RSN WEB
8.51K subscribers
966 photos
40 videos
4 files
495 links
REVOLUTIONARY CHANNEL

Contact us - 📬 @Inform_RSN
Download Telegram
⚫️ သာကေတမြို့နယ်

မေ ၂၉ ရက်နေ့ည ၉ နာရီ ဝန်းကျင်ခန့်တွင် သာကေတမြို့နယ်၊ ၁၀ တောင်နှင့် ၁၀ မြောက်ရပ်ကွက်အတွင်းရှိ လမ်းများအတွင်းသို့ စစ် Faw ကားနှင့် စစ် DC ဖြင့် အကြမ်းဖက် တပ်သားများ ဝင်ရောက်ခဲ့ပြီး လမ်းပေါ်ရှိ လူငယ် ၆ ဦးခန့်အား ဖမ်းခေါ်သွားခဲ့ကြောင်း သတင်းရရှိသည်။

30 May 2024
#rangoonscoutnetwork
⚫️ ဒေါပုံမြို့နယ်

ယနေ့ည ၉ နာရီခန့်တွင် ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းမပေါ မေတ္တာလမ်းထိပ်၌ စစ်ကားတစ်စီးဖြင့် အကြမ်းဖက် တပ်သားများမှ အမျိုးသားငယ် ၄ ဦးခန့်အား အကြောင်းမဲ့ ကားပေါ် ဖမ်းခေါ်သွားကြောင်း ကနဦး သတင်းရရှိသည်။

30 May 2024
#rangoonscoutnetwork
ရန်ကုန်မှတ်တမ်း (မေ ၂၉ - ၃၀၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
မေလ ၂၉ ရက်နေ့ညက တောင်ဥက္ကလာမြို့နယ်တွင်း၌ ဗုံးပေါက်ကွဲမှု ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဥက္ကလာမြို့နယ်ရှိ စစ်ကောင်စီ၏ မြဝတီဘဏ်အနီးတွင် ဗုံးပေါက်ခဲ့ပြီး Yangon Army တပ်ဖွဲ့နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတပ်ဖွဲ့တို့မှ အဆိုပါဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့နောက် ည ၁၁ နာရီခန့်၌လည်း ကျယ်လောင်သည့် ဗုံးပေါက်ကွဲသံများ ထပ်ကြားလိုက်ရပြီး Operation Flame (OF) မှ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၁၄ ရပ်ကွက်ရုံး၌ တစ်ကြိမ်နှင့် ည ၁၁ နာရီ ၃ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၃ ရပ်ကွက်ရုံး၌ တစ်ကြိမ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မေလ ၃၀ ရက်နေ့ မနက် ၈ နာရီခန့်က မှော်ဘီမြို့နယ်၊ တက်ကြီးကုန်းကျေးရွာ၊ ပြည်လမ်းနှင့် ကျောင်းကြီးလမ်းထောင့်အနီးတွင် ဗုံး ၂ လုံးတွေ့လို့ဟုဆိုကာ အကြမ်းဖက်တပ်သားများ ရောက်လာပြီး ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း စစ်ကောင်စီ လော်ဘီမီဒီယာတွင် ဖော်ပြထားသည်။

မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းတဝိုက်၌ သေနတ်ပစ်ခတ်သံ ၆ ချက်ခန့်ကြားလိုက်ရကြောင်း သတင်းရရှိသည်။ ဘောလုံးကွင်းအနီးရှိ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိထားရပြီး နောက်ဆက်တွဲဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။

ဒလမြို့နယ်၊ အနီးချောင်းရွာ၌ စစ်မှုထမ်းအတွက် အမျိုးသမီးများပါ မဲနှိုက်ရမည်ဟု အုပ်ကြီးမှ ခြိမ်းခြောက်ပြောဆိုနေကာ မဲမနှိုက်လိုပါက တစ်ဦးလျှင် ကျပ် ၁၂၀,၀၀၀ ဆီ ပေးဖို့ တောင်းနေကြောင်း MPA မှ သိရှိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်၌ လူအဖမ်းအဆီးများနေပြီး စစ်မှုထမ်း တတိယသုတ်အတွက် လူစုဆောင်းနေပုံရသည်။ အိမ်လိပ်စာအတိအကျဖြင့် လိုက်လံဖမ်းခေါ်နေသည်များလည်း ရှိသကဲ့သို့ လမ်းမပေါ် သွားလာနေသူများကို အကြောင်းမဲ့ ဖမ်းဆီးသွားသည့်ဖြစ်စဉ်များလည်း အများအပြားရှိနေသည်။

