ငလျင်ဒဏ်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ(၂) သန်းကျော်အပါအဝင် အလှူငွေများစွာကိုလက်ခံရရှိထား

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် အလှူငွေများစွာကိုလက်ခံရရှိထားသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၅ ရက်မွန်းလွဲပိုင်းကကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" ပြည်တွင်း/ပြည်ပ စေတနာရှင်အလှူရှင်တွေက နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို အလှူငွေတွေပေးအပ်လှူဒါန်းရာမှာ ဧပြီ ၂၄ ရက်အထိ ငွေကျပ် (၁၁၅ ဒသမ ၈၇၆)ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ(၂ ဒသမ ၄၃၇)သန်းကျော်၊ ကိုရီးယားဝမ်(၅)သန်း၊ အိန္ဒိယရူပီး(၁၅)သန်း၊ ထိုင်းဘတ်(၂)သန်းနဲ့ စင်ကာပူဒေါ်လာ(၃,၁၅၀)လက်ခံရရှိထားပါတယ်"ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ငလျင်ဒဏ်အတွက်-အလှူငွေ-အမ/
ထိုင်းဝန်ကြီးချုပ် ကျန်းမာရေးပြန်ကောင်းလာ

ထိုင်းဝန်ကြီးချုပ် ပေတုံတန်သည်နေမကောင်း၍ တစ်ရက်အနားယူပြီးနောက် ဧပြီ ၂၆ ရက်တွင်သူမ၏ လူမှုကွန်ယက် အင်စတာဂရမ်တွင် စာတင်ခဲ့သည်။

သူမ၏ ကျန်းမာရေးဟာ သိသိသာသာ တိုးတက်ကောင်းမွန်လာနေပြီး စိုးရိမ်ပူပန်ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း သူမကပြောသည်။

ဆရာဝန်က သူမသည် ပြင်းထန်သောအပူဒဏ်ကြောင့်ရေဓာတ်ခန်းခြောက်ခြင်း၊ အနားယူမှုမလုံလောက်ခြင်းနှင့် အသက်ရှုရခက်ခဲခြင်းတို့ ပေါင်းသွားခြင်းကြောင့်နေမကောင်းဖြစ်ခဲ့ကြောင်း ဆို သည်။

သူမ၏ခင်ပွန်းဖြစ်သူက လူမှုကွန်ရက်တွင် မျှဝေခဲ့သော ဓာတ်ပုံတွင် သူမမျက်မှန်တပ်ထားရင်း အိပ်နေသောပုံနှင့်ပတ်သတ်ပြီး အင်တာနက်သုံးစွဲသူတွေကြားဝေဖန်မှုမြင့်တက်နေသည်ကိုလည်း သူမက " ပင်ပမ်းလွန်းလို့ မျက်မှန်တပ်ရက်အိပ်ပျော်သွားတာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့ ခွန်ဖိုး (၄င်း၏ခင်ပွန်း) က ငါ့မျက်မှန်ကို ဂရုတစိုက်ချွတ်ပေးတဲ့အတွက် မကွဲပါဘူး။ ငါ့ခင်ပွန်းကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်"ဟု တုန့်ပြန်ခဲ့သည်။
ငပုတောမြို့ရှိ ရှေးဟောင်းမဟာရာဇမုနိအောင်တော်မူစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်တင်လှူပူဇော်

ဧရာဝတီတိုင်း၊ ငပုတောမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ်ကုန်းလမ်းရှိ ရှေးဟောင်းမဟာရာဇမုနိအောင်တော်မူစေတီတော်မြတ်အား ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ်ဘုံအဆင့်ဆင့်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၂၆ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃာဗဟိုဝန်ဆောင် မဟာဂန္တဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယဘဒ္ဒန္တကုမာရအမှူးပြုသည့်ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော်ကြီးထံမှ (၉)ပါးသီလခံယူကာ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္စျယ်တော်မူပြီး တိုင်းဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်၊ သံဃာတော်များအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ငပုတောမြို့ရှိ-ရှေးဟောင/
ထိုင်းတွင် ပါမစ်မလျောက်ဘဲ ထိုင်းလူမျိုးအမည်ခံ လုပ်ငန်းများ စစ်ဆေးနေ

