Poems that pierce the heart
133 subscribers
412 photos
47 videos
5 files
49 links
ကဗျာနှင့်စာပေ ချစ်မြတ်နိုးသူများအတွက်။
Download Telegram
ကဗျာဆရာမလေးနဲ့ ရည်းစားဖြစ်ချင်တယ်
အနည်းဆုံးတော့ ဆရာမလေးက
ခင်ဖုန်းသက်ဝေလေးအကြောင်းသိလိမ့်မယ်
ဘိုအောင်ကျော်လမ်းက ခိုလေးတွေအကြောင်း
သိလိမ့်မယ်
ပါရီတော်လှန်ရေးအကြောင်း ကျွန်တော်ပြောတာနဲ့
သူကပါရီနိုင်ငံရေးသမားတွေကို တန်းဝေဖန်မှာ
မော်စီထူးရဲ့မမနဲ့ ချိမ့်ရဲ့မမ
ဘယ်သူ ပိုအထက်တန်းစားဆန်လဲ
စိုင်းဝင်းမြင့်နဲ့ ဝင်းမြင့် ဘယ်သူ့အသည်းအရင်ကွဲခဲ့လဲ
မောင်ဆောင်းခက သူ့မမနဲ့နီးခဲ့ရဲ့လား
အဲ့လို အခြေအမြစ်မရှိတဲ့ အမေးအဖြေတွေ
ဆရာမလေးနဲ့ တီတီတာတာပြောချင်တာ
ဆရာမလေးဝမ်းနည်းတဲ့အခါ
အချိုကဲတဲ့ သကြားလုံးလေးတွေပို့မယ်
ဆရာမလေး စိတ်ကောက်တဲ့အခါ
ကဗျာချိုချိုလေးတွေ ရွတ်ပြမယ်
နှစ်ယောက်အဆင်ပြေတဲ့ရက်တွေ
စိုးလွင်လွင်နဲ့ ဖိုးချိုသီချင်းတွေနားထောင်ကြမယ်
ကျွန်တော်က ဆရာမလေးရဲ့ ခဲတံလေးပေါ့
ဆရာမလေးရဲ့ အကြမ်းစာရွက်လေး
ဆရာမလေး ပြတင်းပေါက်ကလှမ်းမြင်ရမယ့် စာပို့ရုံအဟောင်းလေး
ဆရာမလေးကိုရွာချမယ့် ကောင်းကင်ကတိမ်ထူထူလေးတွေပေါ့
ကျွန်တော်တို့အိမ်မှာ ဒေစီပန်းလေးတွေရှိမယ်
Lily လို့ခေါ်တဲ့ chihuahua အမလေးတစ်ကောင်လဲရှိမယ်
သမီးလေးမွေးရင် ချစ်မေတ္တာဝေ
သားလေးမွေးရင် ချစ်မေတ္တာလွင်လို့ နာမည်ပေးမယ်
ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲကွယ်။
▪️တင့်
Poetry Book / Signature Collection
3
Shi Thi Phyit Thi Chit Thi
Chan Chan
" စိတ်ကူးယဉ်တဲ့အချစ်တစ်ခုဟာ လက်တွေ့မဆန်ဘူးပြောကြတာ၊
မလိုပါဘူး ဘေးစကားတွေ၊
အချစ်ကို ကိုးကွယ်ယုံစားပြီး ချစ်တာ "

ရှိသည် ဖြစ်သည် ချစ်သည် // ချမ်းချမ်း
2😭2
Audio
ရွှေလရယ်သာ

လာချင်ပါရဲ့လေး
ရွှေလမှာ ကြယ်တွေဝိုင်းလို့
မောင်ကြံတိုင်း မယ်မပါ
ဝေးတဲ့ဖူးစာ...။

Cover - ရိပ်မောင်
2🍓2
သစ်ရွက်တွေ
ကြွေကျတယ်

ငါ့ကဗျာတွေ
ကြွေကျတယ်၊

မြေကြီးပေါ်
ရောက်သွားတဲ့ သစ်ရွက်က

နောက်တစ်ကြိမ်
ပြန်ကြွေကျလို့ မရတော့ဘူး၊

ဒါပေမဲ့
ငါ့ရင်ဘတ်ထဲကတော့

နေ့တိုင်း
ထပ်တလဲလဲ ကြွေကျနေတုန်းပဲ၊

ကြွေကျတယ်...
ထပ်ပြီး ကြွေကျတယ်...