NLD ပါတီ နာယက ဦးတင်ဦး ကျန်းမာရေးအခြေအနေစိုးရိမ်နေရပြီး ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသနေရကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ညက ဦးတင်ဦး သေဆုံးသွားပြီဟူသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သေးသည်။

#rangoonscoutnetwork
DAILY HIGHLIGHTS (30 May 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မတူပီ ခရိုင်ရုံးကို CDF-မတူပီ သိမ်းပိုက်၊ ဝိုင်းမော် ခလရ ၆၈ နှင့် မြို့မရဲစခန်းကို KIA တိုက်ခိုက် – DVB

ဖားဆောင်းနှင့်ဖာပွန်ရှိ လက်ကျန်စစ်စခန်းများကို အပြီးသိမ်းရန် တော်လှန်ရေးအင်အားစုများ ကြိုးပမ်း – DVB

ရှမ်းမြောက်နှင့်ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသ၌ KIAက တပ်မဟာအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်း – PS

တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုတွင် တာဝန်ထမ်းနေသည့် စစ်ကောင်စီတပ်ဖွဲ့အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းများအဖြစ် မင်းအောင်လှိုင်က သတ်မှတ်ဟု အမိန့်ထုတ် – KT

ဗိုလ်လောင်းများ ထွက်မပြေးအောင် ထိန်းကျောင်းအုပ်ချုပ်ရန် စစ်ခေါင်းဆောင်ပြော – DVB

လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင် – RFA

ကလေးမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေးတပ်ဘက်က ဒုတပ်ရင်းမှူး အသေဖမ်းဆီးခံရ – MZM

📰 နိုင်ငံရေးထူးခြားသတင်းများ

ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်တို့မှ ဒိုင်ရ်နယ်မြေများကို ပေါင်းစည်အုပ်ချုပ်ရန် ဒိုင်ရ်ဒေသန္တရကောင်စီ ဖွဲ့စည်း၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)ကိုလည်း ဖွဲ့စည်းထူထောင်မည် – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

ရုရှားက မြန်မာနဲ့ကာဂျစ္စတန်မှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ဖြစ်နိုင်ချေလေ့လာမှုတွေ ပြုလုပ် – AT

မလေးရှားရောက် မြန်မာတစ်ထောင်ကျော် ဖမ်းဆီးခံထားရ – RFA

📰 စီးပွားရေးထူးခြားသတင်းများ

ခေတ်မမီတော့သည့် ကုန်ပစ္စည်း ဖလှယ်သည့် Barter စနစ် စစ်ကောင်စီ ပြန်ကျင့်သုံး – DVB

စစ်ကောင်စီက နိုင်ငံခြားငွေ မသုံးလို၍ Barter စနစ်ကို အသုံးပြုလိုသော်လည်း ကုန်သွယ်ဖက်နိုင်ငံလက်ခံမှသာ ကုန်စည်ဖလှယ်စနစ်အသက်ဝင်နိုင်မည် – AT

အာဆီယံတွင် လူတဦးချင်း ဝင်ငွေအနိမ့်ဆုံးနိုင်ငံအဖြစ် မြန်မာ ရပ်တည် – DVB

တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ယွမ်တစ်ရာကို မြန်မာကျပ်ငွေ ခြောက်သောင်းကျော်အထိမြင့်တက် – RFA

အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ – KT

အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ် စျေးတက် လာချိန် စစ်ကောင်စီဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်းများကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ကြေညာပြန် – KT

စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရွှေနှင့်ဒေါ်လာစျေး တပြိုင်နက်တည်း ကျဆင်းပြီး အခေါက်ရွှေစျေး ၅၇ သိန်းဝန်းကျင်နှင့် ဒေါ်လာစျေး ၄၅၅၀ ဝန်းကျင်အထိ စျေးပြန်ကျ – KT

မြန်မာ့ရွှေဈေး ဆယ်ရက်အတွင်း ကျပ်ရှစ်သိန်း မြင့်တက် – RFA

နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေး ထွက်ရှိ လည်ပတ်နေမှု ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအ၀ိုင်း အတည်ပြု – KT

📰 အခြားထူးခြားသတင်းများ

ဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ – RFA

မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ – KT

SSPP တပ်ဖွဲ့ဝင်များကို TNLA က မူဆယ်ဘက်သို ပြန်လည်ပို့ဆောင်ခြင်းသည် နှစ်ဖက်ဆွေးနွေးမှုအရ ပို့ဆောင်ခြင်းဖြစ် – AT

