RSN WEB
8.39K subscribers
1.02K photos
40 videos
4 files
542 links
ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပက်သတ်သည့် ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။

သတင်းပေးပို့ရန် - 📬 @Inform_RSN
Download Telegram
ရန်ကုန်မှတ်တမ်း (ဧပြီ ၃၀၊ ၂၀၂၄)
•••••••••••••••®•••••••••••••••

ယနေ့ ရန်ကုန်မြို့တွင်း နေရာအချို့တွင် ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ (SPTSC) မှ မြို့တွင်း လျှပ်စစ်မီးပြတ်တောက်နေမှုနှင့် လူထုနေ့စဉ် တွေ့ကြုံနေရသည့် အခက်အခဲအား ဦးတည်၍ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်း၊ သာကေတ၊ သန်လျင်မြို့နယ်တဝိုက် ကားလမ်းမကြီးများပေါ်တွင် အကြမ်းဖက်တပ်သားအများအပြားဖြင့် လုံခြုံရေးထူထပ်စွာချထားပြီး စစ်ကောင်စီ ရာထူးကြီးသူများပါသည့် ကားတန်းများလည်း မကြာခဏဖြတ်သန်းသွားလာနေခဲ့ကြောင်း သတင်းရရှိသည်။ သမဝါယမဌာနမှ လှမိုး၊ အလုပ်သမားဌာနမှ မြင့်နောင်၊ လူကယ်ဌာနမှ စိုးဝင်း စသည့် စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးဆိုသူတို့ ရန်ကုန်မြို့သို့ ရောက်ရှိနေခဲ့ပြီး အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်လည်း ရောက်နေနိုင်ချေရှိသည်။

မြို့တွင်း တက္ကစီခများမှာ အလွန်မြင့်တက်နေပြီး ဘက်စ်ကားမှတ်တိုင် ၅ မှတ်တိုင်စာသာသာ ခရီးစဉ်ကိုပင် ကျပ် ၅၀၀၀ ထိပေးနေရကြောင်း MPA သတင်းဌာနမှ သိရှိရသည်။

အင်းစိန်ထောင်ဝန်ထမ်းများ ငွေညစ်စီးပွားရှာစားမှုမှာ အလွန်ဆိုးဝါးလာပြီး ထောင်ဝင်စာနှင့် ဧည့်တွေ့ရန်နေရာများကိုပါ ရောင်းစားနေကြ၍ ထောင်ဝင်စာလာတွေ့သူများ အလွန်ဒုက္ခရောက်နေကြကြောင်း DVB သတင်းဌာနမှ ဖော်ပြထားသည်။

နေ့လည် ၂ နာရီခန့်မှစ၍ ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်၍ ရန်ကုန်တိုင်းအတ္ငင်း လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ EPC မှ သတင်းထုတ်ပြန်ထားခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် System breakdown ဖြစ်ခဲ့၍ တစ်နိုင်ငံလုံးမီးပြတ်တောက်ခြင်းဖြစ်ကြောင်း Khit Thit သတင်းဌာနမှလည်း ဖော်ပြထားသည်။

#rangoonscoutnetwork
DAILY HIGHLIGHTS (30 Apr 2024)
•••••••••••••••®•••••••••••••••
မေ ၁ ၊ ၂၀၂၄

📰 စစ်ရေးထူးခြားသတင်းများ


မောင်တောက တပ်စခန်းတချို့ကို လက်နက်ချဖို့သတိပေးထားပြီး AA ပစ်ခတ်နေ – RFA

AA လာရောက်တိုက်ခိုက်မည်ကို စိုးရိမ၍ စစ်ကောင်စီက ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းများ ထောင်ထား – KT

ကျင်းဒွေးမြို့ကို ချင်းညီနောင် စစ်ဆင်ရေး ပူးပေါင်း အဖွဲ့က သိမ်းပိုက်လိုက်ပြီး ချင်းပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး အစီအစဉ် ဆွဲထားဟု ချင်းညီနောင် စစ်ဆင်ရေး အဖွဲ့ပြောဆို – KT

မဟာဗျူဟာမြောက်ထိုးစစ်ဆင်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ရေး ကြိုးစားရန် တိုင်းရင်းသားများနှင့် သဘောတူညီချက်ရထားပြီးဖြစ်ဟု NUG အသိပေး – PS