မင်း မရှိတော့တဲ့
နွေရာသီထဲမှာ...။

- လရိပ်မောင်
2
ဘယ်လောက်ထိ အရူးအတွေးက အတွေးရူးသလဲဆိုရင် မဖြစ်သေးတဲ့ အနာဂတ်ကအရာကိုတွေးပြီး ရှင်သန်နေတာ နှစ်ချီနေပြီ။ ရှုပ်နေတဲ့အတွေးတွေထဲ ရိုးရှင်းတဲ့ ဆန္ဒလေးကတစ်ခုဘဲရှိတယ်။ တောင်ပေါ်‌ဒေသမှာ အေးအေးချမ်းချမ်းနဲ့ coffee bar လေးဖွင့်ချင်တယ် ကိုယ်ပိုင်စိုက်ခင်းနဲ့ ပုံမှန်ဘဝ ပုံမှန်အခြေနေ လူချမ်းသာတာထပ် ကိုယ်မိသားစုရခဲ့ရင် ကိုယ်ပိုင်မိသားစုလေးကို စိတ်ချမ်းသာနေစေချင်တာမျိုး။ ဒါပေမဲ့ လူစိတ်ချမ်းသာဖို့က လူချမ်းသာနေမှဖြစ်ဦးမှာ။ ဘာပဲဖြစ်ဖြစ်ပါ ဒီလိုရိုးရှင်းတဲ့ ဘဝမှာ ကျွန်တော်သူ့ကိုချစ်ပြီး လက်တွဲချင်တယ်။ သူဆိုတာ ဘယ်သူလဲ ဘယ်သူဖြစ်မလဲ။ အနာဂတ်အကြောင်းကိုတွေးရင် စိတ်ကူးယဉ်ရတာလည်းမောပေါ့။ ဒီလိုစိတ်ကူးကို ပြဇာတ် ဇာတ်လမ်းလုပ်ပြီး ပြောပြမိရင် ကျွန်တော့် relationship brake ခံရတယ်။ ပုံမှန်ပါဘဲ။ ဒါဟာ ပုံမှန်ထပ် နေသားကျတဲ့အရာပါ။ ယုံကြည်ရတဲ့အရာတွေကြား ယုံကြည်ရတဲ့သူတစ်ယောက်က မသိတဲ့ သူများဖြစ်နေမလား။ သိတဲ့သူများဖြစ်နေမလား။ ရိုးရှင်းသလောက် ကျိန်စာမိနေသလား။ ဖြစ်နိုင်ရင် ဖြစ်ချင်တာပေါ့။ ချစ်နိုင်ရင် ချစ်ခြင်တာပေါ့ တစ်ဦး‌တစ်ယောက်ထဲကို သက်ဆုံးတိုင်။

ဒီကမ္ဘာမှာ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေသ၍ တဖက်လူကလည်း တစ်ဖက်လူအတိုင်းဖြစ်နေမှာပါ။ ရွေးချယ်ချင်းတွေများရင်တောင် မုန့်တစ်ထုပ်ဖောက်စားသလို မုန့်ကိုသာယူ အခွံကိုပစ်လိုက်သလိုမျိုး ကျွန်တော်က အခွံသပ်သပ်သာဖြစ်နေပါလိမ့်မယ်။ ကဗျာတွေကြားထဲ ရှင်သန်ရတာက အားတက်စရာတစ်ခုဖြစ်ခဲ့တယ်။ အရေးအသားကို အားနည်းတဲ့သူက ကဗျာရေးရင်း ကဗျာနဲ့ရင်းနှီးလာခဲ့တယ်။ အားနည်းချက်များလွန်းလို့ထင်တယ်။ ကဗျာထဲမှာတောင် အပယ်ဖက်ကိုရောက်နေတဲ့ စာတွေကများနေတယ်။ ရိုးရှင်းမှုကိုလိုက်ရှာရင် ရှုပ်သွားတဲ့ ဘဘောဘဝကို ဘဝမှာကောင်းကောင်းနားလည်ခဲ့ပြီး ဆန္ဒသေးသေးလေးတစ်ခုကိုတော့ အတက်နိုင်ဆုံးကြိုးစားသွားချင်သေးတယ်။

*လရိပ်မောင်
*ရင်ဖွင့်ခြင်းအကြောင်းအရာ
၁၅-၉-၂၀၂၆
3🍓2
JUST A FRIEND (Audio) - LOUZ XA LONE
LOUZ XA LONE
" အသားကညိုပြီး ခါးကသွယ်၊
မျက်လုံးထဲမြင်ရတာဟာ လှပတယ်။
"