လမ်း၊တံတားကြေးများ တိုးမြှင့် ကောက်ခံရန် စစ်ကောင်စီ ညွှန်ကြား – PS

လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်း သုံးခုရှိ နိုင်ကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ – MPA

#rangoonscoutnetwork
🔴 မြောက်ဒဂုံမြို့နယ်

ယနေ့ မနက် ၁၀နာရီကျော်ဝန်းကျင်ခန်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်အတွင်း၌ စစ်သားအင်အား ၃၀ခန့်ဖြင့် ဓါတ်ပုံ ၃ ပုံပါ လူ ၃ယောက်အား ဝင်ရောက်ရှာဖွေနေကြောင်း သတင်းရရှိသည်။

01 June 2024
#rangoonscoutnetwork
DAILY HIGHLIGHTS (31 May 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို မင်းအောင်လှိုင်က တန်းပြည့်စစ်မှုထမ်းသူများအဖြစ် အမိန့်ပေးသတ်မှတ်မှု တပ်မိသားစုဝင်များကို အသိမပေး၍ မည်သူမှ မသိရှိ – KT

ကျောက်တံခါးမြို့နယ်၊ မြိုချောင်း - စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃၅ ဦးသေဆုံး၊ PDF ရဲဘော် ၂ ဦး ကျဆုံး – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield တို့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး – KT

📰 စီးပွားရေးထူးခြားသတင်းများ

အခေါက်ရွှေစျေး ၅၅ သိန်း ၅ သောင်း၊ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်ဖြ​င့် စျေးဖွင့် – KT

ပြည်တွင်းရွှေစျေးကွက်တွင် ရွှေစျေးနှုန်းကျဆင်းချိန် အရောင်းအဝယ် လျော့ကျပြီး ရွှေတုံးရောင်းချမှု ရပ်ဆိုင်းနေ – KT

မြန်မာ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင် ကူညီမည်ဟု တရုတ်ဆို – AT


📰 အခြားထူးခြားသတင်းများ

ဘူးသီးတောင်မြို့ကို သိမ်းပိုက်ထားသော AA က ဘူးသီးတောင်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို ပြန်လွှတ်ပေးပြီး ကျန်အကျဉ်းသား ၆၇ ဦး ၏ ပြစ်မှုနှင့် ပြစ်ဒဏ် ပြန်လည်စိစစ်မည်ဟုဆို – KT

ဦးဆောင်ဆန်းဦး လေလံကြမ်းခင်းဈေး တင်ပြချက် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေ ကန့်ကွက် – RFA

စစ်ကောင်စီလက်အောက်ခံ BGF ၏“မြဝတီမြို့သစ်” စီမံကိန်းမှ အိမ်ခြံမြေများ အရောင်း ကြော်ငြာ ပေးခဲ့သော iMyanmarHouse က အရောင်းပို့စ်နှင့် ကြော်ငြာ ရေးသားချက်များကို ပြန်လည် ဖြုတ်ချ – KT

မြန်မာပြည်တွင်း လူသုံးများသည့် VPN များချိတ်ရခက်၊ VPN IP များ Blacklist အထည့်ခံရ – DVB

#rangoonscoutnetwork
🟠 မင်္ဂလာတောင်ညွန့်မြို့နယ်

ယနေ့ညတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်အတွင်း၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Eagles News

01 June 2024
#rangoonscoutnetwork
🟠 သာကေတမြို့နယ်

ယနေ့ည ၉:၁၅ ခန့်တွင် သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ ရပ်ကွက်ရုံးအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံများ ဧည့်စာရင်းစာရွက်များကိုင်ပြီး ခြေရှုပ်နေသည့်အတွက် ရပ်ကွက်အတွင်း ဧည့်စစ်နိုင်ချေရှိကြောင်း သတင်းရရှိသည်။

01 June 2024
#rangoonscoutnetwork
🟠 တောင်ဥက္ကလာမြို့နယ်

ယနေ့ည ၉:၅၈ ခန့်တွင် တောင်ဥက္ကလာမြို့နယ်၊ ကေတုမာလာကွေ့ စေတနာလမ်းနှင့် သဒ္ဒါ ၁ လမ်းထိပ်၌ စစ် DC တစ်စီး၊ ရဲ မီးတန်း တစ်စီးဖြင့် အကြမ်းဖက် စစ်သား ၆ ယောက်ခန့် ရောက်ရှိနေသဖြင့် အနီးဝန်းကျင်၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Eagles News

