မြဝတီမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်ကော်မရှင် ကန့်သတ်တင်းကျပ်=============m.CDM ဧပြီ ၂၉ ရက်။ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်တာတွေ မလုပ်ဖို့ စစ်ကော်မရှင်တပ်က တင်းကျပ်တဲ့စည်းကမ်းချက် (၈) ချက်ကို ထုတ်ပြန် လိုက်ပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က မြဝတီမြို့စောင့်တပ်၊ ခလရ (၂၇၅) တပ်ရင်းမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ တပ်မ (၂၂) တပ်မမှူး ကနေ အခုလို ကန့်သတ်ချက်တွေကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။၎င်းထုတ်ပြန်ချက်ထဲမှာ မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်တဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့နဲ့ သက်ဆိုင်ရာရုံးတွေမှာ လက်နက်တွေကို အပ်နှံထားဖို့၊ စားသောက်ဆိုင် နဲ့ KTV တွေမှာ ယူနီဖောင်း ဝတ်ဆင်ပြီး လက်နက်ကိုင် ဝင်ရောက်စားသောက်တာတွေမလုပ်ဖို့၊ ကားတွေကိုတရကြမ်းမောင်းနှင်ပြီး လက်နက်ကိုင်ဆောင် သွားလာတာတွေ မလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ခွင့်ပြုချက်မရှိဘဲ လက်နက် ကိုင်ဆောင်တာ တွေ့ရှိရင် တရားမဝင် လက်နက်ကိုင်ဆောင်မှု နဲ့ အရေးယူသွားမယ် လို့လည်း ခြိမ်းခြောက်ထားပြီး၊ အခုလို ကန့်သတ်ရတာဟာ “မြို့နေ ပြည်သူတွေ လိုလားတဲ့ ငြိမ်းချမ်းရေးအတွက် ဆူးငြောင့်ခလုတ် မဖြစ်စေဖို့” လို့ စစ်ကော်မရှင် က အကြောင်းပြထားပါတယ်။"တော်တော်လေးကို ကန့်သတ်လိုက်တာ။ အခု အိမ်တွေမှာတောင် ထားလို့မရဘူး။ လုံခြုံရေးအတွက် အတိုလေး ကိုင်တာတောင် မရဘူး" လို့ ကရင်လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ဒေသခံတွေကတော့ ဒါဟာ အသစ်ရောက်လာတဲ့ တပ်မ ၂၂ တပ်မမှူး က လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတဲ့ သဘောသာဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ကတော့ မလွယ်ကူဘူးလို့ သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း KNA (ယခင် BGF) တပ်တွေကို မြို့ပေါ်ကနေ ထွက်သွားဖို့ တပ်မ (၂၂) တပ်မမှူး က ဖိအားပေးခဲ့ပေမယ့် ထွက်ခွာခဲ့ခြင်း မရှိပါဘူး။လက်ရှိမြဝတီမြို့ပေါ်မှာ ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ အခြေစိုက်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ သတင်း - လူလေး #mcdm #SpringRevolutionMyanmarTuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။ https://ift.tt/mGJkg0Q
https://ift.tt/x5AyoWR
https://ift.tt/x5AyoWR
TuneIn
m.CDM Radio
Radio Station sharing the Voice and Power of Myanmar Spring Movement, Freedom of Speech and Press
ဖြူးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ကျင်ဒွေးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၉ ဦး သေဆုံး၊ နမ်းမားမှာ စစ်ကော်မရှင် လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံး၊============m.CDM ဧပြီ ၂၉ ရက်။ပဲခူးတိုင်း၊ ဖြူးမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကော်မရှင်နဲ့ ပျူစောထီးအဖွဲ့တွေက ပစ်ခတ် ခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ဧပြီလ ၂၈ ရက်က ဖြူးမြို့ပေါ်ရှိ၊ ဝဲဒေါင့် အလယ်ရွာမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် နှစ်ဦးကို စစ်ကော်မရှင်တပ် က ပေါ်တာဆွဲဖို့ တားဆီးရာကနေ မရပ်ပေးတဲ့အတွက် လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ထို့သို့ ပစ်ခတ်ခဲ့ရာမှာ အနီးနားရှိ နေအိမ်တစ်လုံးက အသက် ၇ နှစ်အရွယ် သမီးငယ်လေး တစ်ဦးကို ကျည်ထိမှန် ခဲ့ပြီး ရင်ဘတ်မှာ ကျည်ဖောက်ထွက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးငယ်ရဲ့ မိသားစုဝင်တွေက ဖြူးမြို့ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပေ မယ့် စခန်းမှူး က "ပေါ်တာဆွဲတဲ့အဖွဲ့တွေကို အမှုဖွင့်လို့မရဘူး၊ အိမ်ပြန်ပြီး နာရေးကိစ္စသာလုပ်ပါ" လို့ ပြောဆိုပြီး ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ဖြူးမြို့နယ်မှာ စစ်ကော်မရှင်တပ်၊ ရဲနဲ့ ပျူစောထီးတွေဟာ လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲပြီး ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၁၅၀ အထိ တောင်းခံကာ ပြန်လွတ်ပေးတဲ့ လူအရောင်းအဝယ် ကိစ္စတွေကို ကျယ်ကျယ်ပြ န့်ပြန့် လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီးက ချောင်းကူတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို စစ် ကော်မရှင်တပ်က လေယာဉ် ၂ စီးနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေး လုပ်သား ၉ ဦး သေဆုံးပြီး၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားချင်းစာနာမှုဆိုင်ရာ စီမံခန့်ခွဲရေး ဌာနနဲ့ ဒေသခံတွေက အတည်ပြုပါတယ်။ ထို့အပြင် JCB တစ်စီး၊ ဖောကားတစ်စီးနဲ့ ဆိုင်ကယ် ၃ စီးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရရပါတယ်။ကျင်းဒွေးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ အတွင်းမှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ်တွေက တိုက်ခိုက် သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့ပေါ် ရပ်ကွက်တွေကို ဧပြီလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် ရဲ့ အမတ (၃၈၅) တပ်ရင်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။၎င်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောင်အင်းရွာက အသက် (၁၁) နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ ရွှေပြည်အေး ရပ်ကွက်က အမျိုးသား (၁) ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ထို့အပြင် အခြား ဒေသခံ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ မိုးညှင်းနဲ့ မြစ်ကြီးနား ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရှိရပါတယ်။သတင်း - လူလေး #mcdm #SpringRevolutionMyanmarTuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။ https://ift.tt/ohgSwjk---------------------
Veja mais no Facebook em: https://ift.tt/qR1MYP3

မြဝတီမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်ကော်မရှင် ကန့်သတ်တင်းကျပ်=============m.CDM ဧပြီ ၂၉ ရက်။ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်တာတွေ မလုပ်ဖို့ စစ်ကော်မရှင်တပ်က တင်းကျပ်တဲ့စည်းကမ်းချက် (၈) ချက်ကို ထုတ်ပြန် လိုက်ပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က မြဝတီမြို့စောင့်တပ်၊ ခလရ (၂၇၅) တပ်ရင်းမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ တပ်မ (၂၂) တပ်မမှူး ကနေ အခုလို ကန့်သတ်ချက်တွေကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။၎င်းထုတ်ပြန်ချက်ထဲမှာ မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်တဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့နဲ့ သက်ဆိုင်ရာရုံးတွေမှာ လက်နက်တွေကို အပ်နှံထားဖို့၊ စားသောက်ဆိုင် နဲ့ KTV တွေမှာ ယူနီဖောင်း ဝတ်ဆင်ပြီး လက်နက်ကိုင် ဝင်ရောက်စားသောက်တာတွေမလုပ်ဖို့၊ ကားတွေကိုတရကြမ်းမောင်းနှင်ပြီး လက်နက်ကိုင်ဆောင် သွားလာတာတွေ မလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ခွင့်ပြုချက်မရှိဘဲ လက်နက် ကိုင်ဆောင်တာ တွေ့ရှိရင် တရားမဝင် လက်နက်ကိုင်ဆောင်မှု နဲ့ အရေးယူသွားမယ် လို့လည်း ခြိမ်းခြောက်ထားပြီး၊ အခုလို ကန့်သတ်ရတာဟာ “မြို့နေ ပြည်သူတွေ လိုလားတဲ့ ငြိမ်းချမ်းရေးအတွက် ဆူးငြောင့်ခလုတ် မဖြစ်စေဖို့” လို့ စစ်ကော်မရှင် က အကြောင်းပြထားပါတယ်။"တော်တော်လေးကို