Just A Friend // Louz Xa Lone
3
ဒီဘဝ ဒီအမျှပါ
သူများကို အမျှမ‌ဝေခင်
ကိုယ်တိုင် အမျှယူပါတယ်။

မလုပ်သင့်တာကို
လုပ်ခဲ့ဖူးပြီး...။
မဝင်သင့်တာကို
ဝင်ခဲ့တာကြောင့်...။

ဆုံးရှုံးမှုကြီးကြီးမားမားကို
ရင်ဆိုင်ရဦးမည်။

- လရိပ်မောင်
4
Mossberg Arki - တံတိုင်းများ(Official Audio)
Mossberg Arki
" တကယ်ကတော့ဗျာ
လူတိုင်းချစ်တတ်ကြသလို
အချစ်လည်း ခံခဲ့ကြတာပါဘဲ

ဒါပေမဲ့
အဲ့တာတွေက အ‌ရေးမပါဘူး
မရှိလည်းရတယ်ဆိုတဲ့
တံတိုင်းကြီးကို ခံပြီးတော့
ကိုယ့်ကိုယ်ကိုယ် မနာကျင်အောင်
ကာကွယ်နေကြရတယ် ဆိုပါတော့

အဲ့လိုလုပ်ကြတဲ့ အခါမှာ
တစ်ချို့တွေက ကြတော့
ကံမကောင်း အကြောင်းမလှလို့
အကြိမ်ကြိမ်ဖူးတဲ့

နာကျင်ဖူးတဲ့ သူတွေမှာကြတော့
သူတို့ စိတ်ကို
နံရံတွေ တံတိုင်းတွေ အထပ်ထပ်
ကာရံထားတတ်ကြတာပေါ့ဗျာ။
"

တံတိုင်းများ // Mossberg Arki
1
မင်းပင်ပန်းနေတဲ့အကြောင်း
ဘယ်သူ့ကိုမှ ပြောပြခွင့်မရှိတာ
ပိုပင်ပန်းရပါတယ် ။

▪️ဂန္ဓမာ
4
အိမ်လှေကား အတက်အဆင်း
ပခုံးချင်း ဝင်တိုက်ချင်လို

ခေါင်းအုံးတစ်လုံး နှစ်ယောက်အုံးပြီး
အိမ်မက်တစ်ခုကို
နှစ်ယောက်ခွဲပြီး မက်ကြရအောင်

ဘဝမှာ
ကျွန်တော့်တီရှပ်တွေ မတော်ပဲယူဝတ်မယ့်
မိန်းကလေးတစ်ဦး လိုအပ်ပါတယ်။

- ဆန်းကျော်စွာဝင်း
1
သူ့ကို တကယ်သာ ချစ်တယ်ဆိုငြား
သူ့ရဲ့အိမ်လေး ဖြစ်ပါစေ။
သူ ကွန်းခိုရာ ဖြစ်ပါစေ။
သူ့ရဲ့ဆိပ်ကမ်း ဖြစ်ပါစေ။
သူ့ရဲ့ ခံတပ်ကြီး ဖြစ်ပါစေ။

သူ ရင်ဆိုင်ရမယ့်
သောကတစ်ခု မဖြစ်ပါစေနဲ့။
သူ ဖြေရှင်းရမယ့်
အငြင်းပွားမှုတစ်ခု မဖြစ်ပါစေနဲ့။
သူ နပန်းလုံးရမယ့်
စစ်ပွဲတစ်ခု မဖြစ်ပါစေနဲ့။

If you truly love her,
Be her home.
Be her refuge.
Be her port.
Be her fort.

Just don't be another worry
that she has to cope with.
Just don't be another quarrel
that she has to deal with.
Just don't be another battle
that she has to grapple with.

#ST
4
လူတွေကို မယုံနဲ့
မယုံကြည်ကြောင်းကိုလည်း လူတွေမရိပ်မိစေနဲ့

နှလုံးသားက အကောင်းမြင်နေမှ
ဘဝဟာ နေပျော်မယ်ဆိုတာက တစ်ပိုင်း ။

ဦးနှောက်က အဆိုးမြင်ထားမှ
ကိုယ့်ဘဝ လုံခြုံမယ်ဆိုတာက တစ်ပိုင်း ။

- ကိုသန်းထွန်း
4
အဝေးကြီးကရေးတဲ့စာပါ ဟေသာ
ဒါကြောင့်ဖတ်ပါ

အသက် ရှည်ရှည်နေရတာကို ကြိုက်လား ဟေသာ
ငါတော့မကြိုက်ပါဘူး
အသက်ရှည်တယ်ဆိုတာ ကိုယ့်ကိုနာကျင်လေးလံစေတဲ့အရာတွေကို
ပွေ့ပိုက်ရင်း ခရီးအရှည်ကြီးထွက်ရတာပဲလေ...