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီလေတပ်မှ ပြုပြင်ရမည့် တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်အစိတ် အပိုင်းများကို ရုရှားကုန်တင်လေယာဉ် IL76 က နေပြည်တော် အေလာလေတပ် သို့ လာရောက်သယ်ယူ – KT

မြန်မာဖက်မှာ ပဋိပက္ခတွေ ပြင်းထန်လာရင် ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ထိုင်းရေတပ် သင်္ဘောတွေ အသင့်ပြင်ထား – PS

ထိုင်း-မြန်မာ မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ပြီး နှစ်နိုင်ငံကုန်ကားများ သွားလာခွင့်ရ – KT

📰 အခြားထူးခြားသတင်းများ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း ရာထူးတိုး၊ အရွှေ့အပြောင်းနှင့် မြို့နယ်အပြောင်းအလဲများအတွက် ညွှန်ချုပ် ဦးမြင့်သန်းထံ လာဘ်ထိုးသူများသာ နေရာ ကောင်းရ – KT

စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့်NUG တို့ ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ် – KT

NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခကောက်ခံရရှိခဲ့ပြီး ငွေတိုက်စာချုပ်၊ ထီ၊ ဘဏ်ရှယ်ယာနှင့် မြေ ကွက်များ ရောင်းချမှုမှလည်း ဒေါ်လာ ၂၆၄ သန်းကျော်ရရှိ – KT

တော်လှန်ရေးကာလ စစ်ရေးအရ လွတ်မြောက်သည့်ဒေသများနှင့် ထိန်းချုပ်ဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတင်ကျင့်သုံးကြရန် NUG ယာယီ သမ္မတ တွန်းအားပေး – KT

မြန်မာတစ်နိုင်ငံလုံး System Breakdown ဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီးများ ပြတ်တောက်ပြန် – KT

#rangoonscoutnetwork
🟠 ကြည့်မြင်တိုင်မြို့နယ်

ယနေ့ညတွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘော်ဂရပ်ကွက်၊ ဗိုလ်ဥတ္တမလမ်းအတွင်း၌ ဧည့်စစ်ဝင်နိုင်ခြေရှိ‌ကြောင်း ကနဦးသိရှိရသည်။ – Kyimyindaing Scout Channel

01 May 2024
#rangoonscoutnetwork
🔴 လှိုင်သာယာမြို့နယ်

ယနေ့ည ၁၀:၁၅ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁ ရပ်ကွက်၊ ရပ်ကွက်ရုံး အရှေ့လမ်းအတွင်း၌ DC တစ်စီးနှင့် အကြမ်းဖက် စစ်သားများနှင့် ရပ်ကျေးအဖွဲ့ဝင်များမှ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – HTY Scout Channel

01 May 2024
#rangoonscoutnetwork
🔴 လှိုင်သာယာမြို့နယ်

ယနေ့ည ၁၀:၃၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၇ ရပ်ကွက်၊ ခိုင်စံပယ်လမ်းအတွင်း၌ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ – HTY Scout Channel

01 May 2024
#rangoonscoutnetwork
ဧပြီလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုစုစုပေါင်း (၁၂) ကြိမ်ပြုလုပ်နိုင်ခဲ့
•••••••••••••••®•••••••••••••••
မေ ၂၊ ၂၀၂၄

ပြီးခဲ့တဲ့ဧပြီလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများအဖြစ် စက္ကူလေယာဉ်သပိတ်၊ မုန့်လုံးရေပေါ် Campaign များအပါအဝင် စုစုပေါင်း (၁၂) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကြသည်။

သင်္ကြန်ကာလဖြစ်သည့်အားလျော်စွာ မုန့်လုံးရေပေါ်လှူရင်း သွေးအေးနေသည့်ပြည်သူများအား လူထုအားဖြင့် စစ်အာဏာရှင်စနစ်ကို တခဲနက်ဆန့်ကျင်တိုက်ဖျက်ကြရန် လှုံ့ဆော်စာများဖြန့်ဝေနိုင်ခဲ့ကြသလို လေယာဉ်ဆီတင်သွင်းမှုတားမြစ်ရန် ရည်ရွယ်ချက်ဖြင့် စက္ကူလေယာဉ်သပိတ်လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် လျှပ်စစ်မီးပြတ်တောက်မှုနှင့် လူထုနေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများကိုဦးတည်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြကာ မတရာအာဏာသိမ်းစစ်ကောင်စီကို အန္တရာယ်များကြားမှ ဆက်လက်တော်လှန်ပုန်ကန်လျက်ရှိသည်။

