Pyay News
1.95K subscribers
105K photos
7.52K videos
464 files
9.07K links
News Store
Download Telegram
Please open Telegram to view this post
VIEW IN TELEGRAM
မြတ်အောင်ပြောတဲ့ မြေပြင်က အမှန်တရား
---------------------------------
-PDF တွေက ရှေ့တန်းမှာ တိုက်ပွဲရှိရင် သွားတိုက်တယ်။
-အလှူခံကောင်းအောင် ဓာတ်ပုံရိုက်တယ်။

-အလှူခံလို့ ပိုက်ဆံရလာရင် PDF ထဲ ဆက်နေတယ်။
ပိုက်ဆံရတဲ့အဖွဲ့ကို မရတဲ့အဖွဲ့က ဆဲတယ်။
ဆဲတဲ့အဖွဲ့ကို ပိုက်ဆံရတဲ့အဖွဲ့က ဒလံလို့ ခေါင်းစဉ်တပ်စွပ်စွဲပြီး
PDF ထဲက ထုတ်တယ်။

ရတဲ့ ငွေတွေနဲ့ ဆေးချ (ဝိသောက်တယ်)
လိုင်းပေါ်တက် ပေါက်ကွဲတယ်။

-နှစ်တွေကြာလာတော့ တောထဲက၊ PDF ထဲက လူငယ်တွေက လမ်းပျောက်လာပြီး ထိုင်းဖက်ကို ပြေးတယ်။
ရရာအလုပ်ဝင်လုပ်တယ်။
နောက်ပိုင်းကျတော့ ထိုင်းမှာ ဘဝပျက်ပြီး ဒုံရင်းကဒုံရင်းပဲ
ပြန်ဖြစ်သွားတယ်။

တချို့ PDF တွေကလည်း အလှူခံပေးနေတဲ့သူတွေနဲ့ ပေါင်းပြီး
ခိုးစားနေတယ်။
ပိုက်ဆံရနေတော့ အသံမထွက်ကြဘူး။

NUG က ကောင်တွေကတော့ ရတဲ့ငွေတွေနဲ့ ရာထူးကြီးတွေ
ယူပြီး ချမ်းသာနေတယ်တဲ့…

မနေ့ကတောင် ဖျာပျံကြီးက သူတော်လှန်ရေးလုပ်နေတာ
မြန်မာနိုင်ငံမှာ သူ့ကိုယ်ကျိုးစီးပွားပြန်လုပ်လို့ရအောင် လုပ်နေတာပါ။
နိုင်ငံအတွက် တိုက်နေတာလည်းမဟုတ်ဘူး။
စနစ်ကို တိုက်နေတာလည်း မဟုတ်ဘူးတဲ့…
PDF တွေကိုဆိုရင် ကြည့်လို့တောင် ပိုမရဘူးလို့ ထည့်ပြောသွားတယ်။

ဒီ ၄ နှစ်အတွင်းမှာ မြို့တွေ၊ ရွာတွေ၊ မိသားစုတွေထဲကနေ
ထွက်သွားတဲ့ လူငယ်တွေသာ သေသွားတယ်။
NUG က လူတွေနဲ့ ထောက်ပို့လုပ်နေတဲ့ လူတွေကတော့
မသေပဲ PDF တွေကို အကြောင်းပြ အလှူခံပြီး
တတိယနိုင်ငံမှာ ချမ်းသာပြီးရင် ချမ်းသာနေပြီ…


htinmyataung
ကြို့ပင်ကောက်တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တစ်ယောက်သေဆုံး
ဧပြီ ၂၅၊၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းတိုက်နယ်ဧပြီလ ၂၄ရက်‌မနေ့ကနံနက် ၉ နာရီ အချိန်မှာတိုက်ခိုက်သုတ်သင်ခဲ့တာကြောင့် အဆိုပါ ပတ်ဝန်းကျင်၌ အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းBTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှရဲဘော်တစ်ဦး၏ခါးတည့်တ်ကျည်ထိမှန်ကျဆုံးခဲ့ပါတယ်။
မောင်တောမြင်းလွတ်မှာအာဆာသုတ်သင်လို့AA၂၃ယောက်သေဆုံး၃၁ယောက်ထိခိုက်တိုပြတ်ဖွါလန်သတင်းရရှိ

