𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
309 subscribers
305 photos
4 videos
5 links
United States/European History
အမေရိကန်/ဥရောပသမိုင်းများ
Download Telegram
😳When everyone in the world is making mistakes and pretending to be normal, if someone finds the truth, they will be labeled as crazy.The truth may be a much worse nightmare than the normal state most people accept.That's why, even if you're right, people will avoid you because they think you're crazy, just like Squidward in the picture. Do you understand what I'm saying! There is no real good or evil in the world, only rules set by people.Therefore, since there is no absolute truth in this world, do not believe in anything that is truly true or truly false.A person who knows the truth is not only isolated in a crowd,..but is also branded as a villain and cast out by society.

-RAIDEN_KT

#RAIDEN_KT #Kyawthet #SubscribeNow #history #RAIDEN_KT
Please open Telegram to view this post
VIEW IN TELEGRAM
❤2🗿1
The channel's pfp is changing.The reason is that I don't like it much.
❤4
လစ်ဘာတေးရီးယန်းဝါဒဆိုတာဘာလဲ ဘာလို လစ်ဘရယ်ဝါဒနဲ့ ဆက်စပ်‌နေတာလဲ သူတို့နှစ်ခုရဲ့ လွတ်လပ်ခွင့်ဆိုတဲ့ သဘောတရားကကော တူညီသလားဆိုတာ ကျွန်တော်တို့ဆွေးနွေးကြည့်ရအောင်...ပထမဦးဆုံးအနေနဲ့ လစ်ဘာတေးရီးယန်းဝါဒဆိုတာဘာလဲလို့ မေးလာခဲ့လျှင် ဒီဝါဒဟာ လောကမှာ လူသားတစ်ဦးရဲ့ ဖြစ်တည်လာခြင်းရဲ့ အမြင့်ဆုံး တန်ဖိုးဟာ မိမိ၏ဘဝအတွက် မိမိကိုယ်သာစိတ်ကြိုက်ရေးဆွဲခွင့် ရှိတယ်လို့ ဖြေရပါလိမ့်မယ်။ ဘာလိုလဲဆိုရင် ကျွန်တော်တို့ဟာ မိမိတန်ဖိုးကို ကိုယ်ပိုင် တ်ိုင်းတာခွင့်ရှိတဲ့ Individual Liberty ရှိနေလို့ပါပဲ၊ ဒါက လစ်ဘာတေးရီးယန်းဝါဒရဲ အဓိက မဏ္ဌိုင်ဖြစ်ပါတယ်။ ဒီဝါဒဟာ လူသားတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ပြဌာန်ခွင့်နဲ့ မိမိ၏ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အမြင့်မြတ်ဆုံးသော ကိုးကွယ်ရာအဖြစ်သတ်မှတ်ထားတဲ့ လူ‌နေမှုဒဿနတစ်ခုဆိုရင်မမှားနိုင်ပါ။ လူတစ်ဦးဟာ လုံးဝဥသာန်မိမိ ဘဝကို ကိုယ်တိုင်း စီမံပိုင်ခွင့်အပြည့်အဝရှိရပါ့မယ်။ ကျွန်‌တော်တို့ဟာ လူတစ်ဦးတစ်ယောက်ရဲ့ ဗိုလ်ကျစိုးမိုးချယ်လှယ်ခွင့်ရှိတဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို၊ နိုင်ငံတော်ဆိုတဲ့ စက်ယန္တရားကြီးရဲ့ ကြိုးဆွဲရာက‌နေရတဲ့ ရုပ်သေးရုပ်တွေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ မိမိကြမ္မာမိမိ ဖန်တီးရမည်သူများသာ ဖြစ်ပါတယ်။ကျွန်တော်တို့အတွက် လွတ်လပ်ခွင့်ဆိုတာ မိုးကောင်းကင်‌ပေါ်က ကျလာတဲ့ ဆုလာဘ်မဟုတ်ဘူး၊ ဒါဟာကျွန်တော်တို့ မွေးကထဲက ပါလာတဲ့ အခွင့်အရေးပါ။ အဲဒီအခွင့်အရေးကို အစိုးရက ပေးလို့ရတာ မဟုတ်သလို၊ ဘယ်အာဏာပိုင်ကမှလည်း လာရောက်ပြီး ရုပ်သိမ်းပိုင်ခွင့် မရှိပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်လမ်းကိုယ်သာဖောက်၊ ကိုယ့်အမှားကိုကိုယ်သာတာဝန်ယူပြီး လွတ်လပ်တဲ့ လေထုကို ရှူရှိုက်ခွင့်ရခြင်းထက် သာလွန်တဲ့ လူသားဆန်မှုဟာ လောကမှာ မရှိနိုင်တော့ပါဘူး။

