Radio NUG
741 subscribers
6 photos
10 files
33.7K links
Radio NUG for Myanmar Spring Revolution
Download Telegram
ဒီးမော့ဆို မြို့မစျေးအတွင်းက စျေးဆိုင်ခန်းတွေရဲ့ခေါင်မိုးတွေ ဖြုတ်ယူခံနေရတယ်လို့ မြို့ခံတွေပြော==============၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်Radio NUG ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် မြို့ပေါ် ရပ်ကွက်၊ မြို့မစျေးအတွင်းက စျေးဆိုင်ခန်းတွေရဲ့ ခေါင်မိုးတွေ ဖြုတ်ယူခံနေရတယ်လို့ မြို့ခံတွေက ပြောဆိုထားကြောင်းကန္တာရဝတီတိုင်း(မ်)မှာ ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ (၂၀)ရက်နေ့မှာ ဒီးမောဆို မြို့ပေါ် ရပ်ကွက်က ဒေသခံတွေနဲ့ ယာယီ ဖွဲ့စည်းထားတဲ့ ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက် ကြားကာလအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေက မြို့ကို ကွင်းဆင်း ကြည့်ရှုရာ မြို့မဈေးထဲက ပြည်သူ့ပိုင် စျေးဆိုင် ခေါင်မိုးတွေ ခိုးယူခံနေရတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ " ကျနော်တို့ လှည့်ပတ်ကြည့်တဲ့အခါမှာ ဈေးဖက်ကိုလဲ သွားကြည့်ဖြစ်တယ်ပေါ့။ ဈေးဖက်သွားကြည့်တဲ့အချိန်မှာ စိတ်မကောင်းစရာ မြင်ကွင်းကို တွေ့ရတယ်ပေါ့။ တချို့က အမိုးရှိတယ်။ တချို့က အမိုးမရှိတော့ဘူး။ ပြည်သူအိမ်တချို့လဲ အမိုးတွေ ပျောက်နေတာရှိတယ်။ ဈေးကလဲ အရင်ကတချို့ နည်းနည်းပဲ ပျောက်သေးတယ်ပေါ့ ခုက ပိုပြီးများလာတယ်ပေါ့ အဲ့လိုမြင်ရတယ်" လို့ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ရဲ့ ဥက္ကဌက ပြောပါတယ်။ဒီးမော့ဆိုမြို့ပေါ်က ပြည်သူပိုင်ပစ္စည်းတွေ ထပ်မံ ခိုးယူခံရမှုတွေ မဖြစ်ပွားစေဖို့အတွက် ယာယီအုပ်ချုပ်ရေးကောင်စီက လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်က ဒေသခံတွေဟာ စစ်အာဏာသိမ်းမှုအပြီး ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၁ မေလကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ အုပ်ချုပ်ရေးကောင်စီကိုတော့ မြို့မကျေးရွာအုပ်စု၊ ဒီကျေး/ ကျေးရွာ အုပ်စု၊နဲ့ ငွေတောင်ကျေးရွာအုပ်စုက ဒေသခံ နဲ့ စုဖွဲ့ထားတယ်လို့ သိရပါတယ်။

https://ift.tt/xgfIHmC
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ ထောက်ပို့ရဲဘော်များစုဆောင်းခဲ့==============၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်Radio NUG MFDMC စည်းရုံးရေးတာဝန်ခံများမှ ဧပြီလ ၂၁ရက်နေ့တွင် ဆိုးလ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ ထောက်ပို့ရဲဘော်များစုဆောင်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလူမျိုးများမှ ဖိတ်ခေါ်၍ MFDMC ၏ထောက်ပို့ကဏ္ဍနှင့် ထောက်ပို့ရဲဘော်ခံယူခြင်းတို့အား ရှင်းပြခဲ့တယ်လို့ ဖော်ပြပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြန်မာများမှ ထောက်ပို့ရဲဘော်အဖြစ်ခံယူခဲ့ကြပြီး MFDMC ၏ထောက်ပို့တပ်သားကတ်၊ကိုရိီးယားနိုင်ငံတွင်းနေထိုင်ချိန်သိထားသင့်သော လိုအပ်သည့်အကြောင်းအရာများမျှဝေခြင်း၊ MFDMC နှင့်ပက်သက်သည့်အကြောင်းအရာများအား ဖြေကြားခြင်း၊လူထုလှုပ်ရှားမှု ဆန္ဒပြပွဲများအရေးပါပုံနှင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ကိုရီးယား၊ထိုင်း၊စင်္ကာပူ၊ဂျပန်ရှိ မြန်မာများအနေဖြင့်နွေဦးတော်လှန်ရေးအတွက် အရေးကြီးသည့် ထောက်ပို့ရဲဘော်အဖြစ် ခံယူလိုလျှင် MFDMC pageမှာလည်း ဆက်သွယ်နိုင်ပါတယ်။

