Radio NUG
741 subscribers
6 photos
10 files
33.7K links
Radio NUG for Myanmar Spring Revolution
Download Telegram
၂၂ - ၄ -၂၀၂၅ Radio NUG စစ်ရေးသတင်းကောက်နုတ်ချက် - နွေဦးနိုင်

https://ift.tt/fmEUvbR
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း "ကြောက်စိတ်တွေကိုဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား========ဧပြီလ ၂၂ Radio NUG ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဧပြီလ ၂၂ ရက်၊ နေ့လယ်ပိုင်းတွင် "ကြောက်စိတ်တွေကိုဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလူထုသပိတ်ကိုဒေသခံနဲ့လူငယ်များကတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြပါတယ်။"စစ်အာဏာရှင်တွေကတော့ သူတို့ရဲ့ အာဏာတည်မြဲမှုကို ခြိမ်းခြောက်မှုတွေ ရှိလာတိုင်း အဆုံးအစွန်အထိ မိုက်မဲရမ်းကားမှုတွေကို ကျူးလွန်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ဖို့အတွက် ဘယ်လိုခြိမ်းခြောက်ဖိနှိပ်မှုမျိုးကိုမဆို ဆက်လက်ရင်ဆိုင် ကျော်လွှားသွားကြဖို့လိုအပ်ပြီး တော်လှန်ရေးပန်းတိုင်ဆီ အရောက်သွားနိုင်ဖို့ လိုအပ်ပါတယ်"လို့ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကဆိုပါတယ်။

https://ift.tt/fmEUvbR
စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီးယခင်ရက်လည်း အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်===========ဧပြီ ၂၂Radio NUG တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်မှ အပစ်ရပ် ရက် (၂၀)ပြည့်နေ့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLAကသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီလ (၂၂)ရက် နံနက် (၁ဝး၃ဝ)နာရီအချိန်တွင် အုမ္မတီးကျေးရွာရှိ ပြည်သူလူထုနေအိမ်များကို ဦးတည်ပြီး လာ‌ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ထိုဗုံးကျ ရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထုများ၏ နေအိမ် (၅)လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဧပြီလ (၂၁)ရက်လည်း တောင်ခမ်းကျေးရွာရှိ (၉ဝ၂)တပ်စခန်းအနီးတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၅)လုံးလာရောက်ကြဲချခဲ့ရာ TNLAတပ်သား (၁ဝ)ဦး ထိခိုက်ဒဏ်ရာရပြီး (၃)ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။ TNLAတပ်သားများသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

https://ift.tt/fmEUvbR
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်း အတွက် ယာယီသမ္မတ ဒူဝါလရှီးလက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့==============ဧပြီ ၂၂ Radio NUG ဧပြီလ ၂၁ ရက် မနက် ၇ နာရီ ၃၅ မိနစ်မှာ ဗာတီကန်ရှိ Casa Santa Marta နေအိမ်မှာ ပျံလွန်တော်မူသွားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်း အတွက် ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများကိုယ်စား ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဧပြီလ ၂၂ရက်မှာ ပေးပို့ခဲ့ပါတယ်။သဝဏ်လွှာတွင် ပြီးခဲ့သည့် သီတင်းပတ်ကပင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံရပ်ရွာများကို ထောက်ပံ့ကူညီရန် ရက်ရက်ရောရော လှူဒါန်းမှုတစ်ခု ပေးပို့ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးသည်မှစပြီး ရိုဟင်ဂျာအသိုက်အဝန်းအား အခွင့်အရေး အပြည့်အဝပေးရန်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီလမ်းကို လျှောက်လှမ်းခဲ့သော ကျောင်းသားဆန္ဒပြပွဲများကို အောက်မေ့အမှတ်ရစေရန်အတွက် ၎င်း၏ Sunday Angelus မိန့်ခွန်းကို အကြိမ်ကြိမ် အသုံးပြုခဲ့ကြောင်း၊ အထူးသဖြင့် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ထိခိုက်လွယ်သော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အကျဉ်းကျခံနေရသူများ၊ ဖျားနာသူများ၊ ဒုက္ခသည်များနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် လေးနက်သောကရုဏာကို ဖော်ပြခဲ့ကြောင်း ပါရှိပါတယ်။မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ တောင်းဆိုခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက် ရောမမြို့တွင် နေထိုင်သော မြန်မာကက်သလစ်ဘာသာဝင်များအတွက် အထူးအစုအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို ပြန်လည်အမှတ်ရစေကာမူ စည်းလုံးညီညွတ်မှု ထားရှိရန်၊ အမှန်တရားကို စောင့်ရှောက်ရန်နှင့် မျှော်လင့်ချက်မဆုံးရှုံးစေရန် စုဝေးသူများအား တောင်းဆိုခဲ့ပြီး ဘုရားသခင်သည် စိတ်နှလုံးအားလုံးကို ငြိမ်းချမ်းသောအဖြစ်သို့ ပြောင်းလဲနိုင်စေရန် ဆုတောင်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား အောက်မေ့သတိရခြင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် လွတ်လပ်၍ တန်းတူညီမျှပြီး ပြည်သူအားလုံး ရပိုင်ခွင့်များ အပြည့်အ၀ရရှိကာ ထာဝရငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်စေမည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် ကတိကဝတ်ပြုကြောင်း ဖော်ပြပါရှိပါတယ်။

