Red Dragon Column - နဂါးနီစစ်ကြောင်း
574 subscribers
44 photos
12 videos
စစ်ကြောင်းနှင့် ပတ်သက်သော သတင်းများကို ထုတ်ပြန်သွားပါမည်
Download Telegram
ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်

◼️ ဒု-တပ်ရင်းမှူးအပါအဝင် (၂၀)ကျော်သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိ

မေလ ၂ရက်၊ ၂၀၂၅ခုနှစ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတို့တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက ဧပြီလ ၂၈ရက်နေ့တွင် တစ်ပြိုင်နက် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

အဆိုပါ စစ်‌ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၄)၊ ဗျူဟာ (၂၅)၊ အမှတ် (၇၈၀၃)တပ်ရင်း(အာဠာဝကစစ်ကြောင်း)၊ အမှတ် (၃၅၀၃)တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဧရာဝတီ အမှတ် (၃)တပ်ရင်း၊ အမှတ် (၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၃၀)ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမြောက်အများကို သိမ်းဆည်းရရှိခဲ့သည်။
🫡8👍3👏31
အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ တိုက်ပွဲသတင်းထုတ်ပြန်ချက်။

◼️ ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း (၉)ခုကို တိုက်ခိုက်ဖျက်ဆီး

ဇွန်လ ၂၅ရက်၊ ၂၀၂၅ခုနှစ်။

ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်များအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့်စခန်း (၉)ခုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် KNLA တပ်ဖွဲ့များက ဇွန်လ (၂၅)ရက်၊ မနက်အစောပိုင်းတွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ ရဲအုပ်တစ်ဦး အပါအဝင် စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးရရှိခဲ့သည်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၆)လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

၎င်းတိုက်ခိုက်မှုများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ အာဠာဝကတပ်ရင်း၊ အမှတ်(၃၅၀၃) တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပဲခူးတိုင်းစစ်ဌာနမှ ပဲခူးတိုင်းအတွင်း စစ်ဆင်‌‌ရေးများကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိသဖြင့် ပြည်သူများအနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#နဂါးနီစစ်ကြောင်း
#ဗျူဟာ၂၄
#ပြန်ကြားရေး
#အမှတ်(၂) စစ်ဆင်ရေးနယ်မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
3🥰1
ကျောက်ကြီးမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်

◼️လက်နက်ကြီးများအပါအဝင် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိ

ဇူလိုင်လ ၂၆ရက်၊ ၂၀၂၅ခုနှစ်။

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်‌ရေး(JOC) အစီအမံဖြင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း(၉) တို့ပူးပေါင်း၍ ဇူလိုင်လ (၂၅)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများနှင့် စစ်သုံးဆက်စပ်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးသေဆုံး၊ (၂၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိကာ စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်(၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

အလားတူ ကျောက်ကြီးမြို့နယ်၊ လက်ပတ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ အမှတ်(၃၅၀၃)တပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ အမှတ်(၃၇၀၃)တပ်ရင်း၊ တောကျီးကန်းတပ်ရင်း နှင့် KNLA တပ်ရင်း(၈) တို့ပူးပေါင်း၍ ဇူလိုင်လ (၂၅)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်(၁)ဦး မြင့်မြတ်စွာကျဆုံး၍ (၂)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းတိုက်ပွဲများအတွင်း ပိတ်မိနေ‌‌သည့် အကြမ်းဖက်စစ်ကောင်စီ တပ်မိသားစုဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ကြသည်။

#ပြန်ကြားရေး
#အမှတ်(၂)စစ်ဆင်ရေးနယ်မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
👏21
ဘာ အခုမှ ကြောက်ပါပြီလဲ
ဘာမှတောင် မလုပ်ရသေးဘူး
ခွေးပြေးဝက်ပြေး တောင်ပစ်မြောက်ပစ်ပဲ မင်းတို့ဟာကလည်း😅
#နဂါးနီတပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#နွေဦးတော်လှန်ရေး
4👏3
စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်

◼️စစ်ကောင်စီတပ်မှ အထိနာပြီး ပြန်လည်ဆုတ်ခွာ

မိမိတို့ စိုးမိုးနယ်မြေအတွင်းသို့ စစ်ကြောင်းထိုးဝင် ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း(၈)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း၊အမှတ်(၃၅၀၃)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ၊ (၈)ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှာ (၂)နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်မှ (၃)ဦးသေဆုံး၊ (၁၂)ဦးခန့် ထိခိုက်ဒဏ်ရာများရရှိကာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း တော်လှန်‌ရေးတပ်ဖွဲ့များက
လက်နက်ငယ် (၂)လက်နှင့်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။
#နဂါးနီတပ်ရင်း
#ပြန်ကြားရေး
#အမှတ်(၂) စစ်ဆင်ရေးနယ်မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
👏1
တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနယ်မြေအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်

◼️ဗိုလ်ကြီး (၁)ဦးအပါအဝင် (၈)ဦးသေဆုံးပြီး အများအပြားထိခိုက်

စက်တင်ဘာလ ၃ရက်၊ ၂၀၂၅ခုနှစ်။

မိမိတို့ စိုးမိုးနယ်‌‌မြေအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P-29903)၊ အမှတ်(၃၅၀၂) တပ်ရင်း နှင့် KNLA တပ်ရင်း(၈) ပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ၊ (၂)ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး (၁)ဦးအပါအဝင် (၈)ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ငယ် (၇)လက်၊ RPG (၁)လက် နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်မှာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

#နဂါးနီစစ်ကြောင်း
#ပြန်ကြားရေး
#အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
5👏5