လူတစ်ဦးအတွက် စစ်မှန်တဲ့ လွတ်လပ်ခွင့်ဆိုတာဟာ သူတစ်ပါးကို မထိခိုက်သရွေ့ မိမိယုံကြည်ရာကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်ခြင်းပင်ဖြစ်ပါတယ်။ တချို့ကအစိုးရရဲ့ လက်ဝါးဖြန့်ဝေမှုကိုမျှော်လင့်နေတတ်ပါတယ်၊ သူတို့ဟာ ငါတို့ကို အစိုးရကဘယ်လိုမျိုးထောက်ပံ့မလည်းဆိုတဲ့ အမှီအခိုအားပြုသည့် အတွေးခေါ်မျိုး(အရပ်စကားအရ ဆင်နိ ခွေးမျှော်) နဲ့ မျှော်လင့်နေတတ်ကြတယ်၊ ဤမျှော်လင့်ချက်က မိမိဘဝအမှီအခိုကင်း ဖို့အတွက်မိမိဘာသာ မိမိရဲ့လွတ်လပ်ခွင့်ကိုရိုက်ချိုးလိုက်ခြင်းပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မည်သူတစ်ဦးတစ်‌ယောက်၏ အင်အားကို မျှော်လင့်နေမည်အစား မိမိရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရုန်းကန်ရတဲ့ ဘဝဟာ ပိုပြီး ဂုဏ်သိက္ခာရှိလှပါတယ်။ သို့သော် လစ်ဘာတေးရီးယန်းတစ်ဦးဖြစ်ခြင်းဟာ လွယ်ကူတဲ့ လမ်းစဉ်နောက်လိုက်သူတော့မဟုတ်ပါ၊ ၎င်းတို့ဟာ အစိုးရရဲ့ အကာကွယ်ပေးမှုကို လုံးဝအားကိုးမည့် သူ‌တွေမဟုတ်ပဲ သူတို့ရဲ့ ခြေထောက်ပေါ် သူတို့ ရပ်တည်နိုင်တဲ့ သတ္တိမျိုးကို လိုအပ်ကြပါတယ်။ ကျွန်တော်တို့ဟာ တစ်ခါတလေ အများအကျိုးအတွက်" ဆိုတဲ့ စကားလုံးလှလှလေးတွေအောက်မှာ ကိုယ့်ရဲ့ လွတ်လပ်ခွင့်တွေကို အစိုးရဆိုတဲ့ ယန္တရားကြီးဆီ အပေါင်နှံမိတတ်ကြတယ်။ ဒါပေမဲ့ သတိပြုဖို့က... လှောင်အိမ်ဟာ ရွှေနဲ့လုပ်ထားတာပဲဖြစ်‌စေ၊ သံနဲ့လုပ်ထားတာဖြစ်စေ ငါတို့ရဲ့ လွတ်လပ်မှုကို ချုပ်နှောင်ထားသရွေ့တော့ လှောင်အိမ်ဟာ လှောင်အိမ်ပါပဲ ဘယ်တော့မှ သုခဘုံဖြစ်မလာဘူး။ ဒါကြောင့် လွတ်လပ်ခွင့်ဆိုတဲ့ အက္ခရာဟာ စာလုံးသက်သက်ထက် ကျွန်တော်တို့အတွက် အဓိပာယ်အများစွာ ပိုမိုကြီးကျယ် တယ်ဆိုတာသိထားသင့်ပါတယ်။
❤3
ဒုတိယအချက်အနေနဲ့ လစ်ဘရယ်ဝါဒနဲ့လစ်ဘားတေးရီးယန်းဝါဒတို့ရဲ့ ဆက်စပ်မှုကို ပြောရရင် သူတို့နှစ်ခုက မိခင်တစ်ယောက်ထဲက မွေးဖွားလာတဲ့ ညီအစ်ကိုတွေလို့ပါပဲ။ သူတို့ရဲ့ မိခင်ဆိုတာကတော့ ၁၇နဲ့၁၈ရာစုလောက်က ပေါ်ထွန်းခဲ့တဲ့ Classical liberalismဆိုတဲ့ဂန္တဝင် လစ်ဘရယ်ဝါဒဖြစ်ပါတယ်။ ခေတ်ကာလအရ လစ်ဘားတေးရီးယန်းနဲ့ လစ်ဘရယ်ဟာ ဆင်တူ‌သလိုရှိပေမယ့် ကွဲပြားနေတာတွေ့ရပါတယ်။ ဒီဝါဒနှစ်ခုက Libertyဆိုတဲ့ လွတ်လပ်မှုကနေ စတင်မြစ်ဖျားခံလာခဲ့ရာ အရင်ူအမြစ်တစ်ခုထဲက ဆင်းသက်ခဲ့ကြသည်မှာ မှန်ပေမယ့် လက်တွေ့အသုံးချပုံဟာ သိသိသာသာ လမ်းလွဲသွားခဲ့ပါတယ်။ သူတို့တို့နှစ်ခုရဲ့ကွဲလွဲသွားမှုကအရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ် ဘာလိုလဲဆိုရင် ဝါဒနှစ်ခုလုံးကို အခြေခံလွတ်လပ်ခွင့်‌တွေ ကြတော့ တူညီပြီး အခြေခံတန်ဖိုးတွေက ဘာအတွက်ကြောင့် မတူရတာလဲဆိုတာစဉ်းစားစရားတစ်ခုပါ။ ဒါကြောင့်သူတို့နှစ်ခုကို လက်တွေ့ကျကျ ယှဉ်ပြီးသုံးသပ်ရရင် လစ်ဘာတေးရီးယန်းတွေက ငါတို့ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိရမယ်၊ ငါတို့ဟာငါတို့ဘဝအတွက်အရှင်သခင်တွေ့ဖြစ်ကြတယ် ဘယ်အစိုးရဘယ်ပုဂ္ဂိုလ်မျှငါတို့ရဲ့ သဘောထားမပါဘဲ ငါတို့ဘဝကို စိုးမိုးခြယ်လှယ်ခွင့်မရှိဘူး၊ အစိုးရဆိုတာ လူတွေရဲ့နေစဉ်ဘဝထဲ ဇွတ်တိုးဝင်ပြီး "ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့" ဆိုပြီး တားရမယ်အုပ်ထိန်းသူမဟုတ်ပါ၊ သူကငါတို့ရဲ့နေ့စဉ်ဘဝတွေကိုကာကွယ်ပေးတာ၊ ခိုးဆိုးလုယက်မှုတွေ၊ ရာဇဝတ်မှုတွေကိုကာကွယ်ပေးဖို့ ပြည်သူ လူမှုဖူလုံးရေးနဲ့ စာချုပ်စာတမ်းဖျောက်ဖျက်မှုတွေကိုသာ ဖြေရှင်းဖို့တာဝန်အပ်ထားတဲ့ ဝန်ထမ်း၊ အလုပ်သမား သာသာ့ သာဖြစ်တယ်။ အဲဒါကြောင့် ဒီလစ်ဘာတေးရီးယန်းဝါဒဟာ လစ်ဘရယ်ရဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်နဲ့ Individualism မှာတော့ အခြေတည်ထားပြီး အစိုးရရဲ့ the role of state အပေါ်လုံးဝဆန့်ကျင်နေပါတယ်။ တစ်ဖက်မှာလည်း လစ်ဘရယ်ဝါဒဟာ လစ်ဘာတေးရီးယန်းဝါဒလိုပါပဲ မိမိဘဝဟာမိမိအတွက်တော့အရှင်သခင်ပါပဲ ဒါပေမယ် လူသားအားလုံးကတူညီတဲ့အရှင်သခင်တွေလို့ လစ်ဘရယ်တွေက ယုံကြည်ကြတယ် မင်းဟာသူတစ်ပါးအပေါ်ဗိုလ်ကျချယ်လှယ်လို့မရဘူး မင်းမှာမင်းတန်ဖိုးရှိသလို့ လူတိုင်းမှာလည်း သူတို့ရဲ့တန်ဖိုးရှိတယ် ဂုဏ်သိက္ခာအားလုံးဟန်ချက်ညီရမယ်။ လစ်ဘရယ်ဝါဒမှာ လူ‌မှုရေးအသိုင်းအဝိုင်းအားလုံးဟာ တရားဥပဒေအောက်မှာ တန်းတူညီတဲ့အခွင့်အရေးအပြည့်အဝရှိပါတယ်။ သို့သော်Social Safety Netမှာ လစ်ဘာတေးရီးယန်းဝါဒဟာ လစ်ဘရယ်ဝါဒနဲ့ သိသိသာသာစတင်ကွဲသွားပါတယ်၊ ဘာလိုလဲဆိုရင် လစ်ဘရယ်သမားတွေက "ဗိုက်ဆာနေတဲ့သူတစ်ဦးဟာ လွတ်လပ်ခွင့် အစစ်အမှန်မရှိဘူး"လို့ သူတို့ကယူဆကြတယ်၊ အစိုးရဆိုတာ ကာကွယ်ပေးနေတဲ့ဝန်ထမ်းတစ်ဦးထက်ပိုတယ် ငါတို့ရဲ့ကျန်းမာရေး၊ ပညာရေးနဲ့ အခွင့်အရေးတန်းတူရအောင် ထောက်ပံ့ပေးသူတစ်နည်းအားဖြင့်Enabler အဖြစ်လည်း ရှိသင့်တယ်လို့မြင်ကြပါတယ်။ဥပမာအနေနဲ့ ဒီဝါဒတစ်ခုကို လိုရင်းပြောရရင် Libertarian ဟာ ခြံစည်းရိုးခတ်ထားတဲ့ အိမ်လေးတစ်လုံးလိုပဲ ခြံထဲကို ဘယ်သူ့ကိုမှ အဝင်မခံဘဲ ကိုယ့်စွမ်းအားနဲ့ ကိုယ်နေထိုင်ချင်သူတွေဖြစ်တယ်။တစ်ဖက်Liberal ကတော့ လူတိုင်းဟာ ခြံထဲကိုဝင်ထွက်သွားလာလို့ရပါတယ်၊ အားလုံးအတွက် ထိုင်ခုံတွေ၊ ပန်းပင်တွေရှိတဲ့ အများသုံးပန်းခြံတစ်ခုကို တည်ဆောက်ချင်သူ ဖြစ်ကြပါတယ်။

