ဘူတန်မှအပြန် ​လေယာဥ်ကိုယ်တိုင်​မောင်းတဲ့ ထိုင်းဘုရင်

ထိုင်းဘုရင်နှင့် မိဖုရားတို့သည် ဧပြီလ ၂၈ ရက်နေ့တွင် ဘူတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ပြီးဆုံးခဲ့ပြီဖြစ်သည်။

၎င်းတို့၏ခရီးစဉ်စတုတ္ထမြောက်နေ့တွင်ဘုရင်နှင့်မိဖုရားတို့သည် တော်ဝင်ကောလိပ် နှင့်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဂယ်လီဖူမြို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြပွဲကို သွား​ရောက်ကြည့်ရှုခဲ့ကြသည်။

ထိုင်းနိုင်ငံသို့အပြန်ခရီးတွင် ထိုင်းဘုရင်သည် လေယာဉ်မှူးအဖြစ် ​မောင်းနှင်ခဲ့ပြီး မိဖုရားကြီးသည်  တွဲဖက်လေယာဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

Source: Khaosod
🌏28.4.2025 သတင်းအစုံအလင်🌏

👉ရွှေတိဂုံပုံတူ စေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်း အနားကျင်းပပြီးစီး

👉ရှမ်းတောင် အောင်ပန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၂)လုံး အမိုးလန်ပျ-က်စီးပြီး လေဘေးသင့်ပြည်သူ (၄၃)ဦး နီးစပ်ရာဆွေမျိုးများ အိမ်သို့ ပြောင်းရွှေ့ခဲ့ရ

👉မန္တလေးတွင် နောက်ဆက်တွဲ ငလျင်တစ်ကြိမ်ထပ်မံ လှုပ်ခတ်

👉လျှပ်စစ်ဓာတ်အားမလိုသော ရေခဲသေတ္တာ အိန္ဒိယမှ လူငယ်သုံးဦး တီထွင်အောင်မြင်

👉ပြိုကျခဲ့သည့် မရှိခဏစေတီတော် နေရာကို ရှင်းလင်းရာမှ ဘုရားဆင်းတုတော်ငယ်များ၊ စိန်ဖူးတော်၊ လက်ဝတ်ရတနာများ၊ ကျောက်အမျိုးမျိုးနှင့် ငွေထည်ပစ္စည်းများ ထပ်မံရှာဖွေတွေ့ရှိ

👉တာဝန်သိသောနည်းဖြင့်ဖြေရှင်းကြရန်အိန္ဒိယနှင့်ပါကစ္စတန်ကို 'ကန်' တိုက်တွန်း

👉မေလမှ စတင်ကာ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မည်

👉၂၀၂၄ ၌ကမ္ဘာ့စစ်အသုံးစရိတ် ဒေါ်လာ၂ ဒဿမ ၇ ထရီလျံအထိစံချိန်တင်ခဲ့

👉တရုတ်နိုင်ငံမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တန်ချိန် (၅)သောင်း ကူညီထောက်ပံ့
👉ငလျင်ဘေးသင့်ခဲ့သည့် အင်းလေးတွင် ယင်လုံအိမ်သာ အခက်အခဲ ဖြစ်နေ

👉ပဲခူးမြို့ရှိ ဟံသာဝတီ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များအား ပြန်လည်ဖော်ထုတ်နေ

👉မန္တလေးငလျင်ကြီးဒဏ်ကြောင့်သေဆုံးခဲ့ရသူများအားရည်စူး၍ နစကမှ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်

👉တာလေမြို့နယ်၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပျ-က်စီး

👉အိန္ဒိယ၌ကားတစ်စီး ရေတွင်းထဲကျပြီး လူ ၁၂ ဦးထက်မနည်း‌ေ-သဆုံးခဲ့

👉ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပြီးစီး

👉Sky Villa ကွန်ဒိုမှ အပျ-က်အစီးများအောက်မှ ရုပ်အလေ-ာင်း (၁၀၀) ကျော် ရှာတွေ့ထား

👉စံချိန်တင် နေ့အပူချိန်မြင့်တက်ခဲ့သည့်ချောက်မြို့တွင် အပူချိန်အနည်းငယ်ပြန်လည် ကျဆင်းလာ

👉အင်းဝဒေသရှိ ရှေးဟောင်း အဆောက်အအုံများကို အရေးပေါ်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေ

👉အာဆီယံ-ဘရစ် ပူးပေါင်းမှု မြှင့်တင်ရေး တွန်းအားပေးမည်--မလေးရှား

👉မြန်မာအတွက်လူသားချင်းစာနာမှုစင်္ကြန်ဖွင့်ပေးရန် ကုလတောင်းဆိုချက်ဘင်္ဂလားဒေ့ရှ် သဘောတူ

👉တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုရမည့်သူများနှင့် ဆရာ၊ ဆရာမများကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်

👉ငလျင်ဒဏ်သင့်ဒေသသို့ လှူဒါန်းမည့် သရုပ်ဆောင်ကျော်ကျော်ဗိုလ်၏ ဘောလုံးအသင်းဖန်လေလံပွဲမှ ရရှိခဲ့သည့် အလှူငွေအား လေလံအောင်သူပေးအပ်

👉"တစ်လအတွင်း ငလျင်ကြီး နဲ့ ငလျင်ငယ်များကြား စိုးတထိတ်ထိတ်ပြည်သူများ"

👉ဘူတန်မှအပြန် လေယာဥ်ကိုယ်တိုင်မောင်းတဲ့ ထိုင်းဘုရင်
ရန်ကုန်နှင့် မန္တလေးတွင် လေတိုက်ပြီးမိုးရွာသွန်းကာ သစ်ပင်လဲကျမှုများဖြစ်

