Pyay News
1.95K subscribers
105K photos
7.56K videos
464 files
9.11K links
News Store
Download Telegram
အလောင်း/လက်နက်များ ထပ်မံရရှိ (ဗန်းမော်)

ဧပြီ ၂၉ ရက် (ယနေ့) မနက်ပိုင်းတွင် ဗန်းမော်မြို့၊ မင်းကျောင်းကုန်းရပ်ကွက်အတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် KIA/PDF အလောင်း ၁၁ လောင်းနှင့် RPG ၁ လက် ထပ်မံရရှိ။
-
Congratulations ပါ ဗန်းမော်စစ်သည်တော်တို့ … 🏆🏆🏆
-
ဗန်းမော် = KIA သင်္ချိုင်း 👌
-
တိုက်ပွဲသတင်းစုံ
ထိုင်းနယ်စပ်ရှိမယ်ဆိုင်‌ချောင်း
ရေလျှံတက်လာ

ယနေ့ ဧပြီလ ၂၉ ရက်နေ့၊ အင်္ဂါနေ့မွန်းတည့်ချိန်ခန့်က
မယ်ဆိုင်‌ချောင်းရေလျှံမှုကြောင့် မြန်မာနယ်စပ်ရှိ Saphan 1 နှင့် Koh Sai အပါအဝင် ချင်းရိုင်ခရိုင်၊
မယ်ဆိုင်ခရိုင်ရှိ ချောင်းကမ်နားတစ်လျှောက်ရှိ လူနေရပ်ကွက်တချို့ ရေနစ်မြုပ်ခဲ့ရပါတယ်။

မိုးအဆက်မပြတ်ရွာနေပြီး မနှစ်ကကဲ့သို့ ရေကြီးရေလျှံမှုဖြစ်မှာကို
စိုးရိမ်လျှက်ရှိကြောင်း
ဒေသခံတွေဟာ သူတို့ရဲ့ပစ္စည်းတွေကို ကုန်းမြင့်တွေဆီ ရွှေ့ပြောင်းနေကြရပါတယ်။
မန္တလေးတွင် အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေးကို အိမ်ခြံမြေ လိုက် လံပြသမည်ဟုဆိုကာ ရိုက်နှက်သတ်ဖြတ်ပြီး လက်ဝတ်လက်စားနှင့်ပိုင်ဆိုင်မှုများ လုယက်ယူဆောင်

ရန်ကုန်၊ ဧပြီ ၂၉

မန္တလေးမြို့တွင် အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေးကို အိမ်ခြံမြေ လိုက်လံပြသမည်ဟုဆိုကာ ရိုက်နှက်သတ်ဖြတ်ပြီး လက်ဝတ်လက်စားနှင့်ပိုင်ဆိုင်မှုများ လုယက်ယူဆောင်သွားကြောင်း မန္တလေးမြို့ခံတချို့၏ ပြောဆိုချက်နှင့် ဆွေမျိုးတစ်ဦး၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြချက်အရ သိရှိရသည်။

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်း အငြိမ်းစား သတ္တဗေဒဌာန၊ ပါမောက္ခ ဒေါက်တာထွေးထွေးကို ၎င်းနေထိုင်ရာ မဟာအောင်မြေမြို့နယ်မှ အသိ အိမ်ခြံမြေပွဲစားက အိမ်ခြံမြေလိုက်ပြမည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ်သို့ ခေါ်ဆောင် သွားကာ ရိုက်နှက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းထံမှ လက်ဝတ်လက်စားများနှင့် ပိုင်ဆိုင်မှုများကိုပါ လုယက်သွားကြောင်း သိရှိရသည်။

"ပါမောက္ခဆရာမကြီးကို အိမ်ပွဲစားက ရိုက်နှက်သတ်ဖြတ်သွားတဲ့သတင်း ကြားလိုက်တယ်။ ပွဲစားကလည်း အသိလို့ ပြောတယ်။ အိမ်ခြံမြေ လိုက်ပြရင်း လုပ်သွားတာလို့ ကြားပါတယ်" ဟု မန္တလေးမှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ရှင်းပြသည်။

