75.3K subscribers
23.1K photos
1.61K videos
250 files
9.47K links
Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
တောင်ခမ်းဒေသတွင် နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ ပစ်ကူပစ်အားယူကာ TNLAအကြမ်းဖက်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရရှိ
*****************
(ပြည်တွင်း) အောက်တိုဘာ ၁၂

ယမန်နေ့ နေ့လည်အချိန်ခန့်တွင် ရှမ်း‌ပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်နေသောစစ်ကြောင်းသည် တောင်ပေါ်ကြီး ရန်သူ့စခန်းအား
ပစ်ကူပစ်အားရယူ၍ စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲသည် ကြာချိန် ၂ နာရီခန့်သာကြမြင့်ပြီး အကြမ်းဖက် TNLA အမွဲ့များသည် အလောင်းနှင့် ၎င်းတို့၏လက်နက်များဆွဲယူကာ ထွက်ပြေးသွားခဲ့ရကြောင်း၊
တပ်မ‌တော်စစ်ကြောင်းမှ ထက်ပြေးရာနောက်သို့ လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြတ်များထံမှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် တပ်မတော်စစ်ကြောင်းမှ စစ်သည် ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ TNLA/PDF အလောင်း ၂ လောင်း၊ သေနတ် ၂ လက်၊ ကျည်အိမ် ၁၅ ခု၊ ကျည် ၁၀၀၀၀ ခန့်၊ လက်ပစ်ဗုံး ၁ လုံ....

Webpage>>...
https://positiveanglenews.com/2024/10/12/တောင်ခမ်းဒေသတွင်-နယ်မြေ/

VK Link>>...
https://vk.com/wall-220066330_8669

Telegram»...
https://t.me/positiveanglenews

#PAN
နယ်မြေရှင်းလင်းရေးစစ်ကြောင်းအား ဈေးရောင်းချပေးခဲ့သော ကုန်စုံဆိုင်ပိုင်ရှင်နှင့်မိသားဝင် ၅ ဦးအား အကြမ်းဖက် PDF အဖွဲ့များကသတ်ဖြတ်
*******************
(ပြည်တွင်း) အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ဗန္ဓုလကွက်သစ်ရပ်ကွက်တွင် နေထိုင်သော ကုန်စုံဆိုင်ပိုင်ရှင်မီသားစုဝင်များအား ယနေ့အောက်တို့ဘာ ၁၂ ရက်နေ့တွင် အကြမ်းဖက် PDF အဖွဲ့များက သတ်ဖြတ်သွားကြောင်း ဒေသခံသတင်ရင်းမြစ်များထံမှ သိရသည်။

ဘုတလင်မြို့၊ ဗန္ဓုလကွက်သစ်ရပ်ကွက် မုံရွာ-ရေဦးလမ်းနှင့် သဖန်းလမ်းဆုံတွင်ရှိသော ကုန်စုံဆိုင်တစ်ဆိုင်ရှိ ဆိုင်ပိုင်ရှင်မိသားစုဝင်များဖြစ်ကြသော ဦးဖိုးကြာ၊ ဇနီး ဒေါ်သင်း၊ အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူ၊ အသက် ၁၆ နှစ်အရွယ်သားနှင့် အသက် ၇ နှစ်အရွယ် မွေးစားတူမတို့အား အကြမ်းဖက် PDF များ လာရောက်ပစ်သတ်သွားကြောင်း ဒေသခံသတင်ရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်တွင် ဦးဖိုးကြာနှင့်မိသားစု၏ကုန်စုံဆိုင်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်များဆောင်ရွက်နေသော တပ်မတော်....