#rangoonscoutnetwork
DAILY HIGHLIGHTS (01 May 2024)
•••••••••••••••®•••••••••••••••

📰 စစ်ရေးထူးခြားသတင်းများ


ကျင်ဒွေးမြို့အား သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်​ကြောင်း ချင်းညီနောင်တရားဝင်ထုတ်ပြန် – PS

စစ်သင်တန်းကျောင်း ရောက်သူများ မိသားစုနှင့် အဆက်အသွယ်မရ – MN

စစ်ကောင်စီက စစ်တပ်အတွင်း ဒရုန်းတပ်ဖွဲ့များ စတင်ဖွဲ့စည်းလိုက်ပြီး ဖောင်ကြီး အမှတ် ၅ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ရုရှားစစ်သားများက ဒရုန်းသင်တန်း ပို့ချနေ – KT

တန်ပြန်တိုက်စစ်အတွက် စစ်ကောင်စီတပ်က အဆင့်မြင့်ဒရုန်းများ ပိုမိုအသုံးပြုလာ – DVB

စစ်ကောင်စီက ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်းကြေညာပြီး နယ်မြေရှင်းလင်းရေးလို့ဆိုကာ အင်အားရာချီနဲ့ စစ်ကောင်စီ စစ်ကြောင်းထိုးနေ – MZM

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မ​ဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅၀၀ ခန့်ပါ​သောသင်္ဘောကို စစ်​ကောင်စီကလုံခြုံ​ရေးယူ ပို့​​ဆောင်ပေး – PS

မြန်မာပြည်ပို့မည့် ဖောက်ခွဲရေးယမ်းများ မီဇိုရမ်တွင်ဖမ်းမိ – MZM

ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ၏သမီး ပြင်သစ် HEC Paris ကျောင်းတွင် တက်ရောက်နေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှု စတင်တော့မည်ဟုဆို – KT

ထိုင်း- မြန်မာ အမှတ်(၁)တံတားမှ UID နံပါတ် မပါသူများကို မြန်မာနိုင်ငံက ထွက်ခွင့်မပြု – MZM

ထိုင်းလေတပ်နှင့်ဆွေးနွေးရန် စစ်ကောင်စီလေတပ်ခေါင်းဆောင် ထိုင်းသို့ သွားရောက် – MN

📰 စီးပွားရေးထူးခြားသတင်းများ

ဘဏ်တွေမှာ အနည်းဆုံးထားရမယ့် ငွေလိုအပ်ချက်အချိုး ဗဟိုဘဏ် တိုးမြှင့် – RFA

📰 အခြားထူးခြားသတင်းများ

ပေါ်တာဆွဲခံရသော လူငယ်တချို့ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိပြီး စစ်သားတစ်ဦးလျှင် အခြေခံပေါက်စျေး ငွေကျပ် ၁၅ သိန်းရှိကာ ၁၀ တန်းအောင်ဆိုလျှင် ၂၅ သိန်းစျေးပေါက် – KT

NUG ၏ ပကဖ၊ ပလဖ၊ ပအဖ ဝန်ထမ်းများပြည်သူအ​ပေါ်ကျူးလွန်​သောပြစ်မှုများရှိ​နေ​ကြောင်း ပြည်ထဲ​ရေးဝန်ကြီးဝန်ခံ – PS

တော်လှန်ရေးသည် NLD နှင့် စစ်ကောင်စီ အကြား ဖြစ်နေသယောင် ပုံဖျက်နေမှုအပေါ် NUG ရှင်းလင်း – PS

#rangoonscoutnetwork
🔴 သာကေတမြို့နယ်

ယနေ့ည ၁၀:၂၅ ခန့်တွင် သာကေတမြို့နယ်၊ (၄) မြောက် ရပ်ကွက်၊ မြို့မ ၁၄ လမ်းအလယ်၌ ဧည့်စစ်ဝင်နေကြောင်း က‌နဦး သိရှိရသည်။ – Eagles News

02 May 2024
#rangoonscoutnetwork
ရန်ကုန်တိုင်းအတွင်း ဧပြီလ စစ်ရေးဖော်ဆောင်မှုများ
•••••••••••••••®•••••••••••••••
မေ ၃၊ ၂၀၂၄

