Radio NUG
739 subscribers
6 photos
10 files
34K links
Radio NUG for Myanmar Spring Revolution
Download Telegram
ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ မှ အကြမ်းဖက်စစ်သားများအား တော်လှန်ရေးတပ်က ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံး============ဧပြီ ၂၂Radio NUG ၂၀၂၅ခုနှစ် ၊ ဧပြီလ ၂၂ရက်နေ့တွင် ရွှေကျင်မြို့နယ် ၊ညောင်ချေထောက်ကျေးရွာအနီးရှိ ခမရ ၅၉၈ မှ အကြမ်းဖက်စစ်သားများအား ပစ်ခတ်ခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။အဆိုပါပစ်ခတ်မှုတွင် ရန်သူဘက်မှ နှစ်ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးဘက်မှ အထိခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီတပ်သား ၆ ဦး အလင်းဝင်============ဧပြီလ ၂၂ Radio NUGချင်းပြည်နယ်၊ ခန္တီးမြို့၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တို့မှ စစ်ကောင်စီ တပ်သား ၆ ဦး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံ အသီးသီး ဆက်သွယ် အလင်းဝင်လာ ခဲ့တယ်လို့ သိရပါတယ်။ခန္တီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ခန္တီးခရိုင် အထူးတပ်ခွဲ) နှင့် နာဂ ပြည်သူ့ကာကွယ်ရေးတပ် (NPDF) ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ထံကို စစ်ကောင်စီ တပ်သားတဦး သေနတ်တလက်၊ ကျည်၊ လက်ပစ်ဗုံး စတဲ့ စစ်အသုံးအဆောင်ပစ္စည်း အပြည့်အစုံဖြင့် ဆက်သွယ်အလင်းဝင် လာတယ်လို့ ဆိုပါတယ်။အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီ (၂၅၃, ၂၅၄, ၂၅၅) တပ်ရင်းတို့မှာ စစ်မှုထမ်း စုဆောင်းခံထားရသူ ၃ ဦး (လက်နက်မဲ့) အလင်းဝင် လာတယ်လို့ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ထံက သိရပါတယ်။မွန်ပြည်နယ်မှာလည်း ဧပြီလ ၂၂ ရက်နေ့က မော့ကနင်ကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၀၆) တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်မဲ့ ထွက်ပြေးလွတ်လာပြီး ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထံ ခိုလှုံလာတယ်လို့ ထုတ်ပြန်ထားပါတယ်။ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံလာကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အသီးသီးကို လုံခြုံသော နေရာများကို ပို့ဆောင်ထားပြီး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာသူကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။—----------

Veja mais no Facebook em: https://ift.tt/lZW1wEi
ကျောက်ကြီးတောင်ဂိတ်ကို ရိက္ခာပို့ရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး============ဧပြီလ ၂၂ Radio NUGပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မုဏ္ဍိုင်တိုက်နယ် ရဲစခန်း ကနေ ကျောက်ကြီးတောင် ဂိတ်ကို ရိက္ခာပို့ရန် ရှေ့ပြေး ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ PPDF - ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲ ခန့်မှာ ဆိုင်ကယ် ၇ စီး၊ အင်အား ၁၄ ဦးဖြင့် ရှေ့ပြေး ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပေါက်တောရွာနဲ့ အဂ္ဂရာပြည့် ကွက်သစ်ကြား တံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး နေရာမှာပဲ သေဆုံးသွားခဲ့ကာ ၅ ဦး ပြင်းထန် ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကို ၃ နာရီခွဲအချိန်မှာ ကားဖြင့် ပြန်သယ်သွားခဲ့ပြီး ပေါက်တော တပ်ထဲမှာ သင်္ဂြိုလ်ခဲ့ကာ ဒဏ်ရာရရှိ သူများကို မုတ္တိုင် ဆေးရုံမှာ ကုသနေတယ်လို့ ဖော်ပြ ထားပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။—--------