Veja mais no Facebook em: https://ift.tt/ULz637I
”တိုင်းပြည် အေးချမ်းသာယာပြီး ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ ကအရေးကြီးတဲ့အချက်ဖြစ်တယ်"လို့ CRPHဥက္ကဌပြော==============၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်Radio NUG "တိုင်းပြည် အေးချမ်းသာယာပြီး ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ ကအရေးကြီးတဲ့အချက်ဖြစ်တယ်"လို့ CRPHဥက္ကဌ ဦးအောင်ကြည်ညွန့်ကပြောကြားလိုက်ပါတယ်။"အာဏာရူးတဲ့ စစ်အာဏာရှင်တွေကို ဖြုတ်ချနိုင်ဖို့ အရေးကြီးတာကြောင့် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မလျှော့လိုက်ကြဖို့၊ ဆက်လက်အားထည့်ကြိုးပမ်းသွားကြဖို့ လိုအပ်နေတယ်ဆိုတာကိုလည်း သတိပြုကြရမှာဖြစ်ပါတယ်။တိုင်းပြည် အေးချမ်းသာယာပြီး ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံအတွက် ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို ဒီတိုင်းပြည်ကနေ အမြစ်ဖြတ်နိုင်ဖို့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်"လို့ ပြောပါတယ်။ဒါ့အပြင် ဘုံရန်သူကို ဦးတည်ဖြိုချနေချိန်မှာ တော်လှန်ရေးအင်အားစုများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှု၊ တန်ဖိုးထားအသိအမှတ်ပြုမှုတွေနဲ့အတူ သတိကြီးကြီး၊ အမျှော်အမြင်ကြီးကြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ဆက်လက်ဆောင်ရွက်ကြရမှာလည်း ဖြစ်တယ်လို့ CRPHဥက္ကဌက တိုက်တွန်းထားပါတယ်။

Veja mais no Facebook em: https://ift.tt/ULz637I
လိပ်ကျကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်မယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်==============၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်Radio NUG မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကိုအပြစ်ပေး အရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်မယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ အောင်မြင့်မိုရ်ဆိုင်ကယ်အရောင်းဆိုင်နှင့် ဆွေမျိုးစက်မှုလက်မှုတွင်ခုံအနီးတဝိုက်သို့ အကြမ်းဖက်စစ်အုပ်စုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် (၂) စီးဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါ ဖြစ်စဉ်အတွင်း လမ်းသွားလမ်းလာများအပါအဝင် ကျား - ၈ ဦး၊ မ- ၃ ဦး နှင့် ကလေး- ၁ ဦး စုစုပေါင်း ပြည်သူ - ၁၂ ဦးသေဆုံးကာ အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

Veja mais no Facebook em: https://ift.tt/ULz637I
တောင်သာမြို့နယ်ခြုံကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးသီးချ လေကြောင်းတိုက်ခိုက်ခဲ့==============၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်Radio NUG တောင်သာမြို့နယ်ခြုံကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးသီးချ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ဧပြီ၂၁ရက်ည ၁၁နာရီ၁၀မိနစ်အချိန် ခြုံကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးသီးချ လေကြောင်းတိုက်ခိုက်ခဲ့ပြီး အထိခိုက်စုံစမ်းဆဲဖြစ်တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာကအတည်ပြုဆိုထားပါတယ်။ယမန်နေ့ နံနက် ၅နာရီဝန်းကျင်ကလည်း မလှိုင်မှ စကစအင်အား ၃၀ ခန့် ရုံးစည်ကြီးသို့ ဝင်ရောက်ခဲ့ပြီး ထနောင်းကုန်း ပျူရွာသို့လည်းတောင်သာမြို့ပေါ်မှ စကစအင်အား ၂၀ခန့် ထပ်မံ အင်အားဖြည့်ထားတယ်လို့သိရပါတယ်

