Red Dragon Column - နဂါးနီစစ်ကြောင်း
574 subscribers
44 photos
12 videos
စစ်ကြောင်းနှင့် ပတ်သက်သော သတင်းများကို ထုတ်ပြန်သွားပါမည်
Download Telegram
စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်

◼️စစ်ကောင်စီတပ်မှ အထိနာပြီး ပြန်လည်ဆုတ်ခွာ

မိမိတို့ စိုးမိုးနယ်မြေအတွင်းသို့ စစ်ကြောင်းထိုးဝင် ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း(၈)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း၊အမှတ်(၃၅၀၃)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ၊ (၈)ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှာ (၂)နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်မှ (၃)ဦးသေဆုံး၊ (၁၂)ဦးခန့် ထိခိုက်ဒဏ်ရာများရရှိကာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း တော်လှန်‌ရေးတပ်ဖွဲ့များက
လက်နက်ငယ် (၂)လက်နှင့်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။
#နဂါးနီတပ်ရင်း
#ပြန်ကြားရေး
#အမှတ်(၂) စစ်ဆင်ရေးနယ်မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
👏1
တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနယ်မြေအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်

◼️ဗိုလ်ကြီး (၁)ဦးအပါအဝင် (၈)ဦးသေဆုံးပြီး အများအပြားထိခိုက်

စက်တင်ဘာလ ၃ရက်၊ ၂၀၂၅ခုနှစ်။

မိမိတို့ စိုးမိုးနယ်‌‌မြေအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P-29903)၊ အမှတ်(၃၅၀၂) တပ်ရင်း နှင့် KNLA တပ်ရင်း(၈) ပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ၊ (၂)ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး (၁)ဦးအပါအဝင် (၈)ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ငယ် (၇)လက်၊ RPG (၁)လက် နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်မှာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

#နဂါးနီစစ်ကြောင်း
#ပြန်ကြားရေး
#အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
5👏5
ဘယ်သူ့တွန်းအားပေးမှုကြောင့်မှ မဟုတ်ဘဲ
ဒီခရီးကို ကိုယ်တိုင်ရွေးချယ်ခဲ့တာပဲလေ

ငါတို့ရဲ့ရွေးချယ်မှုရည်မှန်းချက်ကြီးက အကြီးကြီးပဲ ဟျောင့်တွေ

ဒါကြောင့်မို့
စုစည်းမှု၊ စည်းလုံးမှုနဲ့အတူ ရင်ဘတ်ချင်းတူ ငါတို့ညီအကိုတွေ အတူတူကျော်ဖြတ်မှ ပန်းတိုင်ကို လျှောက်လှမ်းနိုင်မယ်

#နဂါးနီတပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#နွေဦးတော်လှန်ရေး
7🥰1
တိုက်ပွဲသတင်းထုတ်ပြန်ချက်
---------------------------

တောကျွဲအင်းမြို့ အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်း ဒေသရှိ စစ်စခန်း (၁၄) ခုကို တိုက်ခိုက်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့

ပဲခူးတိုင်း၊ တောကျွဲအင်းမြို့ (အောင်မြင်မြို့)၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ဒေသ အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်း တံတားတွင် အထိုင်ချထားသော စစ်တပ်ကင်းစခန်း အပါအဝင် အကြမ်းဖက်စစ်တပ်စခန်း (၁၄) ခုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇန်နဝါရီလ (၉) ရက်နေ့ နံနက်တွင် တိုက်ခိုက်ချေမှုန်းခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း ဒေသ အောင်မြင်စစ်ဆင်ရေး အဖြစ် ဖော်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၅၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့သည်။

တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား အဆောက်အဦများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့သည်။

ထို့အပြင် တောကျွဲအင်းမြို့ နယ်မြေရဲစခန်းတွင် အကြမ်းဖက်စစ်ကော်မရှင်က မတရားဖမ်းဆီး ချုပ်နှောင်ထားသော ပြည်သူ (၈) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က စိစစ်၍ လွှတ်ပေးနိုင်ခဲ့သည်။

ညောင်လေးပင်မြို့ နှင့် ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန် - မန္တလေးလမ်းဟောင်းတွင်လည်း လုံခြုံရေးဆိုင်ရာ စစ်ဆေး ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့သည်။
လက်ရှိ စစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖ တို့ ဆောင်ရွက်ခဲ့ကြသည်။

ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉) က ပူးပေါင်းစစ်ဆင်ရေးအနေဖြင့် တိုက်ပွဲ ဖော်ဆောင်ခဲ့ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#နဂါးနီတပ်ရင်း
12
Red Dragon Column - နဂါးနီစစ်ကြောင်း pinned «တိုက်ပွဲသတင်းထုတ်ပြန်ချက် --------------------------- တောကျွဲအင်းမြို့ အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်း ဒေသရှိ စစ်စခန်း (၁၄) ခုကို တိုက်ခိုက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ ပဲခူးတိုင်း၊ တောကျွဲအင်းမြို့ (အောင်မြင်မြို့)၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ဒေသ…»