သတ်ဖြတ်ခံရသော ဒေါက်တာထွေးထွေးမှာ အသက် ၆၅ နှစ်အရွယ် အငြိမ်း စားပါမောက္ခတစ်ဦးဖြစ်ပြီး တစ်ဦးတည်းနေထိုင်သော အပျိုကြီးဖြစ်ကြောင်း၊ ဧပြီလ ၂၈ ရက်နေ့ တောင်အင်းမြောက်အင်းသုဿန်တွင် သဂြိုလ်ပြီးစီးပြီ ဖြစ်ကြောင်း၊ ကျူးလွန်သော တရားခံကို ဖမ်းမိခြင်းမရှိသေးကြောင်း သိရှိရသည်။

"အခုထက်ထိတော့ တရားခံ မိတယ်လို့တော့ မကြားရသေးပါဘူး။" ဟု မန္တ လေးမှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောဆိုသည်။

မန္တလေးတွင် ငလျင်လှုပ်ခတ်ပြီးနောက် ညအချိန်တွင် သူခိုးများ သောင်းကျန်းခြင်း၊ နေ့အချိန်များတွင်ပင် နေအိမ်များအတွင်းသို့ အလစ်သုတ်ခြင်း၊ ဓားကိုင် ခြိမ်းခြောက်လုယက်ခြင်း အပါအဝင် ရာဇဝတ် မှုခင်းများစွာ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ခွေးသစ်အောက်တန်းကျစွာဖန်တီးထားတဲ့ သတင်းအတုဖြစ်ပါတယ်
-
ဧပြီလ ၂၈ ရက်နေ့ မကွေးတိုင်း၊ တက်မရေနံမှော်ဘက်တွင် စကစတပ်နဲ့ PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မြေပြင်သတင်းအရသိရှိရ
-
ခွေးသစ်ကတော့ ရေးစရာမရှိရင် ရုပ်ရှင်ဆန်ဆန်ဖန်တီးပြီး ရေးနေတာ မဆန်းတော့ပါဘူး
-
ညောင်ဦးကလည်း မကွေးတိုင်းထဲဘယ်တုန်းကရောက်သွားလဲမသိ တပ်မရေနံမှော် ဆိုလို အဟုတ်မှတ်မနေနဲ့ စာလုံးပေါင်းတောင်မမှန်တဲ့ ခွေးသစ် ဟာသတွေကိုဖြစ်လို့

#Fakenews
FACTCHECK
သတင်းမှန်တွေ ဖတ်ဖို့ 👉 နှိပ်ပါ
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများကို လေ့ကျင့်သင်ကြားရေး Camp များဖွင့်လှစ်ကာ သင်ကြားပေးမည်

မန္တလေးငလျင်ကြောင့် Grade-12 စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးသွားသဖြင့် ပြန်လည်ဖြေဆိုရန် ကျောင်းသား/သူများအတွက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနက လေ့ကျင့်သင်ကြားရေးစခန်းများ ဖွင့်လှစ်ပြီး Revision Class များနှင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊ စခန်းများတွင် စားသောက်နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှူနှင့် သင်ကြားရေးပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများအတွက်လည်း စီစဉ်ပေးမည်ဖြစ်ကြောင်း၊ မလာနိုင်သူများအတွက် အွန်လိုင်းသင်ကြားမှုနှင့် Education Channel၊ ပုဂ္ဂလိကကျောင်းများ၏ YouTube၊ Telegram မှ အခမဲ့သင်ခန်းစာများ ရရှိမည်ဖြစ်ပြီး စာမေးပွဲကို ၅၀ ရက်အတွင်း စနစ်တကျဖြေဆိုစေမည်ဖြစ်ပြီး အောင်စာရင်းကို အခြားဒေသများနှင့်တပြိုင်နက် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါတယ်။
၂၈.၄.၂၀၂၅ တွင်စတင်ဖွင့်လှစ်ပါပြီ....