https://ift.tt/fmEUvbR
ကျောက်ဂူကျေးရွာ အနီးက တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၃ ဦးကို ဖမ်းဆီးရမိ============ဧပြီလ ၂၂ Radio NUGရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ် ကျေးရွာအနီးမှာ စစ်ကောင်စီ တပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးကို ဖမ်းဆီးရမိ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၁ ရက် နေ့လည် ၁၂ နာရီခွဲ အချိန်က ကျောက်ဂူရွာအနီးတွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခွဲ အချိန်မှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။၎င်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့ပြီး စစ်သုံးပန်း ၃ ဦး ဖစ်ဆီးရမိခဲ့တယ်လို့ DPLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တိုက်ပွဲမဖြစ်ပွားခင် အချိန်မှာလဲ ကျောက်ဂူရွာနဲ့ အနီးတဝိုက် ရွာများကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းနဲ့ လေယာဉ်ဗုံးများ ကြဲချခြင်းကို မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ဇန်နဝါရီလနဲ့ ဧပြီလ အတွင်းမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၆၇ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။—---------

https://ift.tt/fmEUvbR
ဘီးလင်းမှာ စစ်ကောင်စီ ကင်းပုန်းနဲ့ တော်လှန်ရေး အင်အားစုများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦး သေဆုံး============ဧပြီလ ၂၂ Radio NUGမွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးနဲ့ သပြေနီ ရွာကြားမှာ ကင်းပုန်းဝတ်ရန်လာတဲ့ စစ်ကောင်စီ တပ်သားများနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ White Dragon - P29904 က ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၁ ရက်နေ့က ပဲခူးတိုင်း ကနေ မွန်ပြည်နယ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ ပုံစံပြောင်းကား များကို မိုင်းဆွဲ တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် နေ့လည် ၁၁ နာရီခွဲခန့်မှာ ကင်းပုန်းလာဝပ် တဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။အင်အား ၂၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့က စစ်သား ၆ ဦး သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလဲ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။တော်လှန်ရေး အင်အားစုများ ဘက်ကလည်း ရဲဘော် တဦး ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ပြီး နေ့လယ် ၁၁ နာရီ ၄၉ မိနစ် အချိန်မှာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါ တိုက်ခိုက်မှုကို နဂါးဖြူတပ်ရင်း၊ (၇၈၀၁) တပ်ရင်း၊ (၇၈၀၅) တပ်ရင်း တပ်ခွဲ ၄ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ —-----

