ပွဲတော်ပထမရက်၌ပင် တိုးမပေါက်အောင်စည်ကားခဲ့သည့် မြန်မာ့ရိုးရာပွဲဈေး
ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) မှ ဦးစီးကျင်းပသည့် မြန်မာ့ရိုးရာပွဲဈေး ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၊ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ “မြန်မာ့ရိုးရာပွဲဈေး”ကို မြန်မာ့ရိုးရာပွဲဦးအလင်္ကာ အကအလှဖြင့် တင်ဆက်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ပွဲတော်များနှင့်အတူ ယှဉ်တွဲပါလာတဲ့ "ပွဲဈေး" ဆိုသည်မှာ ရိုးရာကုန်စည်များ၊ ဒေသထွက်ကုန်များ၊ လက်မှုအနုပညာပစ္စည်းများနှင့် မြန်မာ့ရိုးရာ မုန့်ပဲ သရေစာများကို တစုတဝေးတည်း တွေ့မြင်ဝယ်ယူနိုင်သည့် ဒေသတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရာနေရာတစ်ခုကြောင်း၊ ဒါ့အပြင် ဒေသခံ ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဧည့်သည်တော်များ စည်းလုံးညီညွတ်စွာဖြင့် ချစ်ခင် ရင်းနှီးစွာတွေ့ဆုံပျော်ရွှင်ကြသည့် လူမှုရေးပေါင်းကူးတံတား စစ်စစ်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် မြန်မာ့ရိုးရာပွဲဈေးကို ပျော်ပွဲရွှင်ပွဲ အဖြစ်သတ်မှတ်လို့မရဘဲ မြန်မာ့လူမှုအသိုက်အဝန်း၏ ဘာသာတရား ယုံကြည်မှု၊ အစဉ်အလာအလေးထားမှု၊ လူမှုဘဝ၊ အနုသုခုမပညာ၊ လက်မှုပညာ၊ တီထွင်ဖန်တီးမှုနှင့် အစားအစာ ယဉ်ကျေးမှုတို့ကိုပါ တစ်စုတစ်စည်းတည်း အသက်ဝင်စေသည့် ရိုးရာအမွေအနှစ် တစ်ခုမှတ်ယူရန် ထပ်လောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှလည်း မြန်မာ့ရိုးရာပွဲဈေးများ၏ ထူးခြားသော ယဉ်ကျေးမှုဆိုင်ရာ ဝိသေသနများမှာဘာသာရေးနှင့် လူမှုအဖွဲ့အစည်း ပေါင်းကူးပေးရာနေရာ၊ ဒေသထွက်ကုန်စည်နှင့်လက်မှုအနုပညာများ ဖော်ထုတ်ရာနေရာ၊ လူမှုရေးပေါင်းစည်းမှုနှင့် ချစ်ကြည်ရင်းနှီးမှုနေရာ၊ မျိုးဆက်သစ်တို့အား ယဉ်ကျေးမှု အမွေအနှစ် လက်လွှဲပေးရာနေရာ ဖြစ်သဖြင့် မြန်မာ့ရိုးရာပွဲဈေးများသည် အရောင်းအဝယ်ပြုလုပ်ရာနေရာမျှသာ မဟုတ်ဘဲ မြန်မာတို့ရဲ့ အမျိုးသားယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် စိတ်ဓာတ်ရေးရာ တန်ဖိုးများကိုရောင်ပြန်ဟပ်နေသည့် ယဉ်ကျေးမှုရတနာတစ်ပါး ဖြစ်ေကြာင်း၊ ခေတ်ကာလများပြောင်းလဲလာသည်နှင့်အမျှ ခေတ်မီဈေးဝယ်စင်တာများနှင့် ဒစ်ဂျစ်တယ်စနစ်များခေတ်စားလာသော်လည်း မြန်မာတို့၏ နွေးထွေးသော ရိုးရာပွဲဈေး၏ အငွေ့အသက်နှင့်ယဉ်ကျေးမှုတန်ဖိုးများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ အားလုံး၏ တာဝန်ဖြစ်ကြောင်း အကြံပြုကာ ဝမ်းမြောက် စကားပြောကြားခဲ့သည်။
အဆိုပါ “မြန်မာ့ရိုးရာပွဲဈေး”အား နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်ထိ (၃) ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာတွေ၊ ရိုးရာအဝတ်အထည်တွေ၊ ဒေသထွက်ကုန်ပစ္စည်းတွေကို ရောင်းချသွားမှာဖြစ်သလို ရိုးရာမုန့်ပြုလုပ်နည်း သရုပ်ပြပွဲတွေ၊ စကားဝိုင်းဆွေးနွေးပွဲတွေနဲ့ အနုပညာဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