နိဂုံးချုပ်ရရင် ဤဝါဒနှစ်ခုဟာမူလဇစ်မြစ်တူကြပါတယ် သို့သော်လစ်ဘရယ်နှင့် လစ်ဘာတေးရီးယန်းဝါဒတို့ရဲ့ တန်းဖို ကွဲလွဲနေတာဟာ ခေတ်သစ်နိုင်ငံရေးလောက၏အားနည်းချက်တစ်ခုပင်ဖြစ်သည်။

RAIDEN KT
Historian
#RAIDEN_KT #Kyawthet #history #Historian #RAIDEN_KT
❤4
"အရင်းရှင်စနစ်ဆိုတာက... အယုတ်ညံ့ဆုံးသော လူတွေဟာ သူတို့ရဲ့ အယုတ်ညံ့ဆုံးသော လုပ်ရပ်တွေကို လုပ်ဆောင်ရင်းနဲ့ပဲ လူတိုင်းအတွက် အကောင်းဆုံးအကျိုးရလာဒ်တွေကို ဖြစ်ထွန်းစေလိမ့်မယ်လို့ အံ့ဩတုန်လှုပ်ဖွယ်ရာ ယုံကြည်ထားတဲ့ အယူအဆတစ်ခုပဲ ဖြစ်ပါတယ်။"

-J. Keynes

#RAIDEN_KT #HistoryVibes #SubscribeNow #Kyawthet #Historian
❤6
ဒီပုံလေးက ကျွန်တော်တို့လို သမိုင်းတွေလေ့လာနေတဲ့သူတွေအတွက် အရမ်းကို မြင်ရခဲလှတဲ့ ရှားပါးပုံလေးတစ်ပုံဆိုရင် မှားမယ်မထင်ပါ။ ဒါဟာ ရုရှားအင်ပါယာကြီးရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ရိုမန်နော့ဗ် မိသာစုထဲက မင်းသမီးလေးနှစ်ပါးရဲ့ ျပျာ်ရွှင်နေတဲ့ အခိုက်အတန့်လေးဖြစ်တဲ့အချိန်မှာ လျှပ်တပြတ်ရိုက်ကူး ခဲ့တဲ့ပုံလေးပါ။ ဒီမင်းသမီးလေးနှစ်ဦးမှာ အပေါ်ကရယ်နေတဲ့သူက ရုရှားရဲ့ နောက်ဆုံး ဇာဘုရင်ကြီး နိကိုးလပ်စ်၂ရဲ့ တတိယမြောက်သမီးတော်လေး မာရီယာနဲ့ အောက်မှာ မျက်နှာကွိပြီးပြောင်ဆပ်ဆပ်လုပ်နေတဲ့သူဟာ အငယ်ဆုံးသမီးအထွေလေး မင်းသမီးအန်နာစတာစီယာ တို့ဖြစ်ကြပါတယ်။ သူတို့မောင်နှမတွေဟာ အရမ်းချစ်ကြတာကြောင့် "The Little Pair" လို့ လူတွေ့က ချစ်စနိုးနဲ့ခေါ်ကြပါတယ်။

အဓိကပြောချင်တာဟာ ဘာလိုဒီပုံလေးကထူးခြားနေရသလဲဆိုရင် အဲဒီခေတ်အဲဒီအခါက တော်ဝင် မိသာစုဝင်တွေဟာ ပုံတွေရိုက်တဲ့အခါ ကျောက်ရုပ်လို့ တောင့်တောင့်တင်းတင်းကြီးနဲ့ ရိုက်လေ့ရှိကြတယ်။ ဒါပေမယ့် ဒီပုံမှာက မင်းသမီးလေးတွေဟာ သာမန်ကလေးတွေလို့ တစ်ယောက်နဲ့တစ်ယောက်က စနောက်ပြီး ကပျက်ကချော်နဲ့ မျက်နှာပြောင်ပြနေတာ တွေ့ဆရိပ်မိပါတယ်။ဒါဟာသူတို့ရဲ့ တော်ဝင်ဂုဏ်ဒြပ်တွေရဲ့ နောက်ကွယ်က ကလေးဆန်တဲ့ ပျော်ရွှင်မှုတွေကိုဖော်ပြနေတာဖြစ်တယ်။ သို့သော်ဒီပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်တွေကိုကြည့်ရတာ စိတ်ချမ်းမြေ့ဖွယ် ကောင်းမယ်ထင်ကောင်းထင်နိုင်ပေမယ့် သူတို့မိသာစုရဲ့နိဂုံးကတော့ တကယ်ကို ဝမ်းနည်းဖွယ်အတိပါပဲ။ ဘာလိုလဲဆိုရင် ၁၉၁၇ရုရှားတော်လှန်ရေး ဖြစ်ပွားခဲ့တဲ့အခါ ဒီမင်းသမီးလေးတွေနဲ့ သူတို့ရဲ့မိသားစုတစ်ခုလုံးဟာ ဘော်ရှီဗစ် ရုရှားတော်လှန်းရေးသမားတွေရဲ့ လက်ချက်နဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ဒီပုံဟာ သမိုင်းထဲမှာ အာဏာရှိသူတွေ၊ မင်းစိုးရာဇာတွေဆိုတာထက် သွေးနဲ့သားနဲ့တည်ဆောက်ထားတဲ့ သာမန်မိသားစုလေးတစ်ခုလိုဘဲ ဆိုတာ ကျွန်တော်တို့ကို သတိပေးနေသလိုပါပဲ၊ သူတို့မှာလည်း ငါတို့လို ရယ်တတ်မောတတ်၊စနောက်တတ်တဲ့ အချိန်လေးတွေ ရှိခဲ့ဖူးတယ်ဆိုတာကိုဒီပုံလေးကသက်သေပြနေပါတယ်။

RAIDEN_KT
Historian
#Historian #history #RAIDEN_KT #HistoryVibes #Kyawthet
❤5
"ကျွန်တော် အမေရိကန်က လူ‌တွေကို အစိုးရအတွက် အလုပ်လုပ်ပေးရတာကို ပိုပြီးလျော့နည်းစေချင်တယ်။
သူတို့အဖို သူတို့ရဲ့ ကိုယ်ပိုင်စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ကာ သူတို့၏ ကြိုးစားမှုအတွက် ကိုယ်ပိုင်ဆုလာဘ်ရရှိစေချင်တယ်။
သူတို့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုက ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို သူတို့ကိုယ်တိုင် ခံစားပိုင်ခွင့် ရှိတယ်ဆိုတာ ကျွန်တော်အပြည့်အဝထောက်ခံပါတယ်။
ဒါဟာ 'လွတ်လပ်မှု' ရဲ့ အဓိက အနှစ်သာရပဲ ဖြစ်ပါတယ်။"