ရန်ကုန်တိုင်းအတွင်းတွင် ဧပြီလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၃၉) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၂၄) ကြိမ်၊ လုပ်ကြံမှု (၅) ကြိမ်တို့ပါဝင်ခဲ့ပြီး စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၁၀) ကြိမ်ထိ ရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက်များစေနိုင်သည့် လှိုင် အမှတ်(၃)တပ်ထိန်းရုံးနှင့် တပ်မှူးအိမ်အား ၁၀၇ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မင်္ဂလာဒုံ ခမရ ၁၀၆ တပ်ရင်းအား ဖောက်ခွဲတိုက်ခိုက်မှုနှင့် လေတပ်အရာရှိလူပျိုဆောင်အား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်မှု၊ လှိုင်သာယာ ရွှေလင်ဗန်းအုပ်ချုပ်ရေးရုံး၊ မင်္ဂလာဒုံ ၃၂၃ ထောက်ပို့တပ်နှင့် ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံး၊ မြောက်ဥက္ကလာ ရွှေပေါက်ကံရဲစခန်းနောက်က အုပ်ရုံးတို့အား တိုက်ခိုက်နိုင်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးပျက်စီးမှုများရှိခဲ့သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပန်းပင်နီလမ်း လူထုသပိတ်ကို အကြမ်းဖက်ကားတိုက်၊ ပစ်ခတ်ဖြိုခွင်းမှုတွင် အဓိကပါဝင်ခဲ့သော အကြမ်းဖက်စစ်ထောက်တိုင်သတင်းပေးဒလန် မောင်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဧပြီလအတွင်း ၁၀၇ မမ၊ ၄၀ မမတို့အပြင် လက်ပစ်ဗုံးများအား ပိုမိုအသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီ၏အင်အားကို ယုတ်လျော့သွားအောင် ဖြိုခွင်းတိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း စစ်ရေးဖော်ဆောင်မှုများကို လက်ဦးမှုရယူကာ ဖယ်ရှားရှင်းလင်းမှုများ ပိုမိုပြုလုပ်နိုင်ခဲ့သည်။

#rangoonscoutnetwork
DAILY HIGHLIGHTS (02 May 2024)
•••••••••••••••®•••••••••••••••
မေ ၃၊ ၂၀၂၄

📰 စစ်ရေးထူးခြားသတင်းများ


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းနှစ်ခု AA သိမ်းပိုက် – RFA

၁၀၂၇ စစ်ဆင်ရေးကြီးကို ၅ နှစ်ကြာ ပြင်ဆင်ခဲ့ရကြောင်း BNI-MPM အစီရင်ခံစာတွင် ဖော်ပြ – MZM

📰 နိုင်ငံရေးထူးခြားသတင်းများ

မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF ခေါင်းဆောင် စောချစ်သူက စစ်ကောင်စီနှင့် KNU နှစ်ဖက်စလုံးကို ကစားခဲ့ကာ အကျိုး အမြတ်ထုတ် – KT

ချင်းတပ်ဖွဲ့များအချင်းချင်း စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေကြောင်း CNF ပြော – PS

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မိုင်းတုံတွင် တရုတ်ကျားဖြန့် လုပ်ငန်းများကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်က လာဘ်ငွေယူ အကာအကွယ် ပေးထားပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများစွာကို ဆက်ကြေးယူ ခွင့်ပြုထား – KT

ရခိုင်မှာ တိုက်ပွဲများပြင်းထန်နေချိန် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံသား ၅၀၀ ခန့်နဲ့ စက်ယန္တရားတွေ ရောက်လာ – MZM

စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဟုဆို – KT

ရခိုင်ပြည် မြောက်ပိုင်းတွင် သတင်းတု၊ သတင်းအမှားနှင့် အမုန်းစကားများ ပြန့်ပွားနေပြီး လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များမြင်နေရ၍ ကုလသမဂ္ဂက စိုးရိမ်နေ – KT

📰 အခြားထူးခြားသတင်းများ

‘ပ’ ၃ လုံးပြဿနာ အမြန်မဖြေရှင်းနိုင်ပါက တော်လှန်ရေးပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်နိုင် – DVB

အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိဟု အလုပ်သမားဝန်ကြီးဌာနက ပြော – KT