ကန့်သတ်လိုက်တာ။ အခု အိမ်တွေမှာတောင် ထားလို့မရဘူး။ လုံခြုံရေးအတွက် အတိုလေး ကိုင်တာတောင် မရဘူး" လို့ ကရင်လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ဒေသခံတွေကတော့ ဒါဟာ အသစ်ရောက်လာတဲ့ တပ်မ ၂၂ တပ်မမှူး က လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတဲ့ သဘောသာဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ကတော့ မလွယ်ကူဘူးလို့ သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း KNA (ယခင် BGF) တပ်တွေကို မြို့ပေါ်ကနေ ထွက်သွားဖို့ တပ်မ (၂၂) တပ်မမှူး က ဖိအားပေးခဲ့ပေမယ့် ထွက်ခွာခဲ့ခြင်း မရှိပါဘူး။လက်ရှိမြဝတီမြို့ပေါ်မှာ ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ အခြေစိုက်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ သတင်း - လူလေး #mcdm #SpringRevolutionMyanmarTuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။ https://ift.tt/ohgSwjk
Veja mais no Facebook em: https://ift.tt/qR1MYP3
Veja mais no Facebook em: https://ift.tt/qR1MYP3
TuneIn
m.CDM Radio
Radio Station sharing the Voice and Power of Myanmar Spring Movement, Freedom of Speech and Press
"ရာသီဥတုစံချိန်တွေ ကျိုးပျက်ပြီး ဥရောပမှာ စံချိန်တင် အပူချိန်မြင့်တက်နေ” (ဖတ်) - ရန်နိုင်ဥရောပမှာ တောမီးလောင်ကျွမ်းမှုဟာ နှစ်စဉ်ဖြစ်ပွားတဲ့ အရာတစ်ခု ဖြစ်လာပြီး ၂၀၂၅ ခုနှစ်မှာ ဟက်တာပေါင်း တစ်သန်းကျော် မီးလောင်ခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ တတိယမြောက် အပူဆုံးနှစ် ဖြစ်ပေမဲ့ ဥရောပကတော့ ကမ္ဘာပေါ်မှာ အပူချိန် အမြန်ဆုံး မြင့်တက်လာနေတဲ့ တိုက်ကြီး ဖြစ်နေပါတယ်။"ပြီးခဲ့တဲ့ ၁၁ နှစ်တာကာလဟာ အပူဆုံးနှစ်တွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ သတင်းကောင်း မဟုတ်သလို အတော်လေးကို စိုးရိမ်စရာကောင်းပါတယ်" လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ အေဂျင်စီဖြစ်တဲ့ Copernicus က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ကမ္ဘာ့အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက နော်ဝေနိုင်ငံမှာ အပူချိန်ဟာ ၃၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်မှာ သုံးပတ်ဆက်တိုက် ရှိနေခဲ့ပါတယ်။ နှင်းနဲ့ ရေခဲတွေ ဖုံးလွှမ်းနေတာဟာ ရာသီဥတုပြောင်းလဲမှုကို နှေးကွေးစေဖို့ အရေးကြီးတာကြောင့် ဥရောပရဲ့ အအေးဆုံးဒေသတွေနဲ့ ပတ်သက်ပြီး အေဂျင်စီက အထူးစိုးရိမ်နေပါတယ်။ အပူချိန် စံချိန်သစ်တွေလည်း ဆက်တိုက်ဆိုသလို ချိုးဖျက်နေပါတယ်။ပြီးခဲ့တဲ့နှစ်က တူရကီနိုင်ငံမှာ အပူချိန်ဟာ မှတ်တမ်းတင်ခဲ့သမျှ ကာလတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၅၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကို ကျော်လွန်သွားခဲ့ပါတယ်။ နွေရာသီလတွေမှာ အပူလှိုင်းတွေ ဖြစ်ပေါ်တာကလည်း ပုံမှန်လိုမျိုး ဖြစ်လာပါတယ်။ ၂၀၂၅ ခုနှစ်မှာ အနောက်ဥရောပနဲ့ တောင်ဥရောပက ဒေသအတော်များများမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ရင်ဆိုင်ခဲ့ရပြီး စပိန်၊ ပေါ်တူဂီနဲ့ ပြင်သစ်နိုင်ငံ အများစုကို ထိခိုက်ခဲ့ပါတယ်။အပူချိန် မြင့်တက်လာတာကြောင့် ရေကြီးတာတွေနဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေလိုမျိုး ပိုမိုပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်စေပါတယ်။ စီးပွားရေးအပေါ် စိုးရိမ်မှုတွေကြောင့် ဥရောပအစိုးရတွေက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး မူဝါဒတွေကို ပြန်လျှော့ပေါ့ဖို့ ကြိုးစားနေချိန်မှာပဲ Copernicus ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာပါ။ ဥရောပသမဂ္ဂ (EU) ကလည်း အခက်အခဲဖြစ်နေတဲ့ စီးပွားရေးကုမ္ပဏီတွေကို ကူညီဖို့ ကားတွေနဲ့ ကုမ္ပဏီတွေအပေါ် သတ်မှတ်ထားတဲ့ ရာသီဥတုဆိုင်ရာ စည်းမျဉ်းတချို့ကို လျှော့ချပေးနေပါတယ်။နွေဦးလေပြေနဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်#mCDM#မိုးမခမီဒီယာ

