သီတဂူဆရာတော်ကြီးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား မိုင်းဖုန်းဆရာတော်ကြီးဆက်ကပ်လှူဒါန်း
ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ ကစားသမား (၇)ဦး အသင်းဖြင့် တရားဝင် လမ်းခွဲ

လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ ကစားသမား (၇)ဦးမှာ အသင်းနှင့် တရားဝင်လမ်းခွဲလိုက်ပြီဖြစ်သည်ဟု အသိပေးထားသည်။

အဆိုပါ ကစားသမား (၇)ဦးမှာ အောင်သက်ဦး၊ Biassi Ny akwe William ဈာနေယျသူ၊ ထက်ဖြိုးဝေ၊ Bakayoko M oussa Paul၊ ကျော်ကိုကို၊ Efrain Rintaro Da Silva တို့ဖြစ်ကြောင်း ဆိုသည်။

ရှမ်းယူနိုက်တက်အသင်းကလည်း လမ်းခွဲခဲ့သည့်ကစားသမားများအား တန်ဖိုးထားကျေးဇူးတင်ကြောင်းနှင့် ၎င်းတို့အပါအဝင် ကစားသမားများ၏ ချွေးစက်များဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ချန်ပီယံ-ရှမ်းယူနိုက်တ-3/
🌏21.4.2025 သတင်းအစုံအလင်🌏

👉နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိပြီး ဇွန်လကျောင်းဖွင့်ချိန်အမှီ ပြုပြင်မည်

👉ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

👉ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်

👉လာမည့်ရာသီချိန်တွင် တရုတ်နိုင်ငံသို့မြန်မာ့ထောပတ်သီးတရားဝင်တင်ပို့နိုင်ရန် စီစဉ်နေ

👉တစ်ကျော့ပြန်တိုက်ပွဲနှင့် ကော့ကရိတ်မြို့မြင်ကွင်း

👉Netflix က AI ရှာဖွေရေးအင်ဂျင်အသစ်ကို စမ်းသပ်

👉အင်းလေး ဖောင်တော်ဦးဘုရားကို သီတင်းကျွတ်အမီ ပြုပြင်မည်

👉အမြန်လမ်းတွင် ဒုဋ္ဌဝတီ တံတားမှအပ ကျန်ပျက်စီးနေရာများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ပေးထား

👉မန္တလေး အဆင့်မြင့် ဈေးချိုတော်နှင့် မန်းမြန်မာပလာဇာ ဈေးဆိုင်ခန်းများ ယနေ့ စတင်ဖွင့်လှစ်
👉ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ရှာ

👉နေပြည်တော်ရောက်ငလျင်ကယ်ဆယ်ရေးရောက်ရှိနေသည့်မီးသတ်တပ်ဖွဲ့ဝင်(၆၀၀)ဦးခန့်ကို ဂုဏ်ပြုနေ့လည်စာကျွေး

👉မဟာမုနိဘုရားကြီးအပါအဝင် ငလျင်ဒဏ်သင့်ဒေသများအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအ သင်း(ဗဟို)က အလှူငွေများလှူဒါန်း

👉မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်ရန် မိုင်းဖုန်းဆရာတော်ကြီးက အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း

