Red Dragon Column - နဂါးနီစစ်ကြောင်း
573 subscribers
44 photos
12 videos
စစ်ကြောင်းနှင့် ပတ်သက်သော သတင်းများကို ထုတ်ပြန်သွားပါမည်
Download Telegram
လက်တလော နဂါးနီစစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားမှုများ💪
"တိုက်၊ပွဲသတင်းထုတ်ပြန်ချက်"
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းသို့ စစ်၊ကူလာသော တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)၊ ခလရ(၂) ဗျူဟာမှူးဦးစီး အင်အား ၁၅၀ ကျော် စစ်ကြောင်း အား မိမိတို့ KNLA တပ်ဖွဲ့များ၊ နဂါးနီစစ်ကြောင်း(RDC)နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တို့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့ပါသည်။
တိုက်၊ပွဲမှာ (၃၀)ရက်နေ့ နေ့လည် (၂)နာရီခန့်မှ စတင်ဖြစ်ပွားခဲ့ပြီး (၃၁)ရက်နေ့ ညနေ့(၅)နာရီ ခန့်တွင် ရန်သူ့စစ်ကြောင်းမှာ တိုးမရပဲ နောက်ပြန်ဆုတ်သွားခဲ့ပါသည်။
ရန်သူ့စစ်ကြောင်းမှာ မိမိတို့တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့မှုအားဖောက်ထွက်နိုင်ရန် အမှတ်(၄)တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ ၁၅၅ မမ ပစ်ကူများ၊ Jet Fighter(၂)စီးဖြင့် (၄)ကြိမ်၊ Y 12 လေယာဉ်ဖြင့် ဗုံး၊သီးများ၊ ဗျူဟာစခန်းအတွင်းမှ ၈၁ မမ ပစ်ကူများ အသုံးပြုခဲ့ပါသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့ မနက်မှ စ၍ တစ်နေ့လုံး တိုက်၊ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ ရန်သူ့ဘက်မှ Jet Fighter (၃)စီး (၆)ကြိမ်၊ Y 12 ဖြင့် ဗုံးသီးများ ကြဲခြင်း၊ ၁၅၅ မမ၊ ၈၁ မမ များ ပစ်ကူများ အဆမတန် ထပ်မံအသုံးပြုခဲ့ပါသည်။
တိုက်၊ပွဲများအတွင်း ရန်သူ့စစ်ကြောင်းထံမှ လက်၊နက်ငယ် (၁၅)လက် သိမ်းဆည်းရရှိခဲ့ပြီး
ရန်သူ့ဘက်မှ (၃၄)ဦးခန့် thayဆုံးပြီး ဒဏ်ရာရဦးရေ (၅၀)ဝန်းကျင် ရှိကြောင်း စစ််််််််မြေပြင်််််သတင်းအတည်ပြုချက်အရ သိရှိရပါသည်။
လက်ရှိတွင် အနန်းကွင်းဗျူဟာစခန်းအတွင်း ရန်သူ့အင်အား(၂၀၀)ကျော်ဖြင့် ရှိနေပြီး မိမိတို့ဘက်မှ ဆက်လက် ပိတ်ဆို့တိုက်၊ခိုက်နေဆဲဖြစ်ပါသည်။
👍11👏31
Red Dragon Column - နဂါးနီစစ်ကြောင်း pinned «"တိုက်၊ပွဲသတင်းထုတ်ပြန်ချက်" ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းသို့ စစ်၊ကူလာသော တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)၊ ခလရ(၂) ဗျူဟာမှူးဦးစီး အင်အား ၁၅၀ ကျော် စစ်ကြောင်း အား မိမိတို့ KNLA…»
Media is too big
VIEW IN TELEGRAM
နှစ်သစ်ကူး တိုက်ပွဲမှတ်တမ်း
28👍4
ဘဘကြီး လှူတဲ့ ကျည်ဆံတွေ😂
ကျေးဇူးပါ မအလရေ😁😁
16👍1👏1
အနန်းကွင်းဗျူဟာစခန်းမှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာရှိ အိမ်ခြေ ၅၀ ဝန်းကျင်အား မီးရှို့ဖျက်စီး

ဇန်နဝါရီ ၂၉ ရက်နေ့ မှ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ အနန်းကွင်းဗျူဟာတပ်စခန်းမှ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူလူထု၏ နေအိမ် အလုံး(၅၀)ဝန်းကျင်အား မီးရှို့ဖျက်စီးခဲ့ပါသည်။

ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်များအား ပစ်မှတ်ထား မီးရှို့ဖျက်စီးသည်ကို မိမိတို့ နဂါးနီစစ်ကြောင်းမှ ဓာတ်ပုံမှတ်တမ်းရယူထားနိုင်ခဲ့ပါသည်။

ဓာတ်ပုံ - အကြမ်းဖက်စစ်ကောင်စီ၏ တပ်များ လူနေအိမ်များအား မီးရှို့ဖျက်စီးနေပုံများ

#အနန်းကွင်းကျေးရွာ
👍2
ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်

◼️ ဒု-တပ်ရင်းမှူးအပါအဝင် (၂၀)ကျော်သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိ

မေလ ၂ရက်၊ ၂၀၂၅ခုနှစ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတို့တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက ဧပြီလ ၂၈ရက်နေ့တွင် တစ်ပြိုင်နက် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

အဆိုပါ စစ်‌ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၄)၊ ဗျူဟာ (၂၅)၊ အမှတ် (၇၈၀၃)တပ်ရင်း(အာဠာဝကစစ်ကြောင်း)၊ အမှတ် (၃၅၀၃)တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဧရာဝတီ အမှတ် (၃)တပ်ရင်း၊ အမှတ် (၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၃၀)ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမြောက်အများကို သိမ်းဆည်းရရှိခဲ့သည်။
🫡8👍3👏31
အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ တိုက်ပွဲသတင်းထုတ်ပြန်ချက်။

◼️ ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း (၉)ခုကို တိုက်ခိုက်ဖျက်ဆီး

ဇွန်လ ၂၅ရက်၊ ၂၀၂၅ခုနှစ်။

ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်များအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့်စခန်း (၉)ခုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် KNLA တပ်ဖွဲ့များက ဇွန်လ (၂၅)ရက်၊ မနက်အစောပိုင်းတွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ ရဲအုပ်တစ်ဦး အပါအဝင် စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးရရှိခဲ့သည်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၆)လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

၎င်းတိုက်ခိုက်မှုများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ အာဠာဝကတပ်ရင်း၊ အမှတ်(၃၅၀၃) တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပဲခူးတိုင်းစစ်ဌာနမှ ပဲခူးတိုင်းအတွင်း စစ်ဆင်‌‌ရေးများကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိသဖြင့် ပြည်သူများအနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#နဂါးနီစစ်ကြောင်း
#ဗျူဟာ၂၄
#ပြန်ကြားရေး
#အမှတ်(၂) စစ်ဆင်ရေးနယ်မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
3🥰1