Pyay News
1.95K subscribers
105K photos
7.57K videos
464 files
9.11K links
News Store
Download Telegram
ဆက်လက်အောင်ပွဲဆင်နေသည့် တောင်ခမ်းစစ်သည်

ဧပြီ ၂၆ ရက်နေ့တွင် တောင်ခမ်းဒေသ၊ နောင်ချိုမြို့အနီးရှိ လခရဆောင်ရွက်နေသည့်စစ်ကြောင်းအား အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အကြမ်းဖက် TNLA အဖွဲ့မှ အင်အား ၃၀ ဦးခန့်ဖြင့် (၁)ကြိမ်၊ ၆၀ ဦးခန့်ဖြင့် (၁) ကြိမ်၊ ပေါင်း (၂) ကြိမ် လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့။ ဆုတ်ခွာ ရန်သူ့နောက်သို့ မြေပြင်စစ်ကြောင်းများ၊ Drone များဖြင့် လိုက်လံချေမှုန်းခဲ့ရာ TNLA စခန်းကုန်းအား ညနေ ၄ နာရီချိန်ခန့်တွင် စီးနင်းသိမ်းပိုက်ရရှိခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိပြီး လက်နက်ငယ် ၁ လက် ပျက်စီးကာ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၁၀ လောင်း
(၂) သေနတ် ၂ လက်
(၃) ကျည်အိမ်/ ကျည်ဆန်များ
(၄) လက်ပစ်ဗုံးများ
(၅) ပစ်ကျင်း/ဘန်ကာ/ဆသရမြောင်းများ

သိမ်းပိုက်ရရှိခဲ့ပါသည်။
-
အပစ်ရပ်စဲကာလတွင် TNLA သူပုန်များနေဖြင့် အလစ်အငိုက်ရမယ်ထင်ပြီး စတင်တိုက်ခိုက်လေ့ရှိသော်လည်း ၎င်းတို့ရဲ့ စခန်းကုန်းများ တစ်ကုန်းပြီး တစ်ကုန်း တပ်မတော်က သိမ်းပိုက်ရယူသွားကြောင်း တွေ့ရှိရပါသည်။
-
ယခုလို အောင်စိတ်ပြင်းပြင်းဖြင့် နောင်ချိုဒေသရှိ ရန်သူ့စခန်းကုန်းအား သိမ်းပိုက်ရရှိခဲ့သည့် တိုက်ပွဲဝင်စစ်သည်များအား တာဝန်ရှိသူများက ဆုငွေများ ဂုဏ်ပြုချီးမြှင့်လျက်ရှိပြီး တောင်ခမ်းစစ်သည်တော်များ စိတ်အားတက်ကြွလျက်ရှိပါကြောင်း ဂုဏ်ယူဖော်ပြအပ်ပါသည်။
-
တိုက်ပွဲသတင်းစုံ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ဘက်မှာ AA က မွတ်စလင်အိမ်တွေကို
မီးရှို့လို့ မွတ်စလင်တွေက ARSA ဘက်ကို ပါသွားကြပြီဆိုတာ
AA တွေက အချင်းချင်းပြောထားတယ်။

တချို့ရွာတွေဆိုရင် AA တွေ မီးရှို့လို့ ရွာလုံးကျွတ်ထွက်ပြေး‌နေရတယ်။


ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ပတ်သက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့
AA ကို မထောက်ခံတဲ့ ရခိုင်တွေရဲ့ အိမ်‌တွေနဲ့ မွတ်စလင်တွေရဲ့ အိမ်တွေကို
မတရားသိမ်းပြီး ချိတ်ပိတ်နေတယ်။
သူတို့ကို မထောက်ခံတဲ့သူတွေမှန်သမျှကို
အစွန်းရောက်သတ်ဖြတ်၊ ညှင်းပန်းနှိပ်စက်တယ်။


