ရန်ကုန် ဒီပါဝလီပွဲဖွင့်ပွဲ၌ ဘာသာမရွေး ချစ်ကြည်စွာ နေထိုင်ကြရန် သမ္မတ တိုက်တွန်း
ရန်ကုန်၊ နိုဝင်ဘာ ၆
ရန်ကုန်မြို့၌ နိုဝင်ဘာ ၆ ရက်က ကျင်းပသည့် ဒီပါဝလီပွဲတော်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲတွင် သမ္မတက လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှု မတူကွဲပြားသူများ အချင်းချင်း နားလည်လေးစား၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန် တိုက်တွန်းခဲ့သည်။
ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်ဖွင့်ပွဲကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ညနေ ၅ နာရီက ကျင်းပခဲ့သည်။ မြန်မာ–အိန္ဒိယ ချစ်ကြည်ရေးအသင်း (MIFA) နှင့် မြန်မာနိုင်ငံရှိ ဟိန္ဒူမျိုးနွယ်စုများက ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။
သမ္မတက မိန့်ခွန်းပြောကြားရာတွင် အပြန်အလှန်ယုံကြည်မှု၊ သည်းခံခွင့်လွှတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို အခြေခံ၍ အတူယှဉ်တွဲနေထိုင်ကြရန် ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာရေးလွတ်လပ်ခွင့်နှင့် ဘာသာသာသနာများကို အသိအမှတ်ပြု စောင့်ရှောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ရှင်းလင်းပြောကြားပြီး အချင်းချင်း၏ ယုံကြည်ကိုးကွယ်မှုကို လေးစားကြရန် တိုက်တွန်းခဲ့သည်။
ဒီပါဝလီပွဲတော်သည် အမှောင်ကို အလင်းရောင်က အောင်နိုင်ခြင်းနှင့် မကောင်းမှုကို ကောင်းမှုက အောင်နိုင်ခြင်းတို့ကို ကိုယ်စားပြုကြောင်း သမ္မတက ပြောကြားခဲ့သည်။ ပွဲတော်၏ အနှစ်သာရနှင့်အညီ အချင်းချင်း မေတ္တာထား၍ စာနာကူညီကြရန်နှင့် လူမှုအသိုက်အဝန်းအတွက် အကျိုးပြုကြရန်လည်း တိုက်တွန်းခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်နှင့် ဇနီး၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာ–အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့် ဟိန္ဒူဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

❤6👍1💯1

❤4🥰2👍1💯1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတော်သမ္မတ တက်ရောက်ဖွင့်လှစ်ခဲ့သည့် တတိယအကြိမ်မြောက် ဒီပါဝလီပွဲတော်
ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ပြုလုပ်သည့် ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဒီပါဝလီပွဲတော် အခမ်းအနားကို နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အိန္ဒိယနွယ်ဝင်လူမျိုးစုအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

❤6👍1👏1
Media is too big
VIEW IN TELEGRAM
ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ မတူကွဲပြားမှုတွေကိုနားလည်လေးစားပြီး ယုံကြည်မှုနဲ့ ညီညွတ်မှုတွေ တည်ဆောက်သွားရန် နိုင်ငံတော်သမ္မတ မှာကြား
“မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာသာသနာပေါင်းစုံမှီတင်းနေထိုင်ကြတဲ့နိုင်ငံဖြစ်ပါတယ်။ မတူကွဲပြားတဲ့လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအစဉ်အလာတွေကို အပြန်အလှန်နားလည်လေးစားပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခြင်းဟာနိုင်ငံတော်ရဲ့လူမှုအသိုက်အဝန်းစည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်ငြိမ်အေးချမ်းရေးတို့အတွက် အရေးကြီးတဲ့ အလွန်အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာအလျောက် ဘာသာရေးပွဲတော်တွေကို အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်မှ အားပေးဂုဏ်ပြုေကြာင်း ပြောကြားလိုပါတယ်။ မိမိတို့ကိုးကွယ်ရာ ဘာသာတရားအသီးသီးရဲ့ကောင်းမြတ်တဲ့ဆုံးမသွန်သင်မှုတွေကို လက်တွေ့ဘဝမှာ အသုံးချဖို့ လိုအပ်ပါတယ်။
ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ မတူကွဲပြားမှုတွေကို နားလည်လက်ခံပြီး အစွန်းရောက် အယူဝါဒကိုရှောင်ရှားပြီး အပြန်အလှန်သည်းခံယုံကြည်မှုနဲ့ ညီညွတ်မှုတွေ တည်ဆောက်သွားရမှာဖြစ်ပါတယ်။ မိမိတို့နေထိုင်ရာ မြန်မာနိုင်ငံနဲ့ပြည်သူတွေရဲ့ကောင်းရာကောင်းကျိုးတို့ကို သစ္စာရှိရှိ တာဝန်သိသိ စိတ်တူကိုယ်တူပူးပေါင်းဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းပါတယ်” မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

