Hard Target 2 (2016)
ဟတ်ဒ် တားဂတ် ၂ (၂၀၁၆)
ဒီကားကတော့ အက်ရှင်အကြမ်းစား ကြိုက်တဲ့ ဘော်ဒါတွေ အကြိုက်တွေ့မယ့် ကားပါ။
ဇာတ်လမ်းအကျဉ်း
ဝက်စ် ဘေလာ (စကော့အက်ဒ်ကင်းစ်) ဟာ အရင်က နာမည်ကြီး သိုင်းပြိုင်ပွဲ (MMA) ချန်ပီယံတစ်ယောက် ဖြစ်ခဲ့ပေမယ့်၊ ပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက်ကို မတော်တဆ သေဆုံးစေခဲ့မိတဲ့အတွက် နောင်တရပြီး အနားယူသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ထိုင်းနိုင်ငံမှာ အခြေချပြီး လောင်းကြေးစား ပွဲကြမ်းတွေမှာပဲ ဝင်ပြိုင်ရင်း ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။
တစ်နေ့မှာတော့ သူ့ကို အမေရိကန်ဒေါ်လာ တစ်သန်း ရမယ့် မြန်မာနိုင်ငံက အထူးပွဲစဉ်တစ်ခုမှာ လာပြိုင်ဖို့ သူဌေးတစ်ယောက်က လာရောက်ကမ်းလှမ်းပါတယ်။
ငွေမက်ပြီး မြန်မာနိုင်ငံကို လိုက်သွားတဲ့ ဝက်စ် တစ်ယောက် ဟိုလည်းရောက်ရော တကယ့်ပြိုင်ပွဲက ကြိုးဝိုင်းထဲမှာ ထိုးရတာမဟုတ်ဘဲ... ကြေးစားသူဌေးတွေက သူ့ကို တောထဲမှာ လူသားတစ်ယောက်လို အမဲလိုက် သတ်ဖြတ်ကြမယ့် သေမင်းတမန် ကစားပွဲကြီး ဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။
လက်နက်အပြည့်အစုံနဲ့ အမဲလိုက်မယ့် ကြေးစားလူသတ်သမားတွေကြားမှာ ဘာလက်နက်မှ မရှိတဲ့ ဝက်စ် တစ်ယောက် မြန်မာပြည်ရဲ့ တောတောင်တွေထဲမှာ သူတတ်ကျွမ်းထားတဲ့ ကိုယ်ခံပညာတွေသုံးပြီး အသက်ရှင်ကျန်ရစ်အောင် ဘယ်လို ပြန်လည်ခုခံ တိုက်ခိုက်မလဲဆိုတာကို အမိုက်စား အက်ရှင်ကွက်တွေနဲ့ ရင်ဖိုဖွယ် ကြည့်ရှုရမယ့် ကားဖြစ်ပါတယ်။

❤1
Sarkaru Vaari Paata (2022)
စာကာရူ ဗာရီ ပါတာ (၂၀၂၂)
ဒီကားလေးကတော့ တီလဂူး စူပါစတား မင်းသားကြီး မာဟက်ရှ် ဘာဘူ နဲ့ ချစ်စရာ မင်းသမီးလေး ကီးသီ ဆူရက်ရှ် တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင် ဟာသ ဒရမ်မာ ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။
ဒီကားမှာလည်း မာဟက်ရှ် ဘာဘူရဲ့ အမိုက်စား စတိုင်လ်တွေနဲ့ အက်ရှင်ကွက်တွေကို အားရပါးရ မြင်တွေ့ရမှာပါ။
ဇာတ်လမ်းအကျဉ်း
မာဟီ (မာဟက်ရှ် ဘာဘူ) ဟာ အမေရိကန်မှာ ကိုယ်ပိုင်ဘဏ်လုပ်ငန်း (ငွေချေးလုပ်ငန်း) လုပ်ကိုင်နေသူပါ။
သူဟာ ငွေကြေးနဲ့ပတ်သက်ရင် စည်းကမ်းအရမ်းကြီးပြီး အကြွေးတစ်ပြားလေးတောင် အဆုံးမခံတတ်သူပါ။
တစ်နေ့မှာတော့ ကာလာဗာသီ (ကီးသီ ဆူရက်ရှ်) ဆိုတဲ့ ကောင်မလေးက သူ့ကို ကျောင်းသူလေးဟန်ဆောင်၊ ချစ်ရေးဆိုပြီး လိမ်ညာ ငွေချေးသွားပါတော့တယ်။
အမှန်တော့ ကောင်မလေးက လောင်းကစားလုပ်ဖို့ ငွေလိုနေတာပါ။
အလိမ်ခံလိုက်ရမှန်း သိသွားတဲ့အခါ မာဟီ တစ်ယောက် အိန္ဒိယကိုပြန်လာပြီး ကောင်မလေးရဲ့အဖေဖြစ်တဲ့ အင်အားကြီး နိုင်ငံရေးသမား၊ စီးပွားရေးလုပ်ငန်းရှင်ကြီးဆီကနေ အကြွေးသွားပြန်တောင်းပါတော့တယ်။
ဒါပေမယ့် ဒီလို သာမန် အကြွေးတောင်းတဲ့ ကိစ္စလေးကနေစပြီး...တိုင်းပြည်ရဲ့ ဘဏ်စနစ် ချို့ယွင်းချက်တွေ၊ သူဌေးကြီးတွေက ဘဏ်ကနေ ငွေအများကြီးချေးပြီး ပြန်မဆပ်ဘဲ ဗိုလ်ကျနေကြပြီး ဆင်းရဲသားတွေကျတော့ အကြွေးလေး နည်းနည်းအတွက်နဲ့ ဖိအားပေးခံရတဲ့ အဖြစ်မှန်တွေကို တွေ့လာရတဲ့အခါမှာတော့...
မာဟီ တစ်ယောက် သူ့ရဲ့ အကြွေးကို ဘယ်လိုပြန်တောင်းမလဲ၊ ဘဏ်တွေကို လိမ်စားနေတဲ့ သူဌေးကြီးတွေကိုကော ဘယ်လို ပညာပေးသွားမလဲဆိုတာကို ဟာသလေးတွေနှောပြီး အကြိတ်အနယ် ကြည့်ရှုရမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။