01 June 2024
#rangoonscoutnetwork
🔴 မြောက်ဒဂုံမြို့နယ်

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်အတွင်း၌ အကြမ်းဖက် စစ်သား ၃၀ ခန့်မှ ဓာတ်ပုံဖြင့် လူရှာခြင်းပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ယနေ့ညတွင်လဲ ဧည့်စစ်၊ လူရှာ‌နိုင်ချေရှိကြောင်း သတင်းရရှိသည်။

01 June 2024
#rangoonscoutnetwork
မေလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုစုစုပေါင်း (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့
•••••••••••••••®•••••••••••••••
ဇွန် ၂၊ ၂၀၂၄

ပြီးခဲ့တဲ့မေလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများအဖြစ် ကဆုန်ညောင်ရေသွန်းလူထုလှုပ်ရှားမှုများနှင့် ဥယျာဉ်မှူးစစ်ဆင်ရေး သပိတ်လှုပ်ရှားမှုအပါအဝင် စုစုပေါင်း (၁၁) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကြသည်။

ရန်ကုန်၌ လျှပ်စစ်မီးရရှိမှု တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာမှုကို ဆန္ဒဖော်ထုတ်သည့်အနေဖြင့် စာရွက်ကြဲခြင်းများပြုလုပ်ခဲ့သလို လူထု၏အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှပ်မှုများအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများလဲ ပြုလုပ်နိုင်ခဲ့ကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သမဂ္ဂအလံလွှင့်ထူနိုင်ခဲ့ပြီး ကဆုန်လပြည့်နေ့အထိမ်းအမှတ် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နိုင်ခဲ့သည်။

ဒါ့အပြင် Shinobi အဖွဲ့၏ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "တရားတဲ့သူသာ နိုင်ကြေးဟေ့" သပိတ်ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို မီးရှို့နေ့စဉ် စစ်တပ်က ရောက်ရှိလာပြီး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ပေမယ့် အဖွဲ့သားများအားလုံး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

#rangoonscoutnetwork
DAILY HIGHLIGHTS (01 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


ဖားဆောင်ကို တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေ – DVB

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အရပ်သားပြည်သူ ၄၁ ဦးကို စစ်ကောင်စီ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး အလောင်းဖျောက် – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

NMSP(AD)နှင့် ပတ်သက်မှုမရှိဟု မွန်ပြည်သစ်ပါတီထုတ်ပြန် – MZM

နမ့်ခမ်းက တပ်တွေကို TNLA က အဓမ္မရွှေ့ပြောင်းခဲ့တာကြောင့် စာထုတ်ပြန်ရတာလို့ SSPP ရှင်းလင်း – MKN

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်မှု ချိနဲ့လာပြီလို့ မြန်မာ အထူးအကြံပေးကောင်စီ အစီရင်ခံစာ ဖော်ပြ – AT

📰 အခြားထူးခြားသတင်းများ

NLD နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန် – KT

TNLA ထိန်းချုပ် နယ်မြေတွင် မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင် – KT

တအာင်းဒေသအတွင်း စစ်ကောင်စီခွင့်ပြုမိန့်ဖြင့် လည်ပတ်နေသည့်လုပ်ငန်းများကို TNLA ပိတ်ပင် – MZM

ပုဂံမြို့သစ် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်ကောင်စီက ဘူဒိုဇာဖြင့် ထိုးချ၍ ဖယ်ရှား – AT

#rangoonscoutnetwork
🟠 လှိုင်သာယာမြို့နယ်

ယနေ့ည ၉:၃၁ ခန့်တွင် လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်း ၂ ရပ်ကွက်၊ ရပ်ကွက်ရုံးဘက်မှ စစ် DC တစ်စီး၊ ရပ်ကျေးဆိုင်ကယ် အများအပြားဖြင့် အကြမ်းဖက် တပ်သားများနှင့် လက်အောက်ခံများ ရပ်ကွက်အတွင်းသို့ ဝင်ရောက်သွားသည့်အတွက် အနီးဝန်းကျင်၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။

02 June 2024
#rangoonscoutnetwork
🔴 လသာမြို့နယ်

ယနေ့ည ‌၉:၅၉ ခန့်တွင် လသာမြို့နယ်၊ လသာလမ်း အောက်ဘက်၌ အကြမ်းဖက် စစ်သား ၃ယောက်၊ ရဲတစ်ယောက်နှင့် အရပ်ဝတ် ၃ယောက်ခန့်ဖြင့် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