-Calvin Coolidge
-အမေရိကန်သမ္မတ

#HistoryVibes #RAIDEN_KT #Kyawthet #Calvin #Coolidge
❤4
ဒီနေကနေ့ခေတ်မှာ အမေရိကန်လို အင်အားကြီးနိုင်ငံကို နိုင်ငံတိုင်းအလွန်အမင်း အားကျလိမ့်မယ်ဆိုရင် ဤယူဆချက်ဟာ လုံးဝမှားမယ်မထင်ပါ။ အမေရိကန်လိုအဘက်ဘက်မှ ပြီးပြည့်စုံသော နိုင်ငံကြီးအပြင် သူ၏ကျော်ကြားလှသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ကမ္ဘာနိုင်ငံအတော်များများမှ အတုယူနိုင်လောက်အောင် ဒီမိုကရေစီအားကောင်းလှသည်။ သို့သော် ဤကျော်ကြားမှု၏ မူလအစ၌ အမေရိကန်ပြည်ထောင်စုဟူ၍မပေါ်ပေါက်လာမည်အချိန်၌ ဒီနိုင်ငံဟာဗြိတိသျှကိုလိုနီလက်အောက်၌ အဖိနှိပ်ခံ အုပ်ချုပ်ခံခဲ့ရသည်။ ဗြိတိသျှတို့၏ ဖိနှိပ်မှုကြာရှည်မခံနိုင်တော့သော အမေရိကန်ကိုလိုနီနယ်သားတွေအဖို တော်လှန်ရေးဆင်နွဲရန်မှအပ အခြားရွေးချယ်စရားမရှိတော့ပေ။ ပထမဆုံး အမေရိကန်တော်လှန်ရေးဖြစ်ပေါ်လာရတြဲအကြောင်းအရင်းဟာ အခွန်ကိစ္စမှ ဖြစ်ပေါ်ခဲ့သည်။ ဗြိတိသျှတို့သည်၁၇၅၄ခုနှစ်မှ၁၇၆၃ခုနှစ်အထိ ၉နှစ်ကြာအောင် ပြင်သစ်နှင့်အတူ မြောက်အမေရိကာနယ်မြေလု စစ်ပွဲတွေဆင်နွဲ့ခဲ့ရသည်။ စစ်ပွဲအကျိုးရလဒ်တွင် နေမဝင်အင်ပါယာဆိုတဲ့အတိုင်း ရှုံးပွဲမရှိ ပြင်သစ်ကိုအနိုင်ရခဲ့ပြန်သည်။ သို့သော် ဗြိတိသျှသည် စစ်ပွဲအတွင်း၌အသုံးပြုသောစစ်အသုံးစရိတ်ကြောင့် သူတို့ရဲ့ ဘဏ္ဌာ‌တိုက်ကြီးဟာ ပြောင်သလင်းခါသွားစေသည့်အထိ ငွေကြေးအခက်အခဲတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ဤစစ်ပွဲပြီးဆုံးသည့်နောက် ဗြိတိသျှတို့အဖို့ ပေါင်စတာလင် သန်း၁၄၀ ကျော်အကြွေးတင်သွားခဲ့သည်။ ဗြိတိသျှတို့သည် မြောက်အမေရိကာ၌ စစ်ပွဲများစွာအနိုင်ခဲ့သည်ဆိုပေမယ့် အဲဒီနယ်မြေတွေကို နောက်ထပ် မဆုံးရှုံးရလေအောင် ဗြိတိသျှစစ်သား ၁သောင်းခန့်ကို အမြဲတမ်း တပ်စွဲစေခဲ့သည်။ ဒီဖြစ်ရပ်ဟာ ဗြိတိသျှတို့အတွက် ကျီးလန့်စာ စားနေရသလို့ ရတယ့်မအေးဖြစ်နေရပြီး အနိုင်ရနယ်မြေတွေကို ပြင်သစ်တို့ထပ်မံ လက်ဦးမှုမရှိစေရန် ကာကွယ်ထားခြင်းဖြစ်ပြီး ပြင်သစ်‌တို့ကလည်း အမေရိကန်တော်လှန်းရေးသမားများကို ကူညီပံ့ပိုးကာ အမေရိကန်ကို ဗြိတိသျှတို့၏ လက်ထဲမှ ကယ်တင်ခဲ့သည်။ ဒါကြောင့်ဗြိတိသျှတို့ဟာ အမေရိကာတိုက်ကို လက်မလွှတ်ရလောက်အောင် အဘက်ဘက်မှပိုမိုဖိနှိပ်လာခဲ့ကြသည်။ အထင်းရှားဆုံးနဲ့ ပထမဆုံး အမေရိကန်ကိုလိုနီသားတွေ ဒေါသထွက်စေခဲ့တဲ့ လုပ်ရပ်တစ်ခုကို ဗြိတိသျှပါလိမန်က ၁၇၆၇မှာ ဥပဒေအသစ်တစ်ခုအဖြစ် အတည်ပြုပြဌာန်ခဲ့သည်။ ဤဥပဒေဟာ အမေရိကန်သမိုင်းမှာအကျော်ကြားဆုံး ပုန်ကန်မှုဟာ ၁၇၇၃ခုနှစ်မှာ ဖြစ်လာမယ့် Boston Tea Partyပြဿနာပါ၊ ဒီဥပဒေအသစ်ဟာ အမေရိကန်တော်လှန်ရေးကိုအဓိကလမ်းစဖွင့်ပေးခဲ့သည်။ ၎င်းဥပဒေထူးခြားချက်ဟာ အခွန်တိုးကောက်ရန်မဟုတ်ဘဲ၊ လက်ဖက်ရည်ဈေးနှုန်းကို လျှော့ချခြင်းသက်သက်သာဖြစ်သည်။

