72.6K subscribers
21K photos
1.46K videos
250 files
8.33K links
Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
အမေရိကန်က ဆယ်စုနှစ် ၂ ခုအကြာ
ဖမ်းဆီးထားသော ပါကစ္စတန်မှ Gitmo
စွဲချက်မတင်ပဲ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ပါကစ္စစတန်နိုင်ငံသား ညီအကို ၂ယောက်ကို ၁၀စုနှစ် ၂ခုအကြာ စွဲချက်မတင်ပဲ ဂွါနာမိုအကျဉ်းထောင်တွင်ချုပ်နှောင်ထားပြီး ပြီးခဲ့တဲ့ရက်က
မွေးရပ်မြေသို့ ပြန်သွားရန် ပြန်လွှတ်ပေး
ခဲ့ခြင်းဖြစ်သည်။

အဗဒူနှင့် မိုးဟာမက်ရက်ဘနီ တို့သည်
ကရာချီတွင် အျမရိကန်တို့က ဖမ်းဆီးခဲ့
ခြင်းဖြစ်သည်။ ကျူးဘားအခြေစိုက်စစ်
အကျဉ်းထောင်သို့ မပိုခင် အမေရိကန်
ပြည်ပရေးရာထောက်လှမ်းရေး စီအိုင်အေ အဖွဲ့ က ၄င်းတို့အား နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ခဲ့သည်ဟုစွတ်စွဲထားသည်။


ကြော်ငြာချက်တွင်
အမေရိကန် စစ်တပ်ကဖမ်းစီးခံထားရသူများ လျော့ချရေးတွင် တာဝန်သိစွာ
လုပ်ဆောင်နေကြောင်းပါကစ္စတန်အစိုးရ
၏ ကြိုးပမ်းမှုကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားထားပါသည်။

PAN

Uncharged Pakistani Gitmo Prisoners Released After 2 Decades

US officials allowed two Pakistani brothers to return to their home country after holding them at Guantanamo Bay without charges for two decades.

Abdul and Mohammed Rabbani accuse the CIA of torturing them after they were transferred to US custody following their 2002 arrest in Karachi, before transferring them to the Cuban-based military prison.

In a statement, the US military said they “appreciated the willingness of the Government of Pakistan… to support efforts focused on responsibly reducing the detainee population”.

Subscribe to RT
This media is not supported in your browser
VIEW IN TELEGRAM
"အာရှ တိုက် တွင် ဆင်းရဲမွဲတေမှု အများဆုံး ရှိလာသည့် ဖိလစ်ပိုင် နိုင်ငံ"

••••••••••••••••••••••••••••••••••••••••••••••

အာရှ တိုက်တွင် ဆင်းရဲမွဲတေမှု အများဆုံးနိုင်ငံ များ ထဲမှ ဖစ်လစ်ပိုင် နိုင်ငံ သည် လူဦးရေ ၏ ၁၆.၆ ရာခိုင်နှုန်း သည် ဆင်းရဲမွဲတေမှု ၏ သက်မှတ် စဥ်းမျဥ်း အောက် တွင်နေထိုင် နေကြရပီး အန္တရာယ် ရှိသော အလုပ်များ ကို ငယ်ရွယ် စဥ် ကလေးဘဝ များထဲက လုပ်ကိုင်ခဲ့ကြရပါတယ်။ အရှင်လတ်လတ် မြေမြှုတ် ခံရနိုင် သော ရွှေထူးဖော်ရေးလုပ်ငန်း များတွင် အသက်အန္တရာယ် ကို အဓိကမထား လုပ်ကိုင်နေကြရသည်မှာ ယခု ဗီဒီယို files က သက်သေ ဖစ်ပါတယ် ဆိုတာ Golden Gamble မှ တစ်ဆင့် တင်ပြလိုက်ရပါတယ် ခင်ဗျာ။


source . RT (feb 26.2023)