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက်ပိုင်းနှင့် ဧပြီ ၂၈ ရက်ညပိုင်းတို့က လေတိုက်ပြီးမိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ လိပ်ကန်လမ်းနှင့် ကွက်သစ်လမ်းထောင့်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၆ နာရီခွဲခန့်က သစ် ပင်လဲကျကာလမ်းပိတ်နေသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၂၈ ရက်ည ၉ နာရီ ၂၀ မိနစ်ခန့်ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ မြို့ပတ်လမ်းတွင်သစ်ပင်လဲကျပြီး လမ်း ပိတ်နေသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်ရှိ "ရွှေဇာမဏီ"ရွှေဆိုင်ဓားပြတိုက်ခံရ ရွှေထည်ပစ္စည်းများနှင့်ဖုန်းတို့ကိုယူဆောင်သွား

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "ရွှေဇာမဏီ"ရွှေဆိုင်အား ဧပြီ ၂၈ ရက်မွန်းလွဲပိုင်းက အမည်မသိအမျိုးသားများမှ ဓားပြတိုက်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဧပြီ ၂၈ ရက်မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ကျော်ခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြားရှိ "ရွှေဇာမဏီ"ရွှေဆိုင်သို့ အမည်မသိအမျိုးသား(၅)ဦးရောက်ရှိလာကာ သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ဖုန်းတစ်လုံးတို့ကို လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက CCTV မှတ်တမ်းများအားကြည့်ရှု၍ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
မေလ ၈ ရက် နေ့မှစ၍ သုံးရက်တာ ယာယီအပစ်ရပ်မည်--ပူတင်

မော်စကို၊ဧပြီ ၂၈

ရုရှားသမ္မတဗလာဒီမာပူတင်သည် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ယူနီယံနှင့် ၎င်း၏မဟာမိတ်များ အောင်ပွဲရ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ယူကရိန်းနှင့်စစ်ပွဲကို သုံးရက်ကြာအပစ်အခတ်ရပ်စဲကြောင်း ယမန်နေ့ဧပြီလ ၂၈ ရက်နေ့တွင်ကြေငြာခဲ့သည်။

မေလ ၈ ရက်နေ့ သန်းခေါင်ချိန်မှစကာ မေလ ၁၀ ရက်နေ့အထိ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခရမ္မလင်နန်းတော်ကပြောကြားခဲ့ပြီး ရုရှားကလည်း ယူကရိန်းဘက်ကပူးပေါင်းပါဝင်ပေးရန်တောင်းဆိုခဲ့သည်ဟုသိရသည်။

အကယ်၍ ယူကရိန်းက ကတိကို ချိုးဖောက်ပါက ရုရှားစစ်တပ်က ထိရောက်စွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါကြေငြာချက်တွင်ဖော်ပြထားသည်။

Source : ရိုက်တာ
ဂျပန်နိုင်ငံမှ အသက်အကြီးဆုံးအမျိုးသမီး အသက် ၁၁၅ နှစ်၌ကွယ်လွန်

ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံးအဖြစ် အသိအမှတ်ပြုခံထားရသည့် အသက် ၁၁၅ နှစ်အရွယ် အိုခဂီဟာယရှိသည် ယခုသီတင်းပတ်ကုန်၌ နှလုံးရောဂါဖြင့် ‌ေ-သဆုံးသွားခဲ့ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

၁၉၀၉ ခုနှစ် စက်တင်ဘာလ၌ မွေးဖွားခဲ့သည့် မစ္စဟယရှိသည် ၎င်း၏မွေးရပ်ဖြစ်သော ဂိဖုစီရင်စု၊ တိုခိမြို့တွင် ဧပြီလ ၂၆ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဟရော်ဂိုစီရင်စု အရှိယမြို့မှ အမျိုးသမီးတစ်ဦးသည် ယမန်နှစ် ဒီဇင်ဘာလက အသက် ၁၁၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် မစ္စဟယရှိကနိုင်ငံ၏ အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ ယခုအခါ အအိချိစီရင်စု၊ခိုတမြို့မှ အသက် ၁၁၄ နှစ်အရွယ်ရှိ အမျိုးသမီး မိနဲခွန်ဒိုဖြစ်လာကြောင်းလည်းဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

Source : ရှင်းဟွာ
ဘင်္ဂလားဒေ့ရှ်၌ မိုးကြိုးပစ်‌၍ လူ ၉ ဦး ‌ေ-သဆုံး

ဧပြီလ ၂၈ ရက် တနင်္လာနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးကြိုးပစ်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ရာ လူကိုးဦးထက်မနည်း‌ေ-သဆုံးခဲ့သည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Cumilla ခရိုင်ရှိ နယ်မြေဒေသများတွင် လူလေးဦး၊Kishorganj ခရိုင်တွင် ၃ ဦးနှင့် Sunamganj နှင့် Netrokona ခရိုင်များတွင် တစ်ဦးစီ‌ေ-သဆုံးခဲ့ပြီး စုစုပေါင်း ၉ ဦးအထိရှိလာကြောင်းသိရသည်။

မိုးကြိုးပစ်‌ေ-သဆုံးမှုအများစုသည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး ၎င်းတို့၏လယ်မြေများတွင် အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီး‌ေ-ဆုံးကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးကြိုးပစ်ခြင်းကြောင့် လူ‌ေ-သဆုံးမှုများမှာ ခြောက်သွေ့‌သော နွေရာသီမှ မိုးရာသီသို့ ပြောင်းလဲလာချိန်၌ဖြစ်ပွားလေ့ရှိပြီး ၂၀၁၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ၎င်းအခြေအနေကို နိုင်ငံ၏သဘာဝဘေးအဖြစ် ကြေငြာခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဘင်္ဂလားဒေ့ရှ်၌-မိုးကြိ/