Veja mais no Facebook em: https://ift.tt/lZW1wEi
၂၀၂၅ မတ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် အများဆုံးအနေနဲ့ စစ်ကိုင်းတိုင်းဟာ ၅၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရ==============ဧပြီ ၂၂ Radio NUG မတ်လအတွင်းမှာ မန္တလေးတိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၃ မှုထိ ရှိခဲ့ပြီးလေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် အများဆုံးအနေနဲ့ကတော့ စစ်ကိုင်းတိုင်းဟာ ၅၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့ ၂၀၂၅ ခုနှစ်မတ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း ၆၄၁ မှုကိုကျူးလွန်ခဲ့ပါတယ်။ပြည်သူပိုင်နေအိမ် ၇၃၇လုံး၊ စာသင်ကျောင်း ၇ကျောင်း၊ ဘာသာရေးအဆောက်အဦ ၃၆လုံး နှင့် ကျန်းမာရေးအဆောက်အဦ ၁လုံး ပျက်ဆီးခဲ့ပြီး သေဆုံးသူ ၂၀၂ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၃၇ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
ညောင်လေးပင်တွင် စစ်ကောင်စီရဲ့ ဒရုန်းတက်တဲ့ နေရာများကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁)ဦးသေဆုံး==============ဧပြီ ၂၂ Radio NUG ဧပြီ ၂၁ ရက်နေ့တွင် ညနေ ၃း၃၀နှင့် ၃း၅၀အချိန်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာအတွင်းရှိ စစ်ကောင်စီ ဒရုန်းတက်တဲ့ နေရာများကို ၃၇၀၃တပ်ရင်း လက်နက်ကြီးအဖွဲ့မှ ၆၀ မမ (၂)လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ညနေ ၃း၂၀နှင့် ၃း၂၄အချိန်တွင်လည်း တာပြတ်တံတားအား ထပ်မံ၍ (၂)လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တာပြတ်တံတားမှ ထွက်လာတဲ့ အကြမ်းဖက်စစ်သားအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် (၁ )ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ညနေ ၄း၅၈အချိန်တွင် ထိုတာပြတ်တံတားကို ၆၀ မမ (၁)လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျန်ထိခိုက်သေဆုံးမှုအား စုံစမ်းနေလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
စဥ့်ကူးမြို့နယ် အောက်ဇီးကုန်းကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ၅လအရွယ် ကလေးအပါအဝင် ၄ဦး ထိခိုက်ဒဏ်ရာရရှိ==============ဧပြီ ၂၂ Radio NUG ဧပြီလ ၂၁ရက် ညနေ 3နာရီ30မိနစ်အချိန်တွင် စဥ့်ကူးမြို့နယ် အောက်ဇီးကုန်းကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ‌၅လအရွယ် ကလေးအပါအဝင် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖမှ သတင်းထုတ်ပြန်ပါတယ်။အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာပြင်းထန်ပြီး ကျန်ပြည်သူများ မစိုးရိမ်ရဒဏ်ရာရရှိကာ နွား ၁ကောင် ဝက် ၄ကောင် သေဆုံးခဲ့သလို နေအိမ် ၃လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းမှ ဦးစီး၍ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်ဖြင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ==============ဧပြီ ၂၂ RadioNUG'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်ဖြင့် အခြေခံကွန်ပျူတာသင်တန်းကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းမှဦးစီး၍ ဇန်နဝါရီလ (၁၆)ရက်နေ့မှ စတင်ကာ ကရင်နီပြည်အရှေ့ခြမ်း လွတ်မြောက်နယ်မြေတစ်နေရာတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။အဆိုပါပညာရေးအစီအစဥ်အရ ဖွင့်လှစ်သင်ကြားခဲ့သော ကွန်ပျူတာအခြေခံသင်တန်းကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်း၊ အမှတ် (၇၈၉၄) တပ်ရင်း မှ ရဲဘော်ရဲမေများနှင့် ဒေသခံလူငယ်များ တက်ရောက်သင်ကြားခဲ့ကြပြီး ဧပြီလ (၂၂)ရက်၊ ၂၀၂၅ ခုနှစ်တွင် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်သည် ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းမှ ပြုလုပ်သော ပညာရေးအစီအစဥ်တစ်ခုဖြစ်ပြီး ဒေသတွင်းမှ လူငယ်များ ရဲဘော်များ တော်လှန်ရေးကာလအတွင်း ပညာရေးအခန်းကဏ္ဍမလစ်ဟင်းစေရန် ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။သင်တန်းဆင်းပွဲကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်း၏ တပ်ရင်းမှုး၊ ဒု-တပ်ရင်းမှုး နှင့် သင်တန်းဖြစ်မြောက်ရေးတာဝန်ခံတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး သင်တန်းသားများနှင့်အတူ ကလလတ၊ အမှတ် (၇၈၉၄) တပ်ရင်းမှတာဝန်ရှိသူများ၊ အမှတ် (၉၄၂၀) တပ်ရင်းမိသားစု ပညာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကာ ဒေသတွင်းလူငယ်များ၏ ပညာရေးအခန်းကဏ္ဍနှင့် နည်းပညာအခန်းကဏ္ဍများကို ဆွေးနွေးပြောကြားရန်အတွက် ကရင်နီ နိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) မှ လူငယ်ပညာရှင်များလည်း တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