"စီးပွားရေးလုပ်ငန်းတွေအတွက် ရက် ၆၀ ကြာ အင်တာနက်ပိတ်ထားမှုကို အီရန် ဖြေလျှော့ပေး” (ဖတ်) - မာရီလင်အီရန်အစိုးရဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း အင်တာနက်အသုံးပြုမှုကို လပေါင်းများစွာ တင်းကျပ်ထားခဲ့ပြီးနောက် အခုအခါမှာတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ကန့်သတ်ချက်ရှိတဲ့ အင်တာနက်အစီအစဉ်သစ်တစ်ခုကို စတင်လိုက်ပါတယ်။ နိုင်ငံတစ်ဝန်း အင်တာနက်တွေ ရက်ပေါင်း ၆၀ လောက် ဖြတ်တောက်ခံထားရတာကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုတွေ များပြားလာသလို၊ အများပြည်သူတွေကြားမှာလည်း မကျေနပ်မှုတွေ မြင့်တက်လာနေတဲ့အချိန်မှာ အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။အီရန်အမျိုးသားလုံခြုံရေးကောင်စီက "Internet Pro" လို့ ခေါ်တဲ့ ယာယီအစီအစဉ်တစ်ခုကို အတည်ပြုပေးခဲ့ပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေကို ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နဲ့ ချိတ်ဆက်ရာမှာ ကန့်သတ်ချက် အနည်းငယ်နဲ့ အသုံးပြုခွင့်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။အင်တာနက်စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ NetBlocks ရဲ့ ဖော်ပြချက်အရ အဲဒီကာလအတွင်းမှာ ဈေးကြီးပြီး အဆင့်မြင့်တဲ့ VPN တွေကို သုံးနိုင်တဲ့ လူအနည်းငယ်ပဲ အင်တာနက် ရခဲ့ကြတာပါ။ ပြည်သူအများစုကတော့ အင်တာနက် လုံးဝသုံးမရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အလုပ်အကိုင်၊ ကုန်သွယ်ရေးနဲ့ နေ့စဉ်လုပ်ငန်းတွေအတွက် အင်တာနက်ကို အမှီပြုနေရတာကြောင့် အကျပ်အတည်းကာလအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့အတွက် အခုအစီအစဉ်သစ်ကို ရည်ရွယ်တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။ဒါပေမဲ့ အခုလို ဖြေလျှော့ပေးမှုဟာ ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ စီးပွားရေးလုပ်ငန်းတွေကိုပဲ ဦးစားပေးခွင့်ပြုထားတာဖြစ်ပြီး အများပြည်သူတွေအတွက်ကတော့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေ တည်ငြိမ်ပြီလို့ အာဏာပိုင်တွေက သတ်မှတ်တဲ့အချိန်ကျမှသာ အင်တာနက်ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်ပေးမယ်လို့ တာဝန်ရှိသူတွေက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ တကယ်တော့ အခုလို အင်တာနက်ဖြတ်တောက်မှုတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေအတွင်းမှာ စတင်လုပ်ဆောင်ခဲ့တာပါ။ ဖေဖော်ဝါရီလမှာ ခဏတာ ပြန်ဖွင့်ပေးခဲ့ပေမဲ့ ဒီလနှောင်းပိုင်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေအပြီးမှာတော့ အင်တာနက်တွေကို ပြန်ပြီး ပိတ်လိုက်တာ ဖြစ်ပါတယ်။နွေဦးလေပြေနဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်#mCDM#မိုးမခမီဒီယာ
https://ift.tt/x5AyoWR
https://ift.tt/x5AyoWR
"အကြီးဆုံးတရုတ်ကားကုမ္ပဏီ “Chery” က “တိုယိုတာ”နဲ့ “တက်စ်လာ” ဗျူဟာ ၂ ရပ်ကို ပေါင်းစပ်ပြီး ကမ္ဘာ့ကားစျေးကွက်ကို ထိုးဖောက်" (ဖတ်) - ရန်နိုင်တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ချယ်ရီ (Cherry) ဟာ ဥရောပနဲ့ တခြားကားဈေးကွက်တွေကို ပိုမို ထိုးဖောက်နိုင်ဖို့ မတူညီတဲ့ ဗျူဟာ ၂ ခုကို ပေါင်းစပ်နေပါတယ်။ ဒါကို ကုမ္ပဏီဥက္ကဋ္ဌ ယင်တုံယွဲ့ (Yin Tong-Yue) က တီ ၂ တီ ဗျူဟာလို့ ခေါ်ဆိုပြီး တိုယိုတာ (Toyota) နဲ့ တက်စ်လာ (Tesla) ကားကုမ္ပဏီတို့ရဲ့ ဗျူဟာ ၂ ခုကို ပေါင်းစပ်ထားတာကို ပြောပါ တယ်။ "တိုယိုတာကားကုမ္ပဏီဟာ ကမ္ဘာ့အကောင်းဆုံးပါ။ အရည်အသွေးပိုင်း၊ ဝန်ဆောင်မှုပိုင်း၊ အားလုံး အရမ်းကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ထုတ်ကုန်တွေ အရည်အသွေးပြည့်မီဖို့၊ ဝန်ဆောင်မှုတွေ မြင့်မားတဲ့ စံချိန်စံညွှန်းရောက်ဖို့ တိုယိုတာလမ်း ကို လိုက်နိုင်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့ ဖောက်သည်တွေလည်း ကျေနပ်ကြပါတယ်။ နောက်တစ်ခုကတော့ တက်စ်လာပါ။ ဆန်းသစ်တီထွင်မှုပိုင်းမှာ မြင့်မားတယ်။ လူငယ်ထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ်။ အထူးသဖြင့် ဥရောပအပါအဝင် နိုင်ငံအများအပြားရဲ့ ကာဗွန်ထုတ်လွှတ်မှု လျော့ချရေး မူဝါဒတွေနဲ့လည်း ကိုက်ညီပါတယ်။"ချယ်ရီ (Cherry) ကားကုမ္ပဏီဟာ တခြားပြည်တွင်းပြိုင်ဘက်တွေဖြစ်တဲ့ BYD နဲ့ Geely တို့နဲ့အတူ ကမ္ဘာ့ကားလောကကို ကြီးကြီး မားမား ပြောင်းလဲနေတဲ့ တရုတ်ကားကုမ္ပဏီတွေဖြစ်ကြပါတယ်။ ပုံမှန်ကားထုတ်လုပ်ရေးကုမ္ပဏီတွေ မယှဉ်နိုင်တဲ့ ဈေးနဲ့ ခေတ်မီ ဆန်းသစ်တဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်ကြပါတယ်။ ချယ်ရီ (Cherry) ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်မှာ ကားအစီးရေ ၂.၈ သန်း ရောင်းချခဲ့ပြီး အရင်တနှစ်ကထက် ၈ ရာခိုင်နှုန်း တိုးမြင့်လာတာဖြစ်ပါတယ်။အခုတော့ ဥရောပမှာ တိုးမြှင့်ထုတ်လုပ်မှုဖို့ စဉ်းစားနေပြီး ဖက်စပ်လုပ်ငန်းရှိနေပြီးသား စပိန်မှာ တိုးချဲ့ထုတ်လုပ်ဖို့ စဉ်းစားနေတာ ပါ။ တခြား ဥရောပကားကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းထုတ်လုပ်ဖို့ ကြည့်နေပါတယ်။ SUV ကားတွေနဲ့ ပိုလူသိများတဲ့ ချယ်ရီ (Cherry) ကားကုမ္ပဏီဟာ ဥရောပဝယ်လက်တွေ နှစ်သက်တဲ့ ကျစ်ကျစ်လစ်လစ် ကွန်ပက်ကားမော်ဒယ်တွေကို ပြင်ဆင်နေပါတယ်။ချယ်ရီကားတွေကို မူလက ချီယာရီ Cheery လို့ ခေါ်ဆိုခဲ့ကြပြီး ပျော်ရွှင်စရာကောင်းပြီး ဈေးနှုန်းချိုသာတဲ့ အမှတ်တံဆိပ်အဖြစ် ဖော်ညွန်းပါတယ်။ ပထမဆုံး ချီယာရီ ကားကို ၁၉၉၉ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာ အမှတ်တံဆိပ် အသစ်နှစ်ခုဖြစ်တဲ့ အိုမိုဒါ (Omoda) နဲ့ ဂျေးကူး (Jaekoo) ကို မိတ်ဆက်ခဲ့ပြီး ဂျေးကူး 7 (Jaekoo 7) SUV ကားဟာ မတ်လမှာ ဗြိတိန်နိုင်ငံရဲ့ အရောင်းရဆုံး ကားဖြစ်ခဲ့ပါတယ်။ကိုနိုင်(မိုးမခ)နဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်#mCDM#မိုးမခမီဒီယာ

"ပြည်တွင်းစစ်အခြေအနေအောက်မှာ သယံဇာတ အလွန်အကျွံထုတ်ယူမှု ဘယ်လို ထိန်းသိမ်းကြမလဲ" (မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၈ ရက် မြင်ကွင်း) - (ဖတ်) ပိုပိုhttps://youtu.be/-hekKYMCm68#mCDM #မိုးမခမီဒီယာ #SpringRevolutionMyanmar #WhatsHappeningInMyanmar

YouTube
ပြည်တွင်းစစ်အခြေအနေအောက်မှာ သယံဇာတ အလွန်အကျွံထုတ်ယူမှု ဘယ်လို ထိန်းသိမ်းကြမလဲ
"ပြည်တွင်းစစ်အခြေအနေအောက်မှာ သယံဇာတ အလွန်အကျွံထုတ်ယူမှု ဘယ်လို ထိန်းသိမ်းကြမလဲ" (မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၈ ရက် မြင်ကွင်း) - (ဖတ်) ပိုပို
မြန်မာ့အရေး စာဖတ်သူတို့၏ အမြင်နဲ့ သဘောထားကို comment မှာ ရေးခဲ့ကြပါ နော်။
#mCDM
#မိုးမခမီဒီယာ
#ပြည်တွင်းသတင်း…

April 28 Myanmar Spring Chronicles by. MoeMaKaHow Can Excessive Resource Extraction Be Controlled Amid Civil War?During the five years since the outbreak of the civil war, reports of excessive natural resource extraction have increasingly appeared in the media. Unrestricted logging, illegal timber harvesting, unregulated gemstone extraction without clear policies, excessive gold mining using machinery in rivers and streams, environmentally destructive rare earth processing, and intensive mining activities are now occurring across many parts of Myanmar.

