76.4K subscribers
24.1K photos
1.72K videos
250 files
10K links
တိကျမှန်ကန် PAN

Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
လှည်းကူးမြို့နယ်အတွင်း မိသားစုတစ်စုလုံး သတ်ဖြတ်ခဲ့သည့် တရားခံအစစ်

ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊၁/န (၄) လမ်းကွက်သစ်ရှိ မိသားစုတစ်စုလုံးကို  ဖေဖော်ဝါရီလ ၂၂ ရက် ည ၈ နာရီအချိန်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ ငါးခြောက်၊ ပုစွန်ခြောက်အွန်လိုင်းရောင်းဝယ်သူ ဒေါ်စန်းနွဲ့၊ သားဖြစ်သူ ကိုမောင်မောင်၊ သမီးဖြစ်သူ မဝင်းနွယ်၊မဝင်းနွယ်၏သား အသက်သုံးနှစ်အရွယ်ကလေးနှင့် အိမ်သို့လာရောက်လည်ပတ်နေသူ အသက် ၈၅ နှစ်ရှိ ဦးလေးအပါအဝင် ငါးဦးသည် နေအိမ်ဧည့်ခန်းတွင် ထိုင်စကားပြောနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူ လေးဦးရောက် လာပြီး မိသားစုတစ်စုလုံး (၅)ဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းများ ထုတ်ပြန်ထားကြပါသည်။

၎င်း သတင်းနှင့်ပတ်သက်၍ အစိုးရနှင့်နီးစပ်သော မီဒီယာများက pdf အကြမ်း ဖက်များက သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခဲ့သလို့၊ NLD, NUG ဘက်အနောက်ယိမ်း မီဒီယာဖြစ်သော ခေတ်သစ် မီဒီယာကလည်း ၎င်း ဖြစ်စဥ်တွင် အသတ်ခံရသည့် မိသားစုမှာ pdf မိသားစုဝင်​ကြောင်း၊ pdf ထောက်ပို့လုပ်နေခြင်းကြောင့် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးတို့က သတ်ဖြတ်ခဲ့ကြောင်း ပြန်သတင်းထုတ် ဝါဒဖြန့်လာပါသည်။

ထို့ကြောင်း ဒီသတင်းနှင့်ပတ်သက်၍ PAN မှ ၎င်း သတင်းကို ထဲထဲဝင်ဝင် လိုက်လံစိစစ်ကြည့်ခဲ့ပါသည်။

သတင်းအမှန်မှာ ၎င်းအသတ်ခံရသည့်မိသားစုသည် မွန်ပြည်နယ်၊သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ ဝါးတော အမက မူလွန် ကျောင်း ဆရာ ဦးဝင်းစိုး၏ မိသားစုဖြစ်ကြောင်း၊ ဦးဝင်းစိုးသည် စစ်တပ်မှ အာဏာထိန်းပြီးနောက်ပိုင်း CDM လုပ်ပြီး KNU တပ်မဟာ ၁ နယ်မြေသို့ တောခိုသွားခဲ့ကြောင်း၊ KNU နယ်မြေတွင် သင်တန်းတက်ပြီးနောက် pdf အကြမ်းဖက်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း CDM လုပ်၍ တောခိုသွားပြီးနောက်ပိုင်းတွင် ၎င်း၏ မိသားစုမှာလည်း သထုံမြို့တွင်နေထိုင်းခြင်းမပြုတော့ဘဲ မိဘများရှိရာ လှည်းကူးမြို့သို့ ပြောင်းရွှေနေထိုင်ခဲ့ကြောင်း၊ အခင်းဖြစ်သည့်နေ့တွင် အိမ်သို့အလည်အပတ်ရောက်နေသူ ဦးလေးဆိုသူမှာ သထုံမြို့မှဖြစ်ကြောင်း၊ ထိုပြင် သထုံမြို့မှ အလည်လာသော ဦးလေးဖြစ်သူနှင့် အတူပါသောအဖော်ဖြစ်သူ တစ်ဦးရှိသေးကြောင်း၊၎င်းအဖော်ပါလာသူမှာ အခင်း ဖြစ်ပွားစဥ် နောက်ဖေးသို့ ထွက်ပြီး ဖုန်းပြောဆိုနေစဥ် လွတ်သွားခဲ့ကြောင်း၊ ထိုအဖော်ဖြစ်သူမှာ ယခုအခါ သက်ဆိုင် ရာက စစ်ဆေးလျက်ရှိကြောင်း၊ ၎င်းအဖော်သည်လည်း pdf သတင်းပေး ဖြစ်နိုင်ကြောင်း၊ ထို့သို့ မိသားစုတစ်စုလုံးသတ်ဖြတ်ရခြင်း အကြောင်းအရင်းအမှန်မှာ CDM ကျောင်းဆရာ ဦးဝင်းစိုးမှာ pdf အကြမ်းဖက်အဖွဲ့ KNU နယ်မြေမှ လွန်ခဲ့သော အပါတ်ထဲကပင် ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို ထွက်ပြေးသွားသော CDM ကျောင်း ဆရာ ဦးဝင်းစိုးကို သစ္စာဖောက်ခေါင်းစဥ်ဖြင့် pdf အကြမ်းဖက်အဖွဲ့မှ ၎င်း မိသာစု တစ်စုလုံးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN
ကျိုက်ထိုမြို့နယ်အတွင်း အမက ကျောင်းအုပ်ဆရာမကြီးအား သတ်ဖြတ်ခဲ့သည့်  အကြောင်းအရင်း အမှန်

ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း အရှေ့တောင်ဘက်ရှိ တကေးချောင်းဖျားရွာ အမက ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦး အား အကြမ်း ဖက် PDF များမှ ဖမ်းဆီးခေါ်ဆောင် သွားပြီး မကြာမီအချိန်ကင်ပွန်းချောင်းငှက်ပျောတောလမ်းဘေးတွင်သတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
ကျောင်းအုပ်ဆရာမကြီးအား အကြမ်း ဖက် PDF များမှ ဖမ်းစီးခေါ်ဆောင်သွား ကြောင်း သတင်းရရှိသည်နှင့် နယ်မြေခံလုံခြုံရေးအဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သော်လည်း အချိန်မမီလိုက်ပဲ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရပြီး အသက်ဆုံးရှုံးလိုက်ရပါသည်။
၎င်း သတင်းနှင့်ပတ်သက်၍ ဆက်လက်ခြေရာခံ စုံစမ်းခဲ့ရာ ယမန်နေ့ကအသတ်ခံရသောကျောင်းဆရာမမှာ ယခင်က NLD ပါတီအမာခံထောက်ပို့ဖြစ်ပြီး အသတ်မခံရမှီ ၁ ရက်အလိုတွင် ရွာထဲမှာအခြေပြုနေသော သူငယ်ချင်းဟောင်း CDM တောခိုနှင့်အကြမ်းဖက်အဖွဲ့အားတွေ့ဆုံစကားပြောကြားခဲ့သေး
ကြောင်း၊  CDM ဦးဆောင်သောတောခိုအကြမ်းဖက်များ၏ တည်နေရာကို ၎င်းကိုယ်တိုင်သိရှိထားခြင်း၊ယခင်ထောက်ပို့ အလုပ်ကိုမလုပ်လိုကြောင်းငြင်းဆိုခဲ့ခြင်းတို့ကြောင့် နှုတ်ပိတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာပြည်သူများအတွက် သတင်းအမှန်များကိုသာ PAN Media မှ တင်ဆက်ပေးနေပါသည်။

#PAN
ယူကရိန်းမှာ ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဆန့် ကျင်တဲ့ နိုင်ငံခြောက်နိုင်ငံက ရုရှားနဲ့ ပူးပေါင်း

ဖေဖော်ဝါရီ ၂၄

     ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော ယူကရိန်းတွင် စစ်ပြုမှုများ အဆုံးသတ်ရန်နှင့် ရုရှား၏ တပ်ဖွဲ့များကို ရုပ်သိမ်းရန် နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှ မဲခွဲဆုံးဖြတ်ခဲ့ကြသည့် ကုလသမဂ္ဂအထွေထွေညီ လာခံ ဆုံးဖြတ်ချက်တွင် ခြောက်နိုင်ငံက ရုရှားနှင့် ရပ်တည်ခဲ့ကြသည်။

    ဘီလာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရစ်ထရီးယား၊ မာလီနှင့် နီကာရာဂွာနိုင်ငံတို့သည် အဆိုပါ ကြေညာ ချက်ကို ဆန့်ကျင်ရာတွင် ရုရှားနှင့် ပူး ပေါင်းခဲ့သည်။