ဘာကြောင့်အခုလို ဗြိတိသျှပါလိမန်ကရည်ရွယ်ရှိရှိ အခွန်တိုးမကောက်ဘဲ လက်ဖက်ရည်ဈေးကွက်ကို လျှော့ချရသလဲဆိုရင် အဲ့ဒီကာလမှာ ဗြိတိသျှပိုင် East India Companyမှာ လက်ဖက်ရည်များစွာပိုလျှံ နေခဲ့လိုဖြစ်ပြီး ကုမ္မဏီဟာ လက်ဖက်ရည်ပိုလျှံနေသည့်အတွက် ဒေဝါလီခံရမည် အခြေအနေမှ ရှောင်လွဲရန် ပါလိမန်သို့ ဥပဒေအသစ်ထုတ်ရန် တင်ပြခဲ့ဖြစ်သည်။ ပါလိမန်ရဲ့ အယူအဆအရလည်း ကုမ္မဏီက လက်ဖက်ရည်တွေကို အမေရိကန်သို့ တိုက်ရိုက် ရောင်းချခွင့်ပြုပေးပြီး ဈေးနှုန်းကို လျှော့ချလိုက်ရင် အမေရိကန်တွေက ဝမ်းသာအားရနဲ့ဝယ်ယူကြလိမ့်မယ်၊အဲဒီအခါ အခွန်လည် အလိုလိုပါသွားပြီးသား ဖြစ်မယ်လို တွေးခဲ့ကြသည်။ ဒါပေမယ့် အမေရိကန်တွေ ဗြိတိသျှရဲ့ အကွက်ကို ရိပ်မိပြီးသာဖြစ်သည်။ အမေရိကန်တွေက ငါဟာတို့ဟာ လက်ဖက်ရည်ရဲ့ ဈေးသက်သာတာကိုမက်ပြီး ဒီလက်ဖက်ရည်တွေကို ဝယ်လိုက်ရင် သူတို့ပါလိမန်ရဲ့ အခွန်ကောက်ပိုင်ခွင့်ကို ငါတို့ကထောက်ခံသလို ဖြစ်သွားမယ် ဒါကြောင့်ငါတို့ လုံးဝမဝယ်ဘူးဟု ဆုံဖြတ်ခဲ့သည်။ အဲလိုနဲ့ ဒေါသထွက်နေတဲ့အမေရိကန်သားတွေဟာ Sons of Libertyဆိုတဲ့ အဖွဲ့ကိုဖွဲ့စည်းလိုက်ပြီး ပုံမှာ‌‌ဖော်ထားသလို တင်ပို့လာတဲ့လက်ဖက်ရည်တွေကို ဘောစတွန့် ဆိမ်းကမ်းမှာ လက်ဖက်ရည်‌သေတ္တာပေါင်း ၃၄၂လုံးကို ‌ပင်လယ်ထဲအကုန်ပစ်ချခဲ့သည်။ အထူခြားဆုံးက ပုံရဲ့အလယ်မှာတွေ့တဲ့လူက John Malcolmဆိုတဲ့ ဗြိတိသျှအကောက်ခွန်အရာရှိတစ်ဦးပါ၊ သူဟာ ကလေးတစ်ယောက်က်ု တုတ်နဲ့ရိုက်ဖို့ လုပ်ရာကနေ ဒေသခံတွေနဲ့စကားများကြပြီး ဒေသခံတွေဟာ သူကို အတင်းချုပ်ပြီး အဝတ်အစားတွေချွတ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ပူလောင်နေတဲ့ ကတ္တရာစေးတွေ လောင်ချ၍ ငှက်မွှေးတွေနဲ့ကပ်လိုက်ကာ ပါးစပ်ထဲ လက်ဖက်ရည်အတင်းလောင်ချပြီးထားသည်။ ဒါဟာ ဗြိတိသျှတို့၏ လက်ဖက်ရည် အခွန်အဆမတန်ကောက်ယူခြင်းကို ဂရုမစိုက်ကြောင်းလှောင်ပြောင်လိုက်ခြင်းဖြစ်သည်။ ကျွန်တော်အတွက် ဒီပုံရိပ်ဟာ နှစ်လိုဖွယ်မရှိပေမယ် အဖိနှိပ်ခံပြည်သူတွေ၏ ဒေါသဟာ အရမ်းကြောက်ဖို့ကောင်း ကြောင်း ဤပုံတစ်ခုတင် အခိုင်အမာသက်သေပြနေသည်။
❤5
ဗြိတိသျှပါလိမန်ဘက်တွင်လည်း ငါတို့ကမင်းတို့ကို ကာကွယ်ပေးထားတာ၊အခွန်တိုးကောက်တာ မျှတပါတယ်လို့ ချေပကြတာပေါ။ ဒါပေမယ်အမေရိကန်တွေရဲ့အမြင်အရလည်မှန်ကန်ခဲ့ပါတယ်။ ဘာလိုလဲဆိုရင် သူတို့ကဗြိတိသျှ-ပြင်သစ် စစ်ပွဲမှာ လူအင်အား၊ ငွေအင်အားပါ ပါဝင်ပေးခဲ့လိုဘဲဖြစ်တယ်။ နောက်ပြီး အမေရိကန်အခြေချသူတွေက ဤဥပဒေကို ဆန်ကျင်တာကလည်း အရမ်း သဘာဝကျနိုင်ပါတယ် ဘာလိုဆို
အခြေချနေထိုင်သူတွေက "No Taxation Without Representation"ဆိုပြီး လွှတ်တော်မှာ ငါတို့ကိုယ်စားလှယ်မပါဘဲ ငါတို့ဆီက အခွန်မကောက်နဲ့ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆန့်ကျင်ခဲ့တာ အရမ်းကိုမှ မှန်ကန်တယ်လို့ ယုံကြည့်မိတယ်။ ဒီဥပဒေရဲ့ ပြဿနာမှာ ဗြိတိသျှတွေက အမေရိကန်သားတွေကို အရမ်းလျှော့တွက်မိတဲ့အမှားတစ်ခုပါ။ ဗြိတိသျှတွေဟာ ငါတို့ကဈေးလျှော့ပေးရင် သောက်ငတုံးအမေရိကန်တွေက ကျေနပ်မှာဘဲ ထင်ခဲ့တာပေါ၊ ဒါမယ်အမေရိကန်တွေအဖို့ ငါတို့ဘာသာ တစ်ပြားဘဲပေးရ ပေးရ တစ်ကျပ်ဘဲပေးရ ပေးရ ငါတို့သဘောမတူဘဲ အခွန်တိုးကောက်တာ ငါတို့လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ တစ်ဖက်ကလျှော့တွက်မိတဲ့ ပြဿနာနဲ့ ထိစပ်ရင် အမေရိကန်တော်လှန်ရေးကြီးစတင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံသစ်တည်ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရဲ့အစပိုင်းမှာ ငါတို့ရဲ့ အခွင့်အရေးကို ထိပါးလို့မရဘူးဆိုတဲ့ ခုခံကာကွယ်မှုတွေနဲ့ အတူ သာမန်လယ်သမားတွေ၊ လက်ဖက်ရည်သမားတွေက ကမ္ဘာအင်အားအရမ်းကြီးမားတဲ့ ဗြိတိသျှစစ်တပ်တစ်ခုလုံးကို ရင်ဆိုင်ဖို့ ဆုံဖြတ်ချက်ချလိုက်တဲ့ အမေရိကန်ရဲ့ ပထမဆုံးသမိုင်းရဲ့ အစပြုမှုတစ်ခု ဖြစ်ပါတော့သည်။

RAIDEN KT
Historian

#RAIDEN_KT #Historian #history #ArtAnalysis #SonsOfLiberty #RAIDEN_KT
❤6
လူတွေကို Harmony နဲ့ Confidence တည်ဆောက်ခွင့်မပေးဘဲ ဖိနှိပ်ထားတဲ့အခါ သူတို့ဟာ "လွတ်လပ်မှု" ကို မသိဘဲ "လွတ်မြောက်မှု" ကိုပဲ သိလာကြပါတယ်။ ဒါကြောင့် လွတ်လပ်ခွင့်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုဟာ "လွတ်လပ်မှုရဲ့ သဘာဝ" မဟုတ်ဘဲ "ဖိနှိပ်ခံရမှုရဲ့ ဘေးထွက်ဆိုးကျိုး" သာ ဖြစ်ပါတယ်။

-RAIDEN KT
❤5
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ၊ မဟုတ်ရင် သေခွင့်ပေးပါ။"