PAN
🇩🇪 ဂျာမနီနိုင်ငံတွင် သောင်းနှင့်ချီသော စစ်ဆန့်ကျင်ရေး ဆန္ဒပြသူများသည် ဘာလင်မြို့ တွင် ယနေ့မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ချက်ချင်းပြုလုပ်ရန်၊ ယူကရိန်းအတွက် ဂျာမနီ၏ထောက်ခံမှုကို အဆုံးသတ်ရန်နှင့် နေတိုးအဖွဲ့ချဲ့ထွင်မှုအား ရပ်တန့်ရန် ဆွေးနွေးပွဲ၌ ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

PAN
ပြင်သစ်သမ္မတ မက်ခရွန်သည် ဧပြီလတွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟု ပြောကြားခဲ့

ဖေဖော်ဝါရီ ၂၆

ပြင်သစ်သမ္မတ Emmanuel Macron သည် ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှု အဆုံးသတ်ရေး တရုတ်အကူအညီရယူဖို့အတွက် ၂၀၁၉ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ဧပြီလအစောပိုင်းတွင် သွားရောက်ရန်စီစဉ်ထားကြောင်း စနေနေ့က ပြောကြားခဲ့ပါတယ်။

Emmanuel Macron သည် နှစ်ပတ် လည် ပဲရစ်စိုက်ပျိုးရေးပြပွဲဖွင့်ပွဲနေ့တွင် ယခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ပြင်သစ်သမ္မတက သတင်းထောက်တွေကို ပြောကြားရာမှာ ''တရုတ်နိုင်ငံက တင်ပြထားတဲ့ ယူကရိန်း ငြိမ်းချမ်းရေးအတွက် ရပ်တည်ချက်စာတမ်းကို ကြည့်ရှုနေတယ်၊ ရုရှား-ယူကရိန်း ပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့ အဖြေကို ရှာဖွေရာမှာ တရုတ်ရဲ့ ထိတွေ့ဆက်ဆံမှုဟာ ကောင်းမွန်တဲ့ အရာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ငြိမ်းချမ်းရေးကြိုး     ပမ်းမှုမှာ တရုတ်က ပါဝင်နေတာက ကောင်းတဲ့အချက်ပါ၊ တရုတ်က ရုရှားကို ဖိအားပေးဖို့ ကူညီပေးရမှာဖြစ်ပြီး၊ တရုတ်က လုပ်ထားပြီးသားဖြစ်တဲ့ [ကြိုးပမ်းမှု]၊ ဆွေးနွေးပွဲအတွက် ကြိုတင်အခြေအနေတစ်ခုအနေနဲ့ သူ့ရဲ့ ရန်လိုမှုတွေကို ရပ်တန့်စေဖို့အတွက် တရုတ်က ဓာတု ဒါမှမဟုတ် နျူကလီး ယားလက်နက်တွေကို ဘယ်တော့မှအသုံးမပြုဖို့ ကူညီပေးရပါမယ်။" ဟု ၎င်းက ဆိုပါတယ်။

ခရီးစဉ်အတွင်း၊ Macron သည် ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ရပ်တန့်ရန် ဥရောပတပ်ဖွဲ့များ ပူးပေါင်းရန် တရုတ်ကို တိုက်တွန်းမည်ဖြစ်ကြောင်း ဟောင်ကောင်ရှိ ပြင်သစ်ကောင်စစ်ဝန်ချုပ် Christile Drulhe က ပြောကြားခဲ့ပါတယ်။

အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံအား စစ်ရေးအကူအညီများ ပိုမိုထောက်ပံ့ပေးနေခဲ့ပြီး တစ်ချိန်တည်းတွင် ရုရှားနိုင်ငံကို တရုတ်မှ စစ်ရေးအကူအညီ မပေးရေးဖိအားပေးခြင်း၊ ငြိမ်းချမ်းရေးအတွက် တရုတ်၏ ကြိုးပမ်းမှာ ပါဝင်လာရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းလာကြကြောင်း တွေ့ရှိရပါသည်။

https://www.scmp.com/news//diplomacy/article/3211548/french-president-emmanuel-macron-visit-china-april-mission-help-end-ukraine-war

