တရုတ်နိုင်ငံမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တန်ချိန် (၅)သောင်း ကူညီထောက်ပံ့

ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့ရန် တရုတ်နိုင်ငံမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တန်ချိန်ငါးသောင်း ကူညီထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

ဧပြီ (၂၆) ရက်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၃/၂၀၂၅) အစည်းအဝေးမှ သိရသည်။

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်ဆီ) တန်ချိန် (၅)သောင်းသည် မကြာမီ ရောက်ရှိလာမည်ဖြစ်ပြီး ရောက်ရှိပါက ဖြန့်ခွဲအသုံးပြုမည့် လျာထားချက်ကိုလည်း စွမ်းအင်ဝန်ကြီးဌာနက ကြိုတင် တင်ပြရန် နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် လိုအပ်သလို ရေကြောင်းခရီးဖြင့် ရောက်ရှိလာမည့် Container Modular များနှင့် အခြားသော ထောက်ပံ့ရေးပစ္စည်းများအား ကုန်ရထားဖြင့် ရန်ကုန်မှနေပြည်တော်၊ မန္တလေးထိ ပို့ဆောင်နိုင်ရေးကိုလည်း ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီနှင့် လှူဒါန်းသည့်ပစ္စည်းများ လက်ခံ၊ ဖြန့်ဝေရေး လုပ်ငန်းကော်မတီတို့မှ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားရန်လိုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သ ည်။
ငလျင်ဘေးသင့်ခဲ့သည့် အင်းလေးတွင် ယင်လုံအိမ်သာ အခက်အခဲ ဖြစ်နေ

ငလျင်ဘေးသင့်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ယင်လုံအိမ်သာ လိုအပ်ချက် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုအခက်အခဲကြောင့် ဒေသခံများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်းလည်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများက ပြောသည်။

ငလျင်ကြောင့် အိမ်ပျ-က်စီးရာတွင် ယင်လုံအိမ်သာများပါ ပျ-က်စီးသွားခြင်းကြောင့် လက်ရှိ၌ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများက ယင်လုံအိမ်သာများကို ယာယီဆောက်လုပ်ပေးနေကြဆဲဖြစ်သည်။

သို့သော် ငလျင်ဘေးသင့်ပြည်သူ များပြားနေသည့်အတွက် လုံလောက်မှုမရှိသေးကာ မိုးတွင်းမတိုင်မီ တည်ဆောက်နိုင်ရန် အင်းလေးဒေသခံများက ကြိုးစားနေကြသည်။

"အလုပ်သမားကလည်း ရှားနေတယ်။ အလူပ်သမားခေါ်မရတာကလည်း တဒုက္ခဖြစ်နေတာ၊အိမ်ဆောက်ပစ္စည်းတချို့ လိုအပ်မှုအများကြီးရှိနေသေးတယ်" ဟု ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးကလည်း ဆိုထားသည်။

ပြီးခဲ့သည့် မတ် (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် အင်းလေးဒေသရှိ ရွာပေါင်း (၂၈)ရွာတွင် ထိခို-က်ပျ-က်စီးမှုများ ရှိခဲ့ပြီး ဒေသခံ (၂၀၀)ကျော် ‌ေ-သဆုံးခဲ့ရသည်။
ပဲခူးမြို့ရှိ ဟံသာဝတီ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များအား ပြန်လည်ဖော်ထုတ်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဟံသာဝတီရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်လျက်ရှိရာ ဟံသာဝတီမြို့ရိုး တောင်ဘက်ရှိ မိုးကောင်းတံခါးပေါက်အနီးမှ ကုန်းဘောင်တံခါးပေါက်အနီးထိ တစ်ဆက်တည်းမြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ အရှေ့ဘက်ရှိတောင်ငူတံခါးနှင့် အင်းဝတံခါးကြား မြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ကျုံးပြန်လည်တူးဖော်ထိန်းသိမ်းခြင်း၊ ကမ္ဘောဇသာဒီနန်းတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေမှုများအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဧပြီ ၂၆ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ရိုးဖော်ထုတ်ထိန်းသိမ်းရာတွင် တူးဖော်တွေ့ရှိသည့် အထောက်အထားများအား သက်ဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်ရယူ၍ မည်သည့်အဆောက်အဦးဖြစ်နိုင်သည်ကို အတည်ပြုရန်

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ပဲခူးမြို့ရှိ-ဟံသာဝတီရှ/
မန္တလေးငလျင်ကြီးဒဏ်ကြောင့်သေဆုံးခဲ့ရသူများအားရည်စူး၍ နစကမှ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် သေဆုံးပျံလွန်တော်မူခဲ့သည့် ရဟန်း၊ ရှင်၊ လူပြည်သူများအားရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ ဧပြီ ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပခဲ့သည်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်၏ ပဓာနနာယကဆရာတော်၊ တပ်ကုန်းမြို့၊ နိုင်ငံ‌တော်သြဝါဒါစရိ ယ၊ မဟာသီဟနာဓကျောင်းတိုက်ဆရာတော်ကြီးတို့အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ပူဇော်ခဲ့ကြသည်။

အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက မဟာသီဟနာဓကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာ တော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွါးသရစ္ဇျယ်တော်မူခဲ့ကြသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မန္တလေးငလျင်ကြီးဒဏ်ကြေ-2/