❤2
Maamannan (2023)
မာမန်နန် (၂၀၂၃)
ဒီကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးနဲ့ မျိုးရိုးဇာတ်နိမ့်မြင့် ခွဲခြားဆက်ဆံမှု ပြဿနာတွေကို အစစ်မှန်ဆုံးနဲ့ အထိရောက်ဆုံး ရိုက်ပြထားတဲ့ တမီးလ် နိုင်ငံရေး ဒရမ်မာ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
မာမန်နန် ဟာ ရိုးသားတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်ပြီး အဖိနှိပ်ခံ လူတန်းစားကနေ တက်လာတဲ့ လွှတ်တော်အမတ် တစ်ဦးပါ။
ဒါပေမယ့် သူနဲ့ သူ့ရဲ့သားဖြစ်သူ အာသီဗီရန် တို့ဟာ မျိုးရိုးဇာတ်နိမ့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ပါတီကပဲ အာဏာရှိတဲ့ နိုင်ငံရေးသမား ရက်သ်နာဗေလူ (ဖာဟဒ် ဖာဆစ်လ်) ရဲ့ အမြဲတစေ နှိမ်ချဆက်ဆံတာ၊ ဖိနှိပ်တာတွေကို ခါးစည်းခံခဲ့ကြရပါတယ်။
တစ်နေ့မှာတော့ မတရားမှုတွေကို ငုံ့မခံနိုင်တော့တဲ့ သားဖြစ်သူ အာသီဗီရန် က အာဏာရှင် ရက်သ်နာဗေလူ ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရာကနေ ပါတီတွင်းရော အပြင်မှာပါ ပြဿနာတွေ အကြီးအကျယ် ဖြစ်လာပါတော့တယ်။
အမြဲတမ်း ခေါင်းငုံ့ခံခဲ့ရတဲ့ အဖေနဲ့သား နှစ်ယောက်ဟာ သူတို့ကို အနိုင်ကျင့်နေတဲ့ အာဏာရှင်စနစ်ကြီးကို နိုင်ငံရေးနည်းလမ်းတွေ၊ ရဲရင့်မှုတွေနဲ့ ဘယ်လို အကြိတ်အနယ် တော်လှန်တိုက်ခိုက်သွားမလဲ ဆိုတာကို အားရကျေနပ်ဖွယ် မြင်တွေ့ရမှာပါ။
လူတန်းစား ခွဲခြားဆက်ဆံမှုရဲ့ ဆိုးရွားပုံနဲ့၊ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်တိုက်ပွဲဝင်တဲ့ အကြောင်းအရာတွေကို သရုပ်ဆောင်တွေရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေ (အထူးသဖြင့် ဗီလိန်အဖြစ် သရုပ်ဆောင်ထားတဲ့ ဖာဟဒ် ဖာဆစ်လ် ရဲ့ အိုက်တင်တွေ) နဲ့အတူ ရင်တမမ ကြည့်ရှုရမယ့် ကားမို့ လက်မလွှတ်သင့်ပါဘူး။

❤3
မီလီ (၂၀၂၂)
ဒီကားလေးကတော့ မင်းသမီးချော ဂျန်ဗီ ကပူးရ် (Janhvi Kapoor) အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အချိန်နဲ့အမျှ အသက်လုရမယ့် ဟိန္ဒီ သည်းထိတ်ရင်ဖို (Survival Thriller) ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။
နာမည်ကြီး မလေးယာလမ် ဇာတ်ကား "Helen (2019)" ကို ပြန်လည်ရိုက်ကူး (Remake) ထားတာပါ။
ဇာတ်လမ်းအကျဉ်း
မီလီ ဟာ သူနာပြုဘွဲ့ရထားပြီး ဖခင်ဖြစ်သူနဲ့ အတူနေထိုင်တဲ့ သာမန်မိန်းကလေး တစ်ယောက်ပါ။
သူမဟာ ကနေဒါကိုသွားဖို့ ပိုက်ဆံစုရင်း ဖာ့စ်ဖုဒ် (Fast Food) စားသောက်ဆိုင် တစ်ဆိုင်မှာ အချိန်ပိုင်းအလုပ် ဝင်လုပ်နေပါတယ်။
တစ်ရက်မှာတော့ ဆိုင်ပိတ်ချိန်မှာ မတော်တဆဖြစ်ပြီး အပူချိန် အနုတ် ၁၈ ဒီဂရီ ဆဲလ်စီးယပ်စ် (-18°C) ရှိတဲ့ အသားတွေ အေးခဲသိမ်းဆည်းတဲ့ အအေးခန်းကြီးထဲမှာ မီလီ တစ်ယောက်တည်း အပြင်ကနေ သော့ခတ် ပိတ်မိသွားပါတော့တယ်။
အပြင်ဘက်မှာ ဘယ်သူမှ မရှိတော့သလို၊ ဆက်သွယ်စရာ ဖုန်းကလည်း အပြင်မှာ ကျန်ခဲ့တဲ့အပြင် အအေးဒဏ်ကြောင့် တဖြည်းဖြည်း ခန္ဓာကိုယ် အေးခဲလာပြီး အသက်အန္တရာယ်ပါ စိုးရိမ်လာရတဲ့ အခြေအနေပါ။
တစ်ဖက်မှာလည်း သမီးဖြစ်သူ အိမ်ပြန်မလာလို့ စိုးရိမ်ပူပန်နေတဲ့ ဖခင်နဲ့ သူမရဲ့ ချစ်သူကောင်လေးတို့က ရဲစခန်းကို အကူအညီတောင်းပြီး အပူတပြင်း လိုက်လံရှာဖွေကြပါတော့တယ်။
မီလီ တစ်ယောက် အေးခဲနေတဲ့ အခန်းကျဉ်းလေးထဲမှာ အသက်ရှင်ဖို့အတွက် ဘယ်လို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရုန်းကန်မလဲ၊ အပြင်ကလူတွေကရော သူမ အအေးခန်းထဲမှာ ပိတ်မိနေမှန်း အချိန်မီ သိပြီး လာကယ်နိုင်ပါ့မလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။

Captain (2022)
ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ တောင်ပိုင်းစစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ကပ္ပတိန် ဗက်ထရီဆယ်လ်ဗန်ဟာ ငယ်ရွယ်စဉ်ကတည်းက တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူပါ။
အိန္ဒိယတပ်မတော်ရဲ့အားကိုးရတဲ့စစ်သားတစ်ဦးဖြစ်ပြီးတော့ အဖွဲ့သားတွေကိုလည်း မိသားစုလိုသံယောဇဉ်ရှိသူဖြစ်ပါတယ်။
တစ်ရက်မှာတော့ သူတို့အဖွဲ့သားတွေဟာ Section 42လို့ ခေါ်တဲ့နေရာတစ်ခုမှာတာ၀န်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတော့တယ်။
Section 42 ဆိုတာကတော့ နှစ်ပေါင်းငါးဆယ်လောက် လူသူမနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ထူးဆန်းတာကတော့ သူတို့ထက်အရင်စေလွှတ်ခံခဲ့ရတဲ့အဖွဲ့ဟာ section 42အရောက်မှာ အချင်းချင်းပစ်ခတ်ပြီး သေဆုံးကုန်ကြတာပါပဲ။
ဗက်ထရီတို့အဖွဲ့သားတွေဟာလဲ အဆိုပါနေရာအရောက်မှာ အလားတူဆိုးရွားတဲ့ကံကြမ္မာမျိုးကြုံခဲ့ရပါတော့တယ်။
တပ်သားတွေဟာ အဲ့ဒီနေရာကိုရောက်ရင် ဘာလို့အချင်းချင်းပစ်ခတ်ကုန်ကြတာလဲ.... နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အရာမျိုးရှိနေတာလဲ...
ကပ္ပတိန်ဗတ်ထရီတို့အဖွဲ့သားတွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့... ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။