ဧပြီ ၃၀၊ ၂၀၂၆ - နေ့ခင်း သတင်းဆောင်းပါး နိုင်ငံတကာရေးရာ m.CDM & MoeMaKa 1230 PM"ပြည်တွင်းစစ်အခြေအနေအောက်မှာ သယံဇာတ အလွန်အကျွံထုတ်ယူမှု ဘယ်လို ထိန်းသိမ်းကြမလဲ" (ဖတ်) ပိုပိုစီးပွားရေးလုပ်ငန်းတွေအတွက် ရက် ၆၀ ကြာ အင်တာနက်ပိတ်ထားမှုကို အီရန် ဖြေလျှော့ပေး -(ဖတ်)မာရီလင်"ရာသီဥတုစံချိန်တွေ ကျိုးပျက်ပြီး ဥရောပမှာ စံချိန်တင် အပူချိန်မြင့်တက်နေ” (ဖတ်) - ရန်နိုင်"တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီချယ်ရီ ဟာ ဥရောပနဲ့ တခြားကားဈေးကွက်တွေကို ထိုးဖောက်နိုင်ဖို့ ကြိုးပမ်း” (ဖတ်) - ရန်နိုင်"တော်လှန်ရေး၏အောင်မြင်ခြင်းအလှကမ္ဘာ" အပိုင်း (၁၉၇) Florida HanLittle Forest Storyverse - အိပ်စက်ခြင်း မှော်နိုင်ငံတော်သို့ ခရီးစဉ် (ပုံပြင်ကဏ္ဍ)သတင်းဆောင်းပါး နိုင်ငံတကာကို နားဆင်ပြီးနောက် သင့်ထင်မြင်ချက်တွေ ပေးခဲ့ပါနော်#mCDM #မိုးမခမီဒီယာ #ပြည်တွင်းသတင်း #စစ်ရေးသတင်း #MoeMaKa#SpringRevolutionMyanmar #WhatsHappeningInMyanmar#myanmarInternet Radio on TuneIN - https://ift.tt/erWdJDXInternet Live Radio - Moemaka.net/radio Facebook - facebook.com/m.CDMUniteYouTube - https://www.youtube.com/@m.CDMMyanmaremail - admin@radionug.org
https://ift.tt/Pacm3YH
https://ift.tt/Pacm3YH
ဧပြီ ၃၀၊ ၂၀၂၆ - နေ့ခင်း သတင်းဆောင်းပါး နိုင်ငံတကာရေးရာ m.CDM & MoeMaKa 1230 PM"ပြည်တွင်းစစ်အခြေအနေအောက်မှာ သယံဇာတ အလွန်အကျွံထုတ်ယူမှု ဘယ်လို ထိန်းသိမ်းကြမလဲ" (ဖတ်) ပိုပိုစီးပွားရေးလုပ်ငန်းတွေအတွက် ရက် ၆၀ ကြာ အင်တာနက်ပိတ်ထားမှုကို အီရန် ဖြေလျှော့ပေး -(ဖတ်)မာရီလင်"ရာသီဥတုစံချိန်တွေ ကျိုးပျက်ပြီး ဥရောပမှာ စံချိန်တင် အပူချိန်မြင့်တက်နေ” (ဖတ်) - ရန်နိုင်"တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီချယ်ရီ ဟာ ဥရောပနဲ့ တခြားကားဈေးကွက်တွေကို ထိုးဖောက်နိုင်ဖို့ ကြိုးပမ်း” (ဖတ်) - ရန်နိုင်"တော်လှန်ရေး၏အောင်မြင်ခြင်းအလှကမ္ဘာ" အပိုင်း (၁၉၇) Florida HanLittle Forest Storyverse - အိပ်စက်ခြင်း မှော်နိုင်ငံတော်သို့ ခရီးစဉ် (ပုံပြင်ကဏ္ဍ)သတင်းဆောင်းပါး နိုင်ငံတကာကို နားဆင်ပြီးနောက် သင့်ထင်မြင်ချက်တွေ ပေးခဲ့ပါနော်#mCDM #မိုးမခမီဒီယာ #ပြည်တွင်းသတင်း #စစ်ရေးသတင်း #MoeMaKa#SpringRevolutionMyanmar #WhatsHappeningInMyanmar#myanmarInternet Radio on TuneIN - https://ift.tt/mkGlOeCInternet Live Radio - Moemaka.net/radio Facebook - facebook.com/m.CDMUniteYouTube - https://www.youtube.com/@m.CDMMyanmaremail - admin@radionug.org
Veja mais no Facebook em: https://ift.tt/6lzvdrJ

"ယူအေအီးနိုင်ငံ၊ အိုပက်အဖွဲ့ဝင်နိုင်ငံအဖြစ်က နှုတ်ထွက်ဖို့ ဆုံးဖြတ်မှု၊ အိုပက်ရေနံအဖွဲ့ကြီးအတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တခုဖြစ်" (ဖတ်) - မာရီလင်အိုပက်အဖွဲ့ဝင်နိုင်ငံတွေထဲမှာ သက်တမ်းအရှည်ဆုံးနဲ့ ရေနံအများဆုံး ထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ (UAE) နိုင်ငံက အိုပက် (OPEC) အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် OPEC ရေနံအဖွဲ့ကြီးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါ တယ်။ OPEC ရဲ့ ကန့်သတ်ချက်တွေများတဲ့ ရေနံထုတ်လုပ်မှုပမာဏအပေါ် UAE နိုင်ငံက ကန့်ကွက်ခဲ့ပြီးနောက်ပိုင်းမှာ UAE နိုင်ငံ OPEC အဖွဲ့က နုတ်ထွက်မယ်ဆိုတဲ့ ကောလာဟလတွေဟာ အချိန်အတန်ကြာ ပျံ့နှံ့နေခဲ့တာပါ။ X လူမှုကွန်ယက်မှာ တင်ထားတဲ့ ယူအေအီးစွမ်းအင်ဝန်ကြီးရဲ့ ပို့စ်တစ်ခုမှာ သူတို့နုတ်ထွက်ရတဲ့ အကြောင်းရင်းဖြစ်တဲ့ ရေရှည်မဟာဗျူဟာ အပြောင်းအလဲကို ထုတ်ဖော်ရေးသားထားပါတယ်။"ယူအေအီးနိုင်ငံ၊ အိုပက်အဖွဲ့ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ဟာ အခြေခံမူဝါဒအပြောင်းအလဲဖြစ်ပြီး ရေရှည် ဈေးကွက် အခြေအနေတွေနဲ့ ကိုက်ညီပါတယ်။ အိုပက်အဖွဲ့နဲ့ ဆယ်စုနှစ်များစွာ တည်ဆောက်ခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် OPEC အဖွဲ့ဝင်နိုင်ငံတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့စွမ်းအင်လုံခြုံရေးအတွက် ဆက်လက်သန္နိဋ္ဌာန်ချထားပြီး ကာဗွန်ထုတ်လွှတ်မှုနည်းပါးပြီး တာဝန်ယူမှုရှိတဲ့၊ ယုံကြည်စိတ်ချရတဲ့ ထောက်ပံ့မှုတွေနဲ့ ကမ္ဘာ့ရေနံဈေးကွက် တည်ငြိမ်ရေးကို ထိန်းသိမ်းသွားပါမယ်” လို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိုပက်ခေါင်းဆောင်နိုင်ငံဖြစ်တဲ့ ဆော်ဒီနဲ့ UAE နိုင်ငံတို့ရဲ့ ဆက်ဆံရေးယိုယွင်းလာချိန်မှာ အခုလို အခြေအနေဖြစ်လာတာပါ။ ဆော်ဒီနဲ့ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောထားကွဲလွဲမှုတွေ များလာခဲ့ပြီး အခုလို ယူအေအီး အိုပက်ကနေ နုတ်ထွက်တာကြောင့် OPEC ရဲ့ အနာဂတ်နဲ့ ဆော်ဒီရဲ့ အခန်းကဏ္ဍအပေါ် လေ့လာသူတွေ မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။"ဆော်ဒီဟာ ရေနံဈေးကွက်ရဲ့ ဗဟိုဘဏ်လို ဖြစ်နေခဲ့တာပါ။ အခုလို အခြေအနေမှာ ဆော်ဒီအာရေဗျ ဘာလုပ်မှာလဲ။ အိုပက်ရဲ့ လက်တွေ့ကျတဲ့ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမလား။ ရေနံဈေးကွက်ကို ဆက်ပြီး ထိန်းချုပ်အုံးမလား၊ ဒါမှမဟုတ် ယူအေအီး နုတ်ထွက်သွားပြီဆိုတော့ လွတ်လပ်တဲ့ ရေနံစျေးကွက် ဖြစ်သွားမလား။ အဲဒါက အကြီးဆုံး မေးခွန်းတစ်ခုဖြစ်နေတာပါ။"ချက်ချင်းတော့ ရေနံဈေးကွက်အပေါ် သက်ရောက်မှုတော့ မရှိသေးပါဘူး။ အိုပက်နိုင်ငံတွေ ထုတ်လုပ်ထားတဲ့ ရေနံအများစုဟာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်တာကြောင့် ပင်လယ်ကွေ့ထဲမှာပဲ ပိတ်မိနေဆဲဖြစ်ပါတယ်။ကိုနိုင်(မိုးမခ)နဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်#mCDM#မိုးမခမီဒီယာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။
https://ift.tt/Pacm3YH
https://ift.tt/Pacm3YH
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ကြောင်း အာဏာသိမ်းစစ်တပ် ထုတ်ပြန်================m.CDM ဧပြီ ၃၀ ရက်။မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက် အကျဉ်းကျခံဖို့ ပြောင်းရွှေ့လိုက်ပြီလို့ အာဏာသိမ်း စစ်တပ်က ဧပြီလ ၃၀ ရက်၊ ညပိုင်းမှာ ထုတ်ပြန် လိုက်ပါတယ်။ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်နဲ့ လူသားချင်းစာနာထောက်ထားမှုအရ နေပြည်တော်အကျဉ်းထောင်ကနေ အခုလို ပြောင်းရွှေ့ပေးတာလို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁ ပုဒ်မခွဲ (၁)အရ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်နေအိမ်မှာ ဆက်လက် ကျခံစေဖို့ ပြောင်းလဲပေးလိုက်တယ်လို့ ဖော်ပြထားပေမယ့် ဘယ်နေရာကနေအိမ်လဲ ဆိုတာကိုတော့ အတိအကျ ထည့်သွင်းကြေညာထားခြင်း မရှိပါဘူး။ စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံကြေညာချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ချည်သားအင်္ကျီ ရင်ဖုံးအဖြူရောင်နဲ့ ထဘီနက်ပြာအပွင့် တို့ကို ဝတ်ဆင်ထားတွေ့ရှိရပါတယ်။သူမရဲ့ သားဖြစ်သူ ကိုထိန်လင်း အပါအဝင် ပြည်သူလူထုက အသက်ရှင်နေသေးကြောင်း သက်သေပြရန် “Proof of Liffe” တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာ စစ်အုပ်စုက အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ထို့အပြင် အာဆီယံ က သူမကို နာမည်တပ်ပြီး ပြန်လွှတ်ပေးဖို့ တိုက်ရိုက် တောင်းဆိုတာတွေ ရှိနေသလို တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော် ခရီးစဉ်နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ် အပြီးမှာ အခုလို အရွေ့တစ်ခု ဖြစ်လာတာလည်း ဖြစ်ပါတယ်။အကြမ်းဖက် စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ကို ရက်ပေါင်း ၁,၉၀၀ ကျော် (၅ နှစ်ကျော်) ကြာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာလည်း ဖြစ်ပါတယ်။သတင်း - လူလေး#mcdm #SpringRevolutionMyanmarTuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။ https://ift.tt/mkGlOeC-----------------------