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ပိတ်ပင် – RFA

ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရ၍ တစ်နိုင်ငံလုံး မီးပြတ်နေရဟု စစ်ကောင်စီက အကြောင်းပြပြန် – KT

နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းသာ ဖြန့်ဖြူးနိုင် – RFA

#rangoonscoutnetwork
🟠 လှိုင်သာယာမြို့နယ်

ယနေ့ညတွင် လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်၊ မေခ၊ မလိခ အပိုင်းများအတွင်း၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း ကနဦး သိရှိရသည်။ – HTY Scout Channel

03 May 2024
#rangoonscoutnetwork
🔴 သင်္ဃန်းကျွန်းမြို့နယ်

ယနေ့ည ၁၀:၀၈ ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇ တောင်ရပ်ကွက်၊ အသင်းတိုက် မှတ်တိုင်အနီးရှိ ဝေဇယန္တာအိမ်ရာအတွင်း၌ အကြမ်းဖက် စစ်သားနှင့် လက်အောက်ခံများမှ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

03 May 2024
#rangoonscoutnetwork
🔴 တာမွေမြို့နယ်

ယနေ့ည ၁၀:၁၁ ခန့်တွင် တာမွေမြို့နယ်၊ ပျားရည်ကုန်းရပ်ကွက်၊ ၁၄၉ လမ်းအတွင်း၌ ရဲ မီးတန်း တစ်စီး၊ စစ် DC ၂ စီး ရောက်ရှိနေပြီး တိုက်အမှတ် ၁၆ အပေါ်သို့ စစ်သားများနှင့် ရပ်ကျေးအဖွဲ့ဝင်များ တက်၍ ဧည့်စစ်ဝင်‌နေကြောင်း သတင်းရရှိသည်။

03 May 2024
#rangoonscoutnetwork
🟠 တောင်ဒဂုံမြို့နယ်

ယ‌နေ့ညတွင် တောင်ဒဂုံမြို့နယ်၊ ၅၆ရပ်ကွက် အပိုင်း၄နှင့်၇တို့၌ အကြမ်းဖက်စစ်ကောင်စီမှ ဧည့်စစ်နိုင်ခြေရှိကြောင်း ကနဦးသတင်းရရှိသည်။

03 May 2024
#rangoonscoutnetwork
ရန်ကုန်မှတ်တမ်း (မေ ၁ - ၃၊ ၂၀၂၄)
•••••••••••••••®•••••••••••••••

ယနေ့ မေလ ၃ ရက်နေ့ ည ၇ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံကြားလိုက်ရကြောင်း သတင်းရရှိသည်။ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှေ့ရှိ စစ်တပ်စခန်းဂိတ်အနီး ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မဥ ပကဖ (၂) နှင့် NOKA-UG တို့ ပူးပေါင်း၍ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် ည ၁၀ နာရီခွဲခန့်ကလည်း မင်္ဂလာဒုံမြို့နယ်ဘက်မှ ဗုံးပေါက်ကွဲသံကဲ့သို့ အသံကျယ်တစ်ချက် ထပ်မံကြားလိုက်ရသေးကြောင်း သိရှိရသည်။

အင်းစိန်မြို့နယ်၊ အောင်ဇေယျရပ်ကွက်ဘက်၌ ယနေ့ အကြမ်းဖက်တပ်သားများ ဆိုင်ကယ်ဝင်ဖမ်းနေစဉ် အုတ်ခဲဖြင့် ထုခံရသော ဖြစ်စဉ်ရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ အထုခံရသောကြောင့်ဟုဆိုကာ ညဘက်တွင် အကြမ်းဖက်တပ်သားများ ပြန်လည်ရောက်ရှိလာကာ ရပ်ကွက်တဝိုက် မီးဖျက်၍ ဖြစ်စဉ်ဖြစ်ပွားရာအနီးဝန်းကျင်ရှိ ဆိုင်ခန်းများနှင့် လူနေအိမ်များကို သောင်းကျန်းရမ်းကားသွားကြပြီး လူ ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယနေ့တွင်ပင် မြောက်ဥက္ကလာမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း၌ တော်လှန်လူငယ်များက "တော်လှန်ရေးက မပြီးသေးဘူးနော်" စာသားပါ ဘန်နာအားချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် NGYSC အဖွဲ့မှလည်း "မေတ္တာစူး၍ ရူးစေ" ဟူသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ယနေ့ ရန်ကုန်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