According to field reports by ARSA Ground Operation Commander Ustat Khaled, the fighting lasted until 3:00 PM and resulted in significant losses for the AA. A total of 23 AA members were confirmed killed and 31 others injured during the confrontation. The clash took place after ARSA launched a direct assault on roughly 40 temporary tents that AA terrorists had set up near Merulla to prepare attacks against ARSA freedom fighters despite the terrorist AA members Lost.
ပြည်သူ မကြိုက်ရင် ဖက်တွယ်မနေဘူး ဆင်းမှာဆို
တနိုင်ငံလုံးကို passport ၃၀ လောက်ကိုင်သွားရတော့

နပိတ်တွေလိုချင်တာ ဖြစ်ပြီလေ
Media is too big
VIEW IN TELEGRAM
အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ ဗန်းမော်မြို့ရှိ တပ်တစ်ခုအား တိုက်ခိုက်ရန် ချဉ်းကပ်လာသည့် အကြမ်းဖက် KIA များကို ချေမှုန်းသုတ်သင်ခြင်း။ 👍
-
တိုက်ပွဲသတင်းစုံ
.

☯️


( မျှော်တာထက်.... ပိုမယ် )


အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင် လူ (၃၂) ဦးသေဆုံးခဲ့တယ်၊ အဲ့ဒီအတွက် မိုဒီက -

" အကြမ်းဖက်တွေ တွေးထင်ထားတာထက် ဒါဏ်ခတ်မှုက ပိုကြီးလိမ့်မယ် "

.... လို့ပြောလိုက်တယ်၊

ထရမ့်ကို မယုံရဲသလောက် မိုဒီရဲ့ "ဇ" ကိုတော့ ယုံရဲပါတယ်၊ OIC တခုလုံးရဲ့ အော်သံကို မကြားချင်အောင်ဆောင်ပြီး ဗလီတွေကို သွေးအေးအေးနဲ့ ဖျက်ပစ်ရဲခဲ့တဲ့ သမိုင်းကရှိထား သကိုး ။

...........

ပါကစ္စတန်ရော အိန္ဒိယရော နယ်စပ်ကို ချက်ခြင်းတပ်တွေပို့ကြတယ်၊ နေ့ ညမပြတ်ပဲ

ပါကစ္စတန်ဖက်က အသံစထုတ်လာတယ်၊ အိန္ဒိယနဲ့စစ်အတွက် ပါကစ္စတန်ဖက်က အဆင်သင့်ဖြစ်နေပြီတဲ့၊

ဒါကတော့ ပါကစ္စတန်ဖက်က စစ်ကိုစတောင်းလိုက်တာပဲ ။


BaMg ☯️


.
.

☯️


နယ်စပ် နေရာများစွာကနေ
ပါကစ္စတန်ဖက်က စတင်ပစ်ခတ်တယ်၊
အိန္ဒိယဖက်ကလဲ တုန့်ပြန်ပစ်ခတ်ပါတယ်၊

ဇာတ်လမ်းကတော့ စဖွင့်လိုက်ပါပြီ
မင်္ဂလာနံနက်ခင်းပါ 🙏🙏🙏

သောကကင်းဝေး စိတ်အေးချမ်းမြ

လိုရာမှန်သမျှ တတိုင်းရ ပြည့်စုံပါစေ။
.

☯️


Trump နဲ့ Xi ကလဲ ရေစက်ကြီးကြတယ်ထင်တယ်၊

အကြမ်းဖက်ကိစ္စမှာ ထရမ့်က မိုဒီဖက်ကရပ်တည်ကြောင်း ပြောလိုက်တဲ့ အချိန်မှာ -

တရုတ်က ပါကစ္စတန်ကို
* HQ- 9B
* HQ-19 လေကာစနစ်တွေနဲ့
* J-10 C အစီး (၃၀)
* J-35 အစီး (၁၅)