https://ift.tt/fmEUvbR
တောင်သာမြို့နယ်တွင်း စက်တပ်လေထီး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများရဲ့ ကျန်ရစ်သူမိသားစုများကို မြင်းခြံခရိုင်တပ်ရင်း(၇) Zero Foundation မှ ထောက်ပံ့ကူညီ==========ဧပြီ ၂၂Radio NUG တောင်သာမြို့နယ် ကျေးရွာတစ်ရွာတွင် ဧပြီလ ၂၁ရက်‌က စက်တပ်လေထီး သုံးစီးဖြင့် စစ်တပ်ဘက်က ဗုံးကြဲရာ တစ်အိမ်ထဲနေ ဒေါ်တူး ၄၀နှစ်၊ မတင့်တင့်ထွန်း ၃၀နှစ်၊ မသဲဝေ ၁၃နှစ်၊ မအေးမြစန္ဒာ ၉နှစ်၊ ကိုကျော်သူလင်း ၃၅နှစ်တို့ သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ဖြစ်စဥ်ဖြစ်ပွားပြီးနောက် မြင်းခြံခရိုင် တပ်ရင်း (၇) Zero Foundation မှ ကျန်ရစ်သူမိသားစုများအား ငါးသိန်းကျပ်တိတိစီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
ငလျင်ကြောင့်နားထားတဲ့ "ဟန်ချက်ညီညီ... ပန်းတိုင်ဆီ" ကျည်ကာကမ်ပိန်း ပြန်လည်စတင်===========ဧပြီ ၂၂Radio NUG ငလျင်ကြောင့်နားထားတဲ့ "ဟန်ချက်ညီညီ... ပန်းတိုင်ဆီ" ကျည်ကာကမ်ပိန်း ပြန်လည်စတင်နေပြီလို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က အသိပေးဖော်ပြပါတယ်။"ကျွန်တော်တို့ "ဟန်ချက်ညီညီ... ပန်းတိုင်ဆီ" ကျည်ကာကမ်ပိန်းဟာဆိုရင် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတွေကတည်းကစထားခဲ့ပေမယ့် ငလျင်ကြောင့် ရပ်နားထားခဲ့တာ တလနီးပါးရှိပါပြီ။ ဒါကြောင့်မို့ ဒီရက်မှာ ပြန်စပြီး ဇွန်လ (၅)ရက်နေ့ထိ ပြုလုပ်သွားမှာပါ။"ဟန်ချက်ညီညီ...ပန်းတိုင်ဆီ" ကျည်ကာကမ်ပိန်းဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ (၄)နှစ်တာကာလအတွင်း ပထမဆုံးပြုလုပ်တဲ့ကမ်ပိန်းလေးဖြစ်ပါတယ်"လို့ ဆိုပါတယ်။ကမ်ပိန်းကာလကတော့ ဧပြီလ (၂၂)ရက်နေ ပြန်စပြီး ဇွန်လ (၅)ရက်နေ့ထိပဲ ပြုလုပ်သွားမှာပါ၊မျှော်မှန်း Target ကတော့ (၆၀၀)သိန်းကျပ် ဖြစ်ပြီး ယခုချိန်ထိ ၁၈%သာ ရရှိထားသေးတာမို့ ပါဝင်ကူညီချင်သူတွေအနေနဲ့ ပမာဏသတ်မှတ်ထားခြင်းမရှိတာဖြစ်တဲ့အတွက် အဆင်ပြေတဲ့ ပမာဏနဲ့ ပါဝင်ကူညီလို့ရတယ်လို့ ဆိုပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
၂၂ - ၄ -၂၀၂၅ Radio NUG စစ်ရေးသတင်းကောက်နုတ်ချက် - နွေဦးနိုင်

