ခမရ (၅၈၈) ကို ၁၀၇ မမ ပူးပေါင်းတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်============ဧပြီလ ၂၆ Radio NUGမွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ ရှိ စစ်ကောင်စီရဲ့ ခမရ (၅၈၈) တပ်ရင်းကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲ ခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၃ လုံးက သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။အဆိုပါ စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့်အတူ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (NMSP - AD) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (ဒေါနတပ်ရင်း) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။—--------
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
စစ်ကောင်စီရဲ့ စကစ ၂၁ မှ ကာကင်း ၅ နေရာထက်မနည်း KIA ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ရရှိထား==============ဧပြီ ၂၆ Radio NUG ဗန်းမော်မြို့ရှိ စကစတပ်များတပ်ဆွဲထားသော နေရာများနှင့် စစ်စခန်းများ တည်ရှိရာ နေရာများအား တော်လှန်ရေးတပ်များမှ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ Banmaw Scout Team ထံမှ သိရပါတယ်။ဧပြီလ ၂၆ရက် မနက်ခင်းပိုင်းတွင် စကစ ၂၁ မှ ကာကင်း ၅ နေရာထက်မနည်း သိမ်းပိုက်ရရှိထားပြီး ဗန်းမော်မြို့ထဲ စကစတပ်ဆွဲထားရာ နေရာအချို့ကိုလည်း ထပ်မံသိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြင်းအထန်ခုခံနေသည့်အတွက် နှစ်ဖက်အထိအခိုက် များတယ်လို့ သိရပါတယ်။တိုက်ပွဲဖြစ်ရာနေရာများနှင့် နီးစပ်သည့်နေရာများမှာ နေအိမ်အပျက်အစီး အထိအခိုက်များပြီး အရပ်သားထိခိုက်မှု တချို့ရှိတယ်လို့ သိရကာ အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
စလင်းမြို့အနောက်က စစ်ကောင်စီဂိတ်စခန်းကို တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံး==============ဧပြီ ၂၆ Radio NUG ဧပြီလ ၂၆ ရက်၊ မနက်အစောပိုင်းတွင် စလင်းမြို့အနောက်ဘက်အထွက် ဝက်သည်းကန်အနီးမှာရှိတဲ့ စစ်အုပ်စုဂိတ်စခန်းကို PDF နဲ့ ပကဖ ပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် အပြန်အလှန် ထိတွေ့မှုဖြစ်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅တပ်ရင်းထံမှ သတင်းရရှိပါတယ်။မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းနဲ့အတူ မကွေးတိုင်းပကဖစစ်ကြောင်း Yenanthar Column တို့က မီတာ ၃၀လောက်ကနေ RPG တွေနဲ့ ရှေးဦး ပစ်ခတ်ရင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန် ရှမ်းရွာကုန်းဘက်ကနေ စစ်အုပ်စုက လက်နက်ကြီး ၆၀ မမတွေနဲ့ ပစ်ခတ်တာကြောင့် အထိအခိုက်မရှိအောင် လက်နက်ကောက်ချိန်မရပဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
တနင်္သာရီဒေသ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ထောက်ပံ့ငွေများ လှူဒါန်း==============ဧပြီ ၂၆ Radio NUG တနင်္သာရီဒေသ စစ်ဘေးရှောင် ပြည်သူများကို Nway Oo Fighters တော်လှန်ရေးအဖွဲ့က ငွေကျပ် သိန်း ၁၁၀ ကို နွေဦးမေတ္တာက တစ်ဆင့် စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းခဲ့ကြာင်း သိရရှိရပါတယ်။အဆိုပါ စခန်း စစ်ဘေးရှောင် ၂၀၀၀ ကျော်ခန့်ရှိနေပြီး မွေးနေ့အမှတ်တရ မုန့်တီကျွေးခြင်း နှင့် သက်ကြီးရွယ်အိုများကို တစ်ဦးလျှင် ၅ သောင်းကျပ်နှုန်းဖြင့် ကန်တော့ခြင်း၊ ဆန်ထောက်ပံ့ခြင်းတို့ကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ကျောက်မဲမှာ စစ်ကျန် လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်ပွားပြီး ၈ နှစ်အရွယ် ကလေးငယ် တဦး