စစ်ကိုင်းမြို့ ဒိုင်းမွန်းဖုန်းဆိုင်အောက်မှတွေ့ရှိခဲ့ရသည့် ရွှေတုံး(၄)တုံးကို ပိုင်ရှင်ထံပြန်အပ်
မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်၊ နယ်မြေ(၄)၊ စျေးလမ်းရှိ "ဒိုင်းမွန်း"ဖုန်းဆိုင်အဆောက်အအုံမှာလည်း ပြိုကျပျက်စီးသွားခဲ့သည်။
ထိုသို့ ပြိုကျပျက်စီးသွားခဲ့သဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ယနေ့ ဧပြီ ၂၃ ရက်ကပြုလုပ်ခဲ့ကြရာ ရွှေတုံး(၄)တုံးအားတွေ့ရှိခဲ့ရသဖြင့် ပိုင်ရှင်ဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

မိုင်းဖုန်း ဆရာတော်ကြီး မှော်ဘီမြို့နယ်ရှိ သာသနာ့လင်္ကာ ရ မိုင်းဖုန်းကျောင်းတိုက်တွင် တရားဟော
ငလျင်ဒဏ်သင့် နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့၌ ကူညီထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခဲ့သည့် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ ဧပြီလ (၂၃) ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်ရှိ သာသနာ့လင်္ကာရ မိုင်းဖုန်းကျောင်းတိုက်တွင် တပည့်သာဝကများအား တရားရေအေးတိုက်ကျွေးတော်မူခဲ့သည့် မြင်ကွင်း။
ဓာတ်ပုံ - ကိုရဲဝင့်နိုင်

အိန္ဒိယလုပ် ဘရာမို့စ်ဒုံးကျည် ဒုတိယအသုတ် ဖိလစ်ပိုင်ကို ပေးပို့
ဘရာမို့စ် တိုက်ခိုက်ရေးဒုံကျည်များကို သုံးသုတ်ခွဲပေးပို့မည့် အစီအစဉ်အရ ပထမအသုတ် ပေးပို့ပြီးနောက် တစ်နှစ်အကြာဖြစ်ေသာယခုအချိန်တွင် အိန္ဒိယနိုင်ငံက ဒုတိယအသုတ် ဒုံးကျည်များကို ဖိလစ်ပိုင်သို့ ပေးပို့လိုက်ကြောင်း သိရသည်။
ပထမအသုတ် ပေးပို့စဉ်ကကဲ့သို့ အိန္ဒိယလေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းမဟုတ်ဘဲ ဒုတိယအသုတ်ကို သင်္ဘောဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ၏ အင်္ဂလိပ်ဘာသာသုံး သတင်းစာများဖြစ်သည့် The Economic Times နှင့် The New Indian Express တို့က ဖော်ပြသည်။
ဖိလစ်ပိုင်သည် အိန္ဒိယ-ရုရှား ဖက်စပ်လုပ်ငန်းဖြစ်သော BrahMos Aerospace Private Ltd နှင့် ၎င်း၏ ပီဆို ၁၈ ဒဿမ ၈ ဘီလျံတန် သဘောတူညီချက်အရ ဘရာမို့စ် ဒုံးကျည် စုစုပေါင်း သုံးသုတ်ကို လက်ခံရရှိမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/အိန္ဒိယလုပ်-ဘရာမို့စ်ဒု/

ပျဥ်းမနား အမှတ်(၁)မြို့မစျေးအသစ်ပြန်လည်တည်ဆောက်စဥ် အောင်မင်္ဂလာဝန်းအတွင်း ယာယီဈေးဖွင့်လှစ် ရောင်းချသွားမည်
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ပျဥ်းမနားမြို့၊ အမှတ် (၁)မြို့မစျေးကြီးအား အသစ်ပြန်လည်တည် ဆောက်နေချိန်၌ ရန်ကုန်-မန္တလေးလမ်းဟောင်းအ နီးရှိ အောင်မင်္ဂလာဝန်းအတွင်းတွင် ယာယီဈေးဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပျဥ်းမနားမြို့၊ အမှတ်(၁)မြို့မစျေးအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၃ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ပျဥ်းမနား-အမှတ်၁မြို့မ/

ဧရာဝတီမြစ်ရေသည် လာမည့် ၇ ရက်အတွင်း မန္တလေးမြို့၏ ရေနည်းသတိပေးမှတ်အထက်သို့ပြန်လည်ရောက်ရှိနိုင်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၂၃ ရက်မွန်းတည့် ၁၂ နာရီခွဲအချိန်တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ၃၂၃ စင်တီမီတာသို့ရောက်ရှိနေသည်ဟု အသိပေးခဲ့သည်။
အဆိုပါ မြစ်ရေသည် လာမည့် ၇ ရက်အတွင်း လက်ရှိရေမှတ်အထက် ၁ ပေခွဲခန့်မြင့်တက်လာနိုင်ပြီး မန္တလေးမြို့၏ ရေနည်းသတိပေးမှတ်ဖြစ်သော ၃၆၀ စင်တီမီတာအထက်သို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ၈၆ စင်တီမီတာသို့ရောက်ရှိနေပြီး လာမည့် ၇ ရက်အတွင်း လက်ရှိရေမှတ်အထက် ပေဝက်ခန့်မြင့်တက်လာနိုင်သော်လည်း မုံရွာမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာအောက်တွင်သာ ဆက်လက်တည်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။