Veja mais no Facebook em: https://ift.tt/lZW1wEi
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း "ကြောက်စိတ်တွေကိုဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား========ဧပြီလ ၂၂ Radio NUG ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဧပြီလ ၂၂ ရက်၊ နေ့လယ်ပိုင်းတွင် "ကြောက်စိတ်တွေကိုဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလူထုသပိတ်ကိုဒေသခံနဲ့လူငယ်များကတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြပါတယ်။"စစ်အာဏာရှင်တွေကတော့ သူတို့ရဲ့ အာဏာတည်မြဲမှုကို ခြိမ်းခြောက်မှုတွေ ရှိလာတိုင်း အဆုံးအစွန်အထိ မိုက်မဲရမ်းကားမှုတွေကို ကျူးလွန်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ဖို့အတွက် ဘယ်လိုခြိမ်းခြောက်ဖိနှိပ်မှုမျိုးကိုမဆို ဆက်လက်ရင်ဆိုင် ကျော်လွှားသွားကြဖို့လိုအပ်ပြီး တော်လှန်ရေးပန်းတိုင်ဆီ အရောက်သွားနိုင်ဖို့ လိုအပ်ပါတယ်"လို့ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကဆိုပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီးယခင်ရက်လည်း အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်===========ဧပြီ ၂၂Radio NUG တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်မှ အပစ်ရပ် ရက် (၂၀)ပြည့်နေ့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLAကသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီလ (၂၂)ရက် နံနက် (၁ဝး၃ဝ)နာရီအချိန်တွင် အုမ္မတီးကျေးရွာရှိ ပြည်သူလူထုနေအိမ်များကို ဦးတည်ပြီး လာ‌ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ထိုဗုံးကျ ရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထုများ၏ နေအိမ် (၅)လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဧပြီလ (၂၁)ရက်လည်း တောင်ခမ်းကျေးရွာရှိ (၉ဝ၂)တပ်စခန်းအနီးတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၅)လုံးလာရောက်ကြဲချခဲ့ရာ TNLAတပ်သား (၁ဝ)ဦး ထိခိုက်ဒဏ်ရာရပြီး (၃)ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။ TNLAတပ်သားများသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်း အတွက် ယာယီသမ္မတ ဒူဝါလရှီးလက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့==============ဧပြီ ၂၂ Radio NUG ဧပြီလ ၂၁ ရက် မနက် ၇ နာရီ ၃၅ မိနစ်မှာ ဗာတီကန်ရှိ Casa Santa Marta နေအိမ်မှာ ပျံလွန်တော်မူသွားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်း အတွက် ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများကိုယ်စား ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဧပြီလ ၂၂ရက်မှာ ပေးပို့ခဲ့ပါတယ်။သဝဏ်လွှာတွင် ပြီးခဲ့သည့် သီတင်းပတ်ကပင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံရပ်ရွာများကို ထောက်ပံ့ကူညီရန် ရက်ရက်ရောရော လှူဒါန်းမှုတစ်ခု ပေးပို့ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးသည်မှစပြီး ရိုဟင်ဂျာအသိုက်အဝန်းအား အခွင့်အရေး အပြည့်အဝပေးရန်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီလမ်းကို လျှောက်လှမ်းခဲ့သော ကျောင်းသားဆန္ဒပြပွဲများကို အောက်မေ့အမှတ်ရစေရန်အတွက် ၎င်း၏ Sunday Angelus မိန့်ခွန်းကို အကြိမ်ကြိမ် အသုံးပြုခဲ့ကြောင်း၊ အထူးသဖြင့် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ထိခိုက်လွယ်သော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အကျဉ်းကျခံနေရသူများ၊ ဖျားနာသူများ၊ ဒုက္ခသည်များနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် လေးနက်သောကရုဏာကို ဖော်ပြခဲ့ကြောင်း ပါရှိပါတယ်။မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ တောင်းဆိုခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက် ရောမမြို့တွင် နေထိုင်သော မြန်မာကက်သလစ်ဘာသာဝင်များအတွက် အထူးအစုအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို ပြန်လည်အမှတ်ရစေကာမူ စည်းလုံးညီညွတ်မှု ထားရှိရန်၊ အမှန်တရားကို စောင့်ရှောက်ရန်နှင့် မျှော်လင့်ချက်မဆုံးရှုံးစေရန် စုဝေးသူများအား တောင်းဆိုခဲ့ပြီး ဘုရားသခင်သည် စိတ်နှလုံးအားလုံးကို ငြိမ်းချမ်းသောအဖြစ်သို့ ပြောင်းလဲနိုင်စေရန် ဆုတောင်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား အောက်မေ့သတိရခြင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် လွတ်လပ်၍ တန်းတူညီမျှပြီး ပြည်သူအားလုံး ရပိုင်ခွင့်များ အပြည့်အ၀ရရှိကာ ထာဝရငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်စေမည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် ကတိကဝတ်ပြုကြောင်း ဖော်ပြပါရှိပါတယ်။