02 June 2024
#rangoonscoutnetwork
🟠 လှိုင်သာယာမြို့နယ်

ယနေ့ည ၉:၃၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁ ရပ်ကွက်၊ ရပ်ကွက်ရုံး၌ စစ်ကား တစ်စီး၊ အကြမ်းဖက် စစ်သား ၇ ယောက်နှင့် ရပ်ကျေးအဖွဲ့ဝင် ၃၀ ခန့် စုဝေးရောက်ရှိနေ၍ ရပ်ကွက်အတွင်း ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Eagles News

02 June 2024
#rangoonscoutnetwork
🔴 မင်္ဂလာတောင်ညွန့်မြိုနယ်

ယနေ့ည ၁၀နာရီခွဲအချိန်တွင် မင်္ဂလာတောင်ညွန့်မြိုနယ်၊တောင်လုံးပြန်ရပ်ကွက်၌ အကြမ်းဖက်စစ်သားများမှ ဧည့်စာရင်းမတိုင်ထားသောတိုက်များအားအဓိကထား ဧည့်စစ်ဝင်သွားခဲ့ကြောင်းသတင်းရရှိသည်။

02 June 2024
#rangoonscoutnetwork
ရန်ကုန်မှတ်တမ်း (မေ ၃၁ - ဇွန် ၂၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
ဇွန်လ ၂ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံ တစ်ချက် ကျယ်လောင်စွာကြားလိုက်ရခြင်းမှာ Yangon UG People Army တပ်ဖွဲ့မှ မင်္ဂလာဒုံရဲစခန်းဝန်း အိမ်ထောင်သည်လိုင်းခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ သာယာကုန်းကျေးရွာ၌ ရာအိမ်မှူး ထွန်းထွန်းဦးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရှိရသည်။ ည ၈ နာရီခန့်ကလည်း မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်အနီးဝန်းကျင်မှ သေနတ်ပစ်ခတ်သံများကြားလိုက်ရကြောင်း သတင်းရရှိထားပြီး ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။

မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းမှာ Together Urban Force တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ရွှေဈေးနှုန်းများ မြင့်တက်အောင်လုပ်နေသည်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးရှိ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ အကယ်ဒမီ စသည့် ရွှေဆိုင်လုပ်ငန်းပိုင်ရှင်များနှင့် ကုန်သည် ၁၀ ဦးတို့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ မွန်းလွဲချိန်ကပင် ရွှေကုန်သည်နှင့် ရွှေဆိုင်ပိုင်ရှင် အယောက် ၂၀ ခန့်ကို စသုံးလုံးရုံးဌာနသို့ ခေါ်ထားခဲ့ပြီး စစ်ဆေးနေခဲ့ကြောင်းလည်း သိရှိရသည်။ ထိုသို့ ရွှေလုပ်ငန်းရှင် စုစုပေါင်း အယောက် ၅၀ ခန့်ကို ခေါ်ယူစစ်ဆေး ဝရမ်းများထုတ်ပြန်ပြီးနောက် ယနေ့တွင် ရွှေဈေးပြန်ကျသွားသည်ဟုလည်း စစ်ကောင်စီ လော်ဘီမီဒီယာများမှ ဆိုထားသည်။

NLD ပါတီ နာယကဖြစ်သည့် သူရဦးတင်ဦး ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိန်အချိန်တွင် ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

#rangoonscoutnetwork
ရန်ကုန်တိုင်းအတွင်း မေလ စစ်ရေးဖော်ဆောင်မှုများ
•••••••••••••••®•••••••••••••••
ဇွန် ၃၊ ၂၀၂၄

ရန်ကုန်တိုင်းအတွင်းတွင် မေလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၂၂) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၁၆) ကြိမ်၊ လုပ်ကြံမှု (၃) ကြိမ်တို့ပါဝင်ခဲ့ကာ စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၃) ကြိမ်ထိ ရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက်များစေသည့် အောင်မင်္ဂလာအဝေးပြေးရှေ့စစ်ကောင်စီတပ်စခန်း၊ မြောက်ဒဂုံ (၃၂) ရပ်ကွက်ရုံး၊ ဒဂုံဆိပ်ကမ်း လဝကရုံး၊ ပေါက်တောဝဘန်ကာ၊ ရွှေနံ့သာအုပ်ချုပ်ရေးရုံးနှင့် ရွှေပြည်သာ အာမီရမ်စက်ရုံရှေ့ကင်းစခန်းတို့အား ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည့်အပြင် အင်းစိန်ကြို့ကုန်းအနောက်ရပ်ကွက်ရုံးအတွင်းသို့ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး ရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

#rangoonscoutnetwork