန့်တွင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/ခ ရပ်ကွက်၊ အစ္စလာမ်ဘိုးဘွားရိပ်သာကျောင်းအနီး၌ ရဲ DC တစ်စီးရောက်ရှိနေသဖြင့် အနီးဝန်ကျင်၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။

🔴 ပုဇွန်တောင်မြို့နယ်
ယနေ့ည ၁၀:၁၈ ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ ၇ ရပ်ကွက်၊ ရေကျော်လမ်းမပေါ် YMBA နှင့် မိုးသီးဆေးခန်း အနီးဝန်းကျင်ရှိ တိုက်များ၌ ရဲ စလွန်း တစ်စီး၊ စစ် SC တစ်စီး၊ အကြမ်းဖက်စစ်သားနှင့် ရဲ အင်အား ၁၀ ယောက်ခန့်ဖြင့် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – PAZUNDAUNG Tsp [Scout & News Channel]