#PAN
မန္တလေးတိုင်းဒေသကြီး နယ်မြေသတင်း
၂၆-၂-၂၀၂၃ ရက်နေ့ ၀၈:၃၀ အချိန်ခန့်တွင် မတ္တရာမြို့နယ်၊ပန်းယျကျေးရွာအုပ်စု၊ပန်းယျကျေးရွာ သုဿန်အနီး၌ အမည်မသိ အမျိုးသား ၂ဦး သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ပန်းယျကျေးရွာသုဿန်အနီး၊ပန်းယျ-တုန်ကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းပေါ်တွင် အမည်မသိ၊အသက် ၃၅နှစ်ခန့် အမျိုးသားမှာ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊နဖူးဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊အမည်မသိ အသက် ၅၀နှစ်ခန့် အမျိုးသားမှာ ဦးခေါင်းနောက်စေ့မှဖောက်ဝင်၊နဖူးဖောက်ထွက်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

PAN
(25-2-23)ရက်နေ့ ညအချိန်တွင် ရေစကြိုမြို့နယ် အလယ်သောင်အုပ်စု ဂွက်ကြီးကျေးရွာနေ ဦးမြင့်ဆွေနှင့်သားဖြစ်သူတို့အားလည်း ကောင်း၊ဒေါ်မိုးကြည်တို့အားလည်းကောင်းအကြမ်းဖက်များမှ နေအိမ် (2)လုံးထဲသို့ဝင်ရောက်လာပြီး (ဒလန်)ဟု သတ်မှတ်ကာ အပြစ်မဲ့ပြည်သူများအားရက်စက်စွာ ပစ်သတ်သွားကြပါကြောင်းသတင်းရရှိပါသည်။

PAN
နွားထိုးကြီးမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူတစ်ဦးအား PDF အကြမ်း ဖက်များက သေနတ်ဖြင့် ပစ်သတ်

ဖေဖော်ဝါရီ ၂၆

     ယနေ့ ညနေ ၆ နာရီ ၄၀ မီးနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊ ကဒေါင်းကျေးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာနေသူ ဒေါ်မိဝင်း(ခ) ဒေါ်မြင့်မြင့်ဝင်း၊(၃၅)နှစ်၊ (ဘ)ဦးကံမြင့်၊ဆေးလိပ်လုပ်သားသည် သမီးဖြစ်သူမခိုင်ဇင်ဝင်း၊(၁၄)နှစ်၊(ဘ)ဦးခင်မောင်ဝင်း၊(၇)တန်းကျောင်းသူ နှင့်နေအိမ်တွင် အတူရှိနေစဉ် အမည်စုံစမ်းဆဲ အကြမ်း ဖက် pdf (၂)ဦးမှ ဆိုင်ကယ်(၁)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်သတ်သွာကြောင်း၊ ဒေါ်မိဝင်း(ခ)ဒေါ်မြင့်မြင့်ဝင်းမှာ ယာနားထင်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ဝဲဘက်နားထင်ဖောက်ထွက်ဒဏ်ရာ (၁)ချက်၊ လည်ပင်းဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ နဖူးဖောက်ဝင်ဒဏ်ရာ (၂)ချက် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားကြောင်းနှင့် အနီးပတ်ဝန်း ကျင်တွင်9 MM THAIAR MS  ကျည်ခွံ(၃)ခုအားတွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN
"ရုရှား နိုင်ငံ ၏ရေနံထွက်ကုန်များကို မြောက်အာဖရိကနိုင်ငံများ အပြင်းအထန် ဝယ်ယူနေကြ"

••••••••••••••••••••••••••••••••••••••••••••••

ဥရောပစျေးကွက်မှဖြတ်တောက်ခံလိုက်ရသည့် ရုရှား ဒီဇယ် နှင့် အခြားသန့်စင်ပြီး ရေနံထွက်ကုန်များကို မြောက်အာဖရိက နိုင်ငံများ အပြင်းအထန် ဝယ်ယူနေသည့် နိုင်ငံများ ဖြစ်လာခဲ့သည်။