Gehraiyaan (2022)
ဂေရိုင်ယန်း (၂၀၂၂)
ဒီကားလေးကတော့ ဒီပီကာ ပါဒူးကိုန်း၊ ဆစ်ဒ်ဟန့် ချတူဗေဒီ နဲ့ အနန်ယာ ပန်ဒေး တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး၊ ခေတ်သစ် လူငယ်တွေရဲ့ အချစ်ရေး ရှုပ်ထွေးမှုတွေ၊ ဖောက်ပြန်မှုတွေနဲ့ စိတ်ခံစားချက်တွေကို အနက်ရှိုင်းဆုံး ရိုက်ပြထားတဲ့ ဟိန္ဒီ အချစ်ဒရမ်မာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
အလီရှာ ဟာ အလုပ်အကိုင် အဆင်မပြေသလို၊ ခြောက်သွေ့ပျင်းရိစရာကောင်းတဲ့ အချစ်ရေးကြောင့် ဘဝကို စိတ်ကျပ်တည်းစွာ ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ယောက်ပါ။
တစ်နေ့မှာတော့ သူမရဲ့ ဝမ်းကွဲညီမဖြစ်သူ တီယာ ဟာ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင် စေ့စပ်ထားသူ ကောင်လေး ဇိန်း နဲ့အတူ ပြန်ရောက်လာပါတော့တယ်။
ရည်မှန်းချက်ကြီးပြီး ဆွဲဆောင်မှုရှိတဲ့ ဇိန်း နဲ့ ဘဝအမောတွေကြား ရုန်းကန်နေရတဲ့ အလီရှာ တို့နှစ်ယောက်ဟာ ငယ်ဘဝ အခက်အခဲတွေချင်း တူညီတာကြောင့် တဖြည်းဖြည်း နီးစပ်သွားပြီး... နောက်ဆုံးမှာတော့ ညီမဖြစ်သူကို သစ္စာဖောက်ကာ လျှို့ဝှက် ဖောက်ပြန်တဲ့ ဆက်ဆံရေးတစ်ခုကို စတင်ခဲ့ကြပါတယ်။
ဒီလို မှားယွင်းတဲ့ ဆက်ဆံရေးကနေ တစ်ဆင့် သူတို့ရဲ့ ဘဝတွေ ဘယ်လို ကမောက်ကမဖြစ်သွားမလဲ၊ အတိတ်က စိတ်ဒဏ်ရာတွေနဲ့ လျှို့ဝှက်ချက်တွေက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ရိုက်ခတ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။
သာမန် အချစ်ကားတွေလို ဖူးစာဆုံတဲ့ ဇာတ်လမ်းမျိုး မဟုတ်ဘဲ၊ လူ့သဘာဝရဲ့ အမှောင်ဘက်ခြမ်းနဲ့ လိုအင်ဆန္ဒတွေနောက် လိုက်မိတဲ့အခါ ပေးဆပ်ရတဲ့ အမှားတွေကို သဘာဝကျကျ ပုံဖော်ထားလို့ ဒရမ်မာကားကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားပါ။

❤4
Virata Parvam (2022)
ဗီရာတာ ပါဗန် (၂၀၂၂)
ဒီကားလေးကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေက တကယ်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ တီလဂူး အချစ်နဲ့ တော်လှန်ရေး ဒရမ်မာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
ပရိသတ်အချစ်တော် မင်းသမီးလေး ဆိုင်းပလ္လဝီ နဲ့ မင်းသားကြီး ရာနာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဗန်နယ်လာ ဟာ ရွာလေးတစ်ရွာက ရိုးသားတဲ့ ကောင်မလေးတစ်ယောက်ပါ။
တစ်နေ့မှာတော့ သူမဟာ အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ သူပုန်ခေါင်းဆောင် ရာဗန်နာ ရေးသားထားတဲ့ ကဗျာစာအုပ်လေးကို မတော်တဆ ဖတ်မိသွားပါတယ်။
အဲဒီကဗျာတွေထဲက တရားမျှတမှုကို လိုလားတဲ့ စာသားတွေနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အရမ်းကြိုက်နှစ်သက်သွားတဲ့ ဗန်နယ်လာ ဟာ လူကိုတောင် မြင်ဖူးခြင်းမရှိဘဲ ရာဗန်နာ ကို အသက်ထက်ဆုံး ချစ်မိသွားပါတော့တယ်။
သူမကို အတင်းအဓမ္မ အိမ်ထောင်ချပေးဖို့ မိသားစုက စီစဉ်တဲ့အခါမှာတော့ ဗန်နယ်လာ ဟာ အိမ်ကနေ ထွက်ပြေးပြီး သူမချစ်တဲ့ သူပုန်ခေါင်းဆောင်ကို ရှာဖွေဖို့ အန္တရာယ်များတဲ့ တောတောင်တွေထဲကို တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ ဝင်ရောက်သွားပါတော့တယ်။
သေနတ်သံတွေ၊ သွေးထွက်သံယို တိုက်ပွဲတွေကြားထဲမှာ အချစ်စစ်တစ်ခုတည်းကိုပဲ ယုံကြည်ပြီး လိုက်ရှာနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြွင်းမဲ့ ချစ်ခြင်းမေတ္တာကို ရင်နင့်ဖွယ် ကြည့်ရှုရမယ့် ကားပါ။
ဆိုင်းပလ္လဝီ ရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အချစ်ဒရမ်မာကား ကြိုက်သူတွေ လုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။

Gundala (2019)
ဂန်ဒါလာ (၂၀၁၉)
ဒီကားလေးကတော့ အင်ဒိုနီးရှား စူပါဟီးရိုးလောက (BumiLangit Cinematic Universe - BCU) ရဲ့ ပွဲဦးထွက် အဖွင့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အင်ဒို စူပါဟီးရိုးကားဆိုပေမယ့် နာမည်ကြီး The Raid ကားလို အကြိတ်အနယ် သိုင်းကွက် အက်ရှင်ခန်းတွေ ပါဝင်လို့ လုံးဝ အထင်သေးလို့မရတဲ့ ကားပါ။
ဇာတ်လမ်းအကျဉ်း
ဆန်ချာကာ ဟာ ငယ်စဉ်ကတည်းက ခေါင်းပုံဖြတ် အမြတ်ကြီးစား ကုမ္ပဏီတစ်ခုကို ဆန္ဒပြရင်း ဖခင်ဖြစ်သူ အသတ်ခံရကာ၊ မိခင်လည်း ပျောက်ဆုံးသွားလို့ လမ်းဘေးမှာ ကြီးပြင်းခဲ့ရတဲ့ မိဘမဲ့ ကလေးတစ်ယောက်ပါ။
လမ်းဘေးမှာ အသက်ရှင်သန်ဖို့အတွက် တခြားမိဘမဲ့ ကလေးတစ်ယောက်ဆီကနေ ကိုယ်ခံပညာတွေကို သင်ယူခဲ့ရပေမယ့်၊ သူ့ဆီမှာ မွေးရာပါ လျှပ်စီးမိုးကြိုးတွေကို ထိန်းချုပ်နိုင်တဲ့ စူပါပါဝါ စွမ်းအားတွေ ရှိနေမှန်း သူကိုယ်တိုင် မသိခဲ့ပါဘူး။
အရွယ်ရောက်လာတဲ့ အချိန်မှာတော့ ဆန်ချာကာ တစ်ယောက် သူ့ရဲ့ ဖုံးကွယ်နေတဲ့ စွမ်းအားတွေကို ဘယ်လို ရှာဖွေတွေ့ရှိသွားမလဲ၊ မတရားမှုတွေ ကြီးစိုးနေတဲ့ မြို့ကြီးမှာ "ဂန်ဒါလာ" ဆိုတဲ့ စူပါဟီးရိုးသစ် တစ်ယောက်အနေနဲ့ ဗီလိန်တွေကို ဘယ်လို နှိမ်နင်းမလဲဆိုတာကို အမိုက်စား အက်ရှင်ခန်းတွေနဲ့အတူ မြင်တွေ့ရမှာပါ။
IMDb Rating (7/10) အထိ ရရှိထားပြီး နောက်ဆက်တွဲ (Sequels) တွေပါ ဆက်ထွက်ဖို့ ရှိတဲ့ ကားမို့ စူပါဟီးရိုး ဖန်တွေ လုံးဝ လက်မလွှတ်သင့်ပါဘူးဗျာ။