-Patrick Henry

#RAIDEN_KT #HistoryVibes #Patrick_Henry #Kyawthet
❤5
"ဒီကိစ္စကို ပြေလည်အောင်လုပ်ဖို့ အချည်းနှီးပါပဲ။ မင်းသား မင်းသမီးတွေ က ငြိမ်းချမ်းပါစေ၊ ငြိမ်းချမ်းပါစေလို့ အော်ဟစ်ကောင်း အော်ဟစ်နိုင်ပေ မယ့် ငြိမ်းချမ်းရေးတော့ မရှိကြပါဘူး။ စစ်ပွဲက တကယ်စတင်လာပြီ။ မြောက်ဘက်ကနေ တိုက်ခတ်လာတဲ့ နောက်ထပ်လေပြင်းကြောင့် ကျွန်တော်တို့ရဲ့ နားထဲကို ကျယ်လောင်တဲ့ လက်နက်တွေရဲ့ ထိပ်တိုက်တွေ့ မှုကို ယူဆောင်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ လယ်ကွင်းထဲမှာ ရောက်နေကြပါ ပြီ။ ဘာလို့ ဒီမှာ အလဟဿ ရပ်နေကြတာလဲ။ မင်းသား မင်းသမီးတွေ ဘာကို တောင့်တကြတာလဲ သူတို့ ဘာလိုချင်ကြ မှာလဲ အသက်ကို ချည်နှောင်ပြီး ကျွန်ပြုခြင်းရဲ့ တန်ဖိုးနဲ့ ဝယ်ယူ နိုင်လောက်အောင် တန်ဖိုးထားရသလား၊ ငြိမ်းချမ်းရေးက ချိုမြိန်သလား တားမြစ်တော်မူပါ အနန္တတန်ခိုးရှင် ဘုရားသခင်။ တခြားသူတွေ ဘယ်လိုလမ်းကို လိုက်ကြမလဲဆိုတာ ကျွန်တော် မ သိပါဘူး ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ၊ မဟုတ်ရင် သေခွင့်ပေးပါ။"
❤3
၁၇၇၅ ခုနှစ်တွင် Patrick Henry သည် ဗာဂျီးနီးယားပြည်နယ်၊ Richmond ရှိ St. John's ဘုရားကျောင်း၌ကျင်းပသော Virginia Convention o "Give me freedom or give me death!" ဟူသော သူ၏ကျော်ကြားသော မိန့်ခွန်းကို ပြောကြားခဲ့သည်။ ဤစိတ်အားထက်သန်သော မိန့်ခွန်းတွင် ဟင်နရီသည် ဗာဂျီးနီး ယားအား ဗြိတိသျှအုပ်ချုပ်မှုကို တိုက်ဖျက်ရန် တိုက်တွန်းခဲ့ပြီး ဗြိတိန်ထံ ငြိမ်းချမ်းစွာ တောင်းဆိုမှုများ မအောင်မြင်ခဲ့ကြောင်း နှင့် စစ်ပွဲသည် မလွဲမသွေ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ငြင်းခုံခဲ့ သည်။ ကိုလိုနီများတွင် ဗြိတိသျှစစ်တပ်များ တိုးပွားလာခြင်း သည် ကာကွယ်ရန်အတွက် မဟုတ်ဘဲ လက်အောက်ခံရန်အတွက် ဖြစ်ကြောင်း သူက သတိပေးခဲ့သည်။ လွတ်လပ်မှုသည် မည် သည့်ကုန်ကျစရိတ်နှင့်မဆို ထိုက်တန်ကြောင်း ကြေငြာပြီး သူက အစွမ်းထက်သော စကားများဖြင့် နိဂုံးချုပ်ခဲ့သည်။ အခြား သူများ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းနိုင်သည်ကို ကျွန်‌တော်မသိပါ။ သို့သော် ကျွန်ုပ်တော်အတွက်မူ ကျွန်တော်အား လွတ်လပ်ခွင့်ပေးပါ၊ မဟုတ်ပါက ကျွန်တော်အား သေခွင့်ပေးပါ။ သူ၏မိန့်ခွန်းသည် အမေရိကန်တော်လှန်ရေးကို ထောက်ခံမှုကို နှိုးဆွပေးခဲ့ပြီး ဗာဂျီးနီးယားအား တပ်များစုစည်းရန်နှင့် လွတ်လပ်ရေးအတွက် သန္နိဋ္ဌာန်ကို ခိုင်မာစေရန် ဆွဲဆောင်ခဲ့ သည်။ ဟင်နရီ၏ စကားများသည် မျိုးချစ်စိတ်နှင့် ဖိနှိပ်မှုကို ခုခံ တွန်းလှန်ခြင်း၏ ထာဝရသင်္ကေတတစ်ခု ဖြစ်လာခဲ့ပြီး အမေရိကန်လွတ်လပ်ရေးအတွက် တိုက်ပွဲတွင် အဓိကပုဂ္ဂိုလ်တစ်ဦး အဖြစ် သူ၏အမွေအနှစ်ကို ခိုင်မာစေခဲ့သည်။

RAIDEN_KT
Historian
#RAIDEN_KT #Kyawthet #HistoryVibes
❤4
"အမှားလုပ်တတ်တဲ့ လူအုပ်ကြီးဟာ သိုးအုပ်လိုဘဲ၊ တကယ်တမ်း အမှန်တရားရဲ့ လမ်းကြောင်းမှန်ပေါ် က‌‌နေတစ်ယောက်တည်း လျှောက်လှမ်းနေတဲ့ ခြင်္သေ့ကို မြင်ရင် သူတို့ တုန်လှုပ်တတ်ကြတယ်။"

-RAIDEN KT

#Kyawthet #RAIDEN_KT
❤7
အကယ်လို့ငါသေခဲ့ရင်.....ငါရေးထားတဲ့ စာမူတွေ အားလုံးကို မဖတ်ဘဲ မီးရှို့ဖျက်ဆီးပစ်ပေးပါ။

-Franz Kafka
❤4
Kafkaဟာ သူဘဝတစ်လျှောက်လုံးဝမ်းနည်းစရာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ပိုပြီးဝမ်းနည်းစရာအကောင်းဆုံးအချက်မှာ သူရဲ့ လက်ရာစာ‌ပေများကို တန်ဖိုးမရှိသည်ဟု ယူဆခဲ့ခြင်းပင် ဖြစ်သည်။ သူဟာကွယ်လွန်ခါနီးတွင် သူရဲ့သူငယ်ချင်း Max Brod ကို "ငါရေးထားတဲ့ စာမူတွေ အားလုံးကို မဖတ်ဘဲ မီးရှို့ဖျက်ဆီးပစ်ပါ" ဟု မှာကြားခဲ့ပါတယ်။ butကံကောင်းထောက်မစွာဖြင့် Max Brod က အဲဒီကတိကို မတည်ဘဲ ထုတ်ဝေပေးခဲ့သောကြောင့်သာ ယနေ့ခေတ်မှာ Kafka ရဲ့ ပြောင်မြောက်တဲ့ လက်ရာများကို ကျွန်‌တော်တို့ ဖတ်ရှုခွင့်ရတာလည်း ဖြစ်ပါတယ်။ Kafka ရဲ့ဘဝမှာအကြီးမားဆုံးသောအားငယ်မှုကို‌ပြောရရင် သူရဲ့ဖခင် Hermann Kafka ကြောင့်လို့ဆိုရပါလိမ့်မယ်။ ဘာလို့ဆိုရင်သူရဲ့ဖခင်ဟာ သားဖြစ်သူအပေါ် အမြဲတမ်း အပြစ်မြင်ပြီး ဝေဖန်‌ပြောဆို‌နေတတ်လို့ဖြစ်ပါတယ်။ အဲဒီစိတ်နဲ့ကြီးပြင်လာခဲ့တဲ့ Kafka ဟာ သူရဲ့ဖခင်ကို ကြောက်ရွံ့ရသလို တစ်ဖက်တွင်လည်း ဖခင်၏ အသိအမှတ်ပြုမှုကို အမြဲတမ်းလိုလို ငတ်မွတ်နေရရှာပါတယ်။ ဒါကြောင့်သူဟာ သူဘဝတစ်လျှောက်လုံးဖိနှိပ်မှု‌တွေကြောင့် အားငယ်စိတ် နှင့် အပြစ်ရှိစိတ် တွေနဲ့အမြဲတမ်း ရှင်သန်ခဲ့ရပါတယ်။ Kafka ဟာသူဘဝရဲ့ ကြောက်ရွံမှုတွေကနေ ရုန်းထွက်ဖို့ သူကိုယ်ပိုင်စာရေးခြင်းကို အာရုံစိုက်ခဲ့ပြီးနောက်
သူဟာ ထိုစာပေတွေကို အသက်တမျှ ချစ်မြတ်နိုင်လာခဲ့ပါတယ်။ သို့သော် သူရဲ့လက်တွေ့ဘဝဟာ စာရေးခြင်းထက်အလုပ်မှာတာဝန်ထမ်းဆောင်ရင်းအချိန်ကုန်ခဲ့ရတယ်။ သူဟာနေ့ဘက်တွေမှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ရုံးလုပ်ငန်းများကို လုပ်ကိုင်ပြီး ညဘက်မှသာ အိပ်ရေးပျက်ခံကာ စာများရေးသာခဲ့ရတယ်။ ဤသည်မှာသူအတွက် "နှစ်ခွဘဝ" ဖြစ်နေသည့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ သူအတွက်အလွန်ပင်ပန်းနွမ်းနယ်စေခဲ့ပါတယ်။

