Radio NUG
737 subscribers
6 photos
10 files
34.3K links
Radio NUG for Myanmar Spring Revolution
Download Telegram
၂၃ - ၄ -၂၀၂၅ ( ညပိုင်း ပြည်တွင်းသတင်းများ)

Veja mais no Facebook em: https://ift.tt/lZW1wEi
မင်းလှမြို့နယ်အတွင်း Non Cdm များနှင့် ပရဟိတဟန်ပြကာ လုပ်စားနေကြသော ကျူရှင် ဆရာ/ဆရာမများကို သတိပေး==============ဧပြီ ၂၃ Radio NUG မင်းလှမြို့နယ် ရပ်ကွက် ကျေးရွာအုပ်စုများအတွင်း Non Cdm ဆရာ ဆရာမများသည် အကြမ်းဖက်စစ်ကောင်စီနှင့် မပူးပေါင်းရန် အကြိမ်ပေါင်းများစွာထုတ်ပြန်ထားသော်လည်း ပြည်သူများ၏ မျက်နှာကို မငဲ့ကွက်ပဲ အကြမ်းဖက်စစ်ကောင်စီနှင့်ဆက်လက်ပူးပေါင်းနေကြောင်း မင်းလှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။ရပ်ကွက်/ကျေးရွာအုပ်စုများတွင် တာဝန်ကျနေသော ပညာရေး Nom Cdm ဆရာ/ဆရာမ များသည် မင်းလှမြို့တွင် တိမ်းရှောင်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းနေတယ်လို့ ဖော်ပြထားပါတယ်။မင်းလှမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုအလိုက် စေတနာဟန်ပြပြီး ကျူရှင်ပြစားနေသောဆရာ/ဆရာမများသည် Non Cdm များနှင့် ပူးပေါင်းပြီး ၂၀၂၁ ခုနစ် အကြမ်းဖက်အာဏာသိမ်းကာလ ၅နှစ်တိုင်တိုင် ကျောင်းသား/သူ မိဘများအပေါ် လစဥ် KG တန်းမှစ၍ အလယ်တန်းပညာရေးအဆင့်ထိ ငွေကြေးကောက်ခံပြီး ခိုးကြောင်ခိုးဝှက်သင်ကြားနေတယ်လို့ သိရပါတယ်။သို့ဖြင့်ပါ၍ Non Cdmများနှင့် ဆက်လက်ပူးပေါင်းကာ ခိုးကြောင်ခိုးဝှက် သင်ကြားပေးနေသော ကျူရှင်ဆရာ ဆရာမများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ မင်းလှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ အမြန်ဆုံး ဆက်သွယ်ပေးပါရန် မေတ္တာရှေ့ထားပြီး အသိပေးထားပါတယ်။

Click Here Weekly News(တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှု၊အရှေ့ပိုးကရင်ဘာသာ) - နွေဦးသာသာ (05:55) to Listen

via Radio NUG Daily Podcasts https://ift.tt/dzTDBjL
Click Here ပြည်တွင်းသတင်းများ - နွေဦးမွန် (08:43) to Listen

via Radio NUG Daily Podcasts https://ift.tt/yPC97Yp
Click Here Radio NUG စစ်ရေးသတင်းကောက်နုတ်ချက် - မင်းယု (07:36) to Listen

via Radio NUG Daily Podcasts https://ift.tt/MnXYvPL
၂၃ - ၄ -၂၀၂၅ ( ညပိုင်း ပြည်တွင်းသတင်းများ)