ဘန်ကောက်မြို့ ဟွေ့ခွမ် ဧရိယာရှိ စားသောက်ဆိုင် ၁၀ ဆိုင်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မကြာမီ ပိတ်သိမ်းတော့မည် ဖြစ်သည်။

ထိုင်းကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး နပင်န်တွန်က သောကြာနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုနေရာတွင် တရုတ်များကထိုင်းလူမျိုးများကိုအမည်ခံပြီး ပါမစ်မရှိဘဲ စီးပွားရေးလုပ်ငန်းများကိုလုပ်နေသည်ဟုဆိုသည်။ ထို့ကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းများနှင့် ထိုင်းအလုပ်သမားများအားအကာအကွယ်ပေးဖို့ ပြောကြားခဲ့သည်။

Ref: khasod
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပန၌ ထရမ့်နှင့် ဇယ်လင်စကီးတွေ့ဆုံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးတို့သည် ရောမမြို့တွင် ကျင်းပသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားအပြီး စနေနေ့၌ တွေ့ဆုံခဲ့ကြကာ "အလွန်အထောက်အကူဖြစ်စေသော" အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

အိမ်ဖြူတော် ဆက်သွယ်ရေးဒါရိုက်တာ စတီဗင်ချောင်းက "သမ္မတ ထရမ့်နှင့် သမ္မတ ဇယ်လင်စကီးတို့သည် ယနေ့ သီးသန့်တွေ့ဆုံပြီး အကျိုးရှိသော ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးပါမည်" ဟု ပြောကြားသည်။
မန္တလေးတိုင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဖတ်စာနှင့် ဗလာစာအုပ်များ ထောက်ပံ့ရန် စီစဉ်နေ

မန္တလေးတိုင်းအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောတွင်းသုံးဖတ်စာနှင့် ဗလာစာအုပ်များ ထောက်ပံ့ကူညီသွားရန် စီစဉ်နေကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းအတွင်း ပြန်လည်ဖြေဆိုရမည့် ကျောင်းသားကျောင်းသူစာရင်းကို မြန်မာနိုင်ငံစာစစ်ဌာနမှ ထုတ်ပြန်ကြေ ညာပေးမည်ဖြစ်၍ လက်ရှိတွင် စာရင်းအတိအကျမသိရသေးကြောင်း မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံက သိရသည်။

“အဖြေလွှာတွေ ပျက်စီးမှုကြောင့် ဝန်ကြီးဌာနညွန်ကြားချက်အရ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပပြီး ဖြေဆိုရမှာဖြစ်ပါတယ်။ ပြန်ဖြေမယ့် ကျောင်းသားကျောင်းသူဦးရေက မြန်မာနိုင်ငံ စာစစ်ဌာနက ကြေညာမှ သိရမယ်။ တတ်နိုင်တဲ့ဘက်က ထောက်ပံ့မှုတွေ လုပ်ပေးမှာပါ”ဟု ၎င်းက ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မနတလတင-တကကသလ/
တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ငှက်သိုက် တင်ပို့ခွင့်ပြု

ကမ္ဘောဒီးယား၏ ဇီဝဇိုးငှက်သိုက်များကို တရုတ်ဈေးကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဧပြီလ ၁၇ ရက်‌နေ့မှ ၁၈ ရက်‌နေ့အထိ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဧပြီလ ၁၇ ရက်‌နေ့က ကမ္ဘောဒီးယားနှင့် တရုတ်အစိုးရ ကိုယ်စားလှယ်များသည် နားလည်မှုစာချွန်လွှာ စုစုပေါင်း(၃၇) ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ကမ္ဘောဒီးယား ဇီဝဇိုးငှက်အသင်းချုပ် ဥက္ကဌ နန်ဆိုသီက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