မေလ ၁ ရက်နေ့ကလည်း ဗကသများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ၊ NGYSC၊ YNS တို့ ပူးပေါင်း၍ "တူသံဟိန်းဟိန်း မိုးခြိမ်းခြိမ်း၊ အလုပ်သမားထု နိုးထကြ" စာသားပါ ဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉) ရပ်ကွက်တွင် အုပ်ကြီးနှင့် သူ့အဖွဲ့ဝင်များဦးဆောင်၍ အသက် ၁၈ နှစ်ပြည့်သည့် အမျိုးသမီးများ အထည်ချုပ် လုပ်ငန်းတွင် အလုပ်ရမည်ဟုဆိုကာ စစ်မှုထမ်းရန် လိမ်လည်ခေါ်ယူနေကြောင်း Ayeyarwaddy Times သတင်းဌာနမှ သိရှိရသည်။

ရန်ကုန်တွင် အကြမ်းဖက်တပ်သားများမှ ဧည့်စစ်ရင်းဖြစ်စေ၊ လမ်းမပေါ်သွားလာရင်း မသင်္ကာ၍ဖြစ်စေ၊ အိမ်လိပ်စာဖြင့် တိုက်ရိုက်ဖြစ်စေ ပုံစံအမျိုးမျိုး အကြောင်းအမျိုးမျိုးပြပြီး လူလိုက်ဖမ်းဆီနေကာ ငွေညစ်လိုက်၊ စစ်မှုထမ်းရန် အဓမ္မလူစုဆောင်းလိုက် လုပ်နေကြသည်ကို နေ့စဉ် သိရှိနေရသည်။

ထိုင်းနိုင်ငံတွင် အစည်းအဝေးလုပ်နေခဲ့သော အကြမ်းဖက် လေတပ်ချုပ် ထွန်းအောင်တို့အဖွဲ့ ယနေ့ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ရှိ ရန်ကုန်တွင် ပြုလုပ်နေသော လေကြောင်းလူငယ်သင်တန်းများသို့ ဝင်ရောက်လည်ပတ်သွားခဲ့ကြောင်း သိရှိရသည်။

#rangoonscoutnetwork
DAILY HIGHLIGHTS (02 May 2024)
•••••••••••••••®•••••••••••••••

📰 စစ်ရေးထူးခြားသတင်းများ


မောင်တောမြို့နယ်ရှိ စစ်အင်အား ၅၀၀ နီးပါးရှိသော နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ၍ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေး – KT

ဂွမြို့ အခြေစိုက် ခမရ (၅၆၃)တွင် အင်အားနည်းနေ၍ ပြည်သူ့စစ် ၈၀ ဦးကို ခေါ်ထားဟုဆို – MZM

၁၁၁၁ စစ်ဆင်ရေး မူလရည်မှန်းချက်အချို့ အောင်မြင်ဟု KNDF ဒုစစ်ဦးစီးချုပ်ပြော – DVB

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ရှေ့တန်း တောင်စွန်းစစ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၆ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများရရှိ – KT

နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံ – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရေး စားပွဲ၀ိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်ဟု SSPP/SSA က ကြေညာ – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ဖြတ်ကျော်ဝင်ထွက်ခွင့် လုံး၀ ပိတ်သိမ်းမည်ဟု ပြောကြားမှုအပေါ် အိန္ဒိယ ပြန်လည် ရုတ်သိမ်း – AT

စစ်အာဏာသိမ်းပြီးနောက် ထွက်ပြေး ခိုလှုံခွင့်တောင်းခဲ့ကြသည့် ဒုက္ခသည်များကို အိန္ဒိယက မြန်မာပြည် ပြန်ပို့ – KT

📰 စီးပွားရေးထူးခြားသတင်းများ

လုပ်ခလစာ တိုးမြင့်မလာပါက ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားရှားပါးမှုပြဿနာနှင့် ရင်ဆိုင်လာရနိုင် – MPA

📰 အခြားထူးခြားသတင်းများ

ကောလင်းမြို့နယ်၊ခံသာကျေးရွာတွင် ပြည်သူများက လျှပ်စစ်မီးဖြတ်တောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် – KT

အကြမ်းဖက်စစ်ကောင်စီရုံး၏ တိုက်ရိုက်အမိန့်ပေးမှုဖြင့် အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းဟု အလုပ်သမားဝန်ကြီးဌာနပြော – KT

#rangoonscoutnetwork