Veja mais no Facebook em: https://ift.tt/ULz637I
ဒီးမော့ဆို မြို့မစျေးအတွင်းက စျေးဆိုင်ခန်းတွေရဲ့ခေါင်မိုးတွေ ဖြုတ်ယူခံနေရတယ်လို့ မြို့ခံတွေပြော==============၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်Radio NUG ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် မြို့ပေါ် ရပ်ကွက်၊ မြို့မစျေးအတွင်းက စျေးဆိုင်ခန်းတွေရဲ့ ခေါင်မိုးတွေ ဖြုတ်ယူခံနေရတယ်လို့ မြို့ခံတွေက ပြောဆိုထားကြောင်းကန္တာရဝတီတိုင်း(မ်)မှာ ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ (၂၀)ရက်နေ့မှာ ဒီးမောဆို မြို့ပေါ် ရပ်ကွက်က ဒေသခံတွေနဲ့ ယာယီ ဖွဲ့စည်းထားတဲ့ ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက် ကြားကာလအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေက မြို့ကို ကွင်းဆင်း ကြည့်ရှုရာ မြို့မဈေးထဲက ပြည်သူ့ပိုင် စျေးဆိုင် ခေါင်မိုးတွေ ခိုးယူခံနေရတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ " ကျနော်တို့ လှည့်ပတ်ကြည့်တဲ့အခါမှာ ဈေးဖက်ကိုလဲ သွားကြည့်ဖြစ်တယ်ပေါ့။ ဈေးဖက်သွားကြည့်တဲ့အချိန်မှာ စိတ်မကောင်းစရာ မြင်ကွင်းကို တွေ့ရတယ်ပေါ့။ တချို့က အမိုးရှိတယ်။ တချို့က အမိုးမရှိတော့ဘူး။ ပြည်သူအိမ်တချို့လဲ အမိုးတွေ ပျောက်နေတာရှိတယ်။ ဈေးကလဲ အရင်ကတချို့ နည်းနည်းပဲ ပျောက်သေးတယ်ပေါ့ ခုက ပိုပြီးများလာတယ်ပေါ့ အဲ့လိုမြင်ရတယ်" လို့ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ရဲ့ ဥက္ကဌက ပြောပါတယ်။ဒီးမော့ဆိုမြို့ပေါ်က ပြည်သူပိုင်ပစ္စည်းတွေ ထပ်မံ ခိုးယူခံရမှုတွေ မဖြစ်ပွားစေဖို့အတွက် ယာယီအုပ်ချုပ်ရေးကောင်စီက လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်က ဒေသခံတွေဟာ စစ်အာဏာသိမ်းမှုအပြီး ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၁ မေလကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ အုပ်ချုပ်ရေးကောင်စီကိုတော့ မြို့မကျေးရွာအုပ်စု၊ ဒီကျေး/ ကျေးရွာ အုပ်စု၊နဲ့ ငွေတောင်ကျေးရွာအုပ်စုက ဒေသခံ နဲ့ စုဖွဲ့ထားတယ်လို့ သိရပါတယ်။