❤5👍1💯1
ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီးပြုပြင်ထိန်းသိမ်းထားမှုကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုစစ်ဆေး
နိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်အဆောက်အဦးများဆက်လက်တည်တံ့ခိုင်မြဲစေရေးအတွက် ပစ္စုပ္ပန်တွင် နေထိုင်ကြသူများတွင်တာဝန်ရှိဟု ပြောကြား
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ပြုပြင်ထိန်းသိမ်းထားမှုကို နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နိုဝင်ဘာ ၆ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော်သမ္မတက ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လှိုဏ်ဂူသိမ်တော်ကြီးအတွင်းပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ဗုဒ္ဓပြ တိုက်အတွင်းရှိ ဗုဒ္ဓဖြစ်တော်စဉ်ပြခန်းများအပါအဝင် ပြခန်းများကိုကြည့်ရှုခဲ့သည်။
ထိုသို့ ကြည့်ရှုပြီးနောက် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ရှေးဟောင်းသမိုင်းဝင်မှတ်တမ်းဓာတ်ပုံများအား ကြည်လင်ပြတ်သားစွာပြသနိုင်ရေးအတွက် ခေတ်မီနည်းပညာများအသုံးပြု၍ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းပြသရာ၌ ပညာရှင်များဖြင့်ဆောင်ရွက်ရန်၊ သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင်အခမ်း အနားကျင်းပခဲ့သည့် မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီးတည်ဆောက်ခဲ့မှုမှတ်တမ်းဓာတ်ပုံများကို ပြည့်စုံစွာထားရှိရန် မှာကြားသည်။
" နိုင်ငံရဲ့ သမိုင်းဝင်အမွေအနှစ်အဆောက်အဦးတွေကို ဘိုးဘေးတွေကတည်ဆောက်ခဲ့သလို အဲ့ဒီ သမိုင်းအဝင်အမွေအနှစ်တွေဆက်လက်တည်တံ့ခိုင်မြဲစေဖို့ ပစ္စုပ္ပန်မှာနေထိုင်သူတွေမှာ တာဝန်ရှိပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ က ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော်ကြီးများသီတင်းသုံးတည်းခိုနိုင်ရေးအတွက် မဟာပါသာဏလိုဏ်ဂူတော်ကြီးနှင့်အတူ တည်ဆောက်ခဲ့သည့် ဖွားဖက်တော်အဆောက်အဦး ၉ ခုမှ အာဂန္တုကျောင်းဆောင် ၄ ဆောင်အနက် အပရဂေါ ယာန အာဂန္တုကျောင်းဆောင် ပြုပြင်ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတက ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတော်၊ ဖွားဖက်တော် အဆောက်အဦးတစ်ခုဖြစ်သည့် မဟာသိမ်တော်ကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ပိဋကတ်တိုက်တော်ကြီး၊ ပိဋကတ် ပုံနှိပ်တိုက်တို့တွင် ပြုပြင်ထိန်းသိမ်းထားမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။

👍3❤2👏1
စာသင်ဆောင်များကို သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်တွက်ချက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား
စာသင်ဆောင်များကို သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်တွက်ချက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နိုဝင်ဘာ ၆ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များနယ်မြေအတွင်းကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ရန်ကုန်ပညာရေးတက္ကသိုလ်(ကမာရွတ်နယ်မြေ)အတွင်း ၆ ထပ်စာသင်ဆောင်သစ်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စာသင်ဆောင်အနေဖြင့် လူအများစုဝေးရောက်ရှိနေမည့် အဆောက်အဦးဖြစ်ရာ သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ထည့်သွင်းတွက်ချက်ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တက္ကသိုလ်များပုံနှိပ်တိုက်တွင် စာအုပ်စာစောင်များရိုက်နှိပ်ချုပ်လုပ်နေမှုနှင့် ပုံနှိပ်တိုက်မှရိုက်နှိပ်ထုတ်လုပ်ထားသည့် စာအုပ်စာစောင်များ၊ တက္ကသိုလ်များအားကစားကွင်း၌ ပွဲကြည့်စင်များ အဆင့်မြှင့်တင်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် တက္ကသိုလ်များရေကူးကန်အား အဆင့်မြှင့်တင်ရေးဆောင်ရွက်မည့်အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များရေကူးကန်အား တက္ကသိုလ်အဆင့်နှင့်လျော်ညီစွာဖြင့် ပြုပြင်တည်ဆောက်ရာတွင် ရေဆိုးထုတ်စနစ်များကို စနစ်တကျထည့်သွင်းတည်ဆောက်ရန် မှာကြားခဲ့သည်။
ထို့အတူ တက္ကသိုလ်များဆေးရုံ၌ ဓာတ်ခွဲခန်း၊ သွားရောဂါကုသမှုဌာနနှင့် မျက်စိရောဂါကုသမှုဌာနတို့အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် လူနာဆောင်များဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသူများနှင့် ဝန်ထမ်းများအားနှုတ်ဆက်ခဲ့သည်။

👍3❤1💯1