This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကွယ်လွန်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။ ရန်ကုန်၊ ဧပြီ-၂၂ ရက်။
Media is too big
VIEW IN TELEGRAM
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဆင်သေဆည်ရေသောက်စနစ် လက်ဝဲမြောင်းမှ နွေသီးနှံများအတွက် စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ရေး ကြည့်ရှုစစ်ဆေးသည်။ ရန်ကုန်၊ ဧပြီ-၂၂ ရက်။
Media is too big
VIEW IN TELEGRAM
၂၀၂၅ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ရေကြောင်းနှင့်လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့်တန်းမြင့်သင်တန်းများစတင်ဖွင့်လှစ်သည်။ ရန်ကုန်၊ ဧပြီ-၂၂ ရက်။
ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ဧပြီ ၂၃ ရက်မှ ဧပြီ ၃၀ ရက်အထိ တိုးမြှင့်ကြောင်း တပ်မတော်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ခဏတာ ခွဲခွာအပြီးမှာ ပြန်ဆုံကြပြီပေါ့။
-
ရမခနဲ့လားရှိးပြည်သူဆိုတာ တစ်သားတည်းဖြစ်နေပြီးသားပါ။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုနှင့် ရေသန့်နှင့် ကော်ဖီများ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံ ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီနောက် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေး အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု လစဉ် တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈) မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
#PeopleMedia