ဒါကမြေပြင်မှာ ဖြစ်နေတဲ့ အမှန်တရားတွေပဲ။


Htinmyataung
ယော PDF အကြမ်းဖက်အဖွဲ့က ဂန့်ဂေါခရိုင် ယောဒေသမှာနေထိုင်ကြတဲ့ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အတွင်းရှိ ကျား/မ တိုင်းကို အကြမ်းဖက်သင်တန်းမဖြစ်မနေတက်ရမယ်ဆိုပြီး ခြိမ်းခြောက်အကျပ်ကိုင်ကာ လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံလူငယ်တွေ ထွက်ပြေးတိမ်းရှောင်ကုန်ကြပြီလို့ သိရပါတယ်...PDF အကြမ်းဖက်တွေကို အားပေးထောက်ခံခဲ့တဲ့ ယောဒေသက နီပိတ်တွေ ဘယ့်နှယ်ရှိစ...အဲဒါ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက်တာလို့ ခေါ်တယ်...လူ့အခွင့်အရေးလို့ တွင်တွင်အော်ပြီး လုပ်စားနေကြတဲ့အဖွဲ့တွေလည်း လူ့အခွင့်ရေးတို့ ဘာတို့ အော်ကြဦးလေ...'
Myanmar cow လောင်နေတာ မြင်မကောင်း
နေအပူချိန် မြင့်တက်နေလို့  အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည် အန္တရာယ်များကို
သတိပြုကြပါရန်။
အလောင်း/လက်နက်များ ရရှိ (ညောင်ကျိုး)

ဧပြီ ၂၆ ရက် ညနေပိုင်းအချိန်က ညောင်ကျိုးရွာအနီးမှာ အကြမ်းဖက် AA ၃၀ ဦးနှင့် လခရစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် AA ၄ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်
- စက်လတ် ၁ လက်
- Type-81 သေနတ် ၂ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ

သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာလာမှု

ဧပြီလ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်နိုင်ငံအခြေစိုက် Lashkar-e-taiba စစ်သွေးကြွ အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၈ ဦး သေဆုံး တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်..
-
အဲ့ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာပဲ အိန္ဒိယက ဒီအကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ ပါကစ္စတန်နိုင်ငံ ရှိတယ်.. ပါကစ္စတန်က အားပေးအားမြောက်လုပ်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့တယ်..
-
ပြီးတော့ အိန္ဒိယက အကြမ်းဖက်အဖွဲ့တွေနဲ့ ထောက်ခံတဲ့သူတွေ အကုန်လုံးကို ရှာဖွေဖော်ထုတ် အရေးယူမယ်ဆိုပြီး အခင်းဖြစ်တဲ့ဒေသကို ထိပ်တန်းအရာရှိတွေစေလွှတ်တယ်.. ကျူးလွန်သူတွေကို နှိမ်နင်းဖို့ အပြင်းအထန်ရှာဖွေခြင်းနဲ့ ဖျက်ဆီးခြင်းလုပ်ငန်းတွေ လုပ်တယ်.. တပ်ဖွဲ့အင်အားတိုးချဲ့တယ်.. ဂျမူးနဲ့ ကတ်ရှ်မီးယားရဲတပ်ဖွဲ့တွေနဲ့ပေါင်းပြီး အကြမ်းဖက်သမားတွေကိုဖမ်းဖို့ စစ်ဆင်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်တယ်..
-
ဒါတွေပဲလားဆိုတော့..မဟုတ်သေးဘူး..
-
လေတပ်နှင့် ရေတပ် အကြီးစားစစ်ရေးလေ့ကျင့်ခန်းမှုများလုပ်တယ်.. လေတပ်လေ့ကျင့်ခန်းမှာဆို Rafale ဂျက် လေယာဉ်တွေ.. အထူးတိုက်ခိုက်ရေး လေယာဉ်တွေပါတယ်.. ရေတပ်လေ့ကျင့်ခန်းမှာဆို ပြင်းထန်သည့် စစ်ကစားမှုတွေ ရေပြင်မှဝေဟင်ပစ် လက်နက်သစ် စမ်းသပ်ပစ်ခတ်တာတွေ လုပ်တယ်..
-
ပြီးတော့ အိန္ဒိယနိုင်ငံက ပါကစ္စတန်နဲ့ ချုပ်ဆိုထားသည့် ရေမျှဝေအသုံးပြုရေး သဘောတူစာချုပ်ကို ဆိုင်းငံ့တာတွေ... ပါကစ္စတန်က အိန္ဒိယသံအမတ်နဲ့ စစ်အကြံပေးတွေကို နိုင်ငံကနေ နှင်ထုတ် တာတွေ... နှစ်နိုင်ငံနယ်စပ်ဂိတ်တွေနဲ့ ဗီဇာ ပယ်ဖျက်တာတွေကို အပြန်အလှန်လုပ်ဆောင်ခဲ့ကြတယ်...
-
လွန်ခဲ့တဲ့ ၂ ရက်ကစပြီး ကတ်ရှ်မီးယားနယ်စပ် ထိန်းချုပ်ရေးမျဉ်းမှာတော့ လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ကြပါသေးတယ်...
-
နျူကလီးယားပိုင်ဆိုင်ထားတဲ့ ဒီအိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးက နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံး အဆင့်ကို ကျဆင်းသွားခဲ့တာဖြစ်တယ်.. နှစ်နိုင်ငံအကြား စစ်ပွဲအတွက် ပြင်ဆင်နေတဲ့ပုံ ဖြစ်နေပြီးတော့.. ဒေသတွင်း စစ်ဖြစ်လာနိုင်တဲ့ပုံပါပဲ... နျူပိုင်တဲ့ နိုင်ငံတွေဆိုတော့လည်း ဒေသတွင်းနိုင်ငံတွေအတွက် အန္တရာယ်တစ်ခုလို့ မြင်မိပါတယ်။
-
တိုက်ပွဲသတင်းစုံ
Media is too big
VIEW IN TELEGRAM
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးငလျင်ကြီးကြောင့်အဖြေလွှာများပျက်စီးသွားသည့် တိုင်းဒေသကြီးပြည်နယ်များအတွက် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်စာမေးပွဲ ပြန်လည်ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုုင်းအစည်းအဝေးတက်ရောက်သည်။ ရန်ကုန် ၊ဧပြီ-၂၇ ရက်။
Media is too big
VIEW IN TELEGRAM
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့်မန္တလေးမြို့များအတွင်းဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများအား သက်သာသောဈေးနှုန်းဖြင့်နှစ်ဆယ့်ရှစ်ရက်မြောက်နေ့လှည့်လည်ရောင်းချပေးလျက်ရှိသည်။ ရန်ကုန် ၊ဧပြီ-၂၇ ရက်။
Media is too big
VIEW IN TELEGRAM
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မဟာမင်္ဂလာအခမ်းအနား ပြုလုပ်သည်။ ရန်ကုန် ၊ဧပြီ-၂၇ ရက်။
This media is not supported in your browser
VIEW IN TELEGRAM
ကနေဒါနိုင်ငံ ဗန်ကူဗားမြို့တွင် ပွဲစျေးထဲသို့ ဖိုးဝှီးကားဝင်တိုက်။ ထိခိုက်သေဆုံးသူများရှိ။
မင်္ဂလာနံနက်ခင်းပါ 🙏🙏🙏