     အဆိုပါ ဆုံးဖြတ်ချက်သည် ရုရှားအား ယူကရိန်းမှ ထွက်ခွာရန် တွန်းအားပေးခြင်း မရှိသော်လည်း မော်စကို၏ ကျူးကျော်မှုကို ဆန့်ကျင်သည့် နိုင်ငံ တကာ ပြစ်တင်ရှုတ်ချခြင်းကို ကိုယ်စားပြုပါသည်။

      ရုရှား၏ယူကရိန်းနယ်မြေများ သိမ်း ပိုက်မှုကို ရှုတ်ချသည့် အောက်တိုဘာ လ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့သည့် နိုင်ငံလေးနိုင်ငံမှ မဲသည် အနည်း ငယ် တိုးလာခြင်းဖြစ်သည်။ ထိုအချိန်တွင် မာလီနှင့် အီရီထရီးယားတို့က မဲမပေးဘဲနေခဲ့သည်။

      အဆိုပါ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် ခြောက်နိုင်ငံသည် ရုရှားနှင့် စစ်ရေးအရ နီးကပ်စွာ ဆက်ဆံမှု ရှိခဲ့ကြပါ
​သည်။ ဘီလာရုစ်မှ အဆိုပြုထားသော ပြင်ဆင်ချက်များသည် ဆုံးဖြတ်ချက် ၏ဘာသာစကားအများစုကို ဖယ်ရှားလိုက်သော်လည်း သိသိသာသာ ရှုံးနိမ့်သွားခဲ့သည်။

     ကြာသပတေးနေ့တွင် မဲခွဲဆုံးဖြတ်ရာတွင် ကြားနေခဲ့သည့် နိုင်ငံများမှာ တောင်အာဖရိက၊ တရုတ်နှင့် အိန္ဒိယတို့ ဖြစ်ကြသည်။

    ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kulebaက ၁၄၁-၇ မဲဖြင့်အနိုင်ရခဲ့ပြီး ယူကရိန်းအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှုကို ကိုယ်စားပြုသည်ဟု ပြောကြားခဲ့သည်။

    ဒီမဲပေးမှုက ယူကရိန်းဘက်ခြမ်းမှာ မရပ်တည်ဘူးဆိုတဲ့ အကြောင်းပြချက်ကို ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ခြမ်းက ဖီလာမှာ မဟုတ်ဘူး” ဟု Kuleba က ဆိုသည်။ လက်တင်အမေရိက၊ အာဖရိကနှင့် အာရှတို့ကို ကိုယ်စားပြုသည့် နိုင်ငံအများအပြားက ထောက်ခံမဲပေးခဲ့ကြသည်။
   ယနေ့ သောကြာနေ့တွင် ရုရှားစစ်တပ်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့သည့် တစ်နှစ်ပြည့်သည့်နေ့ ဖြစ်ပါသည်။ စစ်ပွဲသည် နှစ်ဘက်စလုံးတွင် သောင်းနှင့်ချီ သေဆုံးခဲ့ပြီး ယူကရိန်းမြို့ကြီးတစ်ခုလုံးကို ဖြိုဖျက်ကာ ကမ္ဘာတစ်ဝှမ်း အစားသောက်နှင့် လောင်စာဆီ စျေးနှုန်းများ မြင့်မားလာစေပါသည်။

https://www.foxnews.com/politics/six-countries-join-russia-opposing-uns-resolution-peace-ukraine

#PAN
Breaking News

ဖေဖော်ဝါရီ ၂၄

ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်၊ခမောက်ကြီးမြို့အနီး အကြမ်းဖက်
PDFနှင့်ကော်သူးလေးအာမီစခန်းချနေရာ ဝိုင်ဒင်းကျေးရွာသို့ တပ်မတော်လှုပ်ရှားစစ်ကြောင်းတည်ရှိရာ အေးမြ သာယာကျေးရွာမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် pdfများကျဆုံး/ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူများအားဝိုင်‌ဒင်းကျေးရွာတစ်ဖက်ကမ်းထိုင်းနိုင်ငံကရဘူရီမြို့နယ်၊ကျော့မဲကျေးရွာဆီအုန်းတောအတွင်း၌ ဆေးကုသပေးလျက်ရှိကြောင်းသတင်းရရှိ