သေဆုံး============ဧပြီလ ၂၆ Radio NUGရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာမှာ စစ်လက်နက် ကြွင်းကျန် လက်နက်ကြီးတလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၈ နှစ်အရွယ် ကလေးငယ် တဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရ ခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မိခင်နှင့်အတူ လက်ဖက်ခူး ပြန်လာတဲ့ လမ်းမှာ မပေါက်ကွဲ သေးတဲ့ လက်နက်ကြီး တလုံးကို ကလေးတွေ ကောက်ယူဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ လို့ ဆိုပါတယ်။ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မိုင်းဇော်မင်းကို ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ အသက် ၁၁ နှစ် အရွယ် ကိုရင်တပါးနဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၃ ဦး အသီးသီး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ဒါဏ်ရာရခဲ့သူတွေထဲက ကိုရင်လေးဟာ ခြေနှစ်ဖက်လုံး ဒဏ်ရာပြင်းထန်ခဲ့ပြီး စတီးထည့် ကုသရမည် ဖြစ်သောကြောင့် ဆေးကုသရန် ငွေကြေး အခက်အခဲ ရှိနေတယ်လို့ ကူညီဆောင်ရွက် ပေးခဲ့တဲ့ ဒေသခံ ဦးဇင်းတပါးက ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ နှစ်ဆန်းပိုင်းအထိ ကြူရှော၊ ဟူးကွက် နှင့် ချုံးသစ်/ဟောင်း ကျေးရွာအုပ်စု တို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ယနေ့ထိတိုင် လက်နက်ကြွင်းကျန် ပစ္စည်းများနဲ့ မြေမြှပ် မိုင်းများကို မရှင်းလင်းရသေးတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။—-------
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
မြင်းခြံ၊ ထိန်ပန်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့ရာ အရပ်သား ၄ ဦး သေဆုံး============ဧပြီလ ၂၆ Radio NUGမန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက် ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ဧပြီလ ၂၅ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ် ၈ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကာ တဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ထိန်ပန်းကျေးရွာကို ဗုံးကြဲခဲ့တဲ့အပြင် အညာဒေသ တော်လှန်ရေး အင်အားစုရဲ့ စခန်းပတ်ဝန်းကျင် ရှိရာ ကိုလည်း ပွိုင့်ဖိုက် စစ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကာ လယ်သစ် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုအတွင်း အညာဒေသ တော်လှန်ရေး အင်အားစု စခန်းအနည်းငယ် ထိခိုက်ပျက်စီး ခဲ့ပြီး ရဲဘော်တွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။—-------
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ကျောက်ဆည်မြို့အရှေ့တောင်ဘက် ၁၉ ကီလိုမီတာအကွာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်==============ဧပြီ ၂၆ Radio NUG ဧပြီလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၀၈ : ၅၃ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အရှေ့တောင်ဘက် ၁၉ ကီလိုမီတာအကွာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ထားပါတယ်။စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ဧပြီ၂၅ ရက်နေ့အထိ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး ကိုသြဒိနိတ်အမှတ်များတွင် အင်အားအနည်းငယ်မှ အင်အားအသင့်အတင့်ရှိသည့် ငလျင်ငယ်စုစုပေါင်း (၁၁)ကြိမ် လှုပ်ခတ်ခဲ့သည်ကိုတွေ့ရှိရတာကြောင့် အဆိုပါဒေသအနီးတဝိုက်ရှိဒေသခံပြည်သူများအနေဖြင့် သိရှိသတိပြုနိုင်ပါရန် ဧပြီလ ၂၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက် များစွာဝမ်းနည်းရပြီး ရှစ်လအတွင်း လူနာပေါင်း (၉၅,၂၅၈)ဦး ဆေးကုသမှု ပေးနိုင်ခဲ့ဟု MNDAAထုတ်ပြန်==============ဧပြီ ၂၆ Radio NUG (၂၆.