https://ift.tt/VMcGrF1
မင်းလှမြို့နယ်အတွင်း Non Cdm များနှင့် ပရဟိတဟန်ပြကာ လုပ်စားနေကြသော ကျူရှင် ဆရာ/ဆရာမများကို သတိပေး==============ဧပြီ ၂၃ Radio NUG မင်းလှမြို့နယ် ရပ်ကွက် ကျေးရွာအုပ်စုများအတွင်း Non Cdm ဆရာ ဆရာမများသည် အကြမ်းဖက်စစ်ကောင်စီနှင့် မပူးပေါင်းရန် အကြိမ်ပေါင်းများစွာထုတ်ပြန်ထားသော်လည်း ပြည်သူများ၏ မျက်နှာကို မငဲ့ကွက်ပဲ အကြမ်းဖက်စစ်ကောင်စီနှင့်ဆက်လက်ပူးပေါင်းနေကြောင်း မင်းလှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။ရပ်ကွက်/ကျေးရွာအုပ်စုများတွင် တာဝန်ကျနေသော ပညာရေး Nom Cdm ဆရာ/ဆရာမ များသည် မင်းလှမြို့တွင် တိမ်းရှောင်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းနေတယ်လို့ ဖော်ပြထားပါတယ်။မင်းလှမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုအလိုက် စေတနာဟန်ပြပြီး ကျူရှင်ပြစားနေသောဆရာ/ဆရာမများသည် Non Cdm များနှင့် ပူးပေါင်းပြီး ၂၀၂၁ ခုနစ် အကြမ်းဖက်အာဏာသိမ်းကာလ ၅နှစ်တိုင်တိုင် ကျောင်းသား/သူ မိဘများအပေါ် လစဥ် KG တန်းမှစ၍ အလယ်တန်းပညာရေးအဆင့်ထိ ငွေကြေးကောက်ခံပြီး ခိုးကြောင်ခိုးဝှက်သင်ကြားနေတယ်လို့ သိရပါတယ်။သို့ဖြင့်ပါ၍ Non Cdmများနှင့် ဆက်လက်ပူးပေါင်းကာ ခိုးကြောင်ခိုးဝှက် သင်ကြားပေးနေသော ကျူရှင်ဆရာ ဆရာမများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ မင်းလှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ အမြန်ဆုံး ဆက်သွယ်ပေးပါရန် မေတ္တာရှေ့ထားပြီး အသိပေးထားပါတယ်။

https://ift.tt/VMcGrF1
ငလျင်ဘေးသင့် မြန်မာပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ Bybit မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀ ကျော် ခန့် ကို ပေးပို့ လှူဒါန်းခဲ့============ဧပြီ ၂၃Radio NUG မတ်လ ၂၈ ရက်နေ့ တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း ငလျင်ကြီး နှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ဘေးသင့်ခဲ့ရသော ဒေသခံ မြန်မာပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ Bybit မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀ ကျော် ခန့် (USD 140,000 တိတိ) ကို ပေးပို့ လှူဒါန်းခဲ့တယ်လို့ Spring Development Bankက ဖော်ပြပါတယ်။ယခုလို နိုင်ငံတကာမှ ထိရောက်သော ပံ့ပိုးမှုအဖြစ် ခွန်အားဖြည့်ပေးခဲ့တဲ့ Bybit အား အထူးပင် ကျေးဇူးတင်ရှိလျက် Spring Development Bank, Myan Crypto နှင့် KoeCrypto Studios တို့၏ ယုံကြည်စိတ်ချရတဲ့ ကွန်ယက်များမှ တဆင့် လွှဲပြောင်းကူညီပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