Sambhavam Adhyayam Onnu (2026) မာယာတော
သဘာဝလွန် သည်းထိတ်ရင်ဖိုဆန်ဆန် မာလျာလမ်ရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
ဒီရုပ်ရှင်ဟာ မှုခင်းနဲ့ သဘာဝလွန်ဇာတ်အိမ်ကို ကျေးလက်နောက်ခံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ပုံဖော်ထားတာပါ။
ကီရာလာပြည်နယ်နဲ့ တမီးလ်နာဒူးပြည်နယ် နယ်စပ်မှာရှိတဲ့ တောနက်ကြီးတစ်ခုဟာ
ဝင်သွားသူတိုင်း ပြန်မလာတော့ဘဲ ပျောက်သွားတတ်တယ်ဆိုတဲ့ အရပ်ပြောပုံပြင်တွေကြောင့် နာမည်ကြီးပါတယ်။
ကီရာလာပြည်နယ်ထဲက ရဲအရာရှိတယောက်ဟာ အဲဒီတောနက်ထဲမှာ လမ်းပျောက်နေရင်း ဝေါကီတော်ကီကနေတဆင့် တမီးလ်နာဒူးရဲအရာရှိတစ်ဦးနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။
ဒါပေမဲ့ ထူးဆန်းတာက သူတို့နှစ်ယောက်ဟာ နေရာတစ်ခုတည်းမှာ ရှိနေကြပေမဲ့
အချိန်ကာလမတူညီဘဲ ဆယ်စုနှစ်တစ်ခုလောက် ကွာဟနေကြောင်း သိလာရသောအခါမှာတော့...။

Bone Keeper (2026)
လိုဏ်ဂူထဲက ဂြိုဟ်သားကောင်ကြီးတွေနဲ့ အသည်းယားစရာ သွေးပျက်ဖွယ် ကား..
Bone Keeper ဆိုတာကတော့ ၂၀၂၆ ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့ Sci-Fi Horror ဇာတ်ကားလေးပါ။ ဇာတ်လမ်းပုံစံက The Descent လိုမျိုး ကျဉ်းကျပ်တဲ့ လိုဏ်ဂူထဲက ဇာတ်လမ်းမျိုးကို Cloverfield က ဂြိုဟ်သားတွေနဲ့ ပေါင်းစပ်ထားတဲ့ပုံစံလို့ ပြောရမယ်။
ဇာတ်လမ်းအကျဉ်း
နှစ်ပေါင်း ၄ သိန်းလောက်က ကမ္ဘာမြေပေါ်ကို ဥက္ကာပျံတစ်ခု ကျလာခဲ့တယ်။ အဲဒီကနေတစ်ဆင့် ရေဘဝဲလိုလို အချွဲတရွှဲရွှဲနဲ့ ဂြိုဟ်သားကောင်ကြီးတွေ ပါလာခဲ့တာပေါ့။၁၉၇၆ ခုနှစ်မှာ အိုလစ်ဗီယာ (Olivia) ရဲ့ အဘိုးဖြစ်သူ သတင်းထောက်ဟာ အဲဒီအကောင်တွေရှိတဲ့ လိုဏ်ဂူထဲကို ဝင်သွားရင်း ပျောက်ဆုံးသွားခဲ့တယ်။ နောက်ပိုင်း သူ့အမေကပါ လိုက်ရှာရင်း ထပ်ပျောက်သွားပြန်ရော။ အဲဒီတော့ အိုလစ်ဗီယာရော သူမရဲ့ သူငယ်ချင်းတွေရော ပေါင်းပြီးတော့ အမေဖြစ်သူကို ရှာဖို့ အဲဒီလိုဏ်ဂူဆီကို ထွက်လာကြတယ်။
လမ်းမှာ နာမည်ကြီးချင်တဲ့ Vlogger ကောင်မလေးတစ်ယောက်ပါ ပါလာသေးတယ်။နယ်ခံတွေနဲ့ ပရိုဖက်ဆာ ဟယ်ရစ်ဆင် (နာမည်ကျော်မင်းသားကြီး John Rhys-Davies) က လိုဏ်ဂူထဲ မသွားဖို့ သတိပေးပေမဲ့ သူတို့ကတော့ ဂရုမစိုက်ဘဲ ဝင်သွားကြတာပေါ့။ ဂူထဲရောက်တော့မှ သူတို့ထင်ထားတာထက် အများကြီးဆိုးရွားတဲ့ ဂြိုဟ်သားကောင်ကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီသတ္တဝါကြီးတွေက လူတွေကို စားရုံတင်မဟုတ်ဘဲ အရည်ပျော်သွားအောင်လုပ်ပြီး သူတို့နဲ့ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပစ်ကြတာပါ။ အဲဒီမှာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရရင်း ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားပါ။
ဘာတွေက သဘောကျစရာကောင်းလဲသတ္တဝါဆန်းတွေရဲ့ ဒီဇိုင်း: CGI နဲ့ ပြင်ပ Effect တွေကို သုံးထားတာ တော်တော်လေး အဆင်ပြေတယ်။ ဂြိုဟ်သားကောင်ကြီးတွေက သွေးပျက်စရာကောင်းပြီး သွေးသံရဲရဲ အခန်းတွေကလည်း တော်တော်လေး အသည်းယားစရာပါပဲ။အငွေ့အသက်: လိုဏ်ဂူထဲက ကျဉ်းကျပ်ပြီး အသက်ရှူကြပ်ချင်စရာ အငွေ့အသက်ကို သေသေချာချာ ပေးနိုင်တယ်။
မင်းသားကြီး John Rhys-Davies: Lord of the Rings ထဲက မင်းသားကြီးရဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်ကားကို ပိုပြီး အသက်ဝင်စေတယ်။ သတ္တဝါဆန်းတွေ ပါတဲ့ကား (Monster Movies) ကို သဘောကျတယ်၊ သွေးသံရဲရဲနဲ့ ဖျော်ဖြေရေးအပြည့်ပေးနိုင်တဲ့ ကားမျိုးကို ရှာနေတယ်ဆိုရင်တော့ Bone Keeper ကို တစ်ခေါက်လောက်တော့ ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

The Suicide Squad (2021)
ပြန်တင်ပေးပါဆိုလို့။
ဒီကားကတော့ DC ရဲ့ နာမည်ကြီး ဗီလိန် (Anti-hero) တွေကို စုစည်းပြီး ဒါရိုက်တာ James Gunn ကိုယ်တိုင် အမိုက်စား ရိုက်ကူးထားတဲ့ အက်ရှင် ဟာသ ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
အမေရိကန် အစိုးရရဲ့ လျှို့ဝှက်အဖွဲ့အစည်းခေါင်းဆောင် အမန်ဒါ ဝေါ်လာ ဟာ ကမ္ဘာ့အန္တရာယ်အများဆုံး ရာဇဝတ်ကောင်တွေ ထိန်းသိမ်းထားတဲ့ ထောင်ထဲကနေ Bloodsport, Peacemaker, Harley Quinn, King Shark အစရှိတဲ့ စူပါဗီလိန်တွေကို စုစည်းပြီး Task Force X ဆိုတဲ့ အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။
သူတို့ရဲ့ လည်ပင်းမှာ အသေးစား ဗုံးတွေ တပ်ဆင်ထားပြီး၊ အစိုးရခိုင်းတဲ့ အသေခံ စစ်ဆင်ရေးကို အောင်မြင်အောင် လုပ်နိုင်ရင် ထောင်ဒဏ် လျှော့ပေါ့ပေးမယ်ဆိုပြီး အပေးအယူ လုပ်ခဲ့ပါတယ်။
သူတို့သွားရမယ့် စစ်ဆင်ရေးကတော့ စစ်တပ်အာဏာသိမ်းထားတဲ့ ကော်တို မော်လ်တီးစ် ကျွန်းနိုင်ငံလေးမှာရှိတဲ့ နာဇီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ လျှို့ဝှက်စမ်းသပ်ခန်းကြီးကို သွားရောက်ဖျက်ဆီးပစ်ဖို့ပါ။ အဲဒီစမ်းသပ်ခန်းထဲမှာ "ပရောဂျက် စတားဖစ်ရှ်" (Project Starfish) လို့ခေါ်တဲ့ အလွန်အန္တရာယ်များတဲ့ ဧရာမ ဂြိုဟ်သား သတ္တဝါကြီးတစ်ကောင်ကို လျှို့ဝှက် မွေးမြူစမ်းသပ်နေတာ ဖြစ်ပါတယ်။
မတည့်အတူနေ ဗီလိန်တစ်စုဟာ ကျွန်းပေါ်က လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အန္တရာယ်များတဲ့ တောတောင်တွေနဲ့ နောက်ဆုံးမှာ ထိတ်လန့်ဖွယ် ဂြိုဟ်သားကောင်ကြီးကိုပါ ဘယ်လို အခက်အခဲတွေ၊ အလွဲလွဲအချော်ချော်တွေကြားကနေ တိုက်ခိုက်နှိမ်နင်းသွားမလဲ ဆိုတာကို အက်ရှင် အကြမ်းစားတွေ၊ ဟာသတွေနဲ့အတူ ကြည့်ရှုရမယ့် ကားဖြစ်ပါတယ်။

U_s-t_a-a_d B_h-a_g-a_t S-i_n-g_h (2-0-2-6)
===================================
IMDB ⭐️ 4.9/10
"ဥပဒေက မင်းတို့အတွက် စာအုပ်ထဲမှာပဲရှိတယ်ဆိုရင် ငါ့လက်သီးက မင်းတို့ရဲ့ဥပဒေသစ်ပဲ"
ကဲ... တောင်ပိုင်း Mass Action ကား အကြမ်းစားကြီးတွေမှ ခိုက်ပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် အားလုံးရဲ့ အချစ်တော် Power Star မင်းသားကြီး Pawan Kalyan ရဲ့ အသစ်စက်စက် အက်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းကတော့ ဆရာတစ်ယောက်ဖြစ်တဲ့ ချန်ဒရာဆေခါရာအို ဟာ ကလေးတွေကို ပညာသင်ပေးရင်းနဲ့ ပုန်ကန်တတ်တဲ့စိတ်ရှိပြီး မဟုတ်မခံတတ်တဲ့ ကောင်လေးတစ်ယောက်ကို "ဘာဂတ်ဆင်းဂ်" လို့ နာမည်ပေးပြီး ပြုစုပျိုးထောင်ခဲ့ရာကနေ စပါတယ်။
၂၄ နှစ် ကြာတဲ့အခါ... ချန်ဒရာဆေခါရာအိုဟာ ပြည်နယ်ရဲ့ ဝန်ကြီး ဖြစ်လာပေမဲ့ လျှို့ဝှက်ဆန်းကြယ်စွာ လုပ်ကြံခံလိုက်ရပါတယ်။ ဒီလုပ်ကြံမှုတွေရဲ့ နောက်ကွယ်က တကယ့် ကြိုးကိုင်သူကတော့ ဝန်ကြီးချုပ်နေရာကို မက်မောနေတဲ့ ရက်စက်တဲ့ နိုင်ငံရေးသမား နာဂါပါပါပဲ။
တစ်နေ့မှာတော့ နာဂါပါရဲ့ သားဖြစ်သူဟာ နယ်လာမာလာ တောအုပ်ကြီးထဲကို ရောက်လာပြီး ပြဿနာတွေ ဖန်တီးပါတော့တယ်။ အဲဒီအချိန်မှာ သစ်တောအရာရှိ ဘာဂတ်ဆင်းဂ်နဲ့ ထိပ်တိုက်တွေ့ပြီး အသေအလဲ အရိုက်ခံရတဲ့အပြင် လျှို့ဝှက်ဆန်းကြယ်စွာပဲ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။
တစ်ချိန်တည်းမှာပဲ အသည်းကွဲနေတဲ့ သူဌေးသမီးလေး ရှလိုကာတစ်ယောက် တောအုပ်ထဲကို အလည်ရောက်လာပြီး ဘာဂတ်ဆင်းဂ်နဲ့ ဆုံတွေ့တဲ့အခါ…
တကယ်တော့ ဘာဂတ်ဆင်းဂ်ဆိုတာ ရိုးရိုး သစ်တောစောင့်အရာရှိလေး မဟုတ်ပါဘူး။ အတိတ်မှာ နာဂါပါရဲ့ လူမိုက်တွေကို အမြစ်ပြတ် နှိမ်နင်းခဲ့တဲ့ သွေးဆူနေတဲ့ ACP ရဲအရာရှိဟောင်း တစ်ယောက်ပါ။
ဒါဆို ဘာဂတ်ဆင်း တစ်ယောက် ဘာလို့တောထဲမှာ လူမသိသူမသိနေနေတာလဲ။ တစ်ချိန်ကအတိတ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ တရားမျှတမှုအတွက် တစ်ကျော့ပြန်တိုက်ပွဲကိုဆင်နွှဲရဖို့ ဖြစ်လာချိန်မှာ ဘာဂတ်တစ်ယောက် ဘာတွေဆက်လုပ်သွားမလဲဆိုတာကို အလန်းဇယား BGMနဲ့ တောင်ပိုင်းကား mass action စစ်စစ်ကိုခံစားရမှာဖြစ်လို့ ခုပဲရှုစားကြပါဦး။
Genre ..... Action, Comedy, Drama

"T_a Kh-o_n: T-h-e Cu-rs-e_d M-as-k" (2-0-2-5) "ကျိန်စာသင့် မျက်နှာဖုံး"
=========================================================
IMDB ⭐️ 7/10
ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ "ဖီတံခွန်" ဆိုတဲ့ ရိုးရာမျက်နှာဖုံးပွဲတော်ကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
"ဖီတံခွန်" ပွဲတော်ကတော့ ဒေသခံအတွင်းမှာရှိတဲ့ ဘိုးဘေးဝိညာဉ်တွေကို အရိုအသေပြုလုပ်တဲ့ပွဲပဲဖြစ်ပါတယ်။ ဒီပွဲတော်မှာဆိုရင် ဒေသခံတွေဟာ မျက်နှာဖုံးတွေပြုလုပ်ကြပြီးတော့ ပွဲတော်ရက်အတွင်းမှာ မျက်နှာဖုံးတွေ တပ် ခေါင်းလောင်းသံတွေ တချွင်ချွင်နဲ့ ဘိုးဘေးဝိညာဉ်တွေကို ပူဇော်ပြီးနောက်မှာ ပွဲတော်ပြီးတာနဲ့ အဲဒီမျက်နှာဖုံးတွေကို မြစ်ထဲမျှောကာ အညစ်အကြေးတွေ သန့်စင်သွားတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့လည်း ဒီပွဲတော်မျက်နှာဖုံးတွေရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရှေးဟောင်းကျိန်စာတစ်ခု ရှိနေပါတယ်။
ဂျွိုင်လို့ခေါ်တဲ့ကောင်လေးဟာ ညီမဖြစ်သူ ဂျက်ရယ် အဘွားဖြစ်သူ အဘွားသင်တို့နဲ့အတူ နေထိုင်နေပါတယ်။ အဘွားသင်ဟာ သူ့ခင်ပွန်းဖြစ်သူက ရွာသားတွေကို နတ်ကွန်းဆောက်ဖို့အတွက် သူတို့ပိုင်မြေထဲကနေ ခွဲပေးထားတဲ့မြေကို ခင်ပွန်းဖြစ်သူဆုံးသွားချိန်မှာတော့ ပြန်တောင်းပြီး သားဖြစ်သူအတွက် အိမ်ဆောက်ပေးခဲ့ရာကနေ ဒီဇာတ်လမ်းက စတင်ခဲ့တာဖြစ်ပါတယ်။
နတ်ကွန်းပိုင်မြေကို ပြန်ယူလိုက်ကတည်းက သူတို့မိသားစုဟာ ကံဆိုးမှုတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံး အဘွားသင်ရဲ့ သားဖြစ်သူ ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုနဲ့ နေလာရင်း မြေးဖြစ်သူ ဂျွိုင် အရွယ်ရောက်လာတဲ့အချိန်ထိ အဘွားသင်ဟာ သားဖြစ်သူဆုံးသွားတာကို လက်မခံနိုင်ဖြစ်လို့နေပါတယ်။
ဒီလိုနဲ့ အဘွားသင်တစ်ယောက် မျက်နှာဖုံးစွပ်လျက်နဲ့ သေဆုံးသွားရာကနေ ဘာတွေ ဆက်ဖြစ်မလဲ ......
အဘွားသင်ရဲ့ သေဆုံးမှုနောက်ကွယ်က ရိုးရဲ့လား .....
ဒီသတင်းကို လိုက်တဲ့ သတင်းထောက်မလေးနဲ့ ဂျွိုင်တို့ကရော ဘယ်လိုဇာတ်လမ်းတွေ ဖြစ်လာမလဲ .......
"ဖီတံခွန်" ပွဲတော်ကြီးနဲ့ ဂျွိုင်တို့မိသားစုရဲ့ ကံဆိုးမှုတွေကရော ဆက်စပ်နေမလား.... ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် သမိုင်းနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။
Genre ..... Horror, Thriller