👉မြန်မာနိုင်ငံငလျင်အတွက် ဘန်ကောက်အက်ဖ်စီက ဘတ်နှစ်သိန်း လှူဒါန်း

👉ရတနာပုံအသင်းနည်းပြချုပ် ပြောင်းလဲခန့်အပ်

👉ကုန်သွယ်ရေးသဘောတူညီချက်တွင်တရုတ်အကျိုးစီးပွားထိပါးမခံ

👉အီစတာပွဲတော်အတွက် အပစ်အခတ်ရပ်စဲကြောင်း သမ္မတပူတင်ကြေငြာ

👉ထိုင်းတွင်ကမ္ဘာလှည့်ခရီးသွားဘတ်စ်မီးလောင်၍ ၇ ဦးထက်မနည်း‌ေ-သဆုံး

👉ပြန်လည်ထူထောင်ရေးအတွက် စဉ်ဆက်မပြတ်ကူညီမှုမြန်မာလိုအပ်--အိုင်စီအာရ်စီ

👉အမေရိကန် ဒုတိယသမ္မတ၏ အိန္ဒိယခရီးစဉ် စတင်

👉ယခုတပတ်၌ရုရှားနှင့်ယူကရိန်းသဘောတူညီချက်ရဖို့မျှော်လင့်--ထရမ့်ပ်

👉သီတဂူဆရာတော်ကြီးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား မိုင်းဖုန်းဆရာတော်ကြီးဆက်ကပ်လှူဒါန်း

👉ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ ကစားသမား (၇)ဦး အသင်းဖြင့် တရားဝင် လမ်းခွဲ
က​မ္ဘောဒီးယား၏နှစ်သစ်မင်္ဂလာ

နှစ်ဆန်း ၁ရက်နှင့် ၂ရက် တို့က တရုတ်သမ္မတက က​မ္ဘောဒီးယားသို့​ရောက်ရှိပြီး သ​​ဘောတူညီချက်များလက်မှတ်ထိုးခဲ့ခြင်းက ​ကောင်းချီး မင်္ဂလာဟုဆိုကြသည်။

ဝန်ကြီးချုပ် ဟွန်မာနက်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပူးပေါင်းဆောင်ရွက်မှု ၃၇ စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

သဘောတူညီချက်များသည် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ပညာရေး၊ ဘဏ္ဍာရေး၊ သတင်းအချက်အလက်နည်းပညာ၊ လူငယ်ရေးရာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ရေအရင်းအမြစ်၊ ခရီးသွားလုပ်ငန်း၊ အမျိုးသမီးရေးရာနှင့် အခြားကဏ္ဍများပါဝင်ခြင်းက မိတ်ဖက်ဆက်ဆံမှု၏ နက်နဲမှုကို ပြသ​နေသည်။

မစ္စတာ ဟွန်မာနက် ဦးဆောင်​သော ကမ္ဘောဒီးယား အစိုးရသစ် ဖွဲ့စည်းပြီးနောက်ပိုင်းရှီ၏ ပထမဆုံး ခရီးစဉ်၊ကိုးနှစ်အတွင်း သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘောဒီးယားနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ယနေ့စတင်မည်

၂၀၂၅ -၂၀၂၆ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကို ယနေ့ ဧပြီ (၂၂) ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီးလိဂ်ကော်မတီက အသိပေးထားသည်။

ယခင်က ဧပြီ (၁)ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း မန္တလေးနှင့် စစ်ကိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပွဲကျင်းပမည့်ရက်ကို ရက်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ပြိုင်ပွဲ၏ ပွဲစဉ်(၁) ပထမနေ့တွင် ရန်ကုန်ယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ISPE ၊ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
စာဖြေလွှာများ မီးလောင်သွားသည့်အတွက် ငလျင်ဒဏ်သင့်ဒေသများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲပြန်လည်ဖြေဆိုရမည်
စာဖြေလွှာများ မီးလောင်သွားသည့်အတွက် ငလျင်ဒဏ်သင့်ဒေသများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲပြန်လည်ဖြေဆိုရမည်

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက် စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပသွားမည်ဖြ စ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထား သ ည်။

မန္တလေး ငလျင်ကြီးလှုပ်ခတ်စဉ် တစ်ဆက်တည်းတွင် မန္တ လေး တက္ကသိုလ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂ဝ၂၅ ခုနှစ်၊ တ က္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးသွားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြန်လည်ဖြေဆိုစေရန် စီစဉ်ခြင်းဖြ စ်သည်။

မန္တလေး တက္ကသိုလ် မီးလောင်မှုအတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီးနှင့် နေပြ ည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပါဝင်သွားခဲ့သ ည်။