ပို့နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်၊

မိုဒီပြောစကားအရရော
တပ်ရွေ့ကြတာတွေရော
အကူပေးမှုတွေရော

.... စတာတွေပေါင်းလိုက်ရင် ပွဲဖြစ်ဖို့ များသွားပါပြီ၊


BaMg ☯️

.
စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့မှ ရွှေတံဆိပ်‌​လေးခုဆွတ်ခူးရရှိ
NOM၊ရန်ကုန် ဧပြီ ၂၅
(၈၅)ကြိမ်မြောက် စင်္ကာပူဖိတ်ခေါ်(Singapore SportsHub) ပြိုင်ပွဲကိုဧပြီ၂၄ရက်နှင့်၂၅ ရက်ကကျင်းပလျှက်ရှိရာမြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှရွှေလေးခုဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင်အမျိုးသမီးကြိုးတပ်သံလုံးပစ်တွင် သွယ်သွယ်မိုး က ရွှေတံဆိပ်ကို(၄၇.၃၈မီတာ)မီတာဖြင့်လည်းကောင်း၊
အမျိုးသမီး ၁၀၀၀၀မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်းဝင်းခိုင် ကရွှေတံဆိပ်ကို (၅၉:၁၅.၆၀)ဖြင့်လည်းကောင်း၊ အမျိုးသား ၁၀၀၀၀မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် သန့်စင်အောင် ကရွှေတံဆိပ်ကို (၅၀:၃၆.၁၁)ဖြင့်လည်း‌ကောင်း၊ အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲတွင် ဟိန်းထက်အောင် က ရွှေတံဆိပ်ကို (၁:၅၀.၅၉)ဖြင့် အသီးသီးဆွတ်ခူးရရှိခဲ့ကြ‌​ကြောင်းသိရသည်။
ဆက်တိုက်အောင်ပွဲဆင်နေသည့် တောင်ခမ်းစစ်သည်

ဧပြီ ၂၄ ရက်(ယနေ့) မွန်းလွဲပိုင်းအချိန်က တောင်ခမ်းဒေသ၊ နောင်ချိုမြို့အနီးရှိ တပ်မတော်စခန်းတစ်ခုအား အကြမ်းဖက် TNLA အဖွဲ့မှ အင်အား ၁၅ ဦးခန့်က အလစ်အငိုက်လာရောက်တိုက်ခိုက်လို့ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ ၁ လောင်း၊ ၁ လက် ရရှိကြောင်း သိရှိရပါသည်။ (ဖြစ်စဉ်ဖော်ပြပြီး)
-
ထို့နောက် ဆုတ်ခွာရန်သူနောက် လိုက်လံရှင်းလင်းရာ နောင်လင်ရွာအနီးတွင် ရန်သူ့စခန်းပုန်းတစ်ခုအား တွေ့ရှိပြီး ထပ်မံတိုက်ခိုက်ခဲ့။ ရန်သူမှာ ၅ မိနစ်ခန့်သာ ပြန်လည်ပစ်ခတ်ပြီး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့။ မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၄ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ပစ်ကျင်း/ဘန်ကာများ

စုစုပေါင်း ရန်သူအလောင်း ၅ လောင်း၊ သေနတ် ၂ လက် အား သိမ်းပိုက်ရရှိခဲ့ပြီး နောင်ချိုမြို့အနီးရှိ နောင်လင်ရွာအား တပ်မတော်မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်။
-
နောင်ချိုဒေသတွင် အကြမ်းဖက် TNLA ရဲ့ အနိုင်ကျင့်ရက်စက်မှုတွေကြောင့် PDF အဖွဲ့တွေ ထွက်ခွာသွားပြီး TNLA နဲ့အတူ လက်တွဲတိုက်ခိုက်ခြင်းမျိုး မရှိတော့ကြောင်း တွေ့ရှိရပါသည်။ ရှေ့ဆုံးကနေ အသေခံပြီး တိုက်ခိုက်ပေးမည့် PDF များ မရှိသဖြင့် အကြမ်းဖက် TNLA သည်လည်း တောင်ခမ်းစစ်ကြောင်းများအား ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ဆုတ်ခွာ ထွက်ပြေးလျက်ရှိသည်။
-
အပစ်ရပ်စဲကာလတွင် တပ်မတော်အနေနဲ့ ထိုးစစ်ဆင်ခြင်းမျိုးမရှိဘဲ ရန်သူလာတိုက်၍သာ ရေဆုံးမြေဆုံး လိုက်လံ ချေမှုန်းခြင်း ဖြစ်ပါသည်။ တောင်ခမ်းစစ်ကြောင်းများအနေနဲ့ အမိန့်ကိုတိကျစွာလိုက်နာခဲ့ပြီး ရန်သူက စတင်တိုက်ခိုက်လို့သာ ပြန်လည်ချေမှုန်းခြင်းဖြစ်သည်ဆိုတာ ရေးသားဖော်ပြအပ်ပါသည်။
-
နားလာကိုက်ရင် ပါး.. ပြန် ရိုက်တတ်တဲ့ တောင်ခမ်းစစ်သည်တော်များကို လေးစားဂုဏ်ယူဖော်ပြအပ်ပါသည်။
-
တိုက်ပွဲသတင်းစုံ