အချစ်‌ရေးနဲ့ပတ်သက်လို့ သူဟာ အမျိုးသမီးအချို့နဲ့စေ့စပ်ကြောင်းလမ်းခဲ့ဖူး‌သော်လည်း သူဟာမည်သူတစ်ဦးနဲ့မျှ အိမ်ထောင်မပြုနိုင်ခဲ့ပေ။ ဘာကြောင့်ဆိုလျှင်သူဘဝက အထီးကျန်မှုကို ကြောက်ရွံ့ခဲ့ပါတယ် သို့သော် တစ်ဖက်တွင်လည်း မိသားစုဘဝက သူရဲ့စာရေးခြင်းကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်ခဲ့လို့ဖြစ်တယ်။ ဒါကြောင့် "ငါသည် ငါ့၏မိသားစုထဲ၌ပင် ဧည့်သည်တစ်ယောက်ထက် ပို၍ သူစိမ်းဆန်နေသည်" ဟု သူကိုယ်တိုင် ရေးသားခဲ့ဖူးပါတယ်။ သို့သော်သူရဲ့ ဘဝတစ်လျှောက်လုံး ဟာအချစ်ရေးနဲ့ ကံမကောင်းခဲ့သော်လည်း သူကွယ်လွန်ခါနီး နောက်ဆုံးတစ်နှစ်ခန့်မှာ Dora Diamant ဆိုတဲ့အမျိုးသမီးနဲ့ဆုံတွေ့ခဲ့ရတယ်။ သူမဟာ Kafka ကို နောက်ဆုံးအချိန်အထိ ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့ပြီး Kafka အတွက် ဘဝ၏ နောက်ဆုံးလက်ကျန် နွေးထွေးမှုကို ပေးစွမ်းနိုင်ခဲ့သူ ဖြစ်တာကြောင့် Kafkaဟာ သူဘဝရဲ့နောက်ဆုံးနွေးထွေးမှုရတဲ့အချိန်ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ သူဘဝရဲ့ နောက်ဆုံးနှစ်တွေမှာ Kafka ဟာ တီဘီရောဂါ ကို ပြင်းထန်စွာ ခံစားခဲ့ရပြီ အဲဒီရောဂါဟာကျွမ်းလာတာနဲ့အမျှ သူရဲ့မှတ်ဉာဏ်တွေဟာ ပျက်စီးလာကာ ခန္ဓာက်ိုယ်ရဲ့လည်ပင်းအတွင်းပိုင်းမှာလည်းပျက်စီးစပြုလာသဖြင့် အစာစားရန်၊ ရေသောက်ရန်ပင် မဖြစ်နိုင်တော့ဘဲ အလွန်ဝေဒနာခံစားခဲ့ရပါတယ်။ သူရဲ့ ရောဂါဝေဒနာဟာ တစ်နေ့တခြား အလွန်ပြင်းထန်လာသဖြင့် သူရဲ့ မိတ်ဆွေဆရာဝန်ကို "ငါ့ကို သတ်ပေးပါ၊ ဒါမှမဟုတ်ရင် မင်းက လူသတ်သမားပဲ" ဟု အသည်းအသန် တောင်းဆိုခဲ့ရသည်အထိ သူအတွက်နာကျင်မှုက အလွန်ကြီးမားခဲ့တယ်။ ထို့နောက်သူသည် ၁၉၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် အသက် ၄၀ အရွယ်မှာ အစားမဝင်တော့သဖြင့် ငတ်မွတ်သောဝေဒနာဒဏ်ဖြင့် ကွယ်လွန်သွားခဲ့ရရှာတယ်။ Kafka ၏ သေဆုံးခြင်းဟာ စာပေဒဿနတစ်ခုလုံး၏ ဆုံးရှုံးမှုတစ်ခုအဖြစ်မြင်နိုင်ပြီး သူရဲ့ ဘဝနိဂုံးတွေဟာ ကြေကွဲစရာကောင်းသော်လည်း ကျွန်‌တော်တို့အတွက်သူချန်ထားရစ်ခဲ့တဲ့ စာပေလက်ရာများဟာ ယနေ့အထိ လူသားတိုင်း၏ အတွင်းစိတ်ထဲ၌ လှုပ်ခတ်နေဆဲပင်ဖြစ်သည်။

RAIDEN_KT
Historian
#Kyawthet #RAIDEN_KT #history #Kafka #HistoryVibes
❤4❤‍🔥1
စစ်တပ်နဲ့ လက်နက်ထုတ်လုပ်တဲ့ လုပ်ငန်းစုတွေ ပေါင်းစည်းမိသွားရင် နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်လာနိုင်ပါတယ်။