မြောက်အာဖရိကနိုင်ငံ များနှင့် ကုန်သွယ်မှု မြင့်တတ်လာခြင်းသည် မော်စကိုအတွက် များစွာ အကျိုးဖြစ်စေပီး တောင့်တင်းခိုင်မာသောနိုင်ငံ့ ဝင်ငွေ ပေးစွမ်း နိုင်သည့် ကုန်သွယ်မှုလမ်းကြောင်း အသစ်ဖြစ်စေခဲ့ပါတယ်။ သ်ို့သော် ရုရှားနိုင်ငံ၏ ရေနံထွက်ကုန် များကို ဖယ်ရှားရန် ကြိုးပမ်းအားထုတ်နေသည့် အနောက် နိုင်ငံများ ၏ရည်မှန်းချက်အားနည်း သွားနိုင်ခြင်းရှိမရှိ ကိုတော့ စိုးရိမ်မှုများ မြင့်တတ်လာခဲ့ကြသည်ဟု ဖော်ပြထားပါတယ်။

PAN

source. WSJ (Feb 26.2023)

North African Countries Snap Up Russian Oil Products Shunned by West

••••••••••••••••••••••••••••••••••••••••••••••


With Russia cut off from the European market, North African countries have stepped forward to become voracious buyers of its diesel and other refined oil products.

The rise in trade has offered a lifeline of sorts for Moscow, providing a healthy new revenue stream, but also raised concerns about whether it is undermining Western efforts to remove Russian fossil fuels from their economies.

source. WSJ
အပြစ်မဲ့ပြည်သူတစ်ဦးအား မိသားစုများ
နှင့်ရှိနေချိန်တွင် pdf အကြမ်းဖက်များက
အကြောင်းမဲ့ဝင်ရောက်ပစ်ခတ်သတ်ဖြတ်

၂၆-၂-၂၀၂၃ နွားထိုးကြီး


26-2-2023 ခုနှစ်၊ ညနေ၄နာရီခွဲခန့်တွင်မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊ကဒေါင်းအုပ်စု၊
ညောင်းဇင်းကျေးရွာ နေ ဒေါ်မိဝင်း(ခ)
ဒေါ်မြင့်မြင့်ဝင်းသည် ၄င်း၏ နေအိမ်တွင် ရှိနေခိုက်် pdf အကြမ်းဖက်သမား
၂ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး
အိမ်အတွင်းသို့ဝင်၍ ပစ်ခတ် ရာမှ
ဒေါ်မိဝင်း(ခ) ဒေါ်မိမိဝင်း ဦးခေါင်းကိုကျည် ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

PAN
"PDF terrorists are shooting and killing for no reason to innocent woman who live with her families"
••••••••••••••••••••••••••••••••••••••••••••••••

At 4:30 pm, innocent woman who live in Mandalay State, NaDoGyi township, Ka Daung Group, Nyaung Zin village.
The innocent woman Daw Mi Win (or) Daw Myint Myint Win who live with her families in her house . The two PDF terrorists are arrived with the motocycle and shoot her to death. Daw Mi Win (or) Daw Myint Myint Win have been shot in her head and die in her house for no reason.

(feb.26.2023)
Feb 27

ရေတာရှည်မြို့နယ်၌ အမျိုးသား ၁ ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး
====================================================
၂၀၂၃ ၊ ဖေဖော်ဝါရီ ၂၇

(ဖေဖော်ဝါရီ ၂၅)ညနေ ၅ နာရီခွဲ အချိန်က
ဆွာမြို့ သဖန်းပင်ကျေးရွာ ကူးတို့ဆိပ်တွင် အမျိုးသား ၁ ဦး(စိစစ်ဆဲ)တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သတင်းပေးချက်အရသက်ဆိုင်ရာ ဦးအဖွဲ့က အခင်းဖြစ်ရပ်သို့ရောက်ရှိစစ်ဆေးရာ သေဆုံးသူမှာ ဦးနေစိုး(၃၈)နှစ် နဂျပ်(အထက်)ကျေးရွာ ဆွာမြို့နေသူဖြစ်ပြီး ၎င်းတွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်းပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ယာပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသည်ကို့ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စိစစ်ရာ ယင်းနေ့ နံနက် ၉ နာရီတွင် ဦးနေစိုးမှာ ဈေးဝယ်ရန် DAYING 110 ဆိုင်ကယ်ဖြင့် နေအိမ်မှရေတာရှည်မြို့သို့ သွားရောက်ခဲ့ပြီး‌နောက် ဈေးဝယ်ပြီး၍ နဂျပ်(အထက်)ကျေးရွာသို့ ပြန်လာစဉ် သဖန်းဇင်ကျေးရွာကူတို့ဆိပ်အရောက်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ့အင်အား (စိစစ်ဆဲ)မှ သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်၍ သဖန်းဇင်ကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိခဲ့ကြောင်း သိရသည်။