လယ်ဒိုနှင့် ဆောထိမြို့နယ်အတွင်း စစ်ကောင်စီတပ်ကြောင့် ပြည်သူလူထု (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး စေတီပုထိုးများ၊ ဓမ္မာရုံ (၁) ရုံ၊ ဘုန်းကြီးကျောင်း (၁)ကျောင်း နှင့် နေအိမ် (၁) လုံး ထိမှန် ပျက်စီးခဲ့ရ===============ဧပြီ ၂၂ RadioNUG လယ်ဒိုမြို့နယ် အတွင်း စစ်ကောင်စီလေတပ်မှ ၂၀၂၅ ခုနှစ် ဧပြီလ (၂၀) ရက်နေ့ နေ့လယ် (၁၁း၀၃) မိနစ် အချိန်တွင် ဂျက်ဖိုင်တာ (၁)စင်းဖြင့် ကေလာသဘုရားပရဝန်အတွင်း လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့ရာ ဘုရားစေတီ၊ ဘုရားကျောင်းဆောင်၊ ဓမ္မာရုံ (၁)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းထိမှန် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။အလားတူ ဆောထိမြို့နယ်အတွင်း ဧပြီလ (၂၀) ရက်နေ့ ညနေ (၄း၃၀) မိနစ်အချိန်တွင် ပိန်းဇလုတ် အခြေစိုက် ခလရ−၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့ရာ အင်းပုဝါကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ဦးကြည်လွင် (၅၂) နှစ် တစ်ဦး ထိခိုက်သေဆုံးကာ ဦးကျော်စိုးမိုး၊ စောလူမင်း၊ နော်ခင်ချိုခိုင်၊ နော်အေးသိမ့်သိမ့်အောင်နှင့် စောအောင်သက်ပိုင်တို့ (၅)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးထိမှန်ပျက်စီးကာ နွား(၃)ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
စလင်းမှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ဟုဆို============ဧပြီလ ၂၂ Radio NUGမကွေးတိုင်း စလင်းမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဗမာ့တပ်တော် - Burma Army က ထုတ်ပြန်ထားပါတယ်။ဧပြီလ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲခန့်မှာ နွယ်တမယ် ရွာမှ ရှားတောရွာ ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ဗမာ့တပ်တော်က ထောင်ထားခဲ့တဲ့ မိုင်းနင်းမိကာ ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။မိုင်းထိကာ ဒဏ်ရာရသူများကို သယ်ဆောင်လာပြီး စစ်ကြောင်း ဆက်ထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ဗမာ့တပ်တော်၊ အမှတ် (၇၀၇) တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ တို့က ရှေ့ထွက်မိုင်း၊ လက်နက်ကြီး/ငယ် များဖြင့် စောင့်ကြိုတိုက်ခိုက် ခဲ့ကြပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ပန်းတောကြီး ရွာထဲကို ကျရောက်ခဲ့ပြီး ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာ ရရခဲ့ကာ အမျိုးသား တဦး နေရာမှာပဲ သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ဧပြီလ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာလည်း စစ်ကောင်စီ တပ်များရှိရာ ညောင်ကုန်းပွိုင့်နဲ့ ရှားတော လက်ပံပင်ပွိုင့်တို့ကို တော်လှန်ရေး တပ်များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့ပြီး စစ်ကောင်စီ ဘက်က ပန်းတောကြီးရွာကို နှစ်ကြိမ်တိုင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။နေ့လည် ၁၂ နာရီ ၅၀ ခန့်မှာ ရှေ့ဆက်တိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မယ်ဇလီကွေ့ရွာ အထွက် မန္တလေး ဘုရာကြီး အနီးမှာ ဗမာ့တပ်တော်ရဲ့ မိုင်းကွင်းအတွင်း နင်းမိပေါက်ကွဲခဲ့ပြီး ၃ နာရီကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က Jet Fighter များဖြင့် ၅ ကြိမ် လေကြောင်းပစ်ကူ ပေးခဲ့ပြီး မြောင်းခွကျေးရွာမှ နေအိမ် ၂ လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။၎င်းစစ်ကြောင်းဟာ လေကြောင်းပစ်ကူ အကြိမ်များစွာ အသုံးပြုပြီး ဆက်လက်ထိုးစစ်ဆင်လာပေမယ့် တော်လှန်ရေး တပ်ပေါင်းစုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နောက်မဆုတ်တမ်း ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီ ၄၄ မိနစ်မှာ အထိနာပြီး နောက်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ထိုနေ့ည ၆ နာရီ ၁၇ မိနစ်မှာ ညောင်ကုန်းရွာနဲ့ ရှားတောရွာက စစ်ကောင်စီ တပ်သားများ အခြေပြုရာ နေရာကို ပူးပေါင်းတပ်များက ဒရုန်းဗုံးများ၊ ၆၀ မမ လက်နက်ကြီးများနဲ့ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ရာ အထိခိုက်အကျဆုံး များခဲ့ပြီး လေကြောင်းပစ်ကူ ၇ ကြိမ်ထိ လာရောက်ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါ တိုက်ပွဲများအတွင်း ဗမာ့တပ်တော် အမှတ် (၇၀၇) တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြု တပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့၊ ပကဖ (စလင်း) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။—-------