၄.၂၀၂၅)ရက်နေ့သတင်းစဉ်အထူးဒေသကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအရ အထူးဒေသ(၁) ကျန်းမာရေးဝန်ထမ်းများသည် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ရှစ်လတာ ကာလအတွင်း အပြင်လူနာ၊ အတွင်းလူနာ စုစုပေါင်း (၉၅,၂၅၈)ဦး ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။လားရှိုးမြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီး တစ်ပတ်အကြာတွင် ပထမဆုံးအနေဖြင့် (၁၀.၈.၂၀၂၄) ရက်နေ့တွင် ကျန်းမာရေးကဏ္ဍကို အောင်မြင်စွာစတင် လည်ပတ်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ ပြန်လည်ထူထောင်ရေးကာလ၏ အခက်အခဲ စိန်ခေါ်မှုများစွာကြားမှ ဘကျန်းမာရေးဝန်ထမ်းများ၊ဘကျွမ်းကျင်ပညာရှင်များဖြင့် ဟန်ချက်ညီစွာ လည်ပတ်ခဲ့ကာ ကျန်းမာရေးကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များစွာကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ငှက်ဖျားကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မွေးကင်းစမှငါးနှစ်အောက် ကလေးငယ်တိုင်း ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနိုင်ရေး၊ လည်ပင်းကြီးရောဂါ အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ မျက်စိအတွင်းတိမ် အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ ခြေတု လက်တု အခမဲ့တပ်ဆင်ပေးခြင်းစသည့် လုပ်ငန်းစဉ်များအပြင် အခြားသော ကျန်းမာရေးလုပ်ငန်းစဉ်များစွာကို ပြည်သူများအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။လူမှုကွန်ရက်စာမျက်နှာများပေါ်မှ ဆေးကုသစရိတ်ကြီးမြင့်ခြင်း ဝေဖန်ချက်များအပေါ် ဆေးရုံတာဝန်ရှိသူတစ်ဦးက "အရင်က ပါရာစီတမောတစ်ကဒ် (၁၀၀၀)လောက်ပဲ ရှိခဲ့ရာကနေ အခုလက်ရှိဈေး နှစ်ဆလောက် ခုန်တက်သွားတာကို ကြည့်ပြီး အရင်က ဆေးရုံစရိတ်နဲ့ အခုမတူနိုင်တော့တာလေး ထည့်တွေးကြည့်ကြစေချင်ပါတယ်ဗျာ၊ မြို့သိမ်းတိုက်ပွဲပြီးလို့ ဆေးရုံစဖွင့်မယ်လုပ်တော့ သုညကနေ စခဲ့ကြရတာပါ၊ အပျက်အစီး၊ အပျောက်အဆုံးတွေကြားကနေ ပြန်လည်စတင်လည်ပတ်ခဲ့ကြရတာပါ၊ပိတ်ဆို့နေတဲ့ လမ်းကြောင်းတွေကြားကနေ ဆေးဝါးပစ္စည်းကိရိယာတွေကို မရရအောင် ဖန်တီးယူပြီး ပြည်သူတွေအတွက် ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်၊ အဲ့ဒီအတွက် ဆေးရုံဘတ်ဂျက်ကနေ သိန်းပေါင်း သိန်းချီပြီး အရှုံးပေါ်ခဲ့ပေမဲ့ ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်" လို့ ပြောကြားထားပါတယ်။ထို့အပြင် နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်း များစွာဝမ်းနည်းရပါကြောင်း ကျန်းမာရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။သတင်းဌာနများစွာမှ ရေးသားဖော်ပြဝေဖန်ခဲ့သည့် ဆေးရုံရှိ စက်ပစ္စည်းများစွာအား ယူဆောင်သွားခဲ့သည့် အကြောင်းအရာအပေါ် ဆေးရုံတာဝန်ရှိသူတစ်ဦးက " အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောချင်တာ ကျွန်တော်တို့ ဆေးရုံပိတ်ရတဲ့ ရက်နဲ့ စစ်ကောင်စီကပြန်လည်တာဝန်ယူမယ့်ရက်က တစ်ပတ်လောက်ကွာနေပါတယ်၊ ဥပမာတစ်ခုပြောရရင် ကျောက်ကပ်ဆေးတဲ့စက်ကို ယူသွားရတဲ့အကြောင်းအရင်းပါ၊ ဆေးရုံမှာ ကျောက်ကပ်လာဆေးနေတဲ့ လူနာများစွာရှိပါတယ်၊ တစ်ပတ်ကိုကျောက်ကပ်ဆေးလူနာ (၅၀)ဦးရှိပြီး တစ်ပတ်အတွင်း ကျောက်ကပ်မဆေးရရင် အသက်ဆုံးရှုံးနိုင်တဲ့ လူနာတွေလည်း ရှိပါတယ်၊ အဲ့ဒါကြောင့် ကျောက်ကပ်ဆေးတဲ့ စက်ကို လမ်းခရီးအနီးဆုံးဖြစ်တဲ့ သိန္နီဆေးရုံကြီးမှာ ရွှေ့ပြောင်းထားခဲ့တာ ဖြစ်ပါတယ်၊ ပြီးတော့ အရေးတကြီးလိုအပ်တဲ့ စက်ပစ္စည်း၊ ဆေးဝါး ၂၀%လောက်ဘဲ ယူသွားခဲ့တာပါ၊ ပြည်သူတွေကို အကောင်းဆုံးလုပ်ပေးခဲ့တဲ့အပေါ် ကျေနပ်အားရပေမယ့် နိုင်ငံရေးအရ အခုလိုမဖြစ်မနေထားခဲ့ရတာကို စိတ်မကောင်းဖြစ်မိပါတယ်" လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