PAN
တိုက်ပွဲသတင်း

၂၇-၂-၂၀၂၃ ကျုံဒိုး

ကရင်ပြည်နယ်၊ကျုံဒိုးမြို့ အခြေစိုက်
ခမရ ၅၄၆ တပ်ရင်း ဂိတ်ကို KNU သောင်းကျန်းသူ
အဖွဲ့က ၄၀ မမဖြင့် နံနက် ၁နာရီခွဲခန့်တွင်
ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဖက်ပစ်ခတ်မှု
ဖြစ်ပွါးခဲ့။

တိုက်ပွဲတွင် တပ်မတော် မှ စစ်သည် ၂ဦး
ဒဏ်ရာရရှိပြီး တပ်မှ လိုက်လံရှင်းလင်း
တိုက်ခိုက်ရာ KNUတပ်မဟာ ၇ မှ ၁ ဦးကို
ဒဏ်ရာဖြင့် ဖမ်းဆီးရမိကြောင်း သတင်းရရှိ
ပါသည်။


PAN
နယ်မြေရှင်းလင်းရေးသတင်း

၂၇-၂-၂၀၂၃ ရေစကြို

မကွေးတိုင်းဒေသကြီး၊
ရေစကြို မြို့ နယ် အတွင်း တပ်မတော်
စစ်ကြောင်းဝင်ရောက်ရှင်းလင်းလျှက်ရှိရာ
ပြီးခဲ့သော ၂၅ ရက်နေ့က ရေစကြိုမြို့
တောင်ခြမ်းကိုလည်းကောင်း
ယခု ရေစကြိုမြို့ အနောက်ဘက်ခြမ်းကို
လည်းကောင်း တပ်မတော်က နယ်မြေရှင်းလင်း
လျှက်ရှိကြောင်း သတင်းရရှိပါသည်။

PDF အကြမ်းဖက်များအနေဖြင့်
တပ်မတော် စစ်ကြောင်းလှုပ်ရှားမှုများကို
ဖုန်း /အင်တာနက်လိုင်းများမှ သတင်းများ
ပေးပို့ပြီး ထွက်ပြေးရှောင်တိမ်းနေကြသည်။

တပ်မတော်စစ်ကြောင်းကို pdf များခုခံ
တိုက်ခိုက်နိုင်ခြင်း မရှိပဲ ယခုလို ထွက်ပြေးတိမ်း
ရှောင်နေမှုများကြောင့် ပြည်သူလူထုက
ဝေဖန်လျှက် ရှိသည်။

ပုခုက္ကူနယ်မြေ အတွင်း ရေလည်ကျွန်းသည်
ပခုက္ကူpdf ၊မြိုင်pdf၊ ပေါက် pdf များ အဓိက
ခိုအောင်းသောနေရာဖြစ်ပြီး ပိတ်ဆို့ ချေမှုန်းပေး
ပါရန် ပြည်သူများက တောင်းဆိုလျှက်ရှိသည်။

ပခုက္ကူမြို့နယ် အတွင်း အကြမ်းဖက်မှုများစွာ
ကျူလွန်းထားသော pdf များကို အများစု
ဖမ်းဆီးရရမိမှု မရှိကြကြောင်း သတင်းရရှိပါသည်။
Pdf. တို့သည် လက်နက်မရှိသော ပြည်သူကိုသာ
အနိုင်ကျင့် ဗိုလ်ကျ အကြမ်းဖက်ရဲပြီး လက်နက်ခြင်းစစ်တိုက်ရဲသူမဟုတ်ကြောင်း ဝေဖန်လျှက်ရှိသည်။


PAN