https://ift.tt/fmEUvbR

NUG/MOD လက်အောက်က တပ်ရင်းအချို့ ရွှေ့ပြောင်းမှုနဲ့ စုစည်းထားနိုင်ဖို့ အရေး(မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၁ မြင်ကွင်း)

https://ift.tt/fmEUvbR
NUG/MOD လက်အောက်က တပ်ရင်းအချို့ ရွှေ့ပြောင်းမှုနဲ့ စုစည်းထားနိုင်ဖို့ အရေး(မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၁ မြင်ကွင်း)

Veja mais no Facebook em: https://ift.tt/lZW1wEi
ပြီးခဲ့တဲ့ တနင်္လာနေ့က ကွယ်လွန်အနိစ္စရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ စျာပနအခမ်းအနားကို ဗာတီကန်နန်းတော်မှာ စနေနေ့မနက်ပိုင်းမှာ ကျင်းပမယ်လို့ နန်းတော်က ကြေညာပါတယ်။ စိန့်ပီတာဘုရားကျောင်းမှာ ကျင်းပမယ့် ပုပ်ရဟန်းမင်းကြီးရဲ့ စျာပနအခမ်းအနားကို အင်္ဂလန်ဘုရင်ကိုယ်စား အိမ်ရှေ့မင်းသား ၀ီလီယံ၊ စပိန်ဘုရင်နဲ့ မိဖုရား၊ အမေရိကန်သမတဒေါ်နယ်ထရမ့်၊ ပြင်သစ်သမတ မာစရွန်နဲ့ ယူကရိန်းသမတ ဇလန်းစကီးတို့အပါအ၀င် နိုင်ငံတကာက ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြဖို့ ရှိပါတယ်။ ပုပ်ရဟန်းမင်းရဲ့ ရုပ်ကလာပ်ကို ဗုဒ္ဓဟူးနေ့မှာ စိန့်ပီတာဘုရားကျောင်းကို ပြောင်းရွေ့ပြီး နိုင်ငံတကာမှ ရိုမန်ကတ်သလစ်ဘာသာ၀င်တွေနဲ့ ပုပ်ရဟန်းမင်းကို ကိုးကွယ်ကြည်ညိုသူတွေ နောက်ဆုံးဂါရ၀ပြုနိုင်အောင် စီစဥ်ထားရှိမှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ မကွယ်လွန်ခင်မှာ အမိုးနီးယားအဆုတ်ရောဂါနဲ့ ဆေးရုံမှာ တလကျော်ကြာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ လတ်တလောမှာတော့ ဗာတီကန်နန်းတော်ရဲ့ စိန့်ပီတာရင်ပြင်မှာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စျာပနလာဘုရားဖူးအများအပြားနဲ့ စည်ကားပြည့်နှက်နေပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရစ်မြို့မှာ ဖွားမြင်ခဲ့ပြီး ကွယ်လွန်ချိန်မှာ သက်တော် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ကို နောက်ဆုံးအကြိမ် အောက်မေ့ နှုတ်ဆက်ခြင်း (ရုပ်သံသတင်းစာမျက်နှာ) စီစဉ် ကိိုနိုင်၊ ဖတ် - အယ်ရီ (ဧပြီ ၂၃၊ ၂၀၂၅)