အဆိုပါ ဒေသများအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ဇွန် လ (၁၆) ရက်မှ (၂၁) ရက်အထိ ပြန်လည် ကျင်းပစစ်ဆေးသွားမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ယခင် ၂၀၂၅ ခုနှစ် မတ်လအတွင်း စစ်ဆေးခဲ့သည့် တက္က သိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူ များစာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရို င်၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေ ညာပေးမည်ဖြစ်သည်။

ပြန်လည်ဖြေဆိုရမည့် သူများထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အထက (မင်းကင်း) ၊ အထက(ပန်ဆက်)၊ အ ထက(၁) တမူး၊ အထက(ရွှေဘို) ၊ အထက(၁) ရေဦး၊ အထ က(ဗန်းမောက်) ၊ အထက(ဝန်းသို) ၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်) နှင့် အထက (အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများ မပါဝင်ကြောင်းလည်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ဇွန်လ (၁) ရက်မှ (၁၅) ရက်အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ဒုတိယသမ္မတ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ

ပေကျင်း၊ဧပြီ ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတမစ္စတာဟန်ချွန်းသည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆူဂျီယိုနိုနှင့် တနင်္လာနေ့က ပေကျင်း၌တွေ့ဆုံခဲ့သည်ဟု သိရသည်။

မစ္စတာဟန်က တရုတ်နှင့်အင်ဒိုနီးရှားတို့သည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်ကလည်း နှစ်နိုင်ငံသမ္မတများအနေဖြင့် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စများတွင် ဩဇာလွှမ်းမိုးနိုင်သည့် တရုတ်-အင်ဒိုအသိုက်အဝန်း ဖြစ်မြောက်ရေးကို အပြန်အလှန်ကတိပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုကိုလိုက်နာပြီး ညီညွတ်မှုဖြင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ တရုတ်-အင်ဒို အသိုက်အဝန်းကို မြင့်မားသည့်အဆင့်သစ်သို့ရောက်ရှိစေရန်နှင့် နှစ်နိုင်ငံခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အချင်းချင်းပံ့ပိုးကူညီမှုများပြုလုပ်ရန် တရုတ်ဘက်က အင်ဒို နီးရှားနှင့်လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းလည်း ဟန်ကပြောကြားခဲ့သည်။


သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/တရုတ်ဒုတိယသမ္မတ-အင်ဒိုန/
နောက်ဆက်တွဲ ငလျင်များကြောင့် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် အခက်ကြုံနေဟု UNOCHA ပြော

မကြာသေးမီက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ နောက်ဆက်တွဲငလျင်များကြောင့် ပိုမိုခက်ခဲနေကြောင်း UNOCHA Myanmar ကထုတ်ပြန်ထားသည်။

မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အိမ်ခြေ (၄၀,၀၀၀) ကျော် ပျက်စီးခဲ့ရပြီး လက်ရှိတွင်လည်း ငလျင်ကြောင့် အိမ်ထဲပြန်ဝင်ရမည်ကို ကြောက်နေသည့် မိသားစုများသည်လည်း ဟင်းလင်းပြင်တွင် အိပ်စက်နေကြရဆဲဖြစ်ကြောင်း UNOCHA Myanmar က ဖော်ပြထားသည်။

ထို့ပြင် ခိုလှုံစရာနေရာနှင့် အခြေခံအိမ်သုံးပစ္စည်းများ လိုအပ်နေသည့် လူဦးရေသည် (၁) သန်းမှ (၅.၂) သန်းအထိ မြင့်တက်လာနေကြောင်း UNOCHA Myanmar ကဆိုသည်။

ထို့ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် အရေးပေါ် ခိုလှုံစရာနေရာ/ အမိုးအကာ၊ အဓိကအိမ်သုံးပစ္စည်းနှင့် အကူးအပြောင်းကာလတွင် လိုအပ်သည့် အကူအညီများကို လူဦးရေ (၇၅၃,၀၀၀) ဆီ ပေးအပ်နိုင်ရန် ကြိုးစားနေကြကြောင်း သိရသည်။