-dwight d eisenhower
အမေရိကန်သမ္မတ

#history #RAIDEN_KT
❤7
Anaxagoras Vs Lacydes အငြင်းအခုံ
❤1
လူသားတိုင်း၏ အသိစိတ်၌တည်‌သော သိလိုစိတ်ဟာ မိမိ၏ပတ်ဝန်ကျင်မှာသာမက ၎င်းတို့၏ နယ်မြေအစွန်းအဖျားထက်ကျော်လွန်သည့် စကြာဝဠာ၏ အစနဲ့ အဆုံးထိတိုင်အောင် အမြဲတစ္တေ စူးစမ်းလေ့လာချင် စိတ်ရှိကြ၏။ ဒီစူးစမ်းလေ့လာမှုနယ်ပယ်မှာ အရမ်းထင်ရှားပြီး သဘောထားချင်း မတိုက်ဆိုင်ဘဲ လုံးဝဆန့်ကျင်နေတဲ့ ပညာရှင်နှစ်ဦးရှိတယ်။ သူတို့က Anaxagorasနဲ့ Lacydesဆိုတဲ့ အတွေးခေါ်ပညာရှင်နှစ်ဦးဖြစ်ပြီး Anaxagorasရဲ့အယူအဆအရ ဤလောကကြီး၌ဝယ် အရာရာတိုင်းဟာ အစိတ်အပိုင်းငယ်များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး အဲဒီအရာများအားလုံးကို စနစ်တကျ ဖြစ်လာအောင် စီမံခန့်ခွဲရသည်မှာ "Nous" ဒါမှမဟုတ် "စိတ်" ဖြစ်နိုင်တယ်လို့ သူကယုံကြည့်လက်ခံထား၏။ သူ၏အယူအဆများသည် လောကကြီးဟာ အရမ်းကိုရှုပ်ထွေးပွေလီနေတာမဟုတ်ဘဲ လူတို့၏အသိဉာဏ်ပညာဖြင့် မိမိကိုယ်ကော သူတစ်ပါးအပေါ် နားလည်နိုင်သော စိတ်ပိုင်းဆိုင်ရာ တစ်နည်းပြောရရင် သိပ္ပံနည်းကျ စူးစမ်းနိုင်သော နိယာမများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ Anaxagorasဟာ နေကို မီးတောက်နေတဲ့ ကျောက်တုံးကြီးလို့ ပထမဆုံးပြောဆိုခဲ့သူဖြစ်ကာ အမှန်တရားဟာ လူသားတို့၏ ဆင်ခြင်တုံတရားဖြင့်သာ ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု သူကအခိုင်အမာ ပြောဆိုဖူးသည်။

Anaxagorasရဲ့ ဆန့်ကျင်ဘက်တစ်ဦးဖြစ်တဲ့  Lacydesရဲ့ အယူအဆတစ်ဖက်တွင်မူ သူဟာ Anaxagorasတို့လို ပညာရှင်ကြီးများ၏ "ငါတို့သိတယ်"ဆိုတဲ့ အချက်များကို ပြန်လည်မေးခွန်းထုတ်လျက်ရှိခဲ့သည်။ Lacydesဟာ သံသယဝါဒီတစ်ဦးအနေနဲ့ သူရဲ့အယူအဆများကို လူသားတို့၏ အာရုံခံစားမှုများ၌ပင် လှည်စားတတ်ကြလိမ့်မည်ဟု သူကယုံကြည့်သည်။ ငါတို့ဟာ အမှန်တရားတစ်ခုကို သိနိုင်သလား ဒါမှမဟုတ်ရင် အမှန်တရားကို သိပြီး လက်ခံနိုင်ခဲ့ရဲ့လား လို့သူကခနခနမေးခွန်းထုတ်နေခဲ့သည်။ ဒါအပြင်သူဟာ ငါတို့အတွကါ အရာရာဟာ ဘယ်တော့မှ မသေချာနိုင်ဘူး ဆိုတဲ့ အချက်အလက်တွေအားလုံးကို စု ဆောင်ပြီးသူရဲ့ အမြင်သံသယံတွေအပေါ်ကို လုံဝအခြေခံလိုက်သည်။ သူရဲ့ အငြင်းအခုံများ၌ အကယ်၍ ကျွန်တော်တို့ရဲ့ အာရုံခံစားမှုများဖြစ်သည့် မြင်ခြင်း၊ကြားခြင်း စတဲ့အာရုံဟာ မှားယွင်းနိုင်ခြေရှိခဲ့လျှင် ထိုအရာများအပေါ်တွင် ကျွန်တော်တို့တည်ဆောက်ထားတဲ့ အမှန်တရား ဆိုတဲ့အရာကလည်း လုံးဝခိုင်မာမှုရှိနိုင်တော့မည်မဟုတ်ဟု သူကအခိုင်အမာဆိုထားသည်။


ဒီလိုနဲ့သူတို့နှစ်ရဲ့အမြင်ဟာ တစ်ဦးနဲ့တစ်ဦးဆန့်ကျင်ပြီး အငြင်းအခုံပွတ်တိုက်မှုကနေ ဒဿနနယ်ပယ်သို့ ကြီးမားတဲ့ အမြင်မျိုးစုံဖြင့် အထောက်အကူပြုရလဒ်များစွာထွက်ပေါ်ခဲ့သည်။ သူတို့နှစ်ဦးကို ကျွန်တော်သတိထားမိတဲ့ အချက်နှစ်ခုရှိတယ် အဲဒါဟာ တစ်ဖက်ကအကောင်းမြင်ဝါဒနဲ့ နောက်တစ်ဖက်က သံသယဝါဒအမြင်အဖြစ် အနာဂတ်အတွေးခေါ်ပညာရပ်‌တွေကို အဓိကစိန်ခေါ်မှုတစ်ရပ်အနေနဲ့ စတင်အုတ်မြစ်ချပေးခဲ့တယ်လို့ မြင်မိသည်။
Anaxagorasရဲ့ အကောင်းမြင်ဝါဒအရ လူ‌တွေ့ဟာ လောကကြီးကို နားလည်ဖို့ စိတ်စွမ်းအားရှိတယ်လို့ ပြောပေမယ့် သံသယဝါဒရဲ့ဆရာကြီးဖြစ်တဲ့Lacydesအတွက်ကတော့ လူတွေရဲ့ ဉာဏ်က ကန့်သတ်ချက်တွေ့ရှိတယ် သူတို့ကဘာကိုမှအပြတ်အသတ် တပ်အပ်မပြောနိုင်ကြဘူး ဆိုတဲ့အမြင်တွေ့နဲ့ နှစ်ယောက်စလုံး ပွတ်တ်ုက်မှုတွေဖြစ်နေကြတယ်။ နိဂုံးချုပ်ပြောရရင် သူတို့နှစ်ယောက်ရဲ့ အငြင်းအခုံတွေဟာ စာအုပ်ထဲက စာသားသက်သက်ထက်အများကြီးပိုတယ်၊ ဘာလိုလဲဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ သိပ္ပံနည်းလမ်းတကျ ဖော်ပြနေတဲ့ အချက်အလက်ဒေတာတွေက်ု ယုံကြည့်လက်ခံနေရင်း မိမိသိထားသမျှထိုအရာတွေကလည် မှန်သလားမှားသလားဆိုတာကို ပြန်ပြီးဆန်းစစ်တတ်အောင် ဤဒသဿနပညာရှင်နှစ်ဦးရဲ့ ယုံကြည့်မှုအကြား ဟန်ချက်ညီနေရမည်ဖြစ်သည်။ ဒါကြောင့် Anaxagorasဟာ ဒီစကြာဝဠာကြီး၌ ကျွန်‌တော်တို့ကို ကြယ်တွေကို ကြည့်ပြီး အဖြေ‌တွေကိုရှာဖွေးဖို့ လမ်းပြခဲ့သလိုဘဲ Lacydes ကလည် ကိုကိုယ်ကို ပြန်ကြည့်ပြီး မာန်မာနမတက်‌အောင် သူရဲ့သံသယအမြင်နဲ့ သတိပေးခဲ့တယ်။ ဆုံးသတ်၌ အမြင်နှစ်ခုဟာ စုပေါင်းလိုက်မှသာလျှင် ပိုမိုပြည့်စုံသော လူသားဆန်သည့် အသိပညာကို ရရှိနိုင်မည် ဖြစ်ပါတော့သည်။

RAIDEN KT
Historian
#Anaxagoras #Lacydes #history #RAIDEN_KT #Kyawthet
❤6