ယင်းတို့ထဲမှ သုံးခုသည် ကမ္ဘောဒီးယား စိုက်ပျိုးရေးထုတ်ကုန်များနှင့် ဆက်စပ်ပြီး ငှက်သိုက်များ၊ ဒူရင်းသီးများနှင့် မိကျောင်းပေါက်များကို တရုတ်နိုင်ငံသို့ ချက်ချင်း တင်ပို့ခွင့်ပြုထားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/တရုတ်နိုင်ငံသို့-ကမ္ဘော/
ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ၊ မုံရွာမြို့ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန ကျင်းပ

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟိုဥက္ကဋ္ဌ၊ မုံရွာမြို့၊ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီလ(၂၆)ရက်ကကျင်းပရာ စျာပနလှည့်လည်ရာ လမ်းတလျောက် မုံရွာမြို့သူ မြို့သားများစွာ ဖူးမြှော်ခဲ့ကြသည်။

မုံရွာမြို့၊ ရန်ကင်းရပ်၊ ရန်ကင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော
တိကဓဇ၊ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဝံသပျံလွန်တော်မူသည့် ဧပြီလ (၁၈)ရက်မှ ဧပြီလ(၂၆)ရက်
နံနက်(၇)နာရီအချိန်တိုင်း ဆွမ်းစဥ်ခြင်းကို ပြုလုပ်ခဲ့သည်။

ဆရာတော်ကြီးရုပ်ကလာပ်ကို ဧပြီလ(၂၅)ရက်က ယာယီစံကျောင်းတော်မှ ဗဟိုစံကျောင်းတော်သို့ စံကျောင်းချအခမ်းအနားကျင်းပခဲ့ပြီး နေ့လယ်ပိုင်းတွင် မန္တလေးချိုတူးအဖွဲ့က ဧယာဥ်ကျူးသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဓမ္မစကူးလ်ဖောင်ဒေးရှင်/
ချောက်မြို့၏ နေ့အပူချိန် ၄၅.၂ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ယမန်နေ့ ဧပြီ (၂၅) ရက်က ၄၅.၂ ဒီဂရီ စင်တီဂရိတ်အထိ နေ့အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပြီး ယခု ဧပြီလ၏ ပျမ်းမျှ အပူချိန်ထက် ၂ ဒီဂ ရီစင်တီဂရိတ် မြင့်တက်ခဲ့ကြောင်း မိုး‌လေဝသနှင့်ဇလဗေဒညွှန်းကြားမှုဦးစီးဌာန၏ ယနေ့ အသိပေးချက်အရ သိရသည်။

စံချိန်တင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅.၂ ဒီဂရီစင်တီဂရိတ် ၊ မင်းဘူးမြို့တွင် ၄၃.၂ ဒီဂရီစင်တီဂရိတ်၊ မြင်းမူမြို့တွင် ၄၃.၁ ဒီဂရီစင်တီဂရိတ် ၊ မကွေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် ၄၃.၀ ဒီဂရီစင်တီဂရိတ်တို့ရှိကြောင်း သိရသည်။

အလားတူ မြင်းခြံမြို့တွင် ၄၂.၈ ဒီဂရီစင်တီဂရိတ်၊ ဆင်ဖြူကျွန်းမြို့နှင့် မင်းကင်းမြို့တို့တွင် ၄၂.၅ ဒီဂရီစင်တီဂရိတ်၊ အောင်လံမြို့နှင့် ကလေးဝမြို့တို့တွင် ၄၂.၃ ဒီဂရီစင်တီဂရိတ်နှင့် မုံရွာမြို့တွင် ၄၂.၂ ဒီဂရီစင်တီဂရိတ်တို့ အသီးသီး ရှိကြောင်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ချောက်မြို့၏-နေ့အပူချိန/