အပစ်ရပ် ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် KNU နယ်မြေမှာ ကိုရင် ၁ ပါးနဲ့ အရပ်သား ၁၉ ဦး သေဆုံးခဲ့============ဧပြီလ ၂၆ Radio NUGစစ်ကောင်စီက အပစ်အခတ် ရပ်စဲရေး ကြေညာထားတဲ့ ကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် KNU အုပ်ချုပ်နယ်မြေအတွင်း ကိုရင် တပါးနဲ့ အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။အပစ်ရပ် ကြေညာထားတဲ့ ဧပြီလ ၂ ရက်နေ့ ကနေ ၂၂ ရက်နေ့ အတွင်း စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ရပ်ပေါင်း များစွာကို (၁၀၇) ကြိမ် ထပ်မနည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ဒရုန်းများဖြင့် လေကြောင်း တိုက်ခိုက်မှု ၆၃ ကြိမ် ပြုလုပ်ခဲ့ကာ ကိုရင် ၁ ပါးနဲ့ အရပ်သား ၁၄ ဦး သေဆုံးခဲ့ရပြီး သံဃာ ၃ ပါး နဲ့ အရပ်သား ၃၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၄၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ၁၆ လုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ထို့အပြင် ပြည်သူလူထုပိုင် နေအိမ်များကို ၁ ကြိမ် မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၄ လုံးနဲ့ ဘုရားကျောင်း ၁ ဆောင် မီးလောင်ပျက်စီး ခဲ့ရပြီး ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့သလို စစ်ကောင်စီ ထောင်ထား တဲ့ မိုင်းနင်းမိ ခဲ့တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။—---------
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ငလျင်ဘေး ကျရောက်ပြီးနောက် တလပြည့်ခါနီးအခြေအနေ(မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၅ မြင်ကွင်း)
https://ift.tt/0zdV7Ds
https://ift.tt/0zdV7Ds
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ငလျင်ဘေး ကျရောက်ပြီးနောက် တလပြည့်ခါနီးအခြေအနေ(မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၅ မြင်ကွင်း)
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
၁။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက် များစွာဝမ်းနည်းရပြီး ရှစ်လအတွင်း လူနာပေါင်း (၉၅,၂၅၈)ဦး ဆေးကုသမှု ပေးနိုင်ခဲ့ဟု MNDAAထုတ်ပြန်၂။ ကျောက်ဆည်မြို့အရှေ့တောင်ဘက် ၁၉ ကီလိုမီတာအကွာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်၃။ တနင်္သာရီဒေသ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ထောက်ပံ့ငွေများ လှူဒါန်း၄။ မိုးတွင်းကာလ အရေးပေါ် ရိက္ခာအတွက် တော်ဝင်ဒေါင်းတပ်ရင်း အကူအညီတောင်းခံ
https://ift.tt/0zdV7Ds
https://ift.tt/0zdV7Ds
Facebook
Log in or sign up to view
See posts, photos and more on Facebook.
၁။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက် များစွာဝမ်းနည်းရပြီး ရှစ်လအတွင်း လူနာပေါင်း (၉၅,၂၅၈)ဦး ဆေးကုသမှု ပေးနိုင်ခဲ့ဟု MNDAAထုတ်ပြန်၂။ ကျောက်ဆည်မြို့အရှေ့တောင်ဘက် ၁၉ ကီလိုမီတာအကွာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်၃။ တနင်္သာရီဒေသ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ထောက်ပံ့ငွေများ လှူဒါန်း၄။ မိုးတွင်းကာလ အရေးပေါ် ရိက္ခာအတွက် တော်ဝင်ဒေါင်းတပ်ရင်း အကူအညီတောင်းခံ
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Facebook
Log in or sign up to view
See posts, photos and more on Facebook.