သောကကင်းဝေး စိတ်အေးချမ်းမြ

လိုရာမှန်သမျှ တတိုင်းရ ပြည့်စုံပါစေ။
နိုင်ငံရေးအကြောင်းပြောကြတဲ့အခါ မလိုလားအပ်တဲ့ အခါတော်ပေးစကားလုံးတွေ မထွက်လာစေဖို့ အရေးကြီးတယ်လို့ အရင်တနေ့က ပိုစ့်မှာ ရေးခဲ့ဖူးတယ်။ ဒါကအကြောင်းမဲ့ရေးခဲ့တာမျိုး မဟုတ်ဘူး။ ဒီကနေ့ ထွက်လာတဲ့ တောင်ခမ်း စစ်မြေပြင်က တကယ့်အောက်ခြေမှာ တိုက်နေတဲ့ စစ်သည်တွေရဲ့ အောင်စိတ်ကို ထိခိုက်မှာ စိုးရိမ်လို့ပဲ။ ယုတ္တိဗေဒ အရ ပြောပြော....ချွင်းချက်တချို့ ရှိနိုင်ပေမယ့် နိုင်ငံရေးအကြောင်း ဆွေးနွေးကြတဲ့အခါ စစ်နိုင်တဲ့သူက အပေါ်စီးက ပိုပြီး ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းပိုပြီး ရှိတယ်။
-----
စစ်ပွဲနိုင်ဖို့ နည်းလမ်းရှာကြတဲ့အခါ Soft power နဲ့ Hard power က သပ်သပ်စီပဲ။ သေနတ်ကိုင်ပြီး အမိန့်နာခံမှုအားကောင်းရုံသပ်သပ် လေ့ကျင့်ထားတဲ့ စစ်သည်တွေကို Sharp power တွေအကြောင်း သွားပြောလို့မရဘူး။ လိုက်လျောညီထွေမှု ဖြစ်တဲ့ အမိန့်တစ်ခုက ဒီတောင်ကုန်းကို န-နာရီအတွင်း အပြီးတိုက်ဖို့ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်သင့်တယ်။ ဒါ့ကြောင့် တပ်မတော်မှာ စစ်တိုက်တော်တဲ့ စစ်သည်/အရာရှိတွေကို စဉ်ဆက်မပြတ် ချီးမြှောက်နေဖို့ လိုအပ်တယ်။
------
(ပုံကတော့ ကျည်ကာအင်္ကျီမှာ မြေနီသားအထပ်ထပ် ကပ်နေတဲ့ တောင်ခမ်း စစ်သည်တွေရဲ့ ပကတိမြင်ကွင်းပဲ)


(နရီမိုး)