https://ift.tt/VMcGrF1
၂၃ - ၄ -၂၀၂၅ Radio NUG စစ်ရေးသတင်းကောက်နုတ်ချက် - မင်းယု

https://ift.tt/VMcGrF1
ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စု ထမင်းစားနေစဉ် ဝင်ရောက်တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံး============ဧပြီလ ၂၃ Radio NUGပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်း အရှေ့ဘက် ကျေးရွာတွေကို ပေါ်တာဆွဲ ဖမ်းဆီးရန် စစ်ကောင်စီတပ်ဖွဲ့ လာရောက်မယ်ဆိုတဲ့ သတင်းကြောင့် နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၂ ရက်နေ့ မနက် ၁၀ နာရီခွဲ ခန့်မှာ အင်ကြင်းကုန်းအုပ်စု၊ အညာတန်းကြီးရွာ၊ ကားလမ်းဘေးက "53" မြန်မာထမင်းဆိုင်မှာ ထမင်းစားနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၂၀ ခန့်ကို ရှောင်တခင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။တိုက်ခိုက်ခံရတာကြောင့် ဖရိုဖရဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးများကို လိုက်လံပစ်ခတ် ရှင်းလင်းခဲ့ရာ ၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဖော်ပြထားပါတယ်။အထိနာသွားတဲ့ စစ်ကောင်စီတပ်က မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်မှာ Mi-35 ရဟတ်ယာဉ်ဖြင့် ရိုးမအစပ်ရှိ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ဆက်လက်၍လည်း ထိတွေ့တိုက်ပွဲများ ဖြစ်လာနိုင်တာကြောင့် ပြည်သူများ အနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးနီးကပ်ကပ် သွားလာနေထိုင်မှု မလုပ်ကြဖို့နဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် လာနိုင်တာကြောင့် အထူးသတိထား နေထိုင်ကြဖို့ အသိပေးထားပါတယ်။—------------

https://ift.tt/VMcGrF1
အရာတော် (၅၀၀၄) တင့်ကားတပ်ကို သွားတဲ့ တပ်ကြပ်တဦးကို စောင့်ကြိုတိုက်ခိုက်============ဧပြီလ ၂၃ Radio NUGစစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အမှတ် (၅၀၀၄) တင့်ကားတပ်ရင်းကို သွားတဲ့ တပ်ကြပ်တဦးအား စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ Danger Force - မုံရွာခရိုင် ပကဖ အထူး တိုက်ခိုက်ရေး တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၂ ရက်နေ့ မနက် ၁၀ နာရီ ၄၄ မိနစ်အချိန်မှာ တပ်ကြပ်ဝင်းတင် ဆိုသူအား အရာတော် မြို့ကနေ တင့်ကားတပ်ရင်းကို သွားတဲ့ လမ်းခုလတ် တနေရာမှာ အသင့်စောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။တိုက်ခိုက်ခံရတာကြောင့် တပ်ကြပ် ဝင်းတင်ရဲ့ ညာဘက်ပခုံး ကျည် ထိမှန်ခဲ့ပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ တပ်တွင်း ဖရဲသီးထံမှ သိရကြောင်း ဖော်ပြထားပါတယ်။ထို့အပြင် မနက် ၁၁ နာရီ မိနစ် ၂၀ ခန့်မှာလည်း အရာတော် စက်မှုလယ်ယာ ဂိတ်အတွင်းကို M79 ဖြင့် 40 mm တလုံးပစ်ခတ်ခဲ့ရာ စစ်ကောင်စီ ဂိတ်အတွင်း ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုများကို Danger Force - မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့နဲ့ မုံရွာခရိုင် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။—------

https://ift.tt/VMcGrF1
ဧပြီလအတွင်း နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း (၅၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၇) ဦး ပါဝင်==========ဧပြီ ၂၃Radio NUG နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃၂) ဦးနှင့် အမျိုးသား (၂၃) ဦး စုစုပေါင်း (၅၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၇) ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။ထိုအရေအတွက်တွင် စစ်ကိုင်းတိုင်းမှာ (၂၁) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ “ဒေါ်မူချို”အမည်ရသည့် ကုန်စုံဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံ မမိသေး၊ ကိုမင်းမင်း၊ ကိုဖိုးမော့၊ ဒေါ်ခင်မာနှင်း၊ ဒေါ်စောနှင့် ဦးကျော်မင်းကြီးတို့ မိသားစုဝင် ခြောက်ဦးကို ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရပါတယ်။