Radio NUG -27th April, 2025 Morning8:30 AM LIVE @ 16 Meter Band, 17.79 MHzON-AIR & Internet Podcast📌 Radio NUGစစ်ရေးသတင်းကောက်နုတ်ချက်-မင်းယု(09:45)📌 ပြည်တွင်းသတင်းများ-နွေဦးနိုင်(04:56)📌 "ကလေးတွေရဲ့မျက်နှာ"(တော်လှန်အက်ဆေးဆောင်းပါး) (ရေး) - မောင်လူမွှေး၊ (တင်ဆက်) - ရန်နိုင်(03:51)📌 သေ၍ရှင်သူများ(တော်လှန်ရေးတေးဂီတ)-(တေးရေး/တေးဆို)မင်းလွန်း(02:00)📌 ချိုး(ချင်း)မွန်း(Mün)ဘာသာထုတ်လွှင့်မှု(တိုင်းရင်းသားဘာသာအစီအစဉ်)-ချိုး(ချင်း)ဘာသာထုတ်လွှင့်မှုအဖွဲ့(05:32)(RadioNUG YouTube)https://www.youtube.com/c/RadioNUGMyanmar(RadioNUG website)https://ift.tt/E1eIgVX(TELEGRAM)https://ift.tt/lGqyV5x(TikTok)https://ift.tt/NcVWGrvInstragramhttps://https://ift.tt/fcbUYVvSpotifyhttps://open.spotify.com/show/7049o5rBil5zgl5S72jprERadio NUG နေ့စဉ် လေလှိုင်းနဲ့ အွန်လိုင်းက ထုတ်လွှင့်နိုင်အောင် PVTV က အားဖြည့်ကူညီကြပါတယ်။#RadioNUG#MoCIT#SpringRevolution#SpringRevolutionMyanmar
https://ift.tt/0zdV7Ds
https://ift.tt/0zdV7Ds
Radio NUG -27th April, 2025 Morning8:30 AM LIVE @ 16 Meter Band, 17.79 MHzON-AIR & Internet Podcast📌 Radio NUGစစ်ရေးသတင်းကောက်နုတ်ချက်-မင်းယု(09:45)📌 ပြည်တွင်းသတင်းများ-နွေဦးနိုင်(04:56)📌 "ကလေးတွေရဲ့မျက်နှာ"(တော်လှန်အက်ဆေးဆောင်းပါး) (ရေး) - မောင်လူမွှေး၊ (တင်ဆက်) - ရန်နိုင်(03:51)📌 သေ၍ရှင်သူများ(တော်လှန်ရေးတေးဂီတ)-(တေးရေး/တေးဆို)မင်းလွန်း(02:00)📌 ချိုး(ချင်း)မွန်း(Mün)ဘာသာထုတ်လွှင့်မှု(တိုင်းရင်းသားဘာသာအစီအစဉ်)-ချိုး(ချင်း)ဘာသာထုတ်လွှင့်မှုအဖွဲ့(05:32)(RadioNUG YouTube)https://www.youtube.com/c/RadioNUGMyanmar(RadioNUG website)https://ift.tt/1ZsYLgO(TELEGRAM)https://ift.tt/zEf9oL7(TikTok)https://ift.tt/aMEX3QcInstragramhttps://https://ift.tt/4LvKxz8Spotifyhttps://open.spotify.com/show/7049o5rBil5zgl5S72jprERadio NUG နေ့စဉ် လေလှိုင်းနဲ့ အွန်လိုင်းက ထုတ်လွှင့်နိုင်အောင် PVTV က အားဖြည့်ကူညီကြပါတယ်။#RadioNUG#MoCIT#SpringRevolution#SpringRevolutionMyanmar
Veja mais no Facebook em: https://ift.tt/lm8Z9ac
Veja mais no Facebook em: https://ift.tt/lm8Z9ac
Ifttt
IFTTT / 404 Error
Page not found
Click Here 📌 Radio NUGစစ်ရေးသတင်းကောက်နုတ်ချက်-မင်းယု(09:45)📌 ပြည်တွင်းသတင်းများ-နွေဦးနိုင်(04:56)📌 "ကလေးတွေရဲ့မျက်နှာ"(တော်လှန်အက်ဆေးဆောင်းပါး) (ရေး) - မောင်လူမွှေး၊ (တင်ဆက်) - ရန်နိုင်(03:51)📌 သေ၍ရှင်သူများ(တော်လှန်ရေးတေးဂီတ)-(တေးရေး/တေးဆို)မင်းလွန်း(02:00)📌 ချိုး(ချင်း)မွန်း(Mün)ဘာသာထုတ်လွှင့်မှု(တိုင်းရင်းသားဘာသာအစီအစဉ်)-ချိုး(ချင်း)ဘာသာထုတ်လွှင့်မှုအဖွဲ့(05:32) to Listen