Veja mais no Facebook em: https://ift.tt/ULz637I
လောင်းလုံးပကဖမှ စစ်ဘေးရှောင်ဦးရေ (၅၀၀)ခန့်အား စားနပ်ရိက္ခာများထောက်ပံ့ပေးဝေ==============၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်Radio NUG လောင်းလုံးပကဖမှ စစ်ဘေးရှောင်ဦးရေ (၅၀၀)ခန့်အား စားနပ်ရိက္ခာများ ထောက်ပံ့ပေးဝေခဲ့ပါတယ်။သင်္ကြန်ကာလ နှစ်ကူးအလှူဖြင့် လောင်းလုံးမြို့နယ်တွင်းရှိ တိုက်ပွဲနောက်ဆက်တွဲ စစ်ဘေးသင့်ပြည်သူများသို့ ပြည်သူများထောက်ပံ့ပေးထားသော ထောက်ပံ့မှုများမှ (ထိုင်းနိုင်ငံ KOH TAO MYANMAR COMMUNITY (ကာလတန်ဖိုး ၄၅ သိန်းကျပ် အပါအဝင်) သိန်း(၁၀၀)ကျော်ကို စစ်ဘေးရှောင်ဦးရေ (၅၀၀)ခန့်အား မိမိတို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)စစ်ဘေးရှောင်ကူညီရေးမှ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်(၁၀၀)အိတ်နှင့် ကုန်ခြောက်များဖြင့်သည့် ဆီ၊ ခေါက်ဆွဲ၊ ကြက်သွန်နီ/ဖြူ ၊ မာဆလာ ၊ ငရုတ်ခြောက် ၊ ငါးသေတ္တ၊ ချို့မှုန့် ၊ သကြားနှင့်ညဘက်အသုံးပြုရန် ဆိုလာမီးသီး အပါအဝင် ရိက္ခာခြောက်တို့ကို ဝယ်ယူထောက်ပံ့ပေးခဲ့ပြီး၊ ကလေးများကို ဆံပင်ညှပ်ပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းမှာ (၆၅၂၀)ဦးရှိခဲ့ပြီ==============၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်Radio NUG ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်၊ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းမှာ (၆၅၂၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ အေအေပီပီ စာရင်းတွေအရ သိရပါတယ်။အဲဒါအပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၀၄၄) ဦးရှိပြီးအဲဒီအထဲက (၂၂၁၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၅၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ အေအေပီပီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။အကြမ်းဖက်စစ်အုပ်စုက မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉၁ ဦး သေဆုံးခဲ့တယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကပြောပါတယ်။အဲဒီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သားပြည်သူ (၂၁) ဦးသေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး၊ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၇၀) ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းရရှိထားတယ်လို့ အေအေပီပီကဆိုပါတယ်။၂၀၂၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူ (၄၈၉၃) ဦးကို ထောင်မှလွှတ်ပေးခဲ့တဲ့အထဲမှ နိုင်ငံရေးအကျဉ်းသားပါဝင်မှုကို ဧပြီ ၂၁ ရက်ညနေ ၄ နာရီအထိ အေအေပီပီက ကောက်ယူခဲ့ရာ အကျဉ်းထောင် (၂၁) ထောင်က နိုင်ငံရေးအကျဉ်းသား (၃၈၀) ဝန်းကျင် လွတ်မြောက်လာတယ်လို့ အသိပေးထားပါတယ်။အဆိုပါ လွတ်မြောက်လာတဲ့ အရေအတွက်ထဲမှ (၃၈) ဦးကို အမည်နဲ့တကွလအတည်ပြုနိုင်ခဲ့တယ်လို့လည်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။

၂၂ - ၄ -၂၀၂၅ ( ညပိုင်း ပြည်တွင်းသတင်းများ)

https://ift.tt/xgfIHmC
၂၂ - ၄ -၂၀၂၅ ( ညပိုင်း ပြည်တွင်းသတင်းများ)

Veja mais no Facebook em: https://ift.tt/ULz637I
Radio NUG - 22nd April, 2025 Evening8:30 PM LIVE @ 25 Meter Band, 11.94 MHzON-AIR & Internet Podcast📌 Radio NUG စစ်ရေးသတင်းကောက်နုတ်ချက် - နွေဦးနိုင် (08:28)📌 ပြည်တွင်းသတင်းများ - နွေဦးမွန် (04:59)📌 မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက် - AERI (00:46)📌 "သားပိုက်ကောင်" (တော်လှန်ရေးကဗျာ) - (ရေး) ဝင်းမင်းခိုင်၊ (ဖတ်) လွတ်လပ်နွေဦး (01:21)📌 "ပူတာအိုဒေသအတွင်း ဆေးခြောက်မျိုးစိတ်ဝင်အပင်တွေအပြင် ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်းနေသူ အဘွားအိုတွေအား ဦးတေဇပိုင် လူသားစားဆင်က သတ်ဖြတ်သွားခဲ့" (သတင်းနှင့်အတူ လူထုစကားသံ) - (တင်ဆက်) ရန်နိုင် (04:57)📌 Weekly News (တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှု၊ အနောက်ပိုးကရင်ဘာသာ) - နန့်ရင်နွေးမေ (05:47)Podcast Channel(Internet Live Station)https://ift.tt/RzFrKa6(SPOTIFY)https://ift.tt/oULs9eY(RadioNUG YouTube)https://www.youtube.com/c/RadioNUGMyanmar(RadioNUG website)https://ift.tt/exljrtn(TELEGRAM)https://ift.tt/fvc4wJR(TikTok)https://ift.tt/1GuNxlzRadio NUG နေ့စဉ် လေလှိုင်းနဲ့ အွန်လိုင်းက ထုတ်လွှင့်နိုင်အောင် PVTV က အားဖြည့်ကူညီကြပါတယ်။#RadioNUG#MoCIT#SpringRevolution#SpringRevolutionMyanmar