A_s-s_i (2-0-2-6)
=============
IMDB ⭐️ 7.3/10
"ခေါင်းစီးသတင်းတွေရဲ့ နောက်ကွယ်မှာ... ဖုံးကွယ်ထားတဲ့ လူသားတွေရဲ့ နာကျင်စရာ အမှန်တရားတွေ ရှိနေတယ်"
Pink, Badla နဲ့ Thappad တို့လို ဇာတ်ကားတွေနဲ့ Courtroom Drama/Social Issue ကားတွေမှာ ဆရာတစ်ဆူဖြစ်တဲ့ မင်းသမီးချော Taapsee Pannu ရဲ့ ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။
ဒီကားလေးကတော့ ရှင်းပြလို့မရနိုင်အောင် လျှို့ဝှက်ဆန်းကြယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Sexual assault) အမှုအခင်းတွေကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ Courtroom Drama ကားကောင်းတစ်ကားပါ။
နေ့စဉ် သတင်းတွေမှာ တွေ့နေရတဲ့ အမှုအခင်း ကိန်းဂဏန်းတွေရဲ့ အောက်ခြေမှာ ဘယ်လို ထိတ်လန့်စရာ အမှန်တရားတွေ ဖုံးကွယ်နေလဲ။ ဒီအမှုတွေကို စုံစမ်းစစ်ဆေးမဲ့ စုံထောက်တစ်ယောက်နဲ့ ရှေ့နေအဖွဲ့တို့ ပူးပေါင်းပြီး အမှောင်ကျနေတဲ့ အမှန်တရားတွေကို ဥပဒေဘောင်ထဲကနေ ဘယ်လို ဖော်ထုတ်သွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။
"တစ်ခါတလေကျတော့ ကျွန်တော်တို့တွေဟာ ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ rape victim တွေကို victim blaming လုပ်မိပြီး သူတို့ထဲကတချို့ကို လမ်းဆုံးကို ကိုယ်တိုင်တွန်းပို့မိသူတွေ ဖြစ်သွားတတ်ကြပါတယ်။”
ဇာတ်လမ်းလေးကတော့ … ဟော့ဟော့ရမ်းရမ်း လူငယ် ၅ ယောက် မူးရူးသောက်စားပြီးတော့ ဆရာမတစ်ယောက် ကိုယ်ထိလက်ရောက်ကျူးလွန် မုဒိမ်းကျင့်ကြတယ်။
ဆရာမကတော့ အမြင်အာရုံပါချို့ယွင်းပြီးတော့ သူ့ရဲ့သာမန်ဘဝကို ပြန်သွားဖို့မဖြစ်နိုင်တဲ့အထိ ဖြစ်ခဲ့ရပေမဲ့ ငွေနဲ့ဖုံးထားတဲ့ အမှန်တရားက မပေါ်ပေါက်လာတဲ့အတွက် တရားခံတွေက သာယာနေပေမဲ့ ဒီကျောင်းဆရာမလေးရဲ့ဘဝကတော့ ရေစုန်မျောခဲ့ရတာပေါ့။
ဒီလိုနဲ့တရားခံတွေကို လွှတ်ပေးလိုက်ပြီးတော့ နောက်တစ်နေ့မှာပဲ သံသယတရားခံတွေထဲကတစ်ယောက် သေဆုံးသွားတဲ့အခါမှာတော့...
သာမန် ရုံးတော်တွင်း အချေအတင် ငြင်းခုံတာသက်သက်မဟုတ်ဘဲ သတင်းစာ မျက်နှာဖုံးတွေရဲ့ နောက်ကွယ်က တကယ်တမ်း နစ်နာသွားရတဲ့ လူသားတွေရဲ့ ပေးဆပ်လိုက်ရမှုတွေကို ထိထိမိမိနဲ့ ရင်နင့်စရာကောင်းအောင် ပုံဖော်ထားတာပါ။
Rotten Tomatoes မှာ 90% အထိ ရရှိထားပြီး rating တွေလည်း အတော်လေး ကောင်းနေတဲ့ ကားမို့လို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ Courtroom Thriller ကားကောင်း မျှော်နေသူတွေ လက်မလွတ်တမ်း ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျာ။
Genre ..... Crime, Drama, Thriller

D_o D_e-e_w-a_n-e S_e-h_e-r M_e-i_n (2-0-2-6)
=======================================
IMDB ⭐️ 8.5/10
"အချစ်ဇာတ်လမ်းတိုင်းက ပြီးပြည့်စုံမနေတတ်ပေမဲ့ အလှကိုယ်စီနဲ့ လှပနေတတ်ပါတယ်"
ဘောလိဝုဒ် အချစ်ဒရာမာ ကားကောင်းလေးတွေ ကြည့်ချင်နေတဲ့ ပရိသတ်ကြီးအတွက် လတ်တလော နက်ဖလစ်မှာ Rating အမြင့်ကြီးနဲ့ နာမည်ကြီးနေတဲ့ ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားလေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော Siddhant Chaturvedi နဲ့ အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားတတ်တဲ့ မင်းသမီးချောလေး Mrunal Thakur တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။
ဇာတ်လမ်းနာမည် "Do Deewane Seher Mein" (မြို့ကြီးထဲက အရူးအမူးချစ်သူနှစ်ဦး) ဆိုတဲ့အတိုင်းပါပဲ။ လူတွေရှုပ်ထွေးလှတဲ့ မြို့ပြကြီးထဲမှာ မထင်မှတ်ဘဲ ဖူးစာဆုံခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကို ရင်ခုန်ကြည်နူးဖွယ်၊ ဆွေးမြေ့ဖွယ် ပုံဖော်ရိုက်ကူးထားတာပါ။
အချစ်ဆိုတာ အမြဲတမ်း ပန်းခင်းသောလမ်း မဟုတ်ဘဲ အဖုအထစ်တွေ၊ မပြည့်စုံမှုတွေ ရှိနေတတ်ပေမဲ့ အဲဒီ မပြည့်စုံမှုတွေကပဲ သူတို့ရဲ့ ဇာတ်လမ်းလေးကို ဘယ်လို ပိုပြီး လှပသွားစေမလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာပါ။
ရုပ်ရှင်ရဲ့ ကြာချိန်က ၂ နာရီခွဲ ဆိုပေမဲ့ သရုပ်ဆောင်တွေရဲ့ Chemistry အပြည့်နဲ့ သဘာဝကျကျ သရုပ်ဆောင်ချက်တွေ၊ မြို့ပြရဲ့ အလှအပတွေနဲ့ သီချင်းကောင်းကောင်းလေးတွေ ပါဝင်လို့ ပျင်းသွားဖို့မရှိပါဘူး။
ဇာတ်လမ်းလေးက Vibe သာယာသာယာလေးနဲ့ ရင်ထဲကို ထိရှစေမဲ့ Romance/Drama အမျိုးအစားလေးဖြစ်လို့ ဘောလိဝုအချစ်ကားကောင်းကောင်း မျှော်နေသူတွေ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးစို့။
Genre ..... Drama, Romance