via Radio NUG Daily Podcasts https://ift.tt/ZhtBwfq
via Radio NUG Daily Podcasts https://ift.tt/ZhtBwfq
Spotify for Creators
၂၀၂၅ ဧပြီလ ၂၇ ရက်နေ့ Radio NUG မနက်ခင်းတင်ဆက်မှု by Radio NUG Daily Podcasts
📌 Radio NUGစစ်ရေးသတင်းကောက်နုတ်ချက်-မင်းယု(09:45)📌 ပြည်တွင်းသတင်းများ-နွေဦးနိုင်(04:56)📌 "ကလေးတွေရဲ့မျက်နှာ"(တော်လှန်အက်ဆေးဆောင်းပါး) (ရေး) - မောင်လူမွှေး၊ (တင်ဆက်) - ရန်နိုင်(03:51)📌 သေ၍ရှင်သူများ(တော်လှန်ရေးတေးဂီတ)-(တေးရေး/တေးဆို)မင်းလွန်း(02:00)📌 ချို…
Click Here မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၅ မြင်ကွင်းမိုးမခ၊ ငလျင်ဘေး ကျရောက်ပြီးနောက် တလပြည့်ခါနီးအခြေအနေ (ဖတ်) - ပိုပို to Listen
via Radio NUG Daily Podcasts https://ift.tt/1Sy5EKY
via Radio NUG Daily Podcasts https://ift.tt/1Sy5EKY
Spotify for Creators
ငလျင်ဘေး ကျရောက်ပြီးနောက် တလပြည့်ခါနီးအခြေအနေ by Radio NUG Daily Podcasts
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၅ မြင်ကွင်းမိုးမခ၊ ငလျင်ဘေး ကျရောက်ပြီးနောက် တလပြည့်ခါနီးအခြေအနေ (ဖတ်) - ပိုပို
Click Here 📌 ချိုး(ချင်း)မွန်း(Mün)ဘာသာထုတ်လွှင့်မှု(တိုင်းရင်းသားဘာသာအစီအစဉ်)-ချိုး(ချင်း)ဘာသာထုတ်လွှင့်မှုအဖွဲ့(05:32) to Listen
via Radio NUG Daily Podcasts https://ift.tt/QGOCW8F
via Radio NUG Daily Podcasts https://ift.tt/QGOCW8F
Spotify for Creators
📌 RADIO NUG (CHO PROGRAMME - ချိုး (ချင်း) (Mün - မွန်း ဘာသာစကား) ထုတ်လွှင့်မှုအစီအစဥ် by Radio NUG Daily Podcasts
📌 ချိုး(ချင်း)မွန်း(Mün)ဘာသာထုတ်လွှင့်မှု(တိုင်းရင်းသားဘာသာအစီအစဉ်)-ချိုး(ချင်း)ဘာသာထုတ်လွှင့်မှုအဖွဲ့(05:32)
Click Here 📌 ပြည်တွင်းသတင်းများ-နွေဦးနိုင်(04:56) to Listen
via Radio NUG Daily Podcasts https://ift.tt/ExvJmPu
via Radio NUG Daily Podcasts https://ift.tt/ExvJmPu
Spotify for Creators
၂၀၂၅ ဧပြီလ ၂၇ ရက်နေ့ Radio NUG မနက်ပိုင်း ပြည်တွင်းသတင်းများ by Radio NUG Daily Podcasts
📌 ပြည်တွင်းသတင်းများ-နွေဦးနိုင်(04:56)
Click Here 📌 Radio NUGစစ်ရေးသတင်းကောက်နုတ်ချက်-မင်းယု(09:45) to Listen
via Radio NUG Daily Podcasts https://ift.tt/d28HiVg
via Radio NUG Daily Podcasts https://ift.tt/d28HiVg
Spotify for Creators
၂၀၂၅ ဧပြီလ ၂၇ ရက်နေ့ Radio NUG မနက်ပိုင်း စစ်ရေးသတင်းများ by Radio NUG Daily Podcasts
📌 Radio NUGစစ်ရေးသတင်းကောက်နုတ်ချက်-မင်းယု(09:45)