Radio NUG -23rd April, 2025 Morning8:30 AM LIVE @ 16 Meter Band, 17.79 MHzON-AIR & Internet Podcast Radio NUGစစ်ရေးသတင်းကောက်နုတ်ချက်-နွေဦးအလင်္ကာ(09:15) ပြည်တွင်းသတင်းများ-ရန်နိုင်(05:45) အပူဒဏ်အန္တရာယ်မှကာကွယ်နိုင်ရန်နည်းလမ်းများ(အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာန(01:05) မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၁ မြင်ကွင်း(NUG/MOD လက်အောက်က တပ်ရင်းအချို့ ရွှေ့ပြောင်းမှုနဲ့ စုစည်းထားနိုင်ဖို့ အရေး)-(ဖတ်)နွေဦးမိုင်(06:37) နှလုံးသားကိုဖွင့်ကာကြည့်ပါ(တော်လှန်ရေးတေးဂီတ)-(တေးရေး)Andy Soe၊ (တေးဆို)Deborah Tin, Christopher(03:44)(RadioNUG YouTube)https://www.youtube.com/c/RadioNUGMyanmar(RadioNUG website)https://ift.tt/exljrtn(TELEGRAM)https://ift.tt/fvc4wJR(TikTok)https://ift.tt/1GuNxlzInstragramhttps://https://ift.tt/BjMUPwdSpotifyhttps://open.spotify.com/show/7049o5rBil5zgl5S72jprERadio NUG နေ့စဉ် လေလှိုင်းနဲ့ အွန်လိုင်းက ထုတ်လွှင့်နိုင်အောင် PVTV က အားဖြည့်ကူညီကြပါတယ်။#RadioNUG#MoCIT#SpringRevolution#SpringRevolutionMyanmar

https://ift.tt/fmEUvbR
Radio NUG -23rd April, 2025 Morning8:30 AM LIVE @ 16 Meter Band, 17.79 MHzON-AIR & Internet Podcast Radio NUGစစ်ရေးသတင်းကောက်နုတ်ချက်-နွေဦးအလင်္ကာ(09:15) ပြည်တွင်းသတင်းများ-ရန်နိုင်(05:45) အပူဒဏ်အန္တရာယ်မှကာကွယ်နိုင်ရန်နည်းလမ်းများ(အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာန(01:05) မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၁ မြင်ကွင်း(NUG/MOD လက်အောက်က တပ်ရင်းအချို့ ရွှေ့ပြောင်းမှုနဲ့ စုစည်းထားနိုင်ဖို့ အရေး)-(ဖတ်)နွေဦးမိုင်(06:37) နှလုံးသားကိုဖွင့်ကာကြည့်ပါ(တော်လှန်ရေးတေးဂီတ)-(တေးရေး)Andy Soe၊ (တေးဆို)Deborah Tin, Christopher(03:44)(RadioNUG YouTube)https://www.youtube.com/c/RadioNUGMyanmar(RadioNUG website)https://ift.tt/kxqVW9u(TELEGRAM)https://ift.tt/g1WdiUq(TikTok)https://ift.tt/ULmkWXbInstragramhttps://https://ift.tt/fimyCA3Spotifyhttps://open.spotify.com/show/7049o5rBil5zgl5S72jprERadio NUG နေ့စဉ် လေလှိုင်းနဲ့ အွန်လိုင်းက ထုတ်လွှင့်နိုင်အောင် PVTV က အားဖြည့်ကူညီကြပါတယ်။#RadioNUG#MoCIT#SpringRevolution#SpringRevolutionMyanmar

Veja mais no Facebook em: https://ift.tt/lZW1wEi
၂၀၂၅ခုနှစ် ဧပြီလ ၂၃ရက် မနက်ခင်းပြည်တွင်းသတင်းခေါင်းစဥ်

Veja mais no Facebook em: https://ift.tt/lZW1wEi