https://ift.tt/VMcGrF1
ပုပ်ရဟန်းမင်းကြီးဖရန်စစ်နေရာဆက်ခံမယ့်သူကိုမြန်မာနိုင်ငံလို မငြိမ်းချမ်းတဲ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ဖို့ NUGယာယီသမ္မတလေးနက်စွာ မျှော်လင့်===============ဧပြီ ၂၃Radio NUG ပုပ်ရဟန်းမင်းကြီးဖရန်စစ်နေရာဆက်ခံမယ့်သူကိုမြန်မာနိုင်ငံလို မငြိမ်းချမ်းတဲ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ဖို့ NUGယာယီသမ္မတလေးနက်စွာ မျှော်လင့်တယ်လို့ပြောပါတယ်။"ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုနဲ့ပက်သက်ပြီး တကမ္ဘာလုံး ရိုမန်ကက်သလစ်တွေနဲ့ ခရစ်ယာန်ဘာသာဝင် အားလုံးလည်း ဝမ်းနည်းပူဆွေးနေကြရတယ်လို့ ခံစားမိပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကျွန်တော်တို့ နိုင်ငံကို ငြိမ်းချမ်းရေးရဖို့ အမြဲ စိတ်အားထက်သန်စွာ ထုတ်ဖော် ဆုတောင်းတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်သာသနာ နှစ်ပေါင်း (၅၀၀) ကျော်အတွင်းမှာ၊ မြန်မာနိုင်ငံကို ပထမဆုံး ကြွရောက်ခဲ့သူလည်း ဖြစ်ပါတယ်။နောက်ဆက်ခံမယ့် ပုပ်ရဟန်း မင်းကြီးတစ်ပါးအနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံလို မငြိမ်းချမ်းတဲ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ဖို့ လေးနက်စွာ မျှော်လင့်ကြောင်း ပြောကြား လိုပါတယ်"လို့ယာယီသမ္မတဒူဝါလရှီးလကပြောပါတယ်။ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကွယ်လွန်မှုအပေါ်CRPHနဲ့NUGတို့ကလည်းဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့ထုတ်ပြန်ပါတယ်။

https://ift.tt/VMcGrF1
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း (၇၃)နှစ်ပြည့်မွေးနေ့အတွက် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအဖွဲ့ကတော်လှန်မွေးနေ့ဆုမွန်ကောင်းတောင်း==============ဧပြီ ၂၃Radio NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း (၇၃)နှစ်ပြည့်မွေးနေ့အတွက် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအဖွဲ့ကတော်လှန်မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၏ (၇၃)နှစ်ပြည့်မွေးနေ့ မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံပါစေကြောင်း နှင့် တိုင်းပြည်နှင့်လူမျိုးအကျိုးကို စွမ်းစွမ်းတမံ ဆက်လက်၍ ဦးလည်မသုန် ထမ်းရွက်နိုင်ပါစေကြောင်း ချစ်ခင်လေးစားစွာဖြင့် မေတ္တာဆုမွန်ကောင်းတောင်းအပ်တယ်လို့ဖော်ပြထားပါတယ်။ယာယီသမ္မတနဲ့ပြည်ထောင်စုဝန်ကြီးချုပ်တို့အပါအဝင်အစိုးရအဖွဲ့ဝင်များဟာ ပြည်တွင်းမှနေ၍ နွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်နိုင်ရန်ကြိုးပမ်းလျက်ရှိပါတယ်။

https://ift.tt/VMcGrF1
ငလျင်ဘေးသင့် မြန်မာပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ Bybit မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀ ကျော် ခန့် ကို ပေးပို့ လှူဒါန်းခဲ့============ဧပြီ ၂၃Radio NUG မတ်လ ၂၈ ရက်နေ့ တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း ငလျင်ကြီး နှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ဘေးသင့်ခဲ့ရသော ဒေသခံ မြန်မာပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ Bybit မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀ ကျော် ခန့် (USD 140,000 တိတိ) ကို ပေးပို့ လှူဒါန်းခဲ့တယ်လို့ Spring Development Bankက ဖော်ပြပါတယ်။ယခုလို နိုင်ငံတကာမှ ထိရောက်သော ပံ့ပိုးမှုအဖြစ် ခွန်အားဖြည့်ပေးခဲ့တဲ့ Bybit အား အထူးပင် ကျေးဇူးတင်ရှိလျက် Spring Development Bank, Myan Crypto နှင့် KoeCrypto Studios တို့၏ ယုံကြည်စိတ်ချရတဲ့ ကွန်ယက်များမှ တဆင့် လွှဲပြောင်းကူညီပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

Veja mais no Facebook em: https://ift.tt/VKGi3n9