Pyay News
1.95K subscribers
105K photos
7.5K videos
464 files
9.06K links
News Store
Download Telegram
.

☯️


အမေရိကန်နဲ့တရုတ်တို့ ကုန်သွယ်ခွန်တင်းမာနေချိန်မှာ တရုတ်က EU နဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ အဆင်သင့်ဖြစ်ပြီလို့ ဆိုလိုက်ပါတယ်၊

အမေရိကန်က EU ကိုလဲကုန်သွယ်ခွန်တွေတိုးမြှင့်လိုက်လို့ ထရမ့်အပေါ် ယုံကြည်မှုပျက်ပြားနေချိန်နဲ့တိုက်ဆိုင်နေပါတယ်၊


BaMg ☯️

.
Media is too big
VIEW IN TELEGRAM
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင် ငလျင်ဒဏ်ခံခဲ့ရသည့် ဌာနမှဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေရာချထားသည့်နေရာအသီးသီးသို့ လှည့်လည်ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများပေးအပ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး။ ရန်ကုန်၊ဧပြီ-၂၃ ရက်။
ဒီရက်ပိုင်း တွေ့ရတဲ့ မီဒီယာတွေမှာ တရုတ်အကြောင်းက မပါမဖြစ် ရေးနေကြတာ တွေ့ရတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ချိန်မှာ မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ ကူမင်း ဆွေးနွေးပွဲကတည်းက နှစ်ဖက် သတင်းထုတ်ပြန်မှုတွေကို တရားဝင် ချမပြတာကို ကြည့်ရင်.....ဒီလုပ်ငန်းစဉ်ရဲ့ လေးနက်မှုက ဘယ်လောက်ရှိသလဲ ဆိုတာ သိနိုင်တယ်။
------
လားရှိုးမြို့ပေါ်ကို တပ်တွေ ခြေချချိန်အထိ ဘယ်လို အပေးအယူ တွေ ရှိခဲ့ကြသလဲ ဆိုတာ ဘယ်ဘက်ကမှ တရားဝင် ချမပြခဲ့ကြဘူး။ အကောင်းဘက်က ကြည့်ရင်တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆွေးနွေးမှု တွေ အောင်မြင်မှု ရှိလို့သာ အရွေ့ ရှိနေတာလို့ သုံးသပ်ရမယ်။ သေချာတာကတော့ ဆွေးနွေးမှု မအောင်မြင်ရင် အသံ တခုခု ထွက်လာမှာပဲ။ ကြည့်ရသလောက်တော့ အဆင်ပြေနေဟန်ရှိတာ တွေ့ရတယ်။
------
ဒီလို အထိအခိုက်မခံတဲ့ ကြားကာလ အကူးအပြောင်းတွေမှာ ဘယ်ဘက်ကိုမှ ပိုပိုသာသာ မပြောမိအောင် သတိထားဖို့ လိုအပ်တယ်လို့ မြင်မိတယ်။ ၁၀၂၇ ရှမ်းမြောက်ကျူးကျော်စစ်ရဲ့ နောက်ခံ သမိုင်းကြောင်းတွေကို မမေ့ထားသလို လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကိုလည်း မျက်ခြေ မပြတ်စောင့်ကြည့်ဖို့ပဲ ရှိနေလိမ့်မယ်။ ဒါက တရုတ်နဲ့ ကိုးကန့်အပေါ်မှာ ချစ်ခြင်း၊ မုန်းခြင်းကို အခြေမခံဘဲ ကြားနေပြည်သူလူထုအတွက် အသင့်လျော်ဆုံးဆိုတဲ့ အခြေအနေတစ်ခုရဲ့ ရှုထောင့်ဘက်ကသာ တွေးပေးနေခြင်း ဖြစ်တယ်။
-------
တချို့က လားရှိုးဟာ တိုက်မယူဘဲ ရတာ ဖြစ်လို့ မကျေနပ်ကြဘူးလို့ဆိုကြတယ်။ ဒီနေရာမှာ မေးစရာ ရှိတာက....ခင်ဗျားတို့ စိတ်အာသာပြေဖို့အတွက် ဒီမြို့တွေ ထပ်ကြေ ပေးဖို့ လိုသလား၊ စစ်သားတွေ ထပ်သေပေးဖို့ လိုအပ်လားလို့ပဲ ပြန်မေးရမယ်။ လားရှိုးနဲ့ပတ်သက်ပြီး မြန်မာ့လွတ်လပ်ရေး ဖြစ်စဉ်ကို ပြန်အောင်းမေ့မိတယ်။ အင်္ဂလိပ်တွေဆီက မြန်မာပြည်လွတ်လပ်ရေးရတော့.... နှစ်ပေါင်း ၁၀၀ သူကျွန်မခံဘဲ ပြန်တိုက်ခဲ့ကြတဲ့ သမိုင်း ဖြစ်စဉ်တွေကို လစ်လျူရှုပြီး ဆွေးနွေးပွဲကို အခြေခံတာမို့လို့ ရွှေရည်စိမ် လွတ်လပ်ရေးဆိုပြီး သမုတ်ခဲ့ကြဖူးတယ်။ တကယ်တော့ အကျိုးမရှိတဲ့ စစ်ပွဲတွေ ဖန်တီးနေကြတာတွေကို ရပ်တန့်သင့်ပါပြီ။ ဒီနေရာမှာ အိုးအိမ်ပစ်ပြီး ပြေးရတဲ့ ပြည်သူတွေရဲ့ ဘဝတွေကို စာနာထောက်ထားသင့်ပါပြီ။
------
နိုင်ငံရေး လိုလားချက်တွေကို ဂုဏ်သိက္ခာ ရှိရှိ ညှိနှိုင်းနိုင်ကြရင် ကြားပြည်သူတွေ မြေစာပင် မဖြစ်တော့ဘူးပေါ့။ အမုန်းတရားတွေ ကြီးထွားမလာနိုင်ဘူးပေါ့။ ဒီလိုပဲ ရိုးရိုးသားသား မြင်မိတယ်။