Veja mais no Facebook em: https://ift.tt/6lzvdrJ
Veja mais no Facebook em: https://ift.tt/6lzvdrJ
လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့တဲ့ မိုးဗြဲ LPDF ကို ဖျက်သိမ်း၊ လက်နက်တွေ ပြန်လည်အပ်နှံ၊ယခုဖြစ်စဉ်ကို JCS ရဲ့ စစ်ဆေးမှုအောက်ကနေ ဥပဒေလမ်းကြောင်းအရ ရင်ဆိုင်သွားမယ် ဟုဆို=============m.CDM ဧပြီ ၃၀ ရက်။ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့ အောင်မင်း ဦးဆောင်သော မိုးဗြဲ Local PDF အဖွဲ့ကို အပြီးတိုင် ဖျက်သိမ်းလိုက်ပြီလို့ Mobye PDF က ထုတ်ပြန်ထားပါတယ်။၎င်းတပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိထားတဲ့ လက်နက်ခဲယမ်း တွေကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က မိုးဗြဲဒေသခံ ပြည်သူလူထုနဲ့ ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။အောင်မင်း ဦးဆောင်တဲ့ LPDF တပ်ဖွဲ့ဟာ စက်တော်ရာ ကျောင်းထိုင်ဘုန်းကြီးနဲ့ တော်လှန်ရေး တပ်မှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး CDM တပ်သားများ၊ စစ်သုံ့ပန်းများနဲ့ အရပ်သားပြည်သူများကိုလည်း သတ်ဖြတ်ခဲ့တယ် လို့ ဆိုပါတယ်။ထို့အပြင် ဘာသာရေးခေါင်းဆောင်၊ အမျိုးသမီးနဲ့ အရပ်သားပြည်သူတွေကို လက်နက်အားကိုး အသက်အန္တရယ် ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ ကိုယ်ကျိုးအတွက် တော်လှန်ရေးတပ်နဲ့ လက်နက်ခဲယမ်း များကို အလွဲသုံးစား ပြုလုပ်ခြင်းတို့ကို ဥပဒေမဲ့ ကျူးလွန်ခဲ့တယ်လို့ အသိပေးထားပါတယ်။ထို့ကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ မနက် ၈ နာရီမှာ ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ တော်လှန်ရေး အင်အားစုတွေ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၎င်းအဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ဆုံးဖြတ်ချက်အရ ဧပြီလ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲဝန်းကျင်မှာ သွားရောက်ညှိနှိုင်း လက်နက်ဖြုတ်သိမ်းချိန်မှာ အောင်မင်း ရဲ့ အဖွဲ့ဘက်က စတင်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ပစ်ခတ်မှုအတွင်း အောင်မင်း အပါအဝင် ၉ ဦး သေဆုံးသွားခဲ့ပြီး၊ Mobye PDF နဲ့ အယ်ဖာစစ်ဒေသ (မိုးဗြဲနယ်) ဘက်မှ ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ အနီးနားက ပြည်သူ တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ထို့နောက် မိုးဗြဲ LPDF နောက်ချန်တပ်စခန်းမှာ ကျန်နေတဲ့ရဲဘော်တွေကိုလည်း ခေတ္တဖမ်းဆီး ထိန်းသိမ်းထားပြီး ကရင်နီပြည်နယ်လုံးဆိုင်ရာ တပ်ဖွဲ့တွေဆီ အပ်နှံထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ကြားကာလ ကရင်နီပူးတွဲဦးစီးအဖွဲ့ (JCS) ရဲ့ စစ်ဆေးမှု အောက်ကနေ တရားနည်းလမ်းတကျ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ အသိပေးထားပါတယ်။တရားရင်ဆိုင်ဖြေရှင်းတာတွေ ပြီးသွားတဲ့အခါ ကျန်ရှိနေတဲ့ရဲဘော်တွေထဲက တော်လှန်ရေးဆက်လုပ်ချင်သူတွေ ကို ပြန်လည်စိစစ်ပြီး လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။၎င်းတို့အနေဖြင့် တော်လှန်ရေးကို နှောင့်နှေးစေသော လုပ်ရပ်များနဲ့ လက်နက်အားကိုး ပြည်သူလူထုအပေါ်ဖိနှိပ် အနိုင်ကျင့်တာတွေကို လက်ခံမှာမဟုတ်ဘဲ ပြည်သူနဲ့အတူ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။သတင်း - လူလေး#mcdm #SpringRevolutionMyanmarTuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။https://ift.tt/mkGlOeC-------------------