Do Deewane Seher Mein (2026)
ဒို ဒီဝါနီ ဆယ်ဟာမိန်း
ဒီကားလေးကတော့ ဘောလိဝုဒ်မင်းသား Siddhant Chaturvedi နဲ့ မင်းသမီးချော Mrunal Thakur တို့ အဓိကပါဝင်ထားပြီး၊ နာမည်ကြီး ဒါရိုက်တာ Sanjay Leela Bhansali ကိုယ်တိုင် ပရိုဂျူဆာအနေနဲ့ ပါဝင်ထုတ်လုပ်ထားတဲ့ အချစ်ဒရမ်မာ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ (ဒီကနေ့ ဧပြီ ၁၇၊ ၂၀၂၆ မှာပဲ Netflix ကနေ အသစ်စက်စက် ထွက်ရှိလာတာပါ)
ဇာတ်လမ်းအကျဉ်း
မွန်ဘိုင်းလို လူရှုပ်ထွေးတဲ့ မြို့ကြီးပြကြီးရဲ့ မွန်းကျပ်တဲ့ လူနေမှုဘဝတွေကြားထဲမှာ လူမှုဆက်ဆံရေး အားနည်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတဲ့ လူငယ်နှစ်ယောက်အကြောင်းကို အဓိက ရိုက်ကူးထားတာပါ။
သူတို့နှစ်ယောက်ဟာ မြို့ပြရဲ့ ပတ်ဝန်းကျင်ဖိအားတွေ၊ မလုံခြုံမှုတွေနဲ့ အထီးကျန်ဆန်မှုတွေကို ထားခဲ့ပြီး တိတ်ဆိတ်အေးချမ်းတဲ့ ကူမွန် (Kumaon) တောင်တန်းတွေဆီကို အတူတူ ခရီးထွက်လာခဲ့ကြပါတယ်။
ဆူညံနေတဲ့ မြို့ပြကနေ အေးချမ်းတဲ့ တောင်တန်းတွေဆီ ရောက်သွားတဲ့အခါ...
သူတို့နှစ်ယောက်ကြားက နားလည်မှုတွေ၊ အချစ်ရေးနဲ့ ဘဝအမြင်တွေ ဘယ်လို လှလှပပ ပြောင်းလဲသွားမလဲဆိုတာကို သဘာဝကျကျ ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမှာပါ။
ခပ်ကြမ်းကြမ်း အက်ရှင်တွေထက် ကိုယ့်ကို နားလည်ပေးနိုင်မယ့်လူတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားတဲ့ Healing ဖြစ်စေမယ့် အချစ်ဇာတ်လမ်းလေးတွေကို သဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်ဗျာ။

Assi (2026)
ဒီကားကတော့ "Mulk" နဲ့ "Article 15" တို့လို လူမှုရေးပြဿနာတွေကို ထိထိမိမိ ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Anubhav Sinha ရဲ့ လက်ရာသစ် ဖြစ်ပါတယ်။
မင်းသမီး Taapsee Pannu က ရှေ့နေအဖြစ် ပါဝင်ထားပြီး၊ အိန္ဒိယက တကယ့်အဖြစ်မှန် အချက်အလက်တွေကို အခြေခံထားတဲ့ တရားခွင် မှုခင်းဒရမ်မာကားကောင်း တစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
"Assi" ဆိုတာ ဟင်ဒီဘာသာစကားအရ "၈၀" လို့ အဓိပ္ပာယ်ရပါတယ်။
အိန္ဒိယနိုင်ငံမှာ တစ်ရက်ကို ပျမ်းမျှအားဖြင့် အမျိုးသမီး ၈၀ ဦးခန့်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတယ်ဆိုတဲ့ တုန်လှုပ်ဖွယ်ရာ အချက်အလက်ကို အစွဲပြုပြီး အမည်ပေးထားတာပါ။
ဇာတ်လမ်းကတော့ ဒေလီမြို့က ကျောင်းဆရာမလေး ပါရီမာ ဟာ တစ်ညမှာ လူရမ်းကားတစ်စုရဲ့ ရက်ရက်စက်စက် အုပ်စုဖွဲ့ အကြမ်းဖက်မှုကို ခံခဲ့ရပါတယ်။
လူ့အသိုင်းအဝိုင်းက ကျူးလွန်ခံရသူကိုပဲ အပြစ်တင်စကားဆိုနေကြချိန်မှာ... မျှတမှုအတွက် အလျှော့မပေးတဲ့ ရှေ့နေမလေး ရာဗီ (Taapsee Pannu) က ပါရီမာ့ဘက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။
ငွေကြေးနဲ့ အာဏာသုံးပြီး အမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ တရားခံတွေ၊ အကျင့်ပျက်နေတဲ့ ဥပဒေစနစ်တွေကြားထဲမှာ...
ဒီအမျိုးသမီးနှစ်ယောက်ဟာ တရားမျှတမှု ရရှိအောင် ဘယ်လိုခက်ခက်ခဲခဲ တိုက်ပွဲဝင်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။

S/O Satyamurthy (2015)
ဒီကားကတော့ တီလဂူးစူပါစတား စတိုင်လစ်မင်းသား Allu Arjun နဲ့ မင်းသမီးချောလေးတွေဖြစ်တဲ့ Samantha, Nithya Menen, Adah Sharma တို့ အဓိက ပါဝင်ထားပြီး၊ နာမည်ကြီး ဒါရိုက်တာ Trivikram Srinivas ရိုက်ကူးထားတဲ့ လူကြိုက်များလှတဲ့ မိသားစု အက်ရှင် ဒရမ်မာ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဗီရဂျ် အာနန် (Allu Arjun) ဆိုတာ အရမ်းချမ်းသာတဲ့ သူဌေးကြီး ဆတ်သယာ မူရသီ (Prakash Raj) ရဲ့ သားပါ။
ဖခင်ဖြစ်သူက လူတွေကို အမြဲကူညီတတ်တဲ့ သဘောထားပြည့်ဝသူ တစ်ယောက်ဖြစ်ပေမယ့်၊ ရုတ်တရက် မတော်တဆမှုနဲ့ ဆုံးပါးသွားတဲ့အခါမှာတော့ မိသားစုမှာ အကြွေးတွေ အများကြီး ကျန်ခဲ့ပါတော့တယ်။
ဖခင်ရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ကောင်းကို ကာကွယ်ဖို့အတွက် အာနန် ဟာ သူတို့ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာ အားလုံးကို အကြွေးရှင်တွေကို လွှဲပြောင်းပေးလိုက်ပြီး၊ ချမ်းသာတဲ့ ဘဝကနေ သုညဘဝကို ရောက်ရှိသွားပါတယ်။ အဲဒီနောက်မှာတော့ မင်္ဂလာပွဲ စီစဉ်သူ (Wedding Planner) အဖြစ် ဘဝကို အောက်ခြေကနေ ပြန်စတင်ခဲ့ရပါတယ်။
ဖခင်ရဲ့ နောက်ဆုံးကျန်နေတဲ့ အကြွေးကို ရှင်းဖို့နဲ့ မြေယာကိစ္စ တစ်ခုကို ဖြေရှင်းဖို့အတွက် ရက်စက်ပြီး အာဏာစက်ပြင်းတဲ့ နယ်ခံမြေပိုင်ရှင်ကြီး (Upendra) နဲ့ ထိပ်တိုက်တွေ့ရတဲ့အခါ...
အာနန် တစ်ယောက် ဖခင်ဖြစ်သူရဲ့ မှန်ကန်တဲ့ လမ်းစဉ်ကိုပဲ ဆက်လျှောက်မလား၊ ဒါမှမဟုတ် လောကဓံရဲ့ ရိုက်ခတ်မှုတွေကြောင့် လမ်းလွဲသွားမလား ဆိုတာကို အက်ရှင်၊ ဟာသ၊ အချစ်၊ မိသားစု မေတ္တာတွေနဲ့ ရသစုံ ကြည့်ရှုရမယ့် ဇာတ်ကားကြီး ဖြစ်ပါတယ်။
Allu Arjun ရဲ့ အမိုက်စား ဖက်ရှင်တွေ၊ အကတွေအပြင် မိသားစုတန်ဖိုးကို ပေါ်လွင်အောင် ရိုက်ပြထားလို့ အခုချိန်ထိ ပြန်ကြည့်ရင်တောင် မရိုးနိုင်တဲ့ ကားကောင်းလေးပါဗျာ။