https://ift.tt/xgfIHmC
Radio NUG - 22nd April, 2025 Evening8:30 PM LIVE @ 25 Meter Band, 11.94 MHzON-AIR & Internet Podcast📌 Radio NUG စစ်ရေးသတင်းကောက်နုတ်ချက် - နွေဦးနိုင် (08:28)📌 ပြည်တွင်းသတင်းများ - နွေဦးမွန် (04:59)📌 မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက် - AERI (00:46)📌 "သားပိုက်ကောင်" (တော်လှန်ရေးကဗျာ) - (ရေး) ဝင်းမင်းခိုင်၊ (ဖတ်) လွတ်လပ်နွေဦး (01:21)📌 "ပူတာအိုဒေသအတွင်း ဆေးခြောက်မျိုးစိတ်ဝင်အပင်တွေအပြင် ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်းနေသူ အဘွားအိုတွေအား ဦးတေဇပိုင် လူသားစားဆင်က သတ်ဖြတ်သွားခဲ့" (သတင်းနှင့်အတူ လူထုစကားသံ) - (တင်ဆက်) ရန်နိုင် (04:57)📌 Weekly News (တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှု၊ အနောက်ပိုးကရင်ဘာသာ) - နန့်ရင်နွေးမေ (05:47)Podcast Channel(Internet Live Station)https://ift.tt/nj3bX1f(SPOTIFY)https://ift.tt/BJPECGA(RadioNUG YouTube)https://www.youtube.com/c/RadioNUGMyanmar(RadioNUG website)https://ift.tt/kxqVW9u(TELEGRAM)https://ift.tt/g1WdiUq(TikTok)https://ift.tt/ULmkWXbRadio NUG နေ့စဉ် လေလှိုင်းနဲ့ အွန်လိုင်းက ထုတ်လွှင့်နိုင်အောင် PVTV က အားဖြည့်ကူညီကြပါတယ်။#RadioNUG#MoCIT#SpringRevolution#SpringRevolutionMyanmar

Veja mais no Facebook em: https://ift.tt/ULz637I
ON-AIR & Internet Podcast Radio NUG စစ်ရေးသတင်းကောက်နုတ်ချက် - နွေဦးနိုင် (08:28) ပြည်တွင်းသတင်းများ - နွေဦးမွန် (04:59) မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက် - AERI (00:46) "သားပိုက်ကောင်" (တော်လှန်ရေးကဗျာ) - (‌ရေး) ဝင်းမင်းခိုင်၊ (ဖတ်) လွတ်လပ်နွေဦး (01:21) "ပူတာအိုဒေသအတွင်း ဆေးခြောက်မျိုးစိတ်ဝင်အပင်တွေအပြင် ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်းနေသူ အဘွားအိုတွေအား ဦးတေဇပိုင် လူသားစားဆင်က သတ်ဖြတ်သွားခဲ့" (သတင်းနှင့်အတူ လူထုစကားသံ) - (တင်ဆက်) ရန်နိုင် (04:57) Weekly News (တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှု၊ အနောက်ပိုးကရင်ဘာသာ) - နန့်ရင်နွေးမေ (05:47)Podcast Channel(Internet Live Station)https://ift.tt/RzFrKa6(SPOTIFY)https://ift.tt/oULs9eY(RadioNUG YouTube)https://www.youtube.com/c/RadioNUGMyanmar(RadioNUG website)https://ift.tt/exljrtn(TELEGRAM)https://ift.tt/fvc4wJR(TikTok)https://ift.tt/1GuNxlzRadio NUG နေ့စဉ် လေလှိုင်းနဲ့ အွန်လိုင်းက ထုတ်လွှင့်နိုင်အောင် PVTV က အားဖြည့်ကူညီကြပါတယ်။#RadioNUG#MoCIT#SpringRevolution#SpringRevolutionMyanmar