#PAN
မော်လမြိုင်ကျွန်းမြို့နယ်၊ လ္ဘက်ရည်ဆိုင်တွင် အရပ်သားပြည်သူများအား အကြမ်းဖက် pdf များက သေနတ်ဖြင့် ပစ်ခတ်ခဲ့

ဖေဖော်ဝါရီ ၂၄

ယနေ့ နေ့လည် ၁၂ နာရီ ၅ မီးနစ် အချိန်ခန့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့မ(၁၀)ရပ်ကွက် ဗိုလ်ချုပ်လမ်း နဘေးရှိ Happy လဘက်ရည်ဆိုင်တွင် ဦးကျော်တင်ဦး (၁၂ရပ်ကွက် )၊ဦးဇော်ဝင်း(၉ ရပ်ကွက်) ၊ဦးမြင့်နိုင်(စော်ကဲချောင်းကျေးရွာ) တို့ (၃)ဦး လဘက်ရည်ဆိုင် ထိုင်နေစဥ်အကြမ်းဖက် pdf ၂ဦး ဆိုင်ကယ်နှင့်ရောက်ရှိလာပြီး သေနတ်ဖြင့် (၄)ချက်ခန့်ပစ်ခတ်ခဲ့ရာ ဦးကျော်တင်ဦး ၏ ဆီးခုံ နှင့် နောက်ကျောကုန်း တို့အား (၂)ချက် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဦးကျော်တင်ဦးကို ဆေူရုံသို့ အမြန်ဆုံးပို့ဆောင်ရာ  ညနေ ၄ နာရီခန့် တွင် ပုသိမ်မြို့ အမှတ်(၄)စစ်ဆေးရုံ သို့ ကောင်းမွန်စွာ ရောက်ရှိ သွားကြောင်းသိရှိရပါ သည်။
လာရောက်ပစ်ခတ်သူ အကြမ်းဖက် pdf များမှာ ပစ်ခတ်ပြီး မြစ်ကမ်းနားဘက် ထွက် ပြေး၍ ဆိုင်ကယ်ထားခဲ့ပြီးစက်လှေ Speed boat နှင့်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

#PAN
ပြည်သူတို့၏ ဒုက္ခ

၂၄ - ၂ - ၂၀၂၃

ကချင်ပြည်နယ်၊ မဘိမ်းမြို့နယ်၊စီပိန်းကျေးရွာအုပ်စု၊စီပိန်းကျေးရွာတွင်အိမ်ခြေ ၁၉၂အိမ်ရှိ

ယမန်​နေ့က တစ်အိမ်ထောင်လျှင် ခုနှစ်သောင်း ကျပ်နှုန်းနဲ့ kiaမှ ဆက်ကြေး ကောက် ခံခဲ့ကြောင်း

#PAN
စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းဒေသကြီးဟာ ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးက ဒုတိယအများဆုံး ဖြစ်ပါ တယ်။

သေဆုံးခဲ့ကြရတဲ့ ကလေးငယ် အများစုဟာ နိုင်ငံရေး အရောင်အသွေး မတူတဲ့အတွက် ဒလန်မိသားစုဆိုပြီး စွပ်စွဲtတ်ဖြတ်လို့အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်းတွေ ပေါက်ကွဲလို့၊ PDF အမည်ခံအကြမ်းဖက် တွေလက်နက်စမ်းသပ်ရင်း ကျေးရွာတွေထဲကို ရမ်းသမ်း ပစ်ခတ်လို့၊ ကျေးရွာ မီးရှို့လို့၊ ဒရုန်းတွေမှာ ဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိ ပစ်ချလို့ သေဆုံးခဲ့ ကြရတာ အများစုဖြစ်ပြီး၊ PDF အမည်ခံအကြမ်းဖက် တွေ အကြမ်းဖက်မှု ဆောင်ရွက်ဖို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ဓားစာခံအဖြစ်
အသုံးချတဲ့အတွက် သေဆုံးခဲ့ကြ ရတဲ့ဖြစ်စဉ်များလည်း ပါဝင်နေပါတယ်။
ရွေးကောက်ပွဲ၊ တည်ငြိမ်အေးချမ်းရေး၊ ကုန်စျေးနှုန်းကျဆင်းရေး
တို့သည် ပြည်သူလူထု လိုလားချက်
အမှန် ဖြစ်ပါကြောင်း PAN သတင်း
ဌာနမှ ထပ်ဆင့် တင်ပြအပ်ပါသည်။

PAN