❤14👏3👍2🎉1
ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဒီပါဝလီပွဲတော် အခမ်းအနားကို နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်ဖွင့်လှစ်
ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ပြုလုပ်သည့် ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဒီပါဝလီပွဲတော် အခမ်းအနားကို နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးနှင့်ဇနီး ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အိန္ဒိယနွယ်ဝင်လူမျိုးစုအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့် ပွဲတော်တစ်ခုဖြစ်ပြီး စည်းစိမ်ဥစ္စာ၊ စီးပွားလာဘ်လာဘ၊ အစားအစာပေါများကြွယ်ဝမှုနှင့် ကောင်းခြင်းမင်္ဂလာများကို ကိုယ်စားပြုသည့် လက္ခမီမယ်တော်အား ဆီမီးများထွန်းညှိပူဇော်သည့် မီးထွန်းပွဲတော်တစ်ခုဖြစ်သည်။
အခမ်းအနားအစီအစဉ်အရ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် တမီလ်၊ ယူပီ ဘီဟာရ်၊တေလဂူ၊ ဟိန္ဒူ- ဘင်္ဂါလီ၊ အိုရီယာ၊မာရဝါရီ၊ ဂူဂျရာသီ၊ ပန်ချာဘီ၊ ဂေါ်ရခါး၊ ပုဏ္ဏား လူမျိုးနွယ်စုများမှ ကိုယ်စားလှယ်များက တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကြိုဆိုခဲ့ကြသည်။
ထို့နောက် ဟိန္ဒူရိုးရာ အာရတီပြုလုပ်ခြင်းဖြင့် ဧည့်သည်တော်များအား ဂါရဝပြုခြင်း၊ ရိုးရာတီးဝိုင်းများဖြင့် ကြိုဆိုဖျော်ဖြေခြင်းနှင့် ပူရ်ဏကလသ် (မင်္ဂလာရေအိုး) ဖြင့် ဂါရဝပြုဆုတောင်းခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။
ပူရ်ဏကလသ်သည် ကောင်းခြင်းမင်္ဂလာ၊ ချမ်းသာကြွယ်ဝမှုနှင့် ပြည့်စုံခြင်းတို့ကို ကိုယ်စားပြုသည့် ဟိန္ဒူရိုးရာ မင်္ဂလာသင်္ကေတတစ်ခုဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးအပါအဝင် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များအား ကျန်းမာချမ်းသာခြင်း၊ ကောင်းကျိုးမင်္ဂလာများ ပြည့်စုံခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းတို့ ရရှိစေရန် ဆုတောင်းဂါရဝပြုခဲ့ကြသည်။
ယင်းနောက် ဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကို တရားဝင်ဖွင့်လှစ်သည့် အစီအစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဖိတ်ကြား၍ အခမ်းအနားကို ဆက်လက်ဖွင့်လှစ်ခဲ့သည်။
ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေးယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှုနှင့် လူမျိုးစုအသီးသီး၏ စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် အထိမ်းအမှတ်ပွဲတော်တစ်ခုလည်း ဖြစ်သည်။

❤8👏2👍1🎉1

❤5👍1👏1🎉1