Yugi (2022)
ဒီကားလေးကတော့ ပဟေဠိဆန်ဆန် စုံထောက်မှုခင်း (Investigative Thriller) ဇာတ်ကားကောင်းတွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် တမီးလ်ဇာတ်ကားလေး ဖြစ်ပါတယ်။
မင်းသား Kathir, Narain, Natty နဲ့ မင်းသမီး Pavithra Lakshmi, Anandhi တို့ အဓိက ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ကာသီကာ ဆိုတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားရာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။
ထူးဆန်းတာက ဒီမိန်းကလေးကို လူတစ်စုတည်းက လိုက်ရှာနေတာမဟုတ်ဘဲ၊ ရည်ရွယ်ချက် မတူညီတဲ့ လူသုံးစုက သီးခြားစီ အပြိုင် လိုက်ရှာနေကြတာပါ။
တစ်ဖက်မှာ ရဲအရာရှိက တရားဝင် စုံစမ်းနေသလို၊ နောက်တစ်ဖက်မှာလည်း ပုဂ္ဂလိက စုံထောက်တစ်ယောက်နဲ့ တခြား လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ကပါ ကာသီကာ့ကို အသည်းအသန် လိုက်ရှာနေကြပါတယ်။
သူတို့သုံးဖွဲ့လုံးရဲ့ စုံစမ်းမှုတွေဟာ တဖြည်းဖြည်းနဲ့ လမ်းကြောင်းတစ်ခုတည်းကို ဆုံလာတဲ့အခါမှာတော့...
သာမန် လူပျောက်မှုတစ်ခုလို့ ထင်ရပေမယ့်၊ ဒီအမှုရဲ့ နောက်ကွယ်မှာ ဥပဒေနဲ့မလွတ်ကင်းတဲ့ တရားမဝင် ကိုယ်စားကိုယ်ဝန်ဆောင်ပေးခြင်း မှောင်ခိုလုပ်ငန်းကြီးတစ်ခုနဲ့ ဆေးဘက်ဆိုင်ရာ ရာဇဝတ်မှုတွေ ရှိနေတာကို ဖော်ထုတ်တွေ့ရှိလာရပါတော့တယ်။
ပျောက်ဆုံးနေတဲ့ ကာသီကာကရော ဘယ်သူလဲ၊ သူ့ကို ဘာလို့ လူတွေဝိုင်းရှာနေကြတာလဲ ဆိုတဲ့ ပဟေဠိတွေကို အလှည့်အပြောင်းတွေနဲ့အတူ ဇာတ်ကားအဆုံးထိ ဆွဲခေါ်သွားမယ့် စုံထောက် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်ဗျာ။
Genre..... Drama, Mystery, Thriller

The Super Mario Galaxy Movie (2026)
ဒီကားလေးကတော့ ၂၀၂၃ ခုနှစ်က ရုံဝင်ငွေစံချိန်တင် အောင်မြင်ခဲ့တဲ့ "The Super Mario Bros. Movie" ရဲ့ နောက်ဆက်တွဲ (Sequel) အဖြစ် ထွက်ရှိလာတဲ့ Illumination နဲ့ Nintendo တို့ရဲ့ Animation စွန့်စားခန်း ဇာတ်ကားသစ်ကြီးပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ နာမည်ကျော် Super Mario Galaxy ဂိမ်းကို အခြေခံပြီး အာကာသထဲအထိ ဇာတ်အိမ်ချဲ့ထားတာပါ။
ဇာတ်လမ်းအကျဉ်း
မှိုနိုင်ငံတော် (Mushroom Kingdom) မှာ ကြယ်ပွဲတော် (Star Festival) ကျင်းပနေတဲ့ အချိန်လေးမှာ၊ ရှေ့ကားမှာ အရေးနိမ့်သွားခဲ့တဲ့ ဗီလိန်ကြီး ဘောက်ဇာ (Bowser) ဟာ အင်အားပိုကြီးမားတဲ့ မှော်အစွမ်းတွေနဲ့ ပြန်လည်ရောက်ရှိလာပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဘောက်ဇာဟာ မင်းသမီး ပိချ် (Princess Peach) ရဲ့ ရဲတိုက်ကြီးကိုပါ အာကာသထဲအထိ တစ်ပါတည်း ဆွဲတင်သွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မာရီယို (Mario) ဟာ အာကာသထဲ လွင့်စင်သွားခဲ့ပြီး၊ လျှို့ဝှက်ဆန်းကြယ်တဲ့ မင်းသမီး ရိုဆာလီနာ (Rosalina) နဲ့ ကြယ်ပုလေးတွေ (Lumas) နေထိုင်တဲ့ ကြယ်တံခွန်စခန်း (Comet Observatory) ကို ရောက်ရှိသွားပါတယ်။
စကြာဝဠာတစ်ခုလုံးကို အုပ်စိုးဖို့ ကြံစည်နေတဲ့ ဘောက်ဇာကို တားဆီးဖို့နဲ့ မင်းသမီးကို ကယ်တင်ဖို့အတွက်... မာရီယိုနဲ့ လူဝီဂျီ (Luigi) တို့ ညီအစ်ကိုဟာ ဂလက်ဆီ (Galaxies) အသီးသီးကို ခရီးနှင်ပြီး စွမ်းအားရှင် ကြယ်ပွင့် (Power Stars) တွေကို အသက်လု လိုက်လံစုဆောင်းရပါတော့တယ်။
အာကာသထဲက ဆွဲငင်အား (Gravity) ပြောင်းလဲမှုတွေ၊ အသစ်ပါဝင်လာမယ့် မှော်စွမ်းအင် (Power-ups) အလန်းစားတွေနဲ့အတူ မာရီယိုတို့ ညီအစ်ကိုရဲ့ ကမ္ဘာလွန် စွန့်စားခန်းတွေကို ရောင်စုံလှပတဲ့ Animation မြင်ကွင်းတွေနဲ့အတူ အားရပါးရ ကြည့်ရှုရမယ့် ဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအမျိုးအစား ..... အန်နီမေးရှင်း၊ စွန့်စားခန်း၊ ဟာသ