ငါတော့လုပ်ချင်ရာတွေလုပ်ပြီး
အသက်လေးဆယ်လောက်မှာ
ငါ့ကိုယ်ငါ ဆူဆိုက်လုပ်ပစ်မယ်
ငါ့ကိုမုန်းတဲ့သူတွေပျော်ပါစေ ကုသိုလ်ရတာပေါ့...
ငါ့ကို သတိမရတဲ့သူတွေ မေ့ထားတဲ့သူတွေ
အတွက်တော့နောင်တပေါ့...
ငါသေကိုသေပစ်ဦးမယ်
အသက်ကလေးရယ်တဲ့ မရှည်စေလိုတော့ပါဘူးကွာ...

အသက်ရှည်ရတာကို မကြိုက်နဲ့ ဟေသာ
ဒါလူကျပ်တဲ့ ဘတ်စ်ကားကြီးကို
ဂိတ်စ ဂိတ်ဆုံး စီးရတာ
မနိုင်တဲ့ ဂိမ်းကို အကြိမ်ကြိမ် ဆော့ရတာ
မမှီတဲ့ရထားကို ဈေးကြီး ပေးပြီး လက်မှတ်တွေ အကြိမ်ကြမ် ဝယ်ရတာ
ငါတော့လူလည်ဖြစ်သွားပြီ...သေဖို့ရွေးလိုက်ပြီ
ယုံစမ်းပါ ငါကလူလိမ်

စီးကရက်သောက်ပါဟေသာ သူကအသက်တိုစေတယ်
ငါတို့တွေ အကြာကြီး ဝေးမနေရတော့ဘူးပေါ့
တစ်စုံတစ်ခုကို စွဲလမ်းရင်းသေသွားတာမျိုးပေါ့
မိုက်သားပဲ...

-စစ်ငြိမ်း
1
အကြိမ်ကြိမ် ခွင့်လွှတ်တက်တဲ့ လူတွေ
စွန့်လွှတ်သွားတက်တဲ့ အချိန်မှာ....

မင်းဘာမှ ရှာတွေ့မှာ
မဟုတ်တော့ဘူးအချစ်ရဲ့
အရမ်းကြောက်စရာကောင်းတယ်....။

▪️ရိပ်ငြိမ်
Poetry Book / Signature Collection
2
ကဗျာဆရာလိုလို
နိုင်ငံရေးသမားလိုလို

ဒီကောင့်ကို ချစ်ရတာ မင့်မှာ
သိပ်ပင်ပန်းခဲ့မှာပဲ ။

- ကေဇဝင်း
1
အားလုံးကိုမေ့မေ့ပျောက်ပျောက်နဲ့အသက်ရှင်ချင်တယ်
ဒဏ်ရာတွေမရှိတဲ့ မနက်ခင်းမှာပဲနိုးထချင်တယ် ။

- မာဂရက်
1
ဒီဘဝ ဒီမျှဆိုပေမယ့်
သေမှမသေကြသေးတာပဲ
အချစ်ရယ်...။

အောင်ခိုင်မြတ်

နောက်ဘဝလား
ကျွန်တော် စောင့်စားနေပါသည် ။

အောင်ချိမ့်

ဒီဘဝမဟုတ်တောင်
နောက်ဘဝဆိုတဲ့စိတ်ကလေးနဲ့
နွေးထွေးပါရစေ ။

ဂန္ဓမာ
ကွာဝေးမှတ်တိုင်
Poetry Book / Signature Collection
1
ငါတို့ ဖြစ်နိုင်ခဲ့တယ်
သေချာတယ်... မင်းသိလား
ငါတို့တွေ ဖြစ်နိုင်ခဲ့ကြတယ်။

ငါ့အတွေးထဲမှာ...။

- လရိပ်မောင်
4
သစ်ရွက်တွေ ကြွေကျသွားလည်း
နွေဦးကို စောင့်နေတဲ့ သစ်ပင်လိုပဲ
ငါတို့ဟာ မနက်ဖြန်တွေကို
ဆက်ပြီး ယုံကြည်နေရတာပဲ။

- လရိပ်မောင်