https://ift.tt/xgfIHmC
ဟားခါးတွင် ပြည်သူများကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်နေတဲ့ ရဲတပ်သား ၂ဦးကို CDF-Hakha ဖမ်းဆီး==============ဧပြီ ၂၂ Radio NUG ၂၀၂၅ ခုနှစ် ဧပြီလ (၂၁) ရက်နေ့တွင် ဟားခါးမြို့ရှိ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးပြီးခြိမ်းခြောက်၍ ငွေညှစ်လုယက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း CDF-Hakhaမှ သတင်းထုတ်ပြန်ပါတယ်။အဆိုပါ ရဲတပ်သား ၂ဦးကို လက်နက်ခဲယမ်းများ၊ လုယက်ထားတဲ့ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်စရာများနှင့်အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ဆက်လက်ပြီး အပြစ်မဲ့ပြည််သူများကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များကိုလည်း CDF-Hakhaက လိုက်လံအရေးယူမယ်လို့ အသိပေးထားပါတယ်။

https://ift.tt/xgfIHmC
Click Here Radio NUG စစ်ရေးသတင်းကောက်နုတ်ချက် - နွေဦးနိုင် (08:28) ပြည်တွင်းသတင်းများ - နွေဦးမွန် (04:59) မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက် - AERI (00:46) "သားပိုက်ကောင်" (တော်လှန်ရေးကဗျာ) - (‌ရေး) ဝင်းမင်းခိုင်၊ (ဖတ်) လွတ်လပ်နွေဦး (01:21) "ပူတာအိုဒေသအတွင်း ဆေးခြောက်မျိုးစိတ်ဝင်အပင်တွေအပြင် ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်းနေသူ အဘွားအိုတွေအား ဦးတေဇပိုင် လူသားစားဆင်က သတ်ဖြတ်သွားခဲ့" (သတင်းနှင့်အတူ လူထုစကားသံ) - (တင်ဆက်) ရန်နိုင် (04:57) Weekly News (တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှု၊ အနောက်ပိုးကရင်ဘာသာ) - နန့်ရင်နွေးမေ (05:47) to Listen

via Radio NUG Daily Podcasts https://ift.tt/8ukr7gz
ON-AIR & Internet Podcast Radio NUG စစ်ရေးသတင်းကောက်နုတ်ချက် - နွေဦးနိုင် (08:28) ပြည်တွင်းသတင်းများ - နွေဦးမွန် (04:59) မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက် - AERI (00:46) "သားပိုက်ကောင်" (တော်လှန်ရေးကဗျာ) - (‌ရေး) ဝင်းမင်းခိုင်၊ (ဖတ်) လွတ်လပ်နွေဦး (01:21) "ပူတာအိုဒေသအတွင်း ဆေးခြောက်မျိုးစိတ်ဝင်အပင်တွေအပြင် ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်းနေသူ အဘွားအိုတွေအား ဦးတေဇပိုင် လူသားစားဆင်က သတ်ဖြတ်သွားခဲ့" (သတင်းနှင့်အတူ လူထုစကားသံ) - (တင်ဆက်) ရန်နိုင် (04:57) Weekly News (တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှု၊ အနောက်ပိုးကရင်ဘာသာ) - နန့်ရင်နွေးမေ (05:47)Podcast Channel(Internet Live Station)https://ift.tt/nj3bX1f(SPOTIFY)https://ift.tt/BJPECGA(RadioNUG YouTube)https://www.youtube.com/c/RadioNUGMyanmar(RadioNUG website)https://ift.tt/kxqVW9u(TELEGRAM)https://ift.tt/g1WdiUq(TikTok)https://ift.tt/ULmkWXbRadio NUG နေ့စဉ် လေလှိုင်းနဲ့ အွန်လိုင်းက ထုတ်လွှင့်နိုင်အောင် PVTV က အားဖြည့်ကူညီကြပါတယ်။#RadioNUG#MoCIT#SpringRevolution#SpringRevolutionMyanmar