Webpage>>...
https://positiveanglenews.com/2024/10/12/နယ်မြေရှင်းလင်းရေးစစ်က-2/

VK Link>>...
https://vk.com/wall-220066330_8671

Telegram»...
https://t.me/positiveanglenews

#PAN
UPDATE NEWS
**************
ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် တောင်သာ-မလှိုင်သွားကားလမ်း​ပေါ်ရှိ ပန်းအိုင်ဘုရားမြောက်ဘက် လမ်းမပေါ်သို့
အကြမ်းဖက် PDF ၁၂၀ ဦးခန့်သည် ကား၊ ဆိုင်ကယ်များဖြင့် ရောက်ရှိလာကာ လိုင်းကားများအား စစ်ဆေးခြင်း၊
ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့ပြီး နိူင်ငံ့ဝန်ထမ်းများပါလာပါက ဖမ်းဆီးခေါ်ဆောင် ခြင်းများပါ ပြုလုပ်ခဲ့ကြောင်း၊
၎င်း အကြမ်းဖက် PDF များထံတွင် သေနတ်အတို/အရှည်များပါရှိပြီး RPG(၂)လက်လည်းပါရှိကြောင်း သိရှိသည်။

#PAN
Media is too big
VIEW IN TELEGRAM
လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုရဲ့ တစ်ဖက်က အကြမ်းဖက်မှု ဖြစ်စဉ်တွေအပေါ် ပြည်ခိုင်ဖြိုးရဲ့ သဘောထားအမြင်

ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ
ဦးလှသိန်းနှင့် တွေ့ဆုံခြင်း

#pan_broadcasting
ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
********
(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၁၃

     PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ကြက်သွန်နီကို ပုံစံ အမျိုးမျိုးနဲ့ ဟင်းလျာ အမျိုးမျိုးထဲမှာ ထည့်စားတတ်ကြပါတယ်။ ကြက်သွန်နီကို အစိမ်းစားတာမျိုး ရှိသလို ကြော်စားတာ၊ ဟင်းအနှစ်အဖြစ် ချက်စားတာ စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ကြက်သွန်နီကို ချက် ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ရနိုင်ပါတယ်။ 

      ကြက်သွန်နီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ မီးဖိုချောင် ပစ္စည်းတစ်မျိုးပါ။ ကြက်သွန်နီမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2024/10/13/ကြက်သွန်နီကို-အစိမ်းစား/

https://t.me/positiveanglenews
#PAN
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့ တရုတ်-အာဆီယံ ချစ်ကြည်ရေးအသင်း ခေါင်းဆောင်များ(၄)ကြိမ်မြောက် စုံညီအစည်းအဝေးသို့ တက်ရောက်
*********************
(နိုင်ငံတကာ) အောက်တိုဘာ ၁၃

တရုတ်နိုင်ငံ နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း၏ ဖိတ်ကြားချက်အရ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် အမှုဆောင်အဖွဲဝင်သုံးဦးတို့သည်
ပေကျင်းမြို့သို့ အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ သွားရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် အောက်တိုဘာ ၁၀ ရက်တွင် Chinese People’s Association for
Friend-ship with Foreign Countries (CPAFFC)ရုံး၌ ၎င်းအသင်းတည်ထောင်ခြင်း နှစ်(၇၀)ပြည့်အခမ်းအနားနှင့် တရုတ်-အာဆီယံ
ချစ်ကြည်ရေးအသင်း ခေါင်းဆောင်များ (၄)ကြိမ်မြောက် စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံတကာချစ်ကြည်ရေးအသင်းခေါင်းဆောင်များ....

Webpage>>...
https://positiveanglenews.com/2024/10/13/မြန်မာ-တရုတ်-ချစ်ကြည်ရေး/

VK Link>>...
https://vk.com/wall-220066330_8673

Telegram»...
https://t.me/positiveanglenews

#PAN
ဖ‌လော်ရီယန်ဗက်ဇ် ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းလာတဲ့ ဘိုင်ယန်မြူးနစ်အသင်း