(နရီမိုး)
မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိမှု
Media is too big
VIEW IN TELEGRAM
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
စစ်ကိုင်းမြို့ ဒိုင်းမွန်းဖုန်းဆိုင်အောက်မှတွေ့ရှိခဲ့ရသည့် ရွှေတုံး(၄)တုံးကို ပိုင်ရှင်ထံပြန်အပ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်၊ နယ်မြေ(၄)၊ စျေးလမ်းရှိ "ဒိုင်းမွန်း"ဖုန်းဆိုင်အဆောက်အအုံမှာလည်း ပြိုကျပျက်စီးသွားခဲ့သည်။

ထိုသို့ ပြိုကျပျက်စီးသွားခဲ့သဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ယနေ့ ဧပြီ ၂၃ ရက်ကပြုလုပ်ခဲ့ကြရာ ရွှေတုံး(၄)တုံးအားတွေ့ရှိခဲ့ရသဖြင့် ပိုင်ရှင်ဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မိုင်းဖုန်းဆရာတော်ကြီး ဖူးမြှော်ကြည်ညို

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများသို့ ထောက်ပံ့ကူညီလှူဒါန်းမှုများပြုလုပ်ရန် ကြွရောက်တော်မူလျက်ရှိသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ ဧပြီ ၂၂ ရက်ညပိုင်းက နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့ ကျင်းပပြုလုပ်မယ့်
မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်လမ်း‌လျှောက်မယ့် မြန်မာ့တပ်မတော် ကိုယ်စားပြု စစ်ရေးပြအဖွဲ့ ထွက်ခွာ
ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်အဖွဲ့က ဘင်္ဂါလီတွေရဲ့ ပိုင်ဆိုင်မှုတွေကိုပဲ အတင်းအဓမ္မသိမ်းယူနေတာမဟုတ်ဘဲ ဒေသခံရခိုင်လူမျိုးတွေပိုင်ဆိုင်တဲ့ မြေယာတွေကိုလည်း အတင်းအဓမ္မသိမ်းယူနေတယ်လို့ သိရပါတယ်...ပြီးခဲ့တဲ့ရက်က မင်းပြားမြို့နယ်မှာ AA အကြမ်းဖက်အဖွဲ့က နယ်မြေမှူး ညီပု ဆိုတဲ့အကြမ်းဖက်ကောင်က ဒေသခံရခိုင်လူမျိုးတွေရဲ့ မြေယာတွေကို အတင်းအဓမ္မသိမ်းယူခဲ့လို့ ဒေသခံရခိုင်တွေနဲ့ AA အကြမ်းဖက်အဖွဲ့တွေအကြား တင်းမာမှုဖြစ်ပွားခဲ့ပြီး ဒေသခံရခိုင်တွေက AA နယ်မြေမှူး ညီပု ဆိုတဲ့အကြမ်းဖက်ကောင်နဲ့ အဖွဲ့ဝင်တွေကို အော်ဟစ်ဆဲဆိုကာ ခွေးမောင်းသလို မောင်းထုတ်ခဲ့တယ်ဆိုပဲ...ကိုယ့်လူမျိုးအချင်းချင်းအပေါ်ကိုတောင် လက်နက်အားကိုးနဲ့ ထင်တိုင်းကြဲအနိုင်ကျင့်နေတဲ့ AA အကြမ်းဖက်အဖွဲ့ကို ဒေသခံရခိုင်လူမျိုးတွေ ငြိမ်မခံသင့်ဘူးနော်...