Veja mais no Facebook em: https://ift.tt/lZW1wEi
ကျောက်ဂူကျေးရွာ အနီးက တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၃ ဦးကို ဖမ်းဆီးရမိ============ဧပြီလ ၂၂ Radio NUGရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ် ကျေးရွာအနီးမှာ စစ်ကောင်စီ တပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးကို ဖမ်းဆီးရမိ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၁ ရက် နေ့လည် ၁၂ နာရီခွဲ အချိန်က ကျောက်ဂူရွာအနီးတွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခွဲ အချိန်မှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။၎င်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့ပြီး စစ်သုံးပန်း ၃ ဦး ဖစ်ဆီးရမိခဲ့တယ်လို့ DPLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တိုက်ပွဲမဖြစ်ပွားခင် အချိန်မှာလဲ ကျောက်ဂူရွာနဲ့ အနီးတဝိုက် ရွာများကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းနဲ့ လေယာဉ်ဗုံးများ ကြဲချခြင်းကို မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ဇန်နဝါရီလနဲ့ ဧပြီလ အတွင်းမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၆၇ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။—---------

Veja mais no Facebook em: https://ift.tt/lZW1wEi
ဘီးလင်းမှာ စစ်ကောင်စီ ကင်းပုန်းနဲ့ တော်လှန်ရေး အင်အားစုများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦး သေဆုံး============ဧပြီလ ၂၂ Radio NUGမွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးနဲ့ သပြေနီ ရွာကြားမှာ ကင်းပုန်းဝတ်ရန်လာတဲ့ စစ်ကောင်စီ တပ်သားများနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ White Dragon - P29904 က ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၁ ရက်နေ့က ပဲခူးတိုင်း ကနေ မွန်ပြည်နယ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ ပုံစံပြောင်းကား များကို မိုင်းဆွဲ တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် နေ့လည် ၁၁ နာရီခွဲခန့်မှာ ကင်းပုန်းလာဝပ် တဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။အင်အား ၂၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့က စစ်သား ၆ ဦး သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလဲ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။တော်လှန်ရေး အင်အားစုများ ဘက်ကလည်း ရဲဘော် တဦး ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ပြီး နေ့လယ် ၁၁ နာရီ ၄၉ မိနစ် အချိန်မှာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါ တိုက်ခိုက်မှုကို နဂါးဖြူတပ်ရင်း၊ (၇၈၀၁) တပ်ရင်း၊ (၇၈၀၅) တပ်ရင်း တပ်ခွဲ ၄ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ —-----

Veja mais no Facebook em: https://ift.tt/lZW1wEi
နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၄၉) ဦး သေဆုံးခဲ့ပြီးသုံးလအရွယ် ယောကျာ်းလေးတဦး အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၅) ဦးပါဝင်============ဧပြီ ၂၂Radio NUG နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၄၉) ဦး သေဆုံးခဲ့ပြီးသုံးလအရွယ် ယောကျာ်းလေးတဦး အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၅) ဦးပါဝင်တယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၅) ဦးနှင့် အမျိုးသား (၂၄) ဦး စုစုပေါင်း (၄၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် သုံးလအရွယ် ယောကျာ်းလေးတဦး အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၅) ဦးပါဝင်တယ်လို့ဖော်ပြပါတယ်။အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှ (၁၂) ဦးဖြင့် အများဆုံးသေဆုံးခဲ့ပြီး ကရင်ပြည်နယ်မှ (၁၁) ဦးဖြင့် ဒုတိယအများဆုံး သေဆုံးခဲ့ပါတယ်။ အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၃၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းရရှိထားတယ်လို့ဖော်ပြပါတယ်။ဧပြီလ ၁၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကိုယ်ဝန်သည် မနှင်းဦးမှာ ကျောဘက်တွင် ဗုံးစထိမှန်၍ နေရာတွင် သေဆုံးခဲ့ပြီး လေးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တော်လှန်သင်္ကြန်ရန်ပုံငွေပွဲတော်အား သင်္ကြန်ယိမ်းအကများနှင့် ဖျော်ဖြေမှုတချို့ကိုပယ်ဖျက်လိုက်ပြီးမြန်မာပြည် မြေငလျင်ဒဏ်သင့်ပြန်လည်ထူထောင်ရေးရန်ပုံငွေစျေးရောင်းပွဲအဖြစ် ပြင်သစ်မှာကျင်းပမယ်===========ဧပြီ ၂၂Radio NUG တော်လှန်သင်္ကြန်ရန်ပုံငွေပွဲတော်အား သင်္ကြန်ယိမ်းအကများနှင့် ဖျော်ဖြေမှုတချို့ကိုပယ်ဖျက်လိုက်ပြီးမြန်မာပြည် မြေငလျင်ဒဏ်သင့်ပြန်လည်ထူထောင်ရေးရန်ပုံငွေစျေးရောင်းပွဲအဖြစ် ပြင်သစ်မှာကျင်းပမယ်လို့ La Communaut Birmane de Franceကအသိပေးကြေညာပါတယ်။"မတ်လ ၂၈ ရက်နေ့တွင်ပြင်းထန်စွာလှုပ်ခတ်သွားသောငလျင်ကြောင့် မြန်မာပြည်ရှိ မြေငလျင်ဒုက္ခသည် သွေးချင်းမောင်နှမများအား ပြင်သစ်ရောက်မြန်မာမိသားစုများမှ ဝန်းရံကူညီပေးနိုင်ရန် နှင့် မြန်မာပြည်အတွက် ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်ကိုပြသရန်ဧပြီ၂၇ ရက်တွင်ပြုလုပ်မည့် တော်လှန်သင်္ကြန်ရန်ပုံငွေပွဲတော်အား သင်္ကြန်ယိမ်းအကများနှင့် ဖျော်ဖြေမှုတချို့ကိုပယ်ဖျက်လိုက်ပြီး မြေငလျင်ဒဏ်မှပြန်လည်ထူထောင်ရေးနှင့် နွေဦးအင်အားစုများအတွက် ရန်ပုံငွေစျေးရောင်းပွဲအဖြစ် ပြောင်းလဲသတ်မှတ် ကျင်းပမှာဖြစ်တယ်လို့ဖော်ပြပါတယ်။အဆိုပါပွဲအခမ်းအနားသို့ ပြင်သစ်ရောက်မြန်မာပြည်ဖွားမောင်နှမများအားလုံးကိုလာရောက်ကြဖို့ဖိတ်ခေါ်ထားပါတယ်။

ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ မှ အကြမ်းဖက်စစ်သားများအား တော်လှန်ရေးတပ်က ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံး============ဧပြီ ၂၂Radio NUG ၂၀၂၅ခုနှစ် ၊ ဧပြီလ ၂၂ရက်နေ့တွင် ရွှေကျင်မြို့နယ် ၊ညောင်ချေထောက်ကျေးရွာအနီးရှိ ခမရ ၅၉၈ မှ အကြမ်းဖက်စစ်သားများအား ပစ်ခတ်ခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။အဆိုပါပစ်ခတ်မှုတွင် ရန်သူဘက်မှ နှစ်ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးဘက်မှ အထိခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပါတယ်။

https://ift.tt/fmEUvbR
ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီတပ်သား ၆ ဦး အလင်းဝင်============ဧပြီလ ၂၂ Radio NUGချင်းပြည်နယ်၊ ခန္တီးမြို့၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တို့မှ စစ်ကောင်စီ တပ်သား ၆ ဦး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံ အသီးသီး ဆက်သွယ် အလင်းဝင်လာ ခဲ့တယ်လို့ သိရပါတယ်။ခန္တီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ခန္တီးခရိုင် အထူးတပ်ခွဲ) နှင့် နာဂ ပြည်သူ့ကာကွယ်ရေးတပ် (NPDF) ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ထံကို စစ်ကောင်စီ တပ်သားတဦး သေနတ်တလက်၊ ကျည်၊ လက်ပစ်ဗုံး စတဲ့ စစ်အသုံးအဆောင်ပစ္စည်း အပြည့်အစုံဖြင့် ဆက်သွယ်အလင်းဝင် လာတယ်လို့ ဆိုပါတယ်။အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီ (၂၅၃, ၂၅၄, ၂၅၅) တပ်ရင်းတို့မှာ စစ်မှုထမ်း စုဆောင်းခံထားရသူ ၃ ဦး (လက်နက်မဲ့) အလင်းဝင် လာတယ်လို့ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ထံက သိရပါတယ်။မွန်ပြည်နယ်မှာလည်း ဧပြီလ ၂၂ ရက်နေ့က မော့ကနင်ကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၀၆) တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်မဲ့ ထွက်ပြေးလွတ်လာပြီး ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထံ ခိုလှုံလာတယ်လို့ ထုတ်ပြန်ထားပါတယ်။ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံလာကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အသီးသီးကို လုံခြုံသော နေရာများကို ပို့ဆောင်ထားပြီး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာသူကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။—----------

https://ift.tt/fmEUvbR