(အားကစား) အောက်တိုဘာ ၁၃

လေဗာကူဆင်အသင်းရဲ့ ဂျာမနီလူငယ်ကြယ်ပွင့် တောင်ပံကစားသမား ဖလော်ရီယန်ဗက်ဇ် ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်‌နေခဲ့ပြီး ဂျာမနီဘောလုံးလောကရဲ့ လူငယ်ကြယ်ပွင့်နှစ်ဦး ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းမှ တိုက်စစ်ကစားသမားဖြစ်သူ မူစီယာလာ နဲ့ ဖလော်ရီယန်ဗက်ဇ် တို့ကို တွဲဖက်ကစားစေလိုကြောင်း ဘိုင်ယန်မြူးနစ်အသင်းဘက်က ထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။

ဖလော်ရီယန်ဗက်ဇ် ဟာ လေဗာကူဆင်အသင်းမှာ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းအပြင် အခြားဥရောပ ထိပ်တန်းအသင်းကြီးများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူလည်းဖြစ်ပါတယ်။

ဂျာမနီ ဘောလုံးပရိသတ်တွေက ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ယခင်က ဒေါ့မွန်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့မှ ကစား သမားကောင်းများကို ပစ်မှတ်ထားခဲ့ဖူးသလို ယခုအခါမှာလည်း လေဗာကူဆင်အသင်းကို ပစ်မှတ်ထားလာခဲ့ပြီလို့ ဝေဖန်မှုများရှိလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဖလော်ရီယန်ဗက်ဇ် ဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၇ ...

သတင်းအပြည့်အစုံဖတ်ရန် -https://positiveanglenews.com/2024/10/13/ဖလော်ရီယန်ဗက်ဇ်-ကို-ခေါ/

#PAN
တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
*****************
(မှုခင်း) အောက်တိုဘာ ၁၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်
အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်
စားသောက်ကုန်ပစ္စည်း တစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၄၀၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Zhong Tong Bus
တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ .....

Webpage>>...
https://positiveanglenews.com/2024/10/13/တရားမဝင်-သစ်မျိုးစုံ၊-စ-24/

VK Link>>...
https://vk.com/wall-220066330_8675

Telegram»...
https://t.me/positiveanglenews

#PAN
ယနေ့ စက်သုံးဆီဈေးနှုန်းများ

#PAN
Biden အစိုးရသည် တင်းမာမှု လျော့ပါးစေရန် ရှာဖွေနေသလား သို့မဟုတ် အရှေ့အလယ်ပိုင်း စစ်ပွဲကို မောင်းနှင်နေပါသလား
***
(နိုင်ငံတကာ သတင်းဆောင်းပါး)
အောက်တိုဘာ ၁၃

       ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသည် ရက်ပိုင်းအတွင်း အကောင် အထည်ပေါ်နိုင်သဖြင့် ရေခဲမုန့်ကို ကိုင်ဆောင်ထားသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။

      ခုနစ်လကျော်ကြာပြီးနောက်တွင် အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေရုံသာမက ကျယ်ပြန့်လာကာ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများနှင့် အကြမ်းဖက်မှုများ ကြီးထွားလာသဖြင့် အစ္စရေးတပ်များက လက်ဘနွန်ကို ကျူးကျော်ဝင်ရောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

      Biden အစိုးရအဖွဲ့သည် အစ္စရေးအား နိုင်ငံ ရေး အထောက်အပံ့နှင့် ၎င်း၏ စစ်ပွဲများကို ဆက်ထိန်းထားရန် စစ်ရေးအကူအညီများ ဆက်တိုက် ထောက်ပံ့ပေးနေချိန်တွင် တင်းမာမှု လျှော့ချရန် နှုတ်ဖြင့် ဆက်လက် တောင်းဆိုခဲ့ ......

Webpage>>...
https://positiveanglenews.com/2024/10/13/biden-အစိုးရသည်-တင်းမာမှု-လျေ/

VK Link>>...
https://vk.com/wall-220066330_8